← Chapters

ဒီကောင် ... ။

Vol. 154 Ch. 2144

ဒီကောင် ... ။

Vol. 154 Ch. 2144

“ စစ်မှန်သော နဂါးက ... နတ်နဂါးတွေ အတွက် အားနည်းပေမယ့် သူမှာ ဂုဏ်သိက္ခာ ရှိတယ်၊ နဂါးက နဂါးပဲ အမှိုက် မဟုတ်ဘူး။ ”

လင်းယွန်က ဆက်ပြောသည်။ တစ်ဖက်တွင် မုချင်းကျွယ် တစ်ယောက် နောက်ပြန် ဆုတ်ပြီး သွေးများ ထွေးထုတ်နေ သဖြင့် စစ်မှန်သော နဂါးလမ်းပေါ်ရှိ ပါရမီရှင်များ အားလုံး ပြုံးရွှင်လာကြသည်။

“ မုချင်းကျွယ် ... စစ်မှန်သော နဂါးလမ်းက ထွက်သွားပါ၊ ”

“ မုချင်းကျွယ် ... စစ်မှန်သော နဂါးလမ်းက ထွက်သွားပါ၊ ”

“ မုချင်းကျွယ် ... စစ်မှန်သော နဂါးလမ်းက ထွက်သွားပါ၊ ”

ထိုအသံများကို နဂါးတောင်တန်းများ အပြင် မှပင် ကြားလာရသည်။

“ မုချင်းကျွယ်က နည်းနည်းတော့ သနားစရာ ကောင်းသွားပြီ ... စစ်မှန်သော နဂါးလမ်းပေါ်က ပါရမီရှင် အားလုံး သူ့ကို မောင်းထုတ် နေတယ်။ ”

“ သူတို့ နေရာမှာ ... ငါ ဆိုရင်လည်း ပျော်မယ်မထင်ဘူး၊ အရှုံးသမား တစ်ယောက်က ချောင်ယန်ကို လက်လိမ်ချိုးပြီး ... အရှက်ခွဲချင် နေတယ်၊ ဒီကောင် ငရဲကို ဘာထင်နေလဲ။ ”

“ မှန်တယ် ... ၊ ဒီလူက ... ကောင်းကင် လမ်းရဲ့ ချန်ပီယံ ဖြစ်နေရင်ကော ... ဒီဒဏ္ဍာရီကို ယဲ့ချင်းရှန်က ချိုးဖျက်လိုက်ပြီ မဟုတ်လား။ ”

လူအုပ်ကြီးက အချင်းချင်း ဆွေးနွေး ကုန်ကြသည်။ ယဲ့ချင်းရှန်ကို မကြိုက်သော လူများသည်ပင် ၎င်းလုပ်ရပ်ကို သဘောတူ လာတော့၏။

ထိုမြင်ကွင်းကြောင့် မရဏ နဂါးခေါင်း ပေါ်ရှိ လူအနည်းငယ်မှ ပြုံးသည်။

“ မိန်းကလေး အန်း ... နဂါးပလ္လင်မှာ ထိုင်ပါ။ ”

လွင့်မျောနေသော ရေခွက်က ပြောကြား လိုက်သည်။

“ ဒါ ... ။ ”

အန်းလျူယွင်မှ ထိတ်လန့် သွား၏။ ပိုင်လိရွှမ်နှင့် ဤဘုန်းကြီးကို မရင်းနှီး သဖြင့် အံ့အားသင့် သွားသည်။

“ စိတ်မပူပါနဲ့ ... ၊ မင်းကို ပလ္လင်ပေါ် ထိုင်ခိုင်းဖို့ ... နဝမမြောက် သမီးတော်က အမိန့် ပေးထား ပြီးသားပါ။ ”

ပိုင်လိရွှမ်က အေးစက်စွာ ဝင်ပြော၏။

“ လုံခြုံပါတယ်၊ ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး၊ တာဝန်ယူရကြေး ဆိုရင် ယဲ့ချင်းရှန် ကသာ တာဝန်ယူရမယ်၊ နောက်ဆုံးတော့ သူက မင်းယောကျ်ား မဟုတ်လား၊ မင်းကို သူ့မိန်းမ အဖြစ် ကြေငြာတဲ့ အတွက် ဒီပလ္လင်မှာ ထိုင်ပါ။ ”

လွင့်မျောနေသော ရေခွက်​က ပြုံးပြီး နှစ်သိမ့်သည်။ နဝမမြောက် သမီးတော် အမည် ကြားလိုက်ရ သဖြင့် အန်းလျူယွင် တစ်ယောက် စိတ်လှုပ်ရှား လာ၏။

“ မဟုတ်ဘူး ... တကယ်တော့ သခင်လေး ... ။ ”

“ ဘာမှ မတွေးနဲ့ ... တစ်ခုခု ဖြစ်လာရင် မင်းရဲ့ သခင်လေး ... တာဝန်ယူ လိမ့်မယ်၊ ဒါဆို ဘာလို့​ ကြောက်နေမှာလဲ ထိုင်ပါ။ ”

လွင့်မျောနေသော ရေခွက်၏ အပြုံးသည် သူမကို စိတ်မသက်မသာ ဖြစ်စေ၏။ ထို့ကြောင့် ကူကယ်ရာမဲ့စွာ ပလ္လင်ပေါ် ထိုင်လိုက်ရသည်။

ထို့နောက်တွင် ဓားသမားနှင့် ဘုန်းကြီးသည် မည်သူ့ကိုမျှ အနားကပ် မခံတော့ဘဲ သူမဘေး၌ တောင်ကြီး နှစ်လုံးကဲ့သို့ ရပ်နေခဲ့ကြ၏။

တော်ဝင် အစောင့်များ ကဲ့သို့ ပေပင်။ ထိုအချိန်တွင် စစ်မှန်သော နဂါးလမ်း တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေသည်။

မည်မျှ ကြိုးစား စေကာမူ၊ လင်းယွန်ကို မရိုက်နှက်နိုင်ဘဲ၊ အဖြူ-အမည်း ကမ္ဘာကြီးက အဆက်မပြတ် ပျက်စီးလာသည်။

ပါးစပ်မှ သွေးများ စီးကျလျက် မျက်နှာ တစ်ပြင်လုံး ယခင်ထက် များစွာ ဖြူဖျော့လာ ခဲ့၏။

“ မုချင်းကျွယ် ထွက်သွား ... ။ ”

စစ်မှန်သော နဂါးလမ်း ပေါ်ရှိ လူတိုင်း၏ အသံကို ကြားနေရသည်။ ဤအသံ များသည် သူ့ကို နာကျင်စေ၏။

သူသည် ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက် ဖြစ်သည်။ ဤမျှ ဂုဏ်သိက္ခာမဲ့ သွားစရာ အကြောင်း မရှိချေ။

“ ဟား ဟား ဟား ... မျိုးကွဲ နဂါးလမ်းပေါ်က ... အမှိုက်တစ်အုပ်က ငါ့ကို မောင်းထုတ်ဝံ့ သတဲ့လား။ ”

မိမိကိုယ်ကို လှောင်ပြောင်လိုသော လေသံဖြင့် ရေရွတ်လိုက်သည်။ လင်းယွန်က သူ့ကို လှမ်းကြည့်ကာ၊

“ ပုရွက်ဆိတ် ဆိုရင်တောင် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှိတယ်၊ ဒဏ္ဍာရီလာ ကောင်းကင် နဂါးက ဒီလိုမျိုးကွဲ နဂါးကနေ ဆင်းသက် လာပါ၊ ...

... မုချင်းကျွယ် ငါတို့က ပါရမီရှင် ဆိုပြီး မာနကြီးနိုင်ပေမယ့် ... အားနည်းသူတွေ အပေါ် အနိုင်ကျင့်လို့ မရဘူး။ ”

-ဟု သတိပေး စကား ပြောကြားလိုက်သည်။

“ ပုရွက်ဆိတ်က ပုရွက်ဆိတ် ပါပဲ၊ ဘာများ အထင်ကြီး စရာရှိလို့လဲ၊ မေးခွန်း တစ်ခုလောက် မေးပါရစေ၊ မင်းငါ့ကို ဘာလို့ ... ပစ်​မှတ်​​ထား နေရတာလဲ။ ”

“ ငါလည်း မင်းကို ပြန်မေးပါရစေ၊ ကောင်းကင်လမ်း ချန်ပီယံဆိုတဲ့ ... မင်းရော ဘယ်က လာတာလဲ၊ ပုရွက်ဆိတ် ဘဝကနေ အလောင်းတောင်ကို ဖြတ်ပြီး လာရတာပဲ မဟုတ်လား၊ ...

... မင်း မေးခွန်းကို ဖြေရရင် ... မင်းကို ပစ်မှတ်ထားဖို့ ငါ့မှာ အချိန်မရှိဘူး၊ ဒါပေမယ့် ဒီနဂါးလမ်းက ပလ္လင်ကို ထိုင်ချင်ရင်တော့ ငါ့သဘောတူညီချက် လိုမယ်။ ”

“ ဒါဆို မင်းကို ဒီတစ်ကြိမ် မျက်နှာသာ ပေးလိုက်မယ်။ ”

“ ဖရူး ... ။ ”

မုချင်းကျွယ်က အဖြူ-အမည်း အတောင်ပံများကို ခတ်လျက် ကောင်းကင်ပေါ် ပျံတက်သွားသည်။

ပြတ်ပြတ် သားသားပင် စစ်မှန်သော နဂါးလမ်းကို စွန့်လွှတ် လိုက်တော့၏။ သူသည် ခိုင်မာသော စိတ်ဆန္ဒကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လင်းယွန်ကို အေးတိအေးစက် တစ်ချက် ပြန်ကြည့်ကာ မုန်းတီးမှု နှင့်အတူ လက်သီးကို ဆုပ်လိုက်၏။

ခံစားရသော အရှက်တရား အတွက် နောက်ဆုံးတိုက်ပွဲ၌ ပြန်ယူရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

လင်းယွန်က ဂရုမစိုက်ဘဲ ပြုံးလျက် ချောင်ယန်ထံ လျှောက်လှမ်း သွားခဲ့သည်။

“ အဆင်ပြေရဲ့လား။ ”

သူသည် ချောင်ယန်ကို ပလ္လင်ပေါ် တင်ထားသူ ဖြစ်သဖြင့် တစ်ခုခု ဖြစ်ခဲ့သော်၊ စိတ်မကောင်း ဖြစ်မိပေမည်။

“ ငါ အဆင် ပြေပါတယ် ... ၊ သူက အရှုံးသမားပဲ၊ ငါ့ကို သူလုပ်နိုင်တာ ဘာမှ မရှိဘူး၊ ရွှေမိုးကြိုး ကိုယ်လုံး ကိုယ်ပေါက်ကို မထုတ်နိုင်ခင် သူ အလစ်ဝင် တိုက်တာ ခံလိုက်ရတာ။ ”

ချောင်ယန်မှ ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

“ ရွှေမိုးကြိုး ခန္ဓာကိုယ်လား ... ။ ”

လင်းယွန်က အပြုံးဖြင့် မေးသည်။

“ ဟုတ်တယ် ... ။ ”

“ ကောင်းပြီ ... မင်း အဆင်ပြေတာ ကောင်းတယ် ... ဒီပလ္လင်က မင်းနဲ့ပဲ သင့်လျော် ပါတယ်။ ”

ဤတစ်ကြိမ်တွင် လင်းယွန် စကားကို ချောင်ယန်မှ အနည်းငယ် လန့်ဖျပ်သွားပြီး၊

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ငါ မထိုင်တော့ဘူး၊ ငါ့အစား မိန်းကလေး ယဲ့ကို ပေးလိုက်ပါ ... လူတိုင်း သူ့ကို လက်ခံ လိမ့်မယ်လို့ ငါယုံကြည်တယ်။ ”

“ ဟုတ်ပါတယ် မိန်းကလေးယဲ့ ထိုင်ပါ၊ မင်းကို တစ်ယောက်ယောက်က ရန်စရင် ငါ့ကို အရင် ဖြတ်ကျော် ရလိမ့်မယ်။ ”

“ သဘောတူတယ် မိန်းကလေးယဲ့ ထိုင်ပါ။ ”

ချောင်ယန် ပြောသည်ကို ကြားပြီးနောက် နဂါးလမ်း ပေါ်ရှိ ပါရမီရှင်များက ယဲ့ဇီလင်ကို ထိုင်ရန် တောင်းဆို လာကြသည်။

အကြောင်းမှာ ယဲ့ချင်းရှန်သည် သန်မာပြီး လေးစားထိုက်၏။ ကောင်းကင်လမ်း ချန်ပီယံ များပင် ပုရွက်ဆိတ် ဘဝမှ တက်လာ ရသည် ဟူသော စကားကို ကြိုက်သည်။

ယင်းသည် သူတို့ နှလုံးသားကို ထိမိ၏။ ယနေ့သည် နတ်နဂါးခေတ် ပေပင်။ သေရမည် မကြောက်ဘဲ အိပ်မက်များနောက် လိုက်ရ ပေမည်။

“ ကြားလား မင်းငါ့ကို သတ်မယ်ဆိုရင်တောင် ဒီပလ္လင်ပေါ်မှာ ငါ မထိုင်တော့ဘူး။ ”

ချောင်ယန်က ပြုံးပြုံးကြီး ပြောသည်။

“ ဟမ့် ... ဒီလူ ဘယ်ကို သွားနေတာလဲ။ ”

ရုတ်တရက် ချောင်းယန် အကြည့်က မုချင်းကျွယ်ထံ ရောက်ရှိသွားသည်။ ထို့ကြောင့် လင်းယွန်မှ လှည့်ကြည့်ကာ စိတ်ပျက် လက်ပျက် ညည်းတွား လိုက်တော့၏။

“ ငရဲကို ဘာထင် နေတာလဲ ... ၊ ဒီလူယုတ်မာက ငါ့ကို အမြဲတမ်း စိတ်ဒုက္ခပေးဖို့ မွေးဖွား လာတာလား။ ”

***

All Chapters