← Chapters

ငါ မင်းရဲ့ အကူအညီ မလိုဘူး။

Vol. 154 Ch. 2145

ငါ မင်းရဲ့ အကူအညီ မလိုဘူး။

Vol. 154 Ch. 2145

မုချင်းကျွယ်က နဂါးတောင် ကိုးလုံးကို ဝေ့ဝဲကြည့် လိုက်သည်။ နဂါးတောင် အများစု အပေါ်၊ ကောင်းကင်လမ်း၏ ချန်ပီယံများမှ သိမ်းပိုက် လုနီးပါး ဖြစ်နေ၏။

အချို့သော ပလ္လင်များတွင် ချန်ပီယံ နှစ်ယောက်ပင် ရှိနေသည်။ မရဏ နဂါးလမ်း ပြန်သွားသော် ယဲ့ချင်းရှန်နှင့် သေရှင် တိုက်ရနိုင်၏။

ရွေးချယ်စရာ များများ စားစား မရှိတော့သဖြင့်၊ မိုးပြာ နဂါးလမ်းကိုသာ ရွေးချယ် လိုက်သည်။

ဟဲရွှမ်ကျင့်သည် ကောင်းကင်လမ်း ချန်ပီယံများ ကြားတွင် အညံ့ဆုံး ဖြစ်သည်။ စိတ်ပိုင်းဖြတ် ပြီးနောက် ထိုအတားအဆီးကို ဖြိုချကာ ဆင်းသက် လိုက်သည်။

အဖြူ-အမည်း တောင်ပံများ ခတ်လျက် အစွမ်းထက်သော ရောင်ဝါကို ထုတ်လွှတ်ပေး လိုက်သော အခါတွင်၊ အနားယူ နေသူများ အားလုံး မျက်လုံး ဖွင့်ကြည့်လာ၏။

ပလ္လင်ပေါ်ရှိ ဟဲရွှမ်ကျင့်က အံ့ဩစွာဖြင့် မုချင်းကျွယ်ထံ ကြည့်သည်။ သူ့ကို ယဲ့ချင်းရှန် ထက်ပင် အားနည်းသူ အဖြစ် မြင်နေပုံရ၏။

“ ထွက်သွား ... ။ ”

မုချင်းကျွယ်က လက်ဝှေ့ယမ်းလျက် ယဲ့ဖန်ကို အဝေးသို့ လွင့်စဉ်အောင် ရိုက်ထုတ် ပစ်လိုက်သည်။

“ ဟိတ် ... ။ ”

လီတာ့ယန်က ယဲ့ဖန်ကို အမြန် ဖမ်းဆွဲ လိုက်ရ၏။ ပိုင်ရှုရင်နှင့် ရှင်းယန်၏ မျက်နှာများ ပြောင်းသွားပြီး၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။

ယဲ့ဖန်မှာ ဖြူဖျော့နေသော မျက်နှာဖြင့် မုချင်းကျွယ်ကို ကြည့်လိုက်၏။ စကား ပြန်ပြော ချင်သော်လည်း အသံထွက် မလာချေ။

“ ဝေါ့ ... ။ ”

ယင်းအစား သွေးများ ပါးစပ် အပြည့် အန်ချလိုက်ရသည်။ သည့်နောက် အံကြိတ်ပြီး၊

“ မုချင်းကျွယ် ... ၊ မင်း ယဲ့ချင်းရှန်ကို အနိုင်မယူ နိုင်တာနဲ့ပဲ ... ငါတို့ကို အနိုင်ကျင့် တာလား။ ”

-ဟု မေးမြန်း လိုက်သည်။

“ မင်းနဲ့ ... မထိုက်တန်ဘူး။ ”

မုချင်းကျွယ်က ပြန်ပြောလိုက်၏။ ယဲ့ချင်းရှန်ကို နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့သဖြင့် မိုးပြာ နဂါးလမ်း၌ သူ့ဂုဏ်သိက္ခာကို သဘာဝ အတိုင်း ထူထောင်ရန် လိုအပ်သည်။

ယဲ့ဖန်သည် မည်သူ ဖြစ်သည်ကို သူ စိတ်မဝင်စားချေ။ ကောင်းကင်လမ်း ချန်ပီယံ များသည်သာ အာရုံစိုက်ဖို့ ထိုက်တန်၏။ အခြား လူများမှာ ပုရွက်ဆိတ် များသာ ဖြစ်သည်။

စကား ပြောနေလျက်မှ နတ်မဟာ ပြိုင်ဘက်ကင်း တံဆိပ်ကို ဖန်တီးကာ ပစ်ထုတ် လိုက်သည်။

သူတော်စင် တာအို၏ စွမ်းပကားဖြင့် ကြီးမားသော လက်ဖဝါးကြီး တစ်ဖက် လူတိုင်း အပေါ် ဖုံးအုပ်သွားသည်။

ရှင်းယန်နှင့် ပိုင်ရှုရင်မှာ နဂါးဝိညာဉ် အဆင့် သိုင်းပညာ၏ အစွမ်းသည် မည်မျှ ကြောက်စရာ ကောင်းမှန်း ကိုယ်တွေ့ ကြုံလိုက် ရသဖြင့် မျက်နှာများ ပြောင်းသွား၏။

ဤသည်မှာ ယဲ့ချင်းရှန် စောစောက ရင်ဆိုင်ခဲ့ရသော ဖိအားဖြစ်သည်။ ကောင်းကင် လမ်း ချန်ပီယံများသည် ထင်ထားသည်ထက် ပို၍အားကောင်း ချေ၏။

ယဲ့ချင်းရှန်ကို ရှုံးနိမ့်ခြင်းကြောင့် ထိုမျှ သန်မာမည် မဟုတ်ဟု ထင်မှတ် ထားကြသော အရှေ့ဘက် ပျက်စီးမြေမှ ပါရမီရှင်များမှာ မျက်လုံးပြူး ကုန်သည်။

တစ်ချိန်တည်းမှာပင် ယဲ့ချင်းရှန်သည် ၎င်းထက် ပို၍ သန်မာသည် ဟူသော အတွေးက သူ့တို့ကို အဆင်မပြေ ဖြစ်လာစေ၏။

ဟဲရွှမ်ကျင့်က ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩနေရာမှ ပြုံးရယ်မိသည်။ ဤလူများသည် ကောင်းကင် တာအိုဂိုဏ်းမှ တပည့်များ ဖြစ်မှန်း မုချင်းကျွယ် မသိသည်လော။ စိတ်ဝင်စား စရာပေပင်။

ဤအခိုက်တွင် တာအို သားတော် လီတာ့ယန်ထံမှ ရွှေရောင် အဆင်းများ ဖြာလျက်၊ လက်သီး တစ်လုံး လွင့်တက်လာသည်။

“ ဝုန်း ... ။ ”

ကျယ်လောင် လွန်းသော ပေါက်ကွဲ သံနှင့်အတူ၊ နတ်မဟာ ပြိုင်ဘက်ကင်း တံဆိပ် ကွဲအက်သွား၏။

အခြားသော ကျင့်ကြံသူများက ပျံ့ကားလာသော စွမ်းအင် အကြွင်းအကျံများကို ရှောင်တိမ်း လိုက်ရသည်။

သူတို့ ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေ သော်လည်း မုချင်းကျွယ် ရှေ့တွင် အသံမထွက် ဝံ့ကြချေ။ မုချင်းကျွယ်က ပြုံးသည်။

ပတ်ဝန်းကျင် လူအုပ်ကြီး၏ အကြည့်သည် သူလိုချင်သော ရလဒ်ဖြစ်၏။ ကောင်းကင်လမ်း ချန်ပီယံများ၏ ဂုဏ်သိက္ခာ ပေပင်။

“ နတ်မဟာ ပြိုင်ဘက်ကင်း တံဆိပ်က တကယ်ပဲ အစွမ်းထက်ပါပေတယ်။ ”

ဟဲရွှမ်ကျင့်က ချီးကျူးစကား ပြောကြား လိုက်သည်။ ထို့နောက် သူက ရယ်မောလိုသော အပြုံးဖြင့်၊

“ မုချင်းကျွယ် ... အစကတော့ မင်းက ယဲ့ချင်းရှန်ကို ကြောက်နေတာလို့ ငါထင်မိတာ၊ တကယ်တော့ မင်းက ... သူ့ကို မျက်လုံး ထဲတောင် မထားဘူးကိုး။ ”

“ ဟမ့် ... မင်း ဘာပြောတာလဲ ... ။ ”

“ ဟား ဟား ဟား ... ၊ မင်းက မိုးပြာနဂါးလမ်း ရောက်တာနဲ့ ကောင်းကင် တာအိုဂိုဏ်းရဲ့ ... တပည့်တွေကို ပစ်မှတ်ထား နေတာဆိုတော့ ... မုချင်းကျွယ် ငါမင်းကို တကယ် အထင်ကြီးမိပြီ။ ”

ထိုစကားကြောင့် မုချင်းကျွယ် မျက်နှာ ပြောင်းသွားပြီး ကောင်းကင် တာအိုဂိုဏ်း၏ တပည့်များထံ ပြန်လှည့် ကြည့်သည်။

သူ၏ ဂုဏ်သိက္ခာကို ထူထောင်ချင်ရုံသာ ဖြစ်ပြီး၊ ကောင်းကင် တာအိုဂိုဏ်းကို ပစ်မှတ် ထားရန် ရည်ရွယ်ချက် မရှိချေ။

သို့သော် သူ့အပြင် ကောင်းကင်လမ်း ချန်ပီယံ နောက်တစ်ယောက် ထပ်ရှိနေသဖြင့် ယဲ့ချင်းရှန်မှ လာဝံ့မည် မဟုတ်ဟု ယုံကြည် လိုက်မိ၏။

ထိုအတွေးက သူ့ကို ပုံမှန် ပြန်ဖြစ် သွားစေသည်။ သည့်နောက် ကောင်းကင် တာအို ဂိုဏ်းထံ တစ်ချက်ကြည့်ကာ၊

“ ကောင်းကင် တာအိုဂိုဏ်းက လူတိုင်း ယဲ့ချင်းရှန်လိုပဲ အားကောင်း လိမ့်မယ်လို့ ထင်မိ ခဲ့တာ ... စိတ်ပျက်စရာ ပါပဲ။ ”

-ဟု ဟန်ပြ ညည်းတွား လိုက်၏။

ဟဲရွှမ်ကျင့်က ပလ္လင် လက်ရန်းကို ပုတ်ကာ ပြုံးလျက်၊

“ ယဲ့ချင်းရှန်က ဒီကို မလာဝံ့ဖူးလို့ မင်းတကယ် ထင်နေတာလား။ ”

-ဟု မေးမြန်း လိုက်သည်။

“ ဟဲရွှမ်ကျင့် ... မင်း ကိုယ့်ကိုကိုယ် စိတ်ပူသင့်တယ်၊ ကောင်းကင်လမ်း ချန်ပီယံတွေ ကြားမှာတောင် ခြားနားချက် တစ်ခုရှိတယ် ဆိုတာ မင်းကို ပြောပြဖို့ ...

... ငါဒီမှာ ရှိတယ်၊ နောက်တစ်ခုက ယဲ့ချင်းရှန် ရောက်လာတော့ရော ဘာဖြစ်လဲ ငါ သူ့ကို ကြောက်တယ်လို့ မင်းထင်လား။ ”

အဖြူအမည်း အတောင်ပံများကို ခတ်လိုက်သည်နှင့် ကြီးမားသော ဖိအားများ နဂါးခေါင်းပေါ် လွှမ်းခြုံလာ၏။

ထိုအချိန်တွင် ရင်းနှီးသော ဓားရောင်ခြည် တစ်စင်း ကောင်းကင် တာအိုးဂိုဏ်း တပည့်များ အနားသို့ ဆင်းသက်လာသည်။

“ ယဲ့ ချင်း ရှန် ... ။ ”

ဤသည်မှာ အမှန်ပင် ယဲ့ချင်းရှန် ဖြစ်၏။ ဟဲရွှမ်ကျင့်ပင် ဤလူ လာဝံ့လိမ့်မည် မဟုတ်ဟု မထင်ထား သောကြောင့် အံ့အားသင့် သွားသည်။

ဟဲရွှမ်ကျင့်၏ အမူအရာကြောင့် မုချင်းကျွယ်မှ လှည့်ကြည့်မိရာ၊ ယဲ့ချင်းရှန်ကို မြင်လိုက်ရသည်။

တစ်ဖက်လူက လူတိုင်း အပေါ် လျစ်လျူရှုလျက် ကောင်းကင် တာအိုဂိုဏ်းမှ တပည့်များကို ဒဏ်ရာများ ရ-မရ စစ်ဆေးတော့သည်။

“ ယဲ့ချင်းရှန် ... မင်းငါ့ကို တကယ် အနှောက်အယှက်ပေးတာပဲ။ ”

မုချင်းကျွယ်မှာ ဒေါသကြောင့် တုန်ယင် လာ၏။ လင်းယွန်မှ တုန့်ပြန်ခြင်း မပြုသေးချေ။ အားလုံး အဆင်ပြေကြောင်း သေချာပြီးနောက် သက်ပြင်းချ လိုက်သည်။

“ စစ်မှန်သော နဂါးလမ်းကို စွန့်ပြီး ... မင်းအပေါ် ငါမျက်နှာသာ ပေးထားပြီးပြီ ဒါကို မင်းက ငါ့နောက် လိုက်လာသေးတာလား။ ”

မုချင်းကျွယ်မှ မျက်မှောင်ကြုတ်ကာ မေးမြန်းလာသဖြင့် လင်းယွန်က ခေါင်းမော့ ကြည့်လိုက်သည်။

“ မဟုတ်ဘူး၊ ပထမ အချက် မင်းကို ငါမောင်းထုတ် လိုက်တာ ... ၊ ဒုတိယ အချက် ငါ့ကို မျက်နှာသာ ပေးပါလို့ ... မင်းအပေါ် တောင်းဆိုခဲ့လို့လား။ ”

“ မင်း ... ၊ ယဲ့ချင်းရှန် ငါ မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်၊ ဒါကြောင့် ငါ့ကို အပြစ်မတင် ပါနဲ့။ ”

မုချင်းကျွယ် အကြည့်များ တဖြည်းဖြည်း အေးစက်လာသည်။ သူသည် တစ်ဖက် လူနှင့် အချိန် မဖြုန်းချင် သောကြောင့် ညှိနှိုင်းနေခြင်း ဖြစ်၏။

သို့သော် သူ တကယ် ကြောက်သည်ဟု ထင်နေပုံသည်။ တစ်ဖက်တွင်လည်း ဤနဂါး လမ်းမှ ထပ်မံ စွန့်ခွာခဲ့သော်၊ သူ့ ဂုဏ်သိက္ခာ ပျက်စီး သွားရပေ လိမ့်မည်။

လင်းယွန်က လျစ်လျူရှု ဟန်ဖြင့်၊

“ မင်းကို ... အခွင့်အရေး ပေးဖို့ ငါမတောင်းဆိုပါဘူး၊ ဆန္ဒ ရှိရင် လာတိုက်ပါ၊ မင်း အနိုင်ရရင် ပြောစရာမရှိဘူး။ ”

အောင်နိုင်သူသည် အားလုံး ယူနိုင်ပြီး သန်မာသူများ အပေါ် ၌လည်း လေးစားမည် ဖြစ်၏။

ထို့အပြင် တစ်ဖက်လူ၏ လေသံကို လင်းယွန် မကြိုက်ချေ။ ၎င်းမှ အခွင့်အရေး ပေးစရာ မလိုဘဲ၊ သူ့လက်ထဲ ဓားရှိက လိုချင်တာ အားလုံး ရနိုင်သည်။

မုချင်းကျွယ်ထံမှ ထွက်လာသော အလင်းရောင်သည် ကြောက်မက်ဖွယ် ကောင်း သဖြင့်၊ မည်သူမျှ သူ့ကို တိုက်ရိုက် မကြည့်ဝံ့ နိုင်အောင် ဖြစ်လာ၏။

သို့သော် လင်းယွန်မှ ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။ ဤလူသည် ကောင်းကင်လမ်း ချန်ပီယံလော။ မည်သူသည် ကောင်းကင်လမ်း ချန်ပီယံ မဟုတ်သနည်း။

“ ဝှစ် ... ။ ”

မုချင်းကျွယ်က လေထဲ လက်လှိုင်းများ ဖန်တီးကာ၊ လက်ဖဝါး တစ်ချက် တွန်းလျက် တိုက်ပွဲကို စတင်လိုက်သည်။

သို့သော် သူ့လက်ဖဝါးသည် လင်းယွန်၏ နောက်ဆက်တွဲ ပုံရိပ်ကိုသာ ထိမှန်လေသည်။ ဓားနှလုံးသားကြောင့် လင်းယွန်မှာ ရှောင်တိမ်းပြီး ဖြစ်နေ၏။

“ ဖရူး ... ။ ”

မုချင်းကျွယ် ခမျာ ပြိုင်ဘက်ကင်း မကောင်းဆိုးရွား မျက်လုံးအား ထုတ်ဖော်လျက် အဖြူအမည်း တောင်ပံများကို ခတ်လိုက်၏။

ဤလက်ဖဝါးသည် သာမာန်ပုံ ပေါက်သော်လည်း အဆုံးမရှိ လေးနက်မှုများ ပါရှိသည်။

တစ်စုံ တစ်ယောက်မှ ဤလက်ဝါးကို ရင်ဆိုင်ရသော် သွေးလည်ပတ်မှု တောင့်တင်း သွားပြီး ဝိညာဉ်များ တုန်ခါသွားမည် ဖြစ်၏။

ထို့အပြင် လက်ဖဝါးကို မဟာ တာအို နှစ်ပါးဖြင့် ခွန်အားပေးပြီး မရေမတွက် နိုင်သော ဖြစ်စဉ်များ ပါရှိသွားစေသည်။

“ ဝှစ် ... ။ ”

မြန်လွန်းသောကြောင့် လက်ဖဝါး၏ လားရာကို မမြင်နိုင်ချေ။ သို့တိုင် လင်းယွန်၏ ဝတ်ရုံကို မထိနိုင် ဖြစ်နေ၏။

“ ပြိုင်ဘက်ကင်း မကောင်းဆိုးဝါး မျက်လုံးအောက်မှာ ... ဒီလို လျင်လျင်မြန်မြန် ရွေ့လျား နိုင်တာလား။ ”

ဟဲရွှမ်ကျင့် တစ်ယောက် မျက်လုံးပြူး သွား၏။ ကျန်သော ကောင်းကင်လမ်း ချန်ပီယံ များမှလည်း လင်းယွန်ကို ၎င်းတို့နှင့် တူညီသော အဆင့်တွင် ထားရှိလာကြပြီး၊ တိုက်ပွဲအပေါ် အာရုံစိုက် ကုန်ကြသည်။

“ မုချင်းကျွယ် ... မင်း ငါ့အဝတ်ထောင့် ကိုတောင် မထိနိုင်သေးဘူး၊ ဒါဆို မင်းက ငါ့ကို မျက်နှာသာ ပေးတယ် ဆိုတဲ့ စကား ... ဘယ်လိုများ ပြောရဲတာလဲ။ ”

လင်းယွန်မှ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီး နဂါး နှုတ်ခမ်းမွေးပေါ် ဆင်းသက်ကာ မတ်တပ် ရပ်လိုက်၏။

မုချင်းကျွယ်က တိုက်ပွဲ ရပ်လိုက်ပြီး အဖြူအမည်း တောင်ပံများကို သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်သည်။

ထို့နောက် အဖြူ-အမည်း မြူခိုးများ အတန်းလိုက် ထွက်ပေါ်လာ၏။ ဤသည်မှာ တိုက်စားခြင်း စွမ်းအင်နှင့် သွေးသား စွမ်းအင်များ ဖြစ်ခေျပြီ။

ဘဝ-မရဏ ရည်ရွယ်ချက် ဖြစ်၏။

“ ထာဝရ သန့်စင်ခြင်း။ ”

မုချင်းကျွယ် ထံမှ လက်ဖဝါးရိပ်များ ပြေးထွက်လာသည်။ အဖြူအမည်း တောင်ပံနှင့် သူတော်စင် တာအိုကြောင့် ထိုလက်ဖဝါးများ၌ ဘဝ-မရဏ ဖြစ်စဉ်များ ပါဝင်၏။

လင်းယွန်မှ ကြိုးစား ရှောင်တိမ်းလိုက် သော်လည်း မအောင်မြင်ချေ။ ဖြစ်စဉ်များမှာ တစ်ထောင်တိတိ ရှိလေသည်။

ဤသည်မှာ အဆုံး မဟုတ်သေးချေ။ လက်ဖဝါး တစ်ထောင်ကြား ဗျာများ နေခဲ့စဉ်၊ အဖြူအမည်း တောင်ပံများက မြှားတံအလား ပြေးဝင်လာသည်။

“ ဝှစ် ... ။ ”

အတောင်ပံ နှစ်ဖက်က လင်းယွန်၏ ရင်ဘတ်ကို ရည်ရွယ်၏။ ထိုမြင်ကွင်းကြောင့် ရှင်းယန်နှင့် ပိုင်ရှုရင်၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ကူညီ လိုသော်လည်း များစွာ နောက်ကျနေ၏။

“ မင်းက အလားအလာ ရှိတယ်၊ အနာဂတ်မှာ ထိပ်တန်း စွမ်းအားရှင် တစ်ပါး ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် ... အခုတော့ အရမ်း အားနည်းတယ်။ ”

လင်းယွန်က ဂရုမစိုက်ဘဲ ပန်းသင်္ချိုင်းကို ဆွဲထုတ်ပြီး ပင့်ခုတ်လိုက်သည်။ အိပ်မက်ထဲမှ ဆီမီးခွက် တောက်လောင် လာကာ၊ ကြယ်ဓား နှစ်လက် ပွင့်ထွက်သွား၏။

“ ရွှပ် ... ။ ”

မည်သည့် စွမ်းရည်ကိုမျှ အသုံးမပြုဘဲ ကြယ်ဓား နှစ်လက်၏ အထွတ်အထိပ် စွမ်းအင် အပေါ် တွန်းပို့လိုက်ခြင်း ဖြစ်သည်။ သူ့ဓား မည်မျှ ထက်ရှကြောင်း သိလို၏။

နောက်တစက္ကန့်တွင် အဖြူအမည်း တောင်ပံများ ပြတ်တောက်ကုန်ကာ လက်ဝါး တစ်ထောင် ပြိုကျသွား တော့သည်။

ယင်းကြောင့် မုချင်းကျွယ်မှ ဓားရောင်ခြည်ကို တားဆီးရန် သံကြိုးများ အမြန်ဆွဲထုတ် လိုက်ရသည်။

“ ထန် ... ။ ”

သို့တိုင် မအောင်မြင်ချေ။ ဓားအလင်းက သံကြိုးများကို ဖြတ်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ပြတ်ရှရာများ ပေးလာသည်။

“ ဝေါ့ ... ။ ”

“ ဝှစ် ... ။ ”

ချက်ချင်း သွေးတစ်လုတ် အန်ချလျက် နဂါးခေါင်းမှ လွင့်ကျသွားသည်။ လင်းယွန်က အမြန် ပြေးလိုက်သွားပြီး ဖမ်းဆွဲ လိုက်ရ၏။

“ မင်းဆီက အကူအညီ မလိုဘူး၊ လွှတ် ... ။ ”

မုချင်းကျွယ် တစ်ယောက် မာနကြီးစွာ ပြောကြားလိုက်သည်။ အသက်နှင့် သေခြင်းကို ဂရုမစိုက်ချေ။

ဤသည်မှာ ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက်၏ ဂုဏ်ယူဖွယ် ခံယူချက် ပေပင်။

“ ကောင်းပြီ။ ”

လင်းယွန်က လွှတ်ချ ပေးလိုက်၏။ နဂါးဦးခေါင်း၏ ဖိအားသည် ကြောက်မက်ဖွယ် ကောင်းပြီး မုချင်းကျွယ်ကို ချက်ချင်း နောင်တရ သွားစေသည်။

ထို့ကြောင့် ဖြူဖျော့နေသော မျက်နှာဖြင့် လင်းယွန်လက်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက် သော်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိထား လေရာ၊ မအောင်မြင်ခဲ့ချေ။

“ ဝှစ် ... ။ ”

လင်းယွန်က နဂါးခေါင်းမှ ခုန်ဆင်း လိုက်ပြီး မုချင်းကျွယ် ခန္ဓာကိုယ်ကို ဖမ်းကာ တောင်ပေါ် ပြန်ပစ်တင်ပေး လိုက်ရသည်။

***

All Chapters