မင်း ပြောတာ မှန်တယ်၊ ငါတို့က ပုရွက်ဆိတ်တွေ။
Vol. 154 Ch. 2146
လင်းယွန်က မုချင်းကျွယ်ကို နီးစပ်ရာ တောင်ပေါ် ပြန်ပစ်တင် လိုက်ပြီး လျစ်လျူရှု လိုက်တော့သည်။
ဤနိုင်ပွဲအတွက် စိတ်လှုပ်ရှားပုံ မပေါ်ချေ။ နဂါးတောင်တန်း အပြင်ဘက်မှ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ ဒီဓားက ကြောက်စရာပဲ၊ တောင်တွေနဲ့ မြစ်တွေကိုတောင် ဖျက်ဆီး ပစ်နိုင်တယ် ဆိုတဲ့ ခံစားချက်မျိုး ပေးတယ်။ ”
“ ကြယ်ဓား နှစ်လက်ရဲ့ ခွန်အားက ... ထာဝရ သန့်စင်ခြင်း ဖြစ်စဉ်ကိုတောင် ဖြိုခွဲ နိုင်ခဲ့တယ်လား။ ”
လင်းယွန် သည်သာ ကူညီခြင်း မရှိသော် မုချင်းကျွယ်၏ နဂါးပြာ မှတ်တမ်း ခရီးစဉ်မှာ ဤတွင် ပြီးဆုံးသွားမည် ဖြစ်သည်။
အဆိုပါ ဓားသည် မရဏ မူလအဆင့် အမည်ခံ သူတော်စင်များကို သတ်ပစ် နိုင်၏။ ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင် တစ်ပါးပင် ထိပ်တိုက် ခံယူ မဝံ့ချေ။
ယင်းသည် ကြယ်ဓား နှစ်လက်၏ အထွတ်အထိပ် ကျွမ်းကျင်မှု ဖြစ်ခဲ့ပြီး မဆို သလောက်သော အားနည်းချက်သာ ရှိသည်။
“ ဒါက ယဲ့ချင်းရှန်ရဲ့ ဝှက်ဖဲပဲ၊ ဒီဓားကို တားဆီးနိုင်ရင် အန္တရာယ် ကင်းမယ်။ ”
“ မှန်တယ် ... သူရဲ့ ဝှက်ဖဲကို ထုတ်ပြ လိုက်ပြီမို့၊ သူ့အပေါ် ဂရုစိုက်စရာ မရှိတော့ ပါဘူး။ ”
“ ဒါက ပုံမှန်ပဲ ... ၊ သူက မိုးပြာ မူလ အဆင့်မှာပဲ ရှိသေးတော့၊ သူတော်စင် တာအိုကို သိဦးမှာ မဟုတ်ဘူး။ ”
လူတိုင်းက လင်းယွန်၏ ခွန်အား အပေါ် သုံးသပ် လာကြသည်။ ဝှက်ဖဲကို မြင်ခွင့်ရသဖြင့် သူတို့အတွက် ကံကောင်းမှု ပေပင်။
“ ဒဏ္ဍာရီတွေ ... ပြီးဆုံး သွားပြီ၊ ကောင်းကင်လမ်း ချန်ပီယံတွေက အားကောင်း ပေမယ့် ပြိုင်ဘက်ကင်းတော့ မဟုတ်ပါဘူး။ ”
“ သူတို့က အဆင့်နိမ့် နယ်မြေဖွားပဲ၊ ခွန်လွန်ရဲ့ ပါရမီရှင်တွေကို မယှဉ်နိုင်ပါဘူး၊ မကြောက် ကြနဲ့ ... ။ ”
“ အရှေ့ဘက် ပျက်စီးမြေက ... ကြယ်နှစ်ဖော် ငြိမ်သက် နေပါလား၊ လီတာ့ယန် ကိုကြည့်စမ်း၊ နတ်မဟာ ပြိုင်ဘက်ကင်းကို ရင်ဆိုင်ပြီး ဒဏ်ရာ ကင်းခဲ့တယ်။ ”
“ နတ်ဖီးနစ် တောင်ရဲ့ မင်းသမီးလေး ကျိကျစ်ရှီလည်း အေးဆေးပါပဲ။ ”
“ ဒီလူတွေက နောက်ဆုံး တိုက်ပွဲမှာ ကမ္ဘာမြေ ပြိုကျအောင် တိုက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ”
“ ကောင်းကင်လမ်း ချန်ပီယံတွေက သန်မာပါတယ်၊ ခွန်လွန်ရဲ့ ဉာဏ်ကြီးရှင်တွေ ကလည်း မပျော့ညံ့ဘူး။ ”
“ မှန်တယ် ... ယဲ့ချင်းရှန်က ဒဏ္ဍာရီကို ဖြိုခွဲပစ်လိုက်ပြီ။ ”
ခွန်လွန်မှ ထူးချွန် သူများသည် ကောင်းကင်လမ်း ချန်ပီယံများထက် အားမနည်းကြောင်း လူတိုင်း ထင်မြင် လာကြ၏။
နဂါးပြာ ဦးခေါင်းပေါ်ရှိ ပထမနှင့် တတိယလမ်း ချန်ပီယံများ ဖြစ်သော ကူရှယန် နှင့် စစ်ထူယန်က မိုးပြာ နဂါးခေါင်းမှ တိုက်ပွဲထံ လှမ်းကြည့်နေသည်။
မလှမ်းမကမ်းတွင် မြင့်မြတ်မြေ၏ တပည့်များစွာ ရှိသည်။ သူတို့ အားလုံးသည် အရှေ့ဘက် ပျက်စီးမြေမှ ကြယ်နှစ်ဖော် ကဲ့သို့ အစွမ်းထက် ကြ၏။
ထို့ကြောင့် သူတို့ အလယ်ရှိ ပလ္လင်မှာ လွတ်နေသည်။ မည်သူမျှ မသိမ်းပိုက်ဝံ့ချေ။ ဤသည်မှာ နဂါးပြာလမ်း ဖြစ်သည်။
မည်သူမဆို ပလ္လင်ကို ရယူလိုသော် လုံလောက်သော ခွန်အား ပြသရမည် ဖြစ်၏။ နတ်နဂါး များစွာ ရှိသော်လည်း အသန်မာဆုံး လူများသည် နဂါးပြာ အပေါ်သာ စိတ်ဝင်စား ကြသည်။
ဤပွဲသည် နဂါးပြာ မှတ်တမ်း ဖြစ်သဖြင့် ၎င်းတွင် ရွှေနဂါးကို ယှဉ်နိုင်သည့် တစ်စုံတစ်ရာ ရှိနိုင်ပေမည်ဟု ခံစားမိကြ၏။
ထို့ကြောင့် နဂါးပြာ သခင်ဘွဲ့ကို ရယူ နိုင်သူသည် တောင်ကိုးလုံးတွင် အသန်မာဆုံး ဖြစ်ပေလိမ့်မည်။
“ ကောင်းကင်လမ်း ချန်ပီယံ ... တစ်ယောက်က ဒီလောက် အထိ ရလာဒ် ဆိုးသွားတာလား။ ”
စစ်ထူယန်မှ ညည်းတွားလိုက်သည်။ ကူရှယန်က တည်ငြိမ်သော အမူအရာဖြင့်၊
“ ကောင်းကင်လမ်း ချန်ပီယံတွေ အားကောင်းရတဲ့ အကြောင်းအရင်း အမှန်က ခိုင်မာတဲ့ စိတ်ဆန္ဒနဲ့ ... တုန်လှုပ် ချောက်ချားဖွယ်၊ ...
... နားလည်မှုတွေ ပိုင်ဆိုင်ထားလို့ ပါပဲ ... ခွန်လွန်ရဲ့ ကံကြမ္မာကို ငါတို့ ရပြီလို့ မဆိုလိုဘူး၊ အခြေခံ အုတ်မြစ်နဲ့ အရည်အချင်းအရ ... ခွန်လွန်ရဲ့ ဉာဏ်ကြီးရှင် တွေထက်၊ ...
... ငါတို့က နည်းနည်းတော့ အားနည်း နေသေးတယ်၊ ယဲ့ချင်းရှန်ပြောတာ မှန်တယ်၊ ချန်ပီယံ အားလုံးက ပုရွက်ဆိတ်တွေပါ၊ ဒါကို မေ့ထားရင် တစ်ချိန် ဖယ်ရှားခံ ရလိမ့်မယ်။ ”
ထိုကိစ္စနှင့် ပတ်သက်၍ မုချင်းကျွယ် ရှုံးမည်ကို သူ သိနေခဲ့သည်။ ကောင်းကင်လမ်း ချန်ပီယံများသည် အားကောင်း သော်လည်း၊ ပြိုင်ဘက်ကင်း မဟုတ်ချေ။
“ ဂရုမစိုက်ရင် မင်း ပျက်စီး ရလိမ့်မယ်၊ တစ်ချိန်က ဂုဏ်ကျက်သရေတွေ ဘယ်လောက် ရှိတယ်ဆိုတာ အရေး မကြီးဘူး၊ မုချင်းကျွယ် ကသာ ဒီရှုံးနိမ့်မှုကနေ ...
... သူ့အတွက် သင်ခန်းစာ ယူနိုင်ရင် အထွတ်အထိပ်ကို နောက်တစ်ကြိမ် ပြန်ရောက် လိမ့်မယ်၊ မဟုတ်ရင် ... သူ ပြီးသွားလိမ့်မယ်၊ ကောင်းကင်လမ်း ချန်ပီယံ ဆိုတာ ... ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ”
ပန်းသင်္ချိုင်းကို တွေ့ဆုံခွင့် မရခဲ့သည့် အတွက် ကူရှယန် တစ်ယောက် စိတ်ပျက်နေ ခဲ့သည်။
ထိုလူသည်သာ ဒဏ္ဍာရီ အစစ်အမှန် ဖြစ်သည်။ မုချင်းကျွယ်နှင့် ဥပမာ ပေးခဲ့ သဖြင့် စစ်ထူယန် တစ်ယောက် အတွေးနက် သွား၏။
“ ယဲ့ချင်းရှန်ကို ဘယ်လိုထင်လဲ။ ”
စစ်ထူယန်မှ မေးသည်။
“ သန်မာတယ်၊ မယုံနိုင်စရာ ကောင်း လောက်အောင်ကို သန်မာတယ်၊ မရဏ မူလ အဆင့်မှာသာ ဆိုရင် ပြိုင်ဘက်ကောင်းပဲ၊ ...
... ဒါပေမယ့် ... သူ့ကို ပန်းသင်္ချိုင်းနဲ့ နှိုင်းယှဉ်ဖို့ကျတော့ ... ရယ်စရာ ကောင်းလွန်း ပါတယ်။ ”
ကူရှယန်မှ လှောင်ပြုံးဖြင့် ယဲ့ချင်းရှန်ထံ မျှော်ကြည့်လိုက်ကာ၊
“ တကယ်တော့ ... နဝမမြောက် ကောင်းကင်လမ်းရဲ့ ရက်စက် ကြမ်းကြုတ်မှုကို သူတို့ မသိနိုင် ကြဘူး၊ ပုရွက်ဆိတ် တစ်ကောင် အတွက် အလောင်းတောင်ကို ဖြတ်ပြီး၊ လမ်းဆုံး ရောက်ဖို့ ဆိုတာ ...
... မဖြစ်နိုင်ဘူး ... ဒါပေမယ့် သူ ... လုပ်ခဲ့တယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်နဲ့ သူတော်စင် တစ်ပါးကို သတ်ဖို့ ... ဒီလူတွေ စိတ်ကူးရဲလား ...
... အုပ်စိုးရှင် လက်ရာအပေါ် အားကိုးတယ်လို့ ပြောချင်လား၊ ဒါဆို သူတို့ ထဲက တစ်ယောက်ယောက် လုပ်ပြစမ်းပါ၊ အခုတော့ ဒီလို ...
... ဒဏ္ဍာရီလာ ပုဂ္ဂိုလ်က နဂါးပြာ မှတ်တမ်းတောင် မလာနိုင်တာ ဘယ်လောက် နှမျောစရာ ကောင်းလိုက်လဲ။ ”
ကူရှယန်ကိုကြည့်ပြီး စစ်ထူယန်မှာ စကား မပြောနိုင်တော့ချေ။ ဤလူသည် ပန်းသင်္ချိုင်းနှင့် မျက်နှာချင်းဆိုင် မတွေ့ဖူးသော်လည်း လေးစားချေ၏။
ကောင်းကင်လမ်း ချန်ပီယံများ ကြားတွင် ကူရှယန်မှာ အသန်မာဆုံး ဖြစ်ပြီး၊ ပန်းသင်္ချိုင်း ထက် လုံးဝ အားမနည်းချေ။
နတ်နဂါး အထက်တန်းစား အဆင့် သတ်မှတ်ရာ၌ ၎င်းကို ပထမ နေရာပေး ရန်ပင် ဆွေးနွေးခဲ့ ကြသည်။
သို့သော် ကူရှယန်မှ ပန်းသင်္ချိုင်းနှင့် မတိုက်ရသေးသဖြင့် ပထမ နေရာ မယူနိုင်ဟု ပြန်ပြောခဲ့သည်။
“ ယဲ့ချင်းရှန်ရဲ့ ခရီးစဉ်က ... ဒီမှာပဲ ပြီးဆုံး သွားပါပြီ၊ သူ့မှာ ဝှက်ဖဲတွေ ကျန်သေးပေမယ့် ကစားပွဲကို လှည့်လို့ မရတော့ဘူး။ ”
ကူရှယန်မှ သုံးသပ်စကား ပြောကြား လိုက်သည်။ ဓားသမားသည် ဓားရည်ရွယ်ချက် အဆင့်ကို ထုတ်ပြ ပြီးနောက် လျှို့ဝှက်ချက် မရှိတော့ချေ။
ထိုအချိန်တွင် လင်းယွန်က ကောင်းကင် တာအို ဂိုဏ်းနှင့် ပူးပေါင်းသွားသည်။ လူတိုင်းမှ သူ့ထံ ကြည့်နေသည်ကို စိတ်မဝင်စားချေ။
သူ၏ ဂုဏ်သတင်းသည် အရှေ့ဘက် ပျက်စီးမြေမှ ကြယ်နှစ်ဖော်ကို မကြာခင် ကျော်တက် သွားပေတော့မည်။
လီတာ့ယန် အတွက်မူ ဝမ်းသာ စရာ ဖြစ်သည်။ ကျိကျစ်ရှီ အတွက်မူ မလိုမကျ စရာ ဖြစ်နေ၏။
“ ယဲ့ချင်းရှန် ... နင်ရဲ့ ခွန်အားက ဒီဓားအပေါ် အများကြီး မှီခိုနေတယ်၊ ဓားမရှိရင် အားနည်း သွားမှာ သေချာတယ်၊ ငါပြောတာ မှန်တယ် မဟုတ်လား။ ’
-ဟု ပြောကြား လိုက်သည်။
ရွှေရောင် ဝတ်ရုံအောက်မှ သူမ၏ ခြေတံရှည်ရှည်များက ကေျာက်သားဖြူ အလား ပေါ်လွင် နေသည်။
၎င်းသည် တောက်လောင်တော့မည့် မီးလျှံတစ်စနှင့်တူပြီး အသက်အရွယ် အရ (၁၄/၁၅) မျှသာ ရှိချေ၏။
သူမသည် အပျိုဖော် ဝင်ကာစ အရွယ် ဖြစ်လင့်ကစား ဖီးနစ် တစ်ကောင်လို ရင်သပ် ရှုမောဖွယ် ကောင်းနေသည်။
တစ်ချိန်က သူမနှင့် လင်းယွန်မှာ တွေ့ဆုံခဲ့ဖူး၏။ သူမအတွက် ဖီးနစ် နှလုံးသား သီချင်း ကိုပင် တီးမှုတ်ပေး ခဲ့ရသည်။
ဤမျှနီးကပ်သော အကွာအဝေး အတွင်း၊ သူမ အလှသည် အမှန်ပင် ရင်သပ် ရှုမောဖွယ် ဖြစ်ကြောင်း ဝန်ခံမိ၏။
အလှ ဂုဏ်သတင်း ကျော်ကြားမှုဖြင့် ခွန်လွန်ကို အုပ်စိုးထား သည်မှာ အံ့သြစရာ မဟုတ်ချေ။
လင်းယွန်ကို ကြည့်နေသော မျက်လုံးများတွင် တိုက်ပွဲဝင် ဆန္ဒများ အရိပ် အမြွက် ထွက်ပေါ်နေသည်။
လင်းယွန်က သူ့လက်ထဲက ပန်းသင်္ချိုင်းကို ပြန်ကြည့်ကာ၊
“ မင်းသမီးလေး ပြောတာ မှန်တယ် ... ငါ့ဓားက ချီးကျူးမှုအတွက် ပျော်ရွှင်ပြီး မင်းကို ကျေးဇူးတင် စကားပြောပေးဖို့ တောင်းဆို နေတယ်။ ”
-ဟု ပြောကြား လိုက်သည်။
ပန်းသင်္ချိုင်းကို ချီးမြှောက်ခြင်းသည် သူ့ကို ချီးမြှောက်ခြင်းနှင့် အတူတူပေပင်။ ကျိကျစ်ရှီ၏ တိုက်ပွဲဝင် ဆန္ဒကို သူ စိတ်မဝင်စားချေ။
သို့သော် လင်းယွန်ကို စိုက်ကြည့်နေသော ကျိကျစ်ရှီထံမှ ဒေါသများ ဟုန်းခနဲ ထတောက် လာ၏။
( ဟား ဟား ဟား ... ယဲ့ချင်းရှန် ငါတို့ရဲ့ မင်းသမီးလေးက ... သူ့ကို ‘မင်းသမီးလေး’လို့ ခေါ်တာ အမုန်းဆုံးပဲ၊ မင်း တားမြစ်ချက်ကို ကျူးလွန်လိုက်မိပြီ။ )
တာအို သားတော် လီတာ့ယန်မှ ရွှင်မြူးနေသော အမူအရာဖြင့် လင်းယွန်ထံ သူ့အသံကို ပေးပို့လာ၏။
ထိုအချိန်တွင် မုချင်းကျွယ်က နဂါးခေါင်းသို့ လျှောက်လှမ်း လာပြီး၊
“ ဒီဓား မရှိရင်တောင် သူက ငါ့ကို အနိုင်ယူ နိုင်သေးတယ်၊ နောက်ဆုံးတော့ ငါဝတ်ထားတာ ဘုန်းဝိညာဉ်တော် သုံးပါး ချပ်ဝတ်ပဲ။ ”
-ဟု ဆိုလျက် သူ့အပေါ် အင်္ကျီကို ဆုတ်ဖြဲလျက် ချပ်ဝတ်အား ဖော်ပြလာသည်။
သူတော်စင် ရူရ်များ ပျက်စီးနေပြီး၊ ပြတ်ရှရာများ အတွင်းမှ သွေးများ စီးထွက် နေ၏။
သည့်အပြင် ၎င်းက သူ့မောက်မာမှုကို စွန့်လွှတ် လိုက်ပုံရသည်။ သူက လင်းယွန်ထံ လှည့်ကြည့်ပြီး၊
“ မင်း ပြောတာ တကယ် မှန်တယ် ... ကောင်းကင်လမ်း ချန်ပီယံတွေ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ အလောင်းတွေကို ဖြတ်သန်းလာရတဲ့ ပုရွက်ဆိတ် တွေပဲ၊ ...
... မောက်မာနေစရာ အကြောင်း မရှိဘူး၊ ငါ့ကို ဖမ်းပေးလို့ ကျေးဇူးဘဲ၊ ဒါပေမယ် မင်းကို ခွင့်မလွှတ်ဘူး၊ ငါ့နာမည် နဂါးပြာ မှတ်တမ်းမှာ မထားနိုင်ပေမယ့် ... ငါ ပြန်လာနိုင်တယ်။ ”
သူ့စကားဆုံး သည်နှင့် မုချင်းကျွယ် တစ်ယောက် နဂါးတောင်ပေါ်မှ ခုန်ဆင်းသွား တော့သည်။
“ ရှုံးနိမ့်သွားတဲ့ ခွေးတစ်ကောင်က ... ဘယ်လို ဟန်ဆောင်ရမလဲ တကယ် သိတယ်။ ”
ဟဲရွှမ်ကျင့်က ပလ္လင်ပေါ်မှ နေပြီး လှောင်ပြောင် လိုက်သည်။ မုချင်းကျွယ် အပေါ် ကျေနပ်ခြင်း မရှိခဲ့ချေ။
သူ့ကိုပင် မထီမဲ့မြင်ပြုကာ ဤလမ်းသို့ လာဝံ့သည်။ ခွေးတစ်ကောင် ကဲ့သို့ အရိုက်ခံရ သည်မှာ ထိုက်တန်သည်ဟု မြင်၏။
***