နာခံမှု ရှိပါ။
Vol. 154 Ch. 2147
မုချင်းကြွယ်မှ သူ့ကို ဂရုမစိုက်ဘဲ မိုးပြာ နဂါးလမ်း အပေါ် ရောက်ရှိ လာသည့် အပေါ်၊ ဟဲရွှမ်ကျင့်မှ မကျေနပ်ချေ။
ကောင်းကင်လမ်း ချန်ပီယံများ ကြားတွင် ခြားနားမှုများ ရှိသည်ဟု ပြောပြီး ဤနေရာသို့ ရောက်ရှိ လာခြင်းသည်၊ သူ့ကို အားနည်းမှန်း ရည်ရွယ်ရာ ရောက်ချေ၏။
“ မင်းတို့ ငါ့ကို ဒီလိုပုံစံမျိုး မကြည့်နဲ့ သူပြောသလို ငါက အညံ့ဆုံးလို့ ... ထင်နေရင် လာပြီး ဒီပလ္လင်ပေါ်ကနေ မောင်းထုတ်လိုက်၊ ငါအပြစ် မတင်ဘူး။ ”
ဟဲရွှမ်ကျင့် စကားကြောင် အားလုံး တိတ်ဆိတ် သွားပြီး ပတ်ဝန်းကျင် လေထုမှာ တင်းမာ လာတော့သည်။
လင်းယွန်ကို ရန်လိုနေသော ကျိကျစ်ရှီက ဟဲရွှမ်ကျင့်ထံ စောင်းငဲ့ကြည့်ကာ၊
“ ကောင်းကင်လမ်းရဲ့ ချန်ပီယံလား၊ ဘယ်လောက်တောင် အထင်ကြီး စရာကောင်း လိုက်လဲ။ ”
-ဟု ရေရွတ် လိုက်လေသည်။
“ နတ်ဖီးနစ် တောင်တန်းရဲ့ ... မင်းသမီးလေး ပါလား၊ ငါ မင်းအကြောင်း ကြားဖူးနေတာ ကြာပါပြီ။ ”
ဟဲရွှမ်ကျင့်က လီတာ့ယန်ကို လှည့်ကြည့်ကာ၊
“ မင်းအပါအဝင် လူတိုင်း အတူတူ လာလို့ရတယ်၊ မင်းတို့က မိုးပြာ နဂါးလမ်းကို ရွေးချယ်ဖို့ သတ္တိရှိမှတော့ ... ငါ့ကို မျက်လုံးထဲ မထားဘူး မဟုတ်လား။ ”
အရှေ့ဘက် ပျက်စီးမြေ၏ အခြားသော သားတော်များသည် မပျော်မရွှင်ဖြင့် မျက်မှောင် ကြုတ် လိုက်ကြသည်။
လီတာ့ယန်က တည်ငြိမ်သော ပြုံးဖြင့်၊
“ အလျင် လိုနေစရာ မလိုပါဘူး ... ၊ ငါတို့တိုက်ပွဲ မစခင် အချိန် ရှိပါသေးတယ်။ ”
-ဟု တုန့်ပြန် လိုက်၏။
ကျိကျစ်ရှီမှ ထိုကိစ္စကို မပြောတော့ဘဲ၊ ငြိမ်သက်သွားသည်။ ညသန်းခေါင် အချိန်၌ နဂါး တောင်တန်းများ အားလုံး အေးချမ်း ကုန်၏။
နေ့ခင်းဘက် တိုက်ပွဲများ အတွင်း လူတိုင်း သွေးစွန်းခဲ့သည့် အတွက် တစ်ည အနား ယူရန် လိုအပ်ပေသည်။
လူတိုင်း နဂါး ရောင်ဝါကို စုပ်ယူလျက် ၎င်းတို့၏ နားလည် နိုင်စွမ်းများ ချေဖျက်နေ ကြသည်။
တိုက်ပွဲများစွာ ဖြစ်ပွား ခဲ့သောကြောင့် စောင့်ကြည့် နေသူများပင် အကျိုး ကျေးဇူး ရရှိ ခဲ့ချေ၏။
အထူးသဖြင့် ယဲ့ချင်းရှန်နှင့် မုချင်းကျွယ် တိုက်ပွဲ ဖြစ်သည်။ ယဲ့ချင်းရှန်သည် ဓားသမား တစ်ဦး၏ ကျေးဇူးကို ပြသခဲ့ပြီး၊ ဓားသမားများ အတွက် အကျိုး ဖြစ်ထွန်းလေသည်။
“ မင်း အဆင်ပြေ ရဲ့လား ... ။ ”
လီတာ့ယန်က လင်းယွန်ကို ကြည့်ကာ မေးသည်။ လင်းယွန်တွင် ဒဏ်ရာအချို့ ရှိနေ သည်ကို သူ သတိပြုမိ၏။
လင်းယွန်သည် သူတော်စင် တာအိုကို ဆုပ်ကိုင် မထားသဖြင့်၊ မဟာ တာအိုမှ သူ့ခန္ဓာ ကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက် နေပေ၏။
မဟာ တာအိုသည် အချိန်တို အတွင်း အလွယ်တကူ ဖျက်ပစ်နိုင်သော အရာမျိုး မဟုတ်ချေ။
မမြင်နိုင်သော ဒဏ်ရာများသည် အပြင်းထန်ဆုံး ဖြစ်သည်။ စောစောက ဟဲချင်း နှင့် မတိုက်ချင်ရသည့် အကြောင်းရင်းမှာ လင်းယွန် ကြောင့်လည်း ပါ၏။
လင်းယွန်မှ စိတ်မြန် လက်မြန်ဖြင့် တခြားလူများကို ထပ်မံတိုက်ပါက ခက်ပေမည်။
“ အဆင်ပြေပါတယ် ... ။ ”
“ ကောင်းပြီ ... ၊ ဒါဆို မင်းဒီကနေ ... ဘယ်ကိုမှ မသွားနဲ့ တာအို သားတော် ဖြစ်တဲ့ ငါ အမိန့်ပေးတယ်၊ မရဏ မိုးကြိုး တောင်ထိပ်ရဲ့ တပည့်ကြီးလို့ မင်းကိုယ်မင်း ခံယူထားရင် အပြာရောင် နဂါးလမ်းမှာ နေပါ။ ”
“ တာအို သားတော်က ... ဘယ်လောက်တောင် ကြီးစိုးလိုက်လဲ။ ”
လီတာ့ယန် အပြုအမူကြောင့် လင်းယွန်က ပြုံးသည်။
“ တိတ်တိတ်နေ ... တာအို သားတော် ပြောတာမှန်တယ်၊ နဂါးပြာ လမ်းမှာ နေပါ၊ ဘယ်မှ မသွားနဲ့။ ”
“ နင် နည်းနည်း စိတ်လျှော့လိုက်တာ ပိုကောင်းမယ်။ ”
ပိုင်ရှုရင်နှင့် ရှင်းယန်ကပါ ဝင်ပြောသည်။ သန့်ရှင်းသော သမီးတော် နှစ်ပါး၏ အမူအရာ ကြောင့် လီတာ့ယန်က ပြုံးလျက်၊
“ သူ့ကို စောင့်ကြည့်ဖို့ သန့်ရှင်းသော သမီးတော် နှစ်ယောက်ကို တာဝန် ပေးမယ်၊ အနားယူ ကြပါ။ ”
-ဟု ပြောကြား လိုက်သည်။
အမျိုးသမီး နှစ်ယောက်မှ ခေါင်းညိတ် ပြပြီးနောက် လင်းယွန် အနား တိုးကာ ထိုင်ချ တော့၏။
လင်းယွန်မှ ကူကယ်ရာ မဲ့စွာဖြင့် ပြုံးလိုက်မိသည်။ ဟဲရွှမ်ကျင့်နှင့် သူ တိုက်ချင် သေး၏။
ယခုမူ ရွေးချယ်စရာ မရှိတော့ချေ။ နာခံမှုရှိစွာဖြင့် ထိုင်ချ လိုက်ရသည်။ လီတာ့ယန် ပြောသည်မှာ မှန်၏။
သူတော်စင် တာအိုကို ထိပ်တိုက် ရင်ဆိုင်ထားသဖြင့် အနားယူရန် လိုလေသည်။ လီတာ့ယန်က သူ့မျက်နှာကို ကြည့်ကာ ရယ်သည်။
“ ဟား ဟား ဟား ... သန့်ရှင်းသော သမီးတော် နှစ်ပါးကို မင်းဘေးမှာ ထားနိုင်တဲ့ အတွက် ... လူဘယ်နှစ်ယောက်များ မနာလို ဖြစ်နေမယ် ထင်လဲ၊ ...
... ယဲ့ချင်းရှန် မင်းဘယ်လောက် ကံကောင်းလဲဆိုတာ မင်းကိုယ်တိုင်တောင် မသိဘူး မဟုတ်လား။ ”
ပတ်ဝန်းကျင်မှ ရန်လိုသော အကြည့်များ ရောက်ရှိလာ သဖြင့် လင်းယွန် တစ်ယောက် စိတ်မသက်မသာ ဖြစ်သွားသည်။
အခွင့်အရေးရသော် ထိုများက သူ့ကို ရိုက်နှက် ဆုံးမချင် နေပုံရသည်။
“ စိတ်မပူပါနဲ့ ... ၊ မင်းကို ငါ စောင့်ကြပ်ပေးမှာမို့ ဘယ်သူမှ ရိုက်နှက်ရဲမှာ မဟုတ်ဘူး။ ”
လီတာယန်မှ ပြုံးပြီး နှစ်သိမ့်လာသည်။
“ စီနီယာ အစ်ကို ... သူတို့ထက် မင်းကို ငါပိုကြောက်တယ်။ ”
“ ဟား ဟား ဟား ... ဒါတော့ အမှန်ပဲ ... ၊ ငါမှာ မင်းနဲ့တိုက်ဖို့ ရည်ရွယ်ချက် ရှိတယ်။ ”
လီတာ့ယန် အဖြေကြောင့် လင်းယွန် ပါးစပ်ပိတ်ပြီး ငြိမ်ကျသွားသည်။ အခြားသော မြင့်မြတ်မြေ များသည် ကောင်းကင် တာအို ဂိုဏ်းကို ကြည့်ကာ မနာလို ဖြစ်ကုန်၏။
အချိန် ကြာလာသည်နှင့်အမျှ နဂါးတောင်ကိုးလုံးမှာ တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။
မုန်တိုင်း မတိုက်ခင် ငြိမ်သက်နေခြင်း ဖြစ်ချေ၏။ အာရုဏ်ဦး ရောင်ခြည်များ နှင့်အတူ တိုက်ပွဲများ ပြန်လည် စတင်ပေမည်။
လင်းယွန် ခန္ဓာကိုယ်မှ နဂါးသွေးများ ဆူပွက်လာပြီး၊ သူတော်စင် ရောင်ဝါများ ပျံ့နှံ့ ကုန်သည်။
ပူနွေးသော စီးကြောင်း တစ်ခုက အပ်စိုက်မှတ်များကို ဖြတ်လျက်၊ နေရာအနှံ့ စီးဆင်း လာသဖြင့်၊ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာ၏။
လီတာ့ယန် အပါအဝင် လူတိုင်းသည် ကြယ်ဓား အထွတ်အထိပ်ဖြင့် မဟာ တာအိုကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ဟု ယူဆကြသည်။
လက်ရှိ အချိန်တွင် လင်းယွန်မှာ သူတို့ ထင်သကဲ့သို့ မဆိုး လှသော်လည်း၊ ဆက်လက် တိုက်ပွဲဝင်မည် ဆိုပါက၊ တုံ့ပြန်မှု ခံရပေမည်။
မဟာ တာအိုကို ထုတ်ပစ်ခြင်း လုပ်ငန်းစဉ်သည် အချိန်တိုအတွင်း ပြီးမြောက် သွားနိုင်သည့် အရာမျိုး မဟုတ်ချေ။
သူ့တွင် ထက်ရှလွန်းသော ဓားတစ်လက်ရှိလျှင်ပင် သည်းခံထားရပေမည်။ များမကြာခင် မျက်နှာပေါ်သို့ နွေးထွေးသော ခံစားချက်များ ရုတ်ခြည်း ရရှိလိုက်သဖြင့် လင်းယွန် မျက်လုံးများ ပွင့်လာသည်။
နေထွက်လာပြီ ဖြစ်၏။ ယင်းကြောင့် အမှောင်ထုမှာ တရွေ့ရွေ့ ဆုတ်ခွာ ကုန်တော့ သည်။
***