← Chapters

တာအို သားတော်။

Vol. 154 Ch. 2149

တာအို သားတော်။

Vol. 154 Ch. 2149

လင်းယွန်မှ ယဲ့ဇီလင် အဆင်ပြေကြောင်း မြင်ပြီးနောက် အန်းလျူယွင်ထံ အာရုံရောက် သွားသည်။

မရဏ နဂါးလမ်းတွင် တိုက်ပွဲများ ရှိသော်လည်း၊ လွင့်မျောနေသော ရေခွက်နှင့် ပိုင်လိရွှမ်မှ သူမကို ကောင်းစွာ ကာကွယ်ပေး ထား၏။

အထူးသဖြင့် လွင့်မျောနေသော ရေခွက်သည် ပြုံးနေပြီး၊ တိုက်ပွဲဝင် ပုံစံမှာ ရက်စက် ချေပြီ။

သူ့လက်သီးဖြင့် အထိုးခံရသူ များမှာ အတွင်းအင်္ဂါများ ပြင်းပြင်းထန်ထန် ပျက်စီး ကုန်၏။ အားနည်းသော ရုပ်ခန္ဓာ ပိုင်ရှင် များသည် ချက်ချင်း ဒုက္ခိတ ဖြစ်သွား၏။

ဤသည်မှာ ဆုစီယာ အမိန့် ဖြစ်သဖြင့်၊ ၎င်းတို့မှ ရက်စက်ပြလေ လင်းယွန် အတွက် စိတ်သက်သာစရာ မရှိလေ ဖြစ်သည်။

အတွေးနှင့် နဂါးတောင်တန်းများ အပြင်ဘက်သို့ လှည့်ကြည့် လိုက်သော်လည်း သူမကို ရှာမတွေ့ချေ။ ယင်းက ပို၍ စိုးရွံ့စေ၏။

“ စိတ်ပူနေတာလား။ ”

​ပိုင်ရှုရင်မှ မေးသည်။

“ အဲဒီလိုလည်း မဟုတ်ပါဘူး။ ”

လင်းယွန်က အဆင်မပြေစွာ ပြန်ဖြေ လိုက်သည်။

“ မအောင်မြင်ဘူး ... ၊ မိန်းမတွေ ရှေ့မှာ ဘယ်တော့မှ မလိမ်မိစေနဲ့။ ”

ရှင်းယန်မှ ပြုံးကာ ဝင်ပြော၏။ ယဲ့ချင်းရှန် တစ်ယောက် စိတ်မသက်မသာ ဖြစ်နေသည်ကို သူမတို့ သတိ ထားမိသည်။

“ ဒီမှာပဲ နေပါ ... မရဏ နဂါးလမ်းကို အတွေးနဲ့တောင် မသွားနဲ့၊ သူ့ကို ကာကွယ် ပေးမဲ့ လူတွေ ရှိနေပြီ။ ”

ပိုင်ရှုရင်မှ မကျေမနပ် ဆိုသည်။ တစ်ဆက်တည်းမှာပင် လင်းယွန်ကို ဟန့်တား နိုင်ရန် အနား ပို၍ တိုးကပ်လိုက်၏။

ယင်းက လင်းယွန်ကို ခါးသီးသော အပြုံးတစ်ပွင့် ဖြစ်ပေါ် လာစေပြီး၊ ကျိကျစ်ရှီနှင့် ဟဲရွှမ်ကျင့် တိုက်ပွဲထံသာ အာရုံစိုက် လိုက်ရတော့သည်။

တိုက်ပွဲသည် ရင်သပ် ရှုမောဖွယ် ကောင်းလှပြီး နဂါးတောင်တန်းများ အပြင်မှ လူအများအပြားကို အသက်ရှူ ကြပ်စေ၏။

ကြယ်တစ်ပွင့် အနေဖြင့် ကျိကျစ်ရှိ၏ ငယ်ဘဝသည် တစ်ချိန်လုံး အကာအကွယ် အောက်တွင် ရှိနေခဲ့သည်။

တစ်ဖက်တွင် ဟဲရွှမ်ကျင့်မှာ ကောင်းကင်လမ်း ချန်ပီယံ ဖြစ်၏။ မုချင်းကျွယ် ရှုံးနိမ့်ခဲ့ သော်လည်း၊ ၎င်းတို့ကို မည်သူမျှ မထီမဲ့မြင် မပြုရဲကြချေ။

သူတို့နှစ်ယောက်ကြား တိုက်ပွဲသည် ခဏလေး အတွင်းမှာပင် ရာပေါင်း များစွာသော လှုပ်ရှားမှုများ ဖလှယ်ပြီး ဖြစ်ခဲ့၏။

ကျိကျစ်ရှီ၏ မြင့်မြတ်သော မီးလျှံတွင် ဆဋ္ဌမတန်း မီးရည်ရွယ်ချက် အထွတ်အထိပ်ကို ပေါင်းထည့် ထားသည်။

နတ်ဖီးနစ် အတောင်များ ဖြန့်လိုက်သော အခါ၊ အနီးနားရှိ တောင်ကုန်းများ တုန်ခါလျက် လေပြင်းများ တိုက်ခတ်လာ၏။

ထို့နောက် လေနှင့်မီး ပေါင်းစည်းကာ ဟဲရွှမ်ကျင်းကို ဝါးမြိုရန် ကြိုးစားတော့သည်။ သူတော်စင် တာအို နှစ်ပါးနှင့် ဖီးနစ်တောင်ပံ ကြောင့် တိုက်ပွဲအပေါ် အသာစီး ရလာ၏။

မီးတောက်များ တစ်ကိုယ်လုံး လောင်ကျွမ်းသွားသော အခါတွင် သူမမှာ ပို၍ ချစ်စရာ ကောင်းလာသည်။

“ ကျိကျစ်ရှီက ခွန်လွန် နယ်မြေရဲ့ ... ထိပ်တန်း အလှမယ် သုံးဦးထဲက တစ်ဦးဆိုတဲ့ ဂုဏ်သတင်းနဲ့ ... ထိုက်တန် ပါပေတယ်။ ”

လင်းယွန်က ချီးကျူးလိုက်သည်။ ခွန်လွန်အလှတရား သုံးပါးသည် လူငယ်တိုင်း၏ အိမ်မက်ဖြစ်၏။

သို့သော် တစ်စုံတစ်ရာ မှားယွင်းနေမှန်း ခံစားမိသဖြင့် ပြန်လှည့်ကြည့်မိရာ၊ ရှင်းယန်နှင့် ပိုင်ရှုရင်က သူ့ထံ စိုက်ကြည့် နေသည်ကို မြင်လိုက်ရသည်။

“ ယဲ့ချင်းရှန် ... နင်က နင့်ကိုယ်နင် တကယ်ပဲ သန့်ရှင်းသော သမီးတော် သတ်သူ အဖြစ် ထင်နေတာလား၊ ဟမ့် ... ။ ”

ရှင်းယန်မှ ပြုံးပြီး၊

“ သူက အဲဒီဘွဲ့ကို အရမ်း သဘောကျတယ် ထင်တယ်။ ”

-ဟု ဖြည့်စွက် ပြောကြား လာတော့သည်။

“ အဟွတ် ... အဟွတ် ... ။ ”

လင်းယွန်မှ ချောင်းဆိုးလျက် ခေါင်းစဉ် အမြန် ပြောင်းလိုက်ရ၏။

“ ဒါပေမယ့် ... သူ့မှာ တိုက်ပွဲ အတွေ့အကြုံ နည်းလွန်းတော့ ... ဟဲရွှမ်ကျင့် ကစားတာကို ခံနေရတယ်။ ”

“ ဘာပြောချင်တာလဲ။ ”

ပိုင်ရှုရင်က စိတ်ဝင်စားလာသည်။

“ ဟဲရွှမ်ကျင့်က ဉာဏ်ကောင်းတယ် ... ၊ မသိရင် သူ့အခြေအနေ ဆိုးရွားတယ်လို့ ထင်ရ ပေမယ့်၊ အကြိမ်တိုင်း ကျိကျစ်ရှီရဲ့ တိုက်ခိုက်မှု တွေကို ရှောင်တိမ်းနိုင်တယ်။ ”

ထိုအချက်ကို ရှင်းယန်နှင့် ပိုင်ရှုရင်မှ အာရုံစိုက် ကြည့်မိ၏။ ဟဲရွှမ်ကျင့်က ပြိုင်ဘက် ထံမှ ဝှက်ဖဲများ ထွက်လာစေရန် အားနည်းချက် ပြနေခြင်း ဖြစ်သည်။

သို့သော် မည်သူမျှ သတိမထား မိချေ။ အကြောင်းမှာ ဟဲရွှမ်ကျင့်မှ ဖြူဖျော့နေသည့် မျက်နှာဖြင့် သွေးအကြိမ်ကြိမ် အန်ပြ နေသောကြောင့် ဖြစ်သည်။

ဤသည်မှာ ဟန်ဆောင်မှု ဆိုလျှင်ပင် ကြီးမားသော တန်ကြေးတစ်ခု ဖြစ်လေသည်။ သို့သော် လင်းယွန်မှ ပြုံးရုံသာ ပြုံး၏။

ဤသည်မှာ အဆင့်နိမ့် နယ်မြေမှ လာခဲ့သော ပါရမီရှင်များ၏ ဗျူဟာတစ်မျိုး ဖြစ်သည်။

သူတို့တွင် တိုက်ပွဲဝင် အတွေ့အကြုံ ကောင်းများစွာ ရှိပြီး၊ ခွန်လွန်မှ သန့်ရှင်းသော သားတော်နှင့် သမီးတော်များ ယှဉ်ပြိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ချန်ပီယံ တစ်ဦးစီသည် ကောင်းကင်လမ်း အဆုံးသို့ မရောက်ရှိမီ အလောင်းများ တောင်လို ပုံအောင် သတ်ဖြတ် တွားသွားခဲ့ကြရသည်။

“ ကောင်းကင်လမ်းနဲ့ ယှဉ်ရင် ... ဒီနဂါးပြာ မှတ်တမ်းက ဘာမှ မဟုတ်ပါဘူး၊ သွေးအန်တာ လောက်ကို မပြောနဲ့ အနိုင်ရဖို့ ဆိုရင်၊ ... သူက ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းတွေ ကိုတောင် ထွေးထုတ် ပြနိုင်တယ်။ ”

“ ဝေါ့ ... ။ ”

လင်းယွန် စကားဆုံးသည်နှင့် ကိုယ်အတွင်း အင်္ဂါများ ပါရှိသော သွေးတစ်လုတ် ဟဲရွှမ်ကျင့်မှ ထွေးထုတ် ပြလာ၏။

ပိုင်ရှုရင်နှင့် ရှင်းယန်မှာ လင်းယွန်ကို ပြန်လှည့်ကြည့်သည်။ လင်းယွန် သည်လည်း အံ့အားသင့်သွားပြီး၊

“ ငါက စကား အဖြစ် ... ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ ... တကယ်ပဲ သူက ဒီလိုမျိုး လုပ်ပြဖို့ မလိုပါဘူး ။ ”

-ဟု ညည်းတွား လိုက်တော့၏။

သူ သည်ပင် သံသယ ဝင်လာခဲ့သည်။ ဟဲရွှမ်ကျင့် တစ်ယောက် သရုပ်ဆောင် နေသည် လော၊ အမှန်ပင်လော မခွဲခြား နိုင်တော့ချေ။

သူတော်စင် တာအို ကွဲအက်သွားပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။ ထိုမြင်ကွင်းကြောင့် ကျိကျစ်ရှိမှ သက်ပြင်းချ လိုက်၏။

သူမသည် နည်းလမ်း အားလုံးကို အသုံးချထားပြီး ဖြစ်သော်လည်း ပြိုင်ဘက်မှာ ကောင်းစွာ ရှောင်တိမ်းနေ၏။ ကံကောင်းစွာဖြင့် သူမ ဝှက်ဖဲများ မကုန်ခင် ဒဏ်ရာ ပေးနိုင် ခဲ့သည်။

“ ဒါက ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက်ရဲ့ အကောင်းဆုံးပဲလား၊ ... ဟိတ် ။ ”

ကျိကျစ်ရှီက ပွဲသိမ်း လက်ဖဝါး ရိုက်ချ လိုက်သည်။ သို့သော် ဟဲရွှမ်ကျင့် ရင်ဘတ်ကို ထိမှန်တော့မည့် အချိန်၌ သံသယ ဝင်မိ၏။

ယင်းကြောင့် သူတော်စင် ရောင်ဝါများ အားလုံကို ထပ်မံ သွန်းလောင်းလျက် အာရုံစိုက် လိုက်ရသည်။

ထင်သည့် အတိုင်းပင်၊ သူတော်စင် ရောင်ဝါများ အားလုံး ဟဲရွှမ်ကျင့် ရင်ဘတ်ထဲ ဝင်ရောက် ပျောက်ကွယ် သွားတော့၏။

“ ဘာလဲ ... ။ ”

ခေါင်းမော့ကြည့်လိုက်သော အခါ၊ ရက်စက်သော အပြုံး တစ်ပွင့်ကို မြင်လိုက်ရ လေသည်။ ဟဲရွှမ်ကျင့် ထောင်ချောက်ထဲ ကျဆင်းသွားပြီ ဖြစ်၏။

ထို့ကြောင့် ဟဲရွှမ်ကျင့် ရင်ဘတ်နှင့် ထိကပ်နေသော သူမ လက်ဖဝါးကို ခွာထုတ်ရန် ပြင်လိုက်သည်။ သို့သော် ထိုလက်ဖဝါးမှ တဆင့် သူတော်စင် ရောင်ဝါများက သူမထံ ပြန်လည် စီးဝင်လာ၏။

“ ခရစ် ... ။ ”

“ အား ... ။ ”

ချက်ချင်းပင် ညာဘက်လက်မောင်း တစ်လျှောက် အက်ကွဲကြောင်းများ ပေါ်လာပြီး ထိန်ချုပ်မှု ဆုံးရှုံးသွား၏။

လက်မှာ ချက်ချင်း တွဲလျောင်းကျသွား တော့သည်။ ဟဲရွှမ်ကျင့် နောက်၌ ကြိုးကြာငှက် တစ်ကောင် ပေါ်လာပြီး၊ ဓားမော့ အလင်းဖြင့် ပစ်ခတ်လာ၏။

“ ရွှပ် ... ။ ”

“ ဝေါ့ ... ။ ”

ကျိကျစ်ရှိ ခမျာ အသံပင် မထွက် နိုင်တော့ဘဲ သွေးအန် သွားရသည်။ ရလာဒ်က သူမကို စိတ်ပျက် အားငယ်မှုများ ဝင်ရောက် လာစေ၏။

သူမတွင် အသုံး၀င်သော ဝှက်ဖဲများ ရှိသေး သော်လည်း၊ သတိ မထားမိ သောကြောင့် ရှုံးနိမ့် သွားရပြီ ဖြစ်သည်။

“ ဗြိ ... ။ ”

သို့တိုင် အဆုံး မဟုတ်သေးချေ။ ဖီးနစ် တောင်ပံများကို ဟဲရွှမ်ကျင့်မှ စုပ်ပြဲပစ်လိုက် ပြန်သည်။

ကောင်းကင်မှ သွေးမိုး ရွာကျနေပြီး၊ နာကျင်မှုကြောင့် ကျိကျစ်ရှီခမျာ သတိလစ်လု နီးပါး ဖြစ်လာ၏။

“ ဟဲရွှမ်ကျင့် ရပ်စမ်း ... ။ ”

၎င်းသည် သားရဲ တစ်ကောင်အလား ရက်စက်လွန်း ချေ၏။ ပြန်မတိုက်နိုင်တော့မှန်း သိသော်မှ၊ အဆုံးထိ နှိပ်စက် ပြနေသည်။

“ ဝှစ် ... ။ ”

မြင့်မြတ်မြေ အသီးသီးမှ သန့်ရှင်းသော သားတော်များမှာ ကောင်းကင်ပေါ် ပျံတက်ပြီး ကျိကျစ်ရှီကို ကယ်တင်ရန် ပြင်ဆင် လိုက်ကြသည်။

“ ကောင်းတယ် ... မင်းတို့ အတူတူ လာသင့်တာ ကြာပြီ၊ ဟား ဟား ဟား ... ။ ”

ဟဲရွှမ်ကျင့် လက်ထဲ ကြက်သွေးရောင် ဓားမော့တစ်လက် ပေါ်လာပြီး ရယ်မောလိုက် လေသည်။

ထိုဓားမော့ ကိုယ်ထည်တွင် ကြောက်မက်ဖွယ်ရာ သားရဲကြီးများ ပုံသဏ္ဍာန် ရေးထွင်းထား၏။

နဂါးတောင်တန်းများ အပြင်ဘက်ရှိ လူအုပ်ကြီးမှာ တုန်လှုပ်သွားပြီး နောက်ဆုံးတွင် ဟဲရွှမ်ကျင့် တစ်ယောက် သူ့အစွမ်းသတ္တိကို ဖုံးကွယ် ထားကြောင်း သိရှိလိုက်သည်။

“ သွေးစွန်းနေတဲ့ ကောင်းကင် ... ။ ”

“ ဂျိန်း ... ။ ”

ရုတ်တရက် မိုးခြိမ်းသံများ မြည်ဟည်းလျက်၊ ဟဲရွှမ်ကျင့် ဆံပင်များ လွင့်ပျံသွား၏။ မည်သူမျှ ဓါးသုံးချက်ထက် ပို၍ မပိတ်ဆို့နိုင်ချေ။

“ အား ... ။ ”

နာကျင်စွာ အော်ဟစ် ငိုကြွေးသံများ ဆူညံလာပြီး သွေးမိုး အဆက်မပြတ် ရွာသွန်း ကုန်၏။ ဓားမော့သည် သူ့ဝှက်ဖဲ အစစ် ပေပင်။

လင်းယွန်မှ မျက်မှောင်ကြုတ် မိသည်။ ဤပွဲမှာ နဂါးပြာ မှတ်တမ်း ဖြစ်၏။ လူသတ်ပွဲ စတင်ရန် မလိုချေ။

လူတိုင်း အသက်မသေ သော်လည်း အနည်းဆုံး တစ်နှစ်ခွဲခန့် အိပ်ယာပေါ် လှဲနေ ရသည် အထိ၊ ရက်စက်ပြ နေ၏။

“ ဝှစ် ... ။ ”

ဂုဏ်သိက္ခာ တစ်ခုကို ထူထောင်ရန် အခြားသူများ၏ ဘဝအပေါ် ချနင်းရန် မလိုချေ။ ပိုင်ရှုရင်နှင့် ရှင်းယန်က ကျိကျစ်ရှီကို အပြေး အလွှား ဖမ်းယူ လိုက်သည်။

“ ဒဏ်ရာ ပြင်းတယ်။ ”

ပိုင်ရှုရင် တစ်ယောက် မျက်မှောင်ကြုတ် သွားလေသည်။ ကျိကျစ်ရှီ ရင်ဘတ်၌ စုတ်ပြတ် နေပြီး သွေးများ စီးကျနေ၏။

နာကျင်မှုကြောင့် အသိ မကပ်နိုင်ဘဲ တုန်ယင်နေသည်။ ကေျာပြင်ရှိ အတောင်ပံများ ကျိုးလျက် အရေပြားများ လန်ထွက် ကုန်၏။

“ ငါ့ သူတော်စင် ရောင်ဝါကိုတောင် သူ လက်မခံနိုင်တော့ဘူး။ ”

ရှင်းယန်မှ ထိတ်လန့်စွာ အော်ပြော လိုက်သည်။ သူမ ခန္ဓာကိုယ် အတွင်းရှိ ဓားမော့ ရည်ရွယ်ချက်သည် ကြောက်မက်ဖွယ် ကောင်းနေ၏။ ရှင်းယန်၏ သူတော်စင် ရောင်ဝါကို တိုက်စားသွားသည်။

ဤအရာက သူမတို့ နှစ်ဦးကို ထိတ်လန့် လာစေသည်။ ကုသမှု ချက်ချင်း မခံယူနိုင်သော် လျှို့ဝှက် ဒဏ်ရာများ ကျန်ရစ်မည် ဖြစ်၏။

( လူယုတ်မာ၊ သူ့ကို ကယ် ... ။ )

ခရမ်းငယ်မှ လင်းယွန်ကို အော်ဟစ် အမိန့်ပေး လိုက်သည်။

“ ငါ စမ်းကြည့်ပါရစေ။ ”

လင်းယွန်မှ အမျိုးသမီး နှစ်ဦးအနား လှမ်းတက်သည်။ ထိုအချိန်တွင် ဟဲရွှမ်ကျင့်မှ လူတိုင်းကို ရိုက်နှက်နေပြီ ဖြစ်၏။

“ ဘာလဲ ... ။ ”

အဆုံးတွင် သူ့ဓားမော့သည် ရုတ်တရက် ကျောက်တောင်ကြီး တစ်ခုပေါ် ကျရောက်သွား သကဲ့သို့ ရှေ့ဆက် မရတော့ချေ။

ပြန်မော့ ကြည့်လိုက်သော အခါ၊ ဆံပင်များ ရှုပ်ပွ နံစော်နေသည့် အိမ်ရာမဲ့ တစ်ယောက်ကို မြင်လိုက် ရ၏။

၎င်း၏ ခန္ဓာကိုယ်သည် ဘုန်းဝိညာဉ် နှစ်ပါးလက်ရာ ထက်ပင် မာကျော နေသည်။ ဤသည်မှာ လီတာ့ယန် ဖြစ်၏။

“ အရှေ့ဘက် ပျက်စီးမြေမှာ ... ကြယ်နှစ်ဖော် ရှိတယ် ဆိုတာ ငါမေ့သွားတယ်။ ”

ဟဲရွှမ်ကျင့်မှ အံ့အားသင့်သွား ပြီးနောက် ချက်ချင်း ပြုံးရယ်လာသည်။

“ ဒါက ... ရယ်စရာပါ လို့လား။ ”

လီတာ့ယန်က လက်သီးဖြင့် ထိုးချပစ်လိုက်သည်။ နေမင်းကြီး ပေါက်ကွဲလာ သကဲ့သို့ လက်သီး တစ်လုံး ပျံထွက်လာ၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ဟဲရွှမ်ကျင့် တစ်ယောက် လွင့်စဉ်သွားပြီး နဂါးဦးချိုဖြင့် တိုက်မိသွားသည်။ သန့်ရှင်းသော သားတော် တစ်ပါး ဖြစ်သော လီတာ့ယန်မှာ ဒေါသ ဖြစ်ခဲ၏။ ယခုမူ ပြင်းစွာ ဒေါသ ထွက်နေချေပြီ။

***

All Chapters