ငါ့ဘိုးဘေး နဲ့က ... မိတ်ဆွေတွေ ... ။
Vol. 154 Ch. 2151
ဟဲရွှမ်ကျင့်က ဒေါသဖြင့် အံကြိတ် လိုက်သည်။ အုပ်စိုးရှင် တာအိုဖြင့် ဓားမော့ ရည်ရွယ်ချက်ကို ခွန်အား ပေးထားခဲ့ သော်လည်း ရှုံးနိမ့်သွားသည်။
သူ့အမည်ကို နဂါးပြာ မှတ်တမ်း၌ ချန်ထားရန် ဖြစ်နိုင်ပုံ မရတော့ချေ။
“ မလိုဘူး ... ရှုံးပြီး ကတည်းက ငါခုန်ချဝံ့တယ်။ ”
တောင်ပေါ်မှ ခုန်ချသွားခဲ့သော မုချင်းကျွယ်ကို လေှာင်ပြောင် ပြီးနောက် သူ့ အလှည့် ရောက်လာချေပြီ။
“ ဝှစ် ... ။ ”
နဂါးခေါင်း ပေါ်မှ ခုန်ဆင်းလိုက်စဉ် နဂါးရောင်ဝါ ဖိအားများကြောင့် တဟုန်ထိုး ပြုတ်ကျ သွားတော့၏။
တိမ်ပင်လယ်ကို ဖြတ်လျက် ပေါက်ကွဲ သံနှင့်အတူ မြေပြင်ပေါ် မျက်နှာဖြင့် ပြုတ်ကျ သွားလေသည်။
သွေးများ ယိုစီးလျက် ထရပ်ရန် ကြိုးစားလိုက်၏။ သို့သော် မအောင်မြင်ချေ။ မလှမ်းမကမ်းတွင် ထိုင်နေသော မုချင်းကျွယ်က သူ့ထံ လှည့်ကြည့်ကာ ပြုံးပြသည်။
၎င်း၏ ဒဏ်ရာများမှာ ပြန်လည် ကောင်းမွန်နေပြီး ဖြစ်၏။ သည့်နောက် တည်ငြိမ်သော အမူအရာဖြင့်၊
“ မင်း ... ရောက်လာပြီလား။ ”
-ဟု နှုတ်ဆက် လိုက်လေသည်။
ထိုစကားကြောင့် ဟဲရွှမ်ကျင့် တစ်ယောက်မျက်နှာသည် ပြောင်းသွားပြီး ဒေါသ ထွက်လာ၏။ သို့သော် မုချင်းကျွယ်မှ သူ့ကို လျစ်လျူရှုလျက်၊
“ ယဲ့ချင်းရှန် ကိုယ်အစား ... တာအို သားတော် လီတာ့ယန် လက်မှာ ရှုံးနိမ့်သွား လိမ့်မယ်လို့ ... ငါတကယ် မထင်ထားဘူး၊ ဒီနေရာက ရှုခင်းတွေ အရမ်း လှတယ်၊ မင်းကိုယ်တိုင် ခံစား ကြည့်လိုက် ... ငါ အနားယူတော့မယ်။ ”
မုချင်းကျွယ်က ထထွက် သွားတော့၏။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သတိ ရသွားကာ၊
“ အင်း ... မှန်တယ်၊ မင်းရဲ့ လက်ရှိ အခြေအနေက ခွေးထက်တောင် ပိုပြီး သနား စရာ ကောင်းနေတယ်၊ ခွေးတစ်ကောင် ဆိုရင်တောင် ထထိုင်နိုင်သေးတယ်။ ”
-ဟု ပြုံးလျက် ပြောကြား လိုက်သည်။
“ ဘုန်း ... ။ ”
“ ဝေါ့ ... ။ ”
ဟဲရွှမ်ကျင့်မှ မြေပြင်ကို လက်သီးဖြင့် ထိုးနှက်ကာ ပြန်ပြောရန် ပြင်စဉ် သွေး တစ်လုတ် အန်သွား၏။
နေမွန်းတည့်ချိန် နီးလာသည်နှင့် အမျှ နဂါးတောင်တန်း များ၏ ချန်ပီယံ တိုက်ပွဲများ တဖြည်းဖြည်း ပြီးဆုံးသွားခဲ့သည်။
နဂါးပြာ ပလ္လင် အတွက်ကို ပထမ ကောင်းကင်လမ်း ချန်ပီယံ ကူရှယန်မှ ရရှိ သွားသည်။
စစ်ထူယန်သည် မြင့်မြတ်မြေ ပါရမီရှင် များစွာ၏ ဝိုင်းရံ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိလျက်၊ နဂါး လက်သည်းသို့ ဆင်းပေးလိုက်ရ၏။
ရွှေနဂါး၊ နဂါးဖြူ၊ နဂါးစိမ်း၊ နဂါးနီနှင့် ငွေနဂါးလမ်းများတွင်လည်း ရလဒ် ထွက်ပေါ် နေပြီ ဖြစ်သည်။
ထိုပလ္လင်များကို ကောင်းကင်လမ်း ချန်ပီယံများနှင့် သန့်ရှင်းသော သားတော်များ ပိုင်ဆိုင်ထားကြ၏။
၎င်းတို့က ပတ်ဝန်းကျင် အပေါ် စူးစူးစိုက်စိုက် ကြည့်ကာ ပြိုင်ဘက် များကို ခြိမ်းခြောက် လိုက်သည်။
ပလ္လင် အတွက် တိုက်ပွဲများ ပြီးဆုံး သွားသော အခါ၊ နဂါးပြာ မှတ်တမ်း ချန်ပီယံကို ဆုံးဖြတ်ရန် အတွက် နောက်ထပ် တိုက်ပွဲတစ်ပွဲ ဆင်နွှဲ ရပေဦးမည်။
သို့သော် ပလ္လင် တစ်လုံးမှာ လွတ်နေ သေး၏။ ယင်းသည် မိုးပြာ နဂါးလမ်း၏ ပလ္လင် ဖြစ်ချေပြီ။
လီတာ့ယန်က ဟဲရွှမ်ကျင့်ကို အနိုင်ယူ ပြီးနောက် ပလ္လင်ပေါ် မထိုင်ဘဲ လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။
အဘယ်ကြောင့် ဆိုသော် ဤပလ္လင် အတွက် ယှဉ်နိုင်သော လူမှာ လင်းယွန် တစ်ဦးတည်းသာ ရှိတော့သောကြောင့် ဖြစ်၏။
“ ယဲ့ချင်းရှန် ... အခု မင်းအလှည့်ပဲ၊ ငါတို့ကြားက တရားဝင် တိုက်ပွဲ စတင်ဖို့ အချိန်တန်ပြီ ။ ”
“ မလို ပါဘူး၊ စီနီယာ အစ်ကိုက ပလ္လင်နဲ့ ထိုက်တန်ပါတယ်။ ”
လင်းယွန်က ပြုံးကာ ငြင်းလိုက်သည်။ နဂါးပြာ မှတ်တမ်း ခရီးစဉ်သည် ဤနေရာ၌ ပြီးဆုံးပြီ ဖြစ်သည်။
လီတာ့ယန် သည်သာ ဟဲရွှမ်ကျင့်ကို ရှုံးနိမ့်သော် ပလ္လင်အတွက် ယှဉ်ပြိုင် မိပေမည်။ ယခုမူ လီတာ့ယန် အနိုင်ရရှိသွားပြီ ဖြစ်သဖြင့် မလိုအပ်တော့ချေ။
တိုက်ပွဲတွင် အားလုံးကို မပေးသော် လီတာ့ယန် အပေါ် မလေးစားရာ ရောက်ပေ လိမ့်မည်။
သူသည် ကောင်းကင် တာအိုဂိုဏ်း အတွင်း တစ်နှစ်ကြာ နေထိုင်ခဲ့ပြီး ဂိုဏ်းထံမှ အကူအညီ များစွာ ရရှိထားခဲ့သည်။
သည့်အပြင် လီတာ့ယန်၏ ကမ်းလှမ်းမှု အပေါ် ငြင်းပယ်ခဲ့ သောကြောင့် စိတ်မကောင်း မိချေ။ နဂါးပြာ ပလ္လင်ပေးခြင်းဖြင့် ပြန်ဆပ်ရန် ဆုံးဖြတ်ထားသည်။
ဤလူငယ် လီတာ့ယန်သည် ပခုံးဖြင့် ‘ကောင်းကင် တာအို’ကို ထမ်းထားလိုသူ တစ်ဦး ဖြစ်သည်။
ထိုအတွက် ဤရာထူးသည် တစ်ထောင့် တစ်နေရာမှ အခွင့်အလမ်း တစ်ခု မဖြစ်ဟု မပြော နိုင်ချေ။
“ ငါတို့ ကောင်းကင် တာအိုဂိုဏ်းရဲ့ ... သူတော်စင် တပည့်တွေ ကြားမှာ ဒီလောက် ဟန်ဆောင်နေဖို့ မလိုပါဘူး၊ ငါတို့ ဘယ်သူ နိုင်နိုင် ဂိုဏ်းရဲ့ ဂုဏ်သိက္ခါ ပါပဲ။ ”
“ မိန်းမ နှစ်ယောက် အတွက် ပလ္လင် နှစ်လုံးကိုတောင် စွန့်လွှတ်ခဲ့ပြီး ပြီပဲ၊ ယောက်ျား တစ်ယောက် အတွက် ... နောက်ထပ် ပလ္လင် တစ်လုံး မစွန့်နိုင်စရာ အကြောင်းမရှိဘူး။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။ သူပြောသည့် အခိုက်တွင် တစ်ခုခု မူမမှန်ဟု ခံစားမိ သဖြင့်၊ ပိုင်ရှုရင်၊ ရှင်းယန်နှင့် ကျိကျစ်ရှီကို ပြန်ကြည့် မိသည်။
တစ်ဖက်တွင် လီတာ့ယန် အပြုံးမှာ ချက်ချင်း အေးခဲသွားပြီး၊
“ လူတွေက မင်းကို သန့်ရှင်းသော သမီးတော် သတ်သူလို့ ခေါ်ကြတဲ့ အပေါ် အမြင် မရှိပေမယ့်၊ ငါ မင်းကို ...
... လျှော့တွက်ထားမိတာ ဝန်ခံတယ်၊ တကယ်တော့ မင်းက သန့်ရှင်းသော သားတော် ကိုတောင် အလွှတ် မပေးဘူးပဲ။ ”
-ဟု ပြောကြား လိုက်သည်။
သူ့စကားကြောင့် မျက်နှာ ပျက်ယွင်း သွားသော လင်းယွန်ကို ဂရုမစိုက် တော့ဘဲ၊ ပလ္လင်ပေါ် ထိုင်ချလိုက်သည်။
“ ကောင်းပြီ ... ၊ ဒါဆို ... ငါ မင်းကို ယဉ်ကျေးမနေတော့ဘူး၊ ဘာပဲ ဖြစ်ဖြစ် မင်းက သဘောကျဖို့ ကောင်းပါတယ်။ ”
“ ဘာကြီးလဲ ... ။ ”
ဤတစ်ကြိမ်၌ လူတိုင်က လီတာ့ယန်ကို ပြန်ကြည့်မိသည်။ လီတာ့ယန် ခမျာ ချက်ချင်း မျက်နှာ နီရဲလျက်၊
“ ငါပြောတာက ... အဲဒီလို သဘောကျတာမျိုး မဟုတ်ဘူး။ ”
-ဟု ဖြေရှင်းချက် အမြန်ပေးကာ မျက်းလုံးမှိတ် လိုက်တော့သည်။
ဤအရှုပ်အထွေးထဲ မပါလို တော့ချေ။ မဟုတ်ပါက သူ့ နာမည်သည် ယဲ့ချင်းရှန် ဘွဲ့ အမည်ထက် ဆိုးရွား သွားနိုင်သည်။
လင်းယွန် သည်လည်း ပါးစပ်ပိတ် သွားတော့၏။ ဤစကားများကို ဆုစီယာ မကြားရန်သာ မျှော်လင့်ရသည်။
အမျိုးသမီးများနှင့် ပတ်သတ်ခြင်းကို သူမ လက်ခံနိုင်သော်လည်း အမျိုးသားများ အတွက် မူ ခွင့်လွှတ်မည် မဟုတ်ချေ။
ပိုင်ရှုရင်၊ ကျိကျစ်ရှီနှင့် ရှင်းယန်က လီတာ့ယန်ထံမှ တုန့်ပြန်မှု မရှိတော့ သဖြင့် လင်းယွန်ထံ ကြည့်သည်။
“ အထင် မလွဲပါနဲ့ ... ဒါက ယောကျ်ားတွေကြားက ခင်မင်မှု သက်သက်ပါ ဖြူစင်ပါတယ်။ ”
လင်းယွန်မှ ချက်ချင်း ရှင်းပြလိုက်ရသည်။
“ ဘာလဲ ... သန့်ရှင်းသော သားတော် ကတောင် နင်နဲ့ မထိုက်တန်ဘူးလို့ ပြောချင်နေ တာလား။ ”
“ ဟမ့် ... ငါဆိုလိုတာ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ”
“ ဟား ဟား ဟား ... ဒါဆို နင်နဲ့ လိုက်ဖက်တယ်လို့ ဝန်ခံပြီ မဟုတ်လား၊ မဆိုးဘူး သတ္တိ ရှိတယ်။ ”
ကျိကျစ်ရှီကို ကြည့်ကာ လင်းယွန်က ထိတ်လန့်လာသည်။ မင်းသမီးလေး ဟူသော ခေါ်ဆိုမှု အပေါ် လက်စားချေ နေပုံရ၏။
နဂါးသခင် ကိုးပါး ထွက်ပေါ် လာပြီ ဖြစ်သဖြင့် လူတိုင်း နဂါး လက်သည်းဆီသို့ ဆုတ်ခွာ ပေးကြရသည်။
ဤမြင်ကွင်းကို မြင်သောအခါ မုရွယ်လင်မှ အတော်လေး စိတ်ပျက် သွား၏။ သူမ အနားရှိ နတ်နဂါး အင်ပါယာ၏ အရာရှိက၊
“ နောက်တစ်ဆင့် စလိုက်ကြရအောင်။ ”
-ဟု ပြောကြား လာသည်။
မုရွယ်လင်မှ ခေါင်းညိတ်လျက် နဂါးသခင် ကိုးပါးကို ခေါ်ထုတ်ရန် ပြင်လိုက်စဉ် ရာသီဥတု ပြောင်းလဲလာ တော့သည်။
တိမ်ညိုတစ်အုပ် နဂါးတောင် ကိုးလုံးဆီသို့ ချဉ်းကပ်လာသည်။ ထုထည်မှာ မီတာ တစ်ရာ နီးပါးရှိချေိ၏။
ဤမျှ ကြီးကျယ်သော အပြောင်းအလဲ အောက်တွင် သွေးဆာနေသော အငွေ့အသက် များကို ခံစားလိုက်ရသည်။
“ နဂါးပြာ မှတ်တမ်းမှာ ပါဝင်ဖို့ ... ငါတို့ နောက်နေပြီလား။ ”
ငွေရောင် တိုက်ပွဲဝင် ချပ်ဝတ်နှင့် လူငယ်တစ်ဦး တိမ်တိုက်အတွင်းမှ ထွက်ပေါ် လာခဲ့၏။
၎င်းသည် အပြစ် ကင်းစင်ပြီး ရင်သပ် ရှုမောဖွယ် ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင် ထားသည်။
နဖူးရှိ ဒေါင်လိုက် အကွဲကြောင်းမှာ အမှတ်အသား တစ်ခုလို ပိတ်နေ၏။ အသွင် အပြင်အရ မြင့်မြတ်ပုံ ပေါက်စေသည်။
ထိုအမှတ်အသားကို သိသောကြောင့် လူအများစုမှာ မျက်မှောင်ကြုတ် လိုက်ကြ သည်။
“ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာလား။ ”
လူအုပ်ကြီး၏ အာမေဋိတ် စကားကို ကြားသော အခါတွင်၊
“ မဆိုးဘူး ... မင်းတို့မှာ အမြင်ရှိတယ်၊ ဟုတ်တယ် ငါက မြင့်မြတ်တဲ့ ဝိညာဉ် မျိုးနွယ်စု ကပဲ။ ”
ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင်များသည် သူတို့ကိုယ် သူတို့ မြင့်မြတ်သော ဝိညာဉ် မိသားစုဟု ခေါ်ဆိုကြ၏။
ခွန်လွန်မှ ကျင့်ကြံသူ များက ဝိညာဉ် နတ်မိစ္ဆာ ဟူသော ဘွဲ့ကို ပြောင်းပေးထားခြင်း ဖြစ်သည်။
လူတိုင်း မျက်နှာများ ပြောင်းလဲကုန်သည်။ ဝိညာဉ် နတ်မိစ္ဆာ ဂိုဏ်းသည် နာမည်ဆိုးဖြင့် ကျော်ကြား၏။
၎င်းတို့သည် အမှောင်ခေတ် အတွင်း လူသားမျိုးနွယ်စုကို ကျွန်ပြုကာ တိရစ္ဆာန်များ အဖြစ် ဆက်ဆံခဲ့သည်။
အနှစ် သုံးထောင် ကုန်လွန်သွား ပြီးနောက်မှာပင် ၎င်းတို့၏ ဒဏ္ဍာရီများ ကျန်ရှိ နေသေး၏။
နတ်ဘုရားသင်္ချိုင်း တောင်တန်း ပေါ်ရှိ တံဆိပ် အားနည်းလာပြီး၊ အမည်ခံ သူတော်စင် အဆင့်ပင် ဝင်ထွက် နိုင်သဖြင့် ၎င်းတို့ကို မကြာ-မကြာ တွေ့ရခြင်း ဖြစ်သည်။
သို့သော် ဤနဂါးပြာ မှတ်တမ်း ကဲ့သို့ ခမ်းနားသော ပွဲတော်ထံ တက်ရောက် ဝံ့လိမ့် မည် မဟုတ်ဟု မထင်ထားချေ။
“ သန့်ရှင်းသော မီးလျှံ တောက်လောင် နေသမျှ မြင့်မြတ်သော ဝိညာဉ်တော်များ အသက် ရှည်ပါစေ။ ”
နက်ပြာရောင် ဝတ်ရုံ ဆင်မြန်း ထားသည့် လူငယ်တစ်ဦးက ကြွေးကြော်သံ ပြုလျက် ပေါ် လာပြန်သည်။
၎င်းကြွေးကြော်သံသည် နဂါးတောင် ကိုးလုံးကို ပဲ့တင်ထပ်စေ၏။ အဆိုပါ လူငယ်က ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ လူငယ်ထံ ချည်းကပ်သွားသည်။
“ ကူရှင်းယွီ ... ၊ မင်းရဲ့ ရွေ့လျားမှု နည်းစနစ်က နည်းနည်း နှေးနေသေးတယ်၊ နောင်အခါမှာ ... ငါရဲ့ မြင့်မြတ်သော ဝိညာဉ် မိသားစုပိုင် ရွေ့လျားမှု နည်းစနစ်ကို ... သင့်ယူပါ။ ”
“ ဝိညာဉ် မျိုးနွယ်စုရဲ့ ... ကိုယ်ခံ ပညာတွေက စကြာဝဠာ တစ်ခွင်မှာ နာမည်ကြီး ပါပေတယ်၊ အစ်ကို တျန်ကူရဲ့ ကြင်နာမှု အတွက် ဂုဏ်ယူစရာ ပါပဲ။ ”
နဂါးပြာသခင် ဖြစ်သော ကူရှယန်က ကူရှင်းယွီထံ လှမ်းကြည့်ပြီး အံ့သြသွားသည်။
“ သွေးလ ဂိုဏ်းက နဂါးပြာ မှတ်တမ်းကို လာဖို့ သတ္တိရှိတယ်လား၊ သူတို့ သေချင်နေတာ ဖြစ်မယ်။ ”
သွေးလဂိုဏ်း ဟူသည် တစ်ချိန်က ခွန်လွန်၏ တန်ခိုးရှင်များ ဖြစ်ချေပြီ။ ဧကရာဇ် ကိုးပါးကိုပင် ထိပ်တိုက် ရင်ဆိုင် နိုင်ခဲ့ကြ၏။
တောင်ပိုင်း ဧကရာဇ် သည်ပင် သွေးလဂိုဏ်းကို လုံးလုံးလျားလျား ချေမှုန်း နိုင်ခြင်း မရှိချေ။
ဤကမ္ဘာတွင် အဖြူနှင့် အမည်း နှစ်မျိုးတည်းသာ မဟုတ်ဘဲ မီးခိုးရောင် အချို့လည်း ရှိနေသေးသည်။
ဥပမာ အားဖြင့် နှလုံးမဲ့ ဧကရာဇ် တည်ထောင် ထားသော နတ်မိစ္ဆာ တံခါးမှာ၊ ထိုအမျိုးအစား အတွင်း ပါဝင်သော မိစ္ဆာ လမ်းစဉ် ကျင့်ကြံသည့် ဂိုဏ်းဖြစ်သည်။
(အန်းလျူယွင်ကို ဆိုလို၏။)
၎င်းက ခွန်လွန်ရှိ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူများကို စုစည်းကာ စည်းကမ်းအချို့ ချမှတ်ပြီး ရှင်သန်စေခဲ့၏။ ထို့ကြောင့် နတ်နဂါး အင်ပါယာနှင့် ယှဉ်တွဲ နေထိုင်နိုင်သည်။
သွေးလဂိုဏ်း မှာမူ မတူချေ။ ဧကရာဇ် ကိုးပါးကို ရင်ဆိုင်ခဲ့ ရုံသာမက၊ ယခုမူ ဝိညာဉ် နတ်မိစ္ဆာ မိသားစုနှင့်ပင် ပူးပေါင်း နေခဲ့သည်။
ဤသည်မှာ နတ်နဂါးအင်ပါယာ အတွက် သည်းမခံ နိုင်သော အရာ ဖြစ်၏။ လူတိုင်းက သွေးလဂိုဏ်းနှင့် ဝိညာဉ် နတ်မိစ္ဆာ မိသားစု အကြား ပူးပေါင်း ဆောင်ရွက်မှုများ အပေါ် ကေျနပ်ခြင်း မရှိချေ။
ရုတ်တရက် လင်းယွန်က ဆုစီယာကို သတိရသွားပြီး လှည့်ပတ် ရှာဖွေမိသည်။ သူမ ဤလူများအတွက် လာခြင်း ဖြစ်ချေ၏။
“ မင်း ဘယ်လို သတ္တိရှိလဲ ... ။ ”
အရာရှိ ဇီလင်က အော်ငေါက်လျက် ဧရာမရွှေနဂါး လက်သည်းဖြင့် ချက်ခြင်း ကုပ်ဆွဲ လိုက်သည်။
သို့တိုင် ကူရှင်းယွီနှင့် တျန်ကူက ထိတ်လန့်ခြင်း မရှိဘဲ ငြိမ်သက်စွာ ရပ်စောင့်နေ ခဲ့၏။ ရွှေလက်သည်း အနား ရောက်သည်နှင့် ငွေရောင် မိစ္ဆာ မျက်လုံး ပေါ်လာသည်။
“ ရွှပ် ... ။ ”
“ ခရစ် ... ။ ”
၎င်းက ဆယ်ပေရှည်သော အလင်းတန်း ပစ်လွှတ်ကာ ရွှေနဂါး လက်သည်းကို ဖြိုခွဲပစ် တော့၏။
တစ်ချိန်တည်း မှာပင် တိမ်မြူအတွင်းမှ မိစ္ဆာရောင်ဝါများ တဟုန်ထိုး မြှင့်တက်လာပြီး၊ ကြက်သွေးရောင် လမင်းကြီးလည်း ထွက်ပေါ် လာတော့၏။ လမင်းက စကား လှမ်းပြော လာသည်။
“ ငါ့ဘိုးဘေးက နဂါးပြာ ဘိုးဘေးနဲ့ မိတ်ဆွေတွေပဲ၊ ဒါဆို ... မင်းက ဘယ်သူမိုလို့ ဒီလောက် ... သဘောထား သေးသိမ် နေရတာလဲ။ ”
***