ကောင်းကင် နဂါး သခင်။
Vol. 154 Ch. 2152
ကြက်သွေးရောင် လနှင့် ငွေရောင်မိစ္ဆာ မျက်လုံး ပေါ်လာသောအခါ လူတိုင်း ထိတ်လန့် သွားသည်။ ၎င်းတို့က ဂျူနီယာများ အပေါ် မစော်ကားရန် သတိပေးခြင်း ဖြစ်၏။
နဂါးတောင် ကိုးလုံး ပတ်လည်တွင် မြင့်မြတ်မြေ အသီးသီး၏ တန်ခိုးရှင်များ ရှိ၏။ ၎င်းတို့သည် သက်ဆိုင်ရာ တပည့်များ အပေါ် စောင့်ကြပ်ရန် တာဝန်ရှိကြသည်။
ထို့ကြောင့် ကြက်သွေးရောင် လမင်းထံမှ စကားအပေါ် ဆွေးနွေးမှုများ ပြုလာ ခဲ့ကြ၏။ ထိုသူ ရည်ညွှန်းသော ဘိုးဘေးသည် ဂိုဏ်းချုပ် မဟုတ်ဘဲ၊ တည်ထောင်သူ ဖြစ်သည်။
သွေးလဂိုဏ်းတွင် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး ရှေးဦးခေတ် အချိန်အခါ၌ ဒဏ္ဍာရီလာ ဘိုးဘေး တစ်ပါးရှိ၏။
( သူပြောတာ မှန်လား ... ။ )
လင်းယွန်က ခရမ်းငယ်ကို မေးသည်။
( မှန်တယ် ... နဂါးပြာ ဘိုးဘေးက လူတိုင်းကို တန်းတူ ရည်တူ ဆက်ဆံတယ်၊ နဂါးတံခါးက ခွန်လွန်ကို အုပ်ချုပ်ပေမယ့်၊ အခြား ဂိုဏ်းတွေကို နှိမ်နှင်းခွင့် မပေးဘူး၊ ...
... နဂါးတံခါးထက် သန်မာတဲ့ ဂိုဏ်းတွေတောင် ရှိခဲ့သေးတယ်၊ အဲဒီတုန်းက နဂါးပြာ မှတ်တမ်းက အခုထက် ဆယ်ဆ ပိုခမ်းနားတယ်။ )
ခရမ်းငယ်က သက်ပြင်းချကာ ဖြေကြားလိုက်သည်။
( ဒါဆို သူတို့ ဘိုးဘေးက နဂါးပြာ ဘိုးဘေးနဲ့ မိတ်ဆွေတွေ ဆိုတာ သေချာ နေတာပေါ့။ )
( ဘယ်သူ သိနိုင်မှာလဲ ... အဲဒီတုန်းက အုပ်စိုးရှင်လို့ ပြောရင်တောင် ဘယ်လိုငြင်းမလဲ၊ ဒါက ဘယ်လို ဝါကြွား ရမှန်းသိတဲ့ လူတွေ အတွက် အခွင့်အရေးပါ။ )
ခရမ်းငယ်မှ မခိုး မခန့် ပြန်ဖြေသည်။ သူမ ပြေသည်မှာ မှန်၏။ ဤအကြောင်းအရာ အပေါ် မည်သူမျှ အတည်ပြု၍ မရချေ။ လင်းယွန် တစ်ယောက် ငေးမောသွားသည်။
သွေးလဂိုဏ်းသည် ဧကရာဇ် ကိုးပါးကို ရှုံးနိမ့်ကာ ဤနှစ်များ အတွင်း ကြွက်များ ကဲ့သို့ ရှင်သန်ခဲ့ကြသည်။
“ သူတော်စင် အကြီးအကဲ၊ မင်း ဘာလို့ဘာမှ ဝင်မပြော ရတာလဲ၊ အဲဒီတုန်းက အိုင်းရစ်ဓား သူတော်စင် ကိုယ်တိုင် နတ်တောင်ကို၊ ...
... နဂါးပြာ မှတ်တမ်း လာအပ်ခဲ့တာ မဟုတ်လား၊ ဒါက နတ်နဂါး အင်ပါယာ အတွက် ရည်ရွယ် ခဲ့တာမှ မဟုတ်တာ၊ ငါ ပြောတာ မှန်တယ် မဟုတ်လား။ ”
“ ဒါမှန်လား သူတော်စင် အကြီးအကဲ ... ။ ”
အရာရှိ ဇီလင်က စိတ်ရှုပ်သွားသည်။ မုရွယ်လင်မှ စကားပြောနေသော သွေးလထံ မော့ကြည့်ကာ၊
“ ငါ့ဆရာရဲ့ စကား အရ ... ၊ လူတိုင်း နဂါးပြာ မှတ်တမ်းမှာ ပါဝင်ခွင့်ရှိတယ်၊ နဂါးပြာ မှတ်တမ်းက ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ပါရမီရှင်တိုင်း အတွက် ရည်ရွယ်တယ်၊ ...
... နတ်နဂါး အင်ပါယာနဲ့ မသက်ဆိုင်ဘူး၊ ဒါပေမယ် မင်းတို့တွေ နောက်ကျနေပြီ ... နဂါးသခင် ကိုးယောက်ကို ငါဆုံးဖြတ်ပြီးပြီ။ ”
-ဟု ပြန်လည် ဖြေကြားလိုက်သည်။
“ သူတော်စင် အကြီးအကဲက ဒီလိုဆန္ဒမျိုး ရှိနေသရွေ့တော့ ကောင်းပါတယ်။ ”
ကြက်သွေးရောင် လမင်းကြီးက ဤစကားများကို မျှော်လင့် ထားပုံရသည်။ သူ စကားဆုံး သည်နှင့် လမင်းက ကျုံ့သွားပြီး ပုံသဏ္ဍာန် စတင် ပြောင်းလဲ လာသည်။
၎င်းသည် အနက်ရောင် ၀တ်စုံဖြင့် အတောင်ပံများ ဖြန့်ထားသော လူတစ်ယောက် ဖြစ်၏။ မျက်နှာတွင် လင်းနို့ မျက်နှာဖုံး တပ်ဆင် ထားသည်။
“ ဒါ နဂါးလင်းနို့ မဟာ သူတော်စင်ပဲ၊ သွေးလဂိုဏ်းရဲ့ စတုတ္ထမြောက် ကာကွယ်သူ ... သူ တကယ် လာဝံ့တယ် သေချင်နေတာလား၊ သူ့ခေါင်းကို နတ်နဂါး အင်ပါယာက အလို ရှိနေတာ မဟုတ်လား။ ”
“ သွေးလဂိုဏ်းက အခု အရမ်း ရဲရင့်နေပြီ။ ”
သွေးလဂိုဏ်းသည် ဂိုဏ်းချုပ် မရှိဘဲ ကာကွယ်သူ လေးယောက်ဖြင့် ရှင်သန်နေခြင်း ဖြစ်သည်။
နဂါးလင်းနို့ မဟာ သူတော်စင် ဟူသည် ထိုကာကွယ်သူ လေးယောက် အနက် အင်အား အနည်းဆုံး စတုတ္ထမြောက် ပုဂ္ဂိုလ် ဖြစ်၏။
“ ဒီလောက် ... နှစ်ပေါင်းများစွာ ကြာပြီး တာတောင် လူတွေက ... ငါ့ကို မှတ်မိနေသေး တာလား။ ”
နဂါးလင်းနို့ မဟာ သူတော်စင်ကို မြင်လိုက်သောအခါ အရာရှိ ဇီလင်မှ သတ်ဖြတ် လိုစိတ်များ ပြသလိုက်သည်။
“ အမျိုးသမီးလေး ... မင်းငါ့ကို ဘာမှ မလုပ်နိုင်ဘူး၊ ဒါကြောင့် လေးလေး စားစား ပြုမူတာ ပိုကောင်းလိမ့်မယ်။ ”
နဂါးလင်းနို့ မဟာ သူတော်စင်က သူမကို ကြည့်ကာ ပြောကြားလိုက်သည်။
“ ဟမ့် ... ဒီမှာ ... မြင့်မြတ်မြေတွေ စုဝေးနေတယ်၊ နင်က သေချင် နေတာလား အဖိုးကြီး။ ”
အရာရှိ ဇီလင်မှ ပြန်လည် ဟစ်အော် လေသည်။
“ ဟား ဟား ဟား ... ငါ့ကို အုပ်စုဖွဲ့ တိုက်ခိုက်ဖို့လား၊ ခေတ်တွေ ပြောင်းသွားပြီ နတ်နဂါး အင်ပါယာရဲ့ အထွတ်အထိပ် အချိန်ကုန်သွားပြီ၊ ...
... နတ်နဂါးအင်ပါယာမှာ မြင့်မြတ်မြေ တွေကို စည်းရုံးနိုင်တဲ့ တန်ခိုးမျိုး မရှိတော့ဘူး၊ မဟုတ်ရင် မြင့်မြတ်မြေ တွေကို ... စုစည်းဖို့ နဂါးပြာ မှတ်တမ်းကို ဘယ်လိုအပ်ပါ့မလဲ၊ မင်းရဲ့ ဧကရီက လူမြင်ကွင်း၊ ...
... ထွက်မလာတာ နှစ်ပေါင်း ရှစ်ရာ ရှိနေပြီ၊ သူ့သက်တမ်း ကုန်တော့မယ်လို့ ငါကြားမိတယ်၊ ပြီးတော့ ဧကရာဇ် အချို့လည်း ကွယ်လွန် ကုန်ပြီ၊ လက်ရှိ ရှိနေတဲ့ ဧကရာဇ် အချင်းချင်းတောင်၊ ...
... ရည်မှန်းချက် မတူကြဘူး၊ နတ်နဂါး အင်ပါယာ ဆိုတာ အမည်ပဲ ... ရှိပါတော့တယ်၊ ခွန်လွန်က မကြာမီ ပရမ်းပတာ အဖြစ်ကို သက်ဆင်းရ လိမ့်မယ်၊ ...
... အဆုံးမှာတော့ ဒီကမ္ဘာကြီးကို ဘယ်သူတွေ အုပ်စိုးရမယ် ဆိုတာ မသေချာ တော့ပါဘူး။ ”
ထိုစကားများသည် လူတိုင်း အပေါ် ကြီးမားသော သက်ရောက်မှု ရှိသွားစေသည်။ ဧကရီသည် အောင်မြင်မှု ရယူရာ၌ ကျရှုံး သွားကြောင်း သတင်း ကြီးခဲ့သည်။
သို့တိုင် နတ်နဂါး အင်ပါယာသည် ရှေးဟောင်း နယ်မြေ ရှစ်ခုကို ချုပ်ကိုင် ထားဆဲ ဖြစ်ပြီး ရှေးဟောင်း ပျက်စီးမြေကို ခြေချရန် ကြံရွယ် နေဆဲဖြစ်၏။
ဤသည်မှာ နတ်နဂါးခေတ် မကုန်သေးဘဲ၊ အင်ပါယာ တန်ခိုးကို ချဲ့ထွင်နေသော နိမိတ်ပုံ ဖြစ်သည်။
ရှေးဟောင်း နယ်မြေ ကိုးခု လုံးကို စုစည်းနိုင်ပါက တော်ဝင် နန်းတော်၏ ဝိညာဉ် စွမ်းအင်မားသည် အဆပေါင်း များစွာ တိုးပွား လာနိုင်ပေမည်။
၎င်းသည် မျှော်လင့်ချက် ဖြစ်သည်။ အင်ပါယာ အနေဖြင့် လွန်ခဲ့သည့် နှစ်တစ်ရာမှ စကာ ပြဿနာ များစွာနှင့် ကြုံလာရသည်။
တောင်ပိုင်း နယ်စပ်မှ မှော်ဘာသာရေး အစွန်းရောက် ဂိုဏ်း၊ မြောက်ဘက် တောင်ကုန်း များမှ ဝိညာဉ် တံခါး၊ အနောက်ဘက် ကန္တာရ၏ နတ်ဆိုး အကြွင်း အကျန်များနှင့် အရှေ့ဘက် ပျက်စီးမြေမှ ဝိညာဉ်နတ်မိစ္ဆာ မိသားစု တို့ဖြင့် တိုက်ပွဲ ဆင်နွှဲ နေရသည်။
ထို့ကြောင့် လက်ရှိ အချိန်၌ ခွန်လွန်သည် အေးချမ်း သော်လည်း အချိန်မရွေး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားနိုင်ပေမည်။
နဂါး လင်းနို့ မဟာ သူတော်စင်ထံ မော့ကြည့်ကာ မြင့်မြတ်မြေ အသီးသီးက ဆွေးနွေးမှုများ ပြုလုပ်လာ ကြသည်။
သူတို့ အနေဖြင့် နတ်နဂါး အင်ပါယာနှင့် ၎င်း၏ ရန်သူများ ကြားမှ မြေဇာပင် မဖြစ်လို ကြချေ။ ဝေးဝေး ရှောင်ရှား လို၏။
ထို့ကြောင့် အရာရှိ ဇီလင်သည် သူမ ရန်သူကို တိုက်ရန် မြင့်မြတ်မြေများ စုစည်း လိုသော် သက်ရောက်မှု ရှိမည် မဟုတ်ချေ။
နောက်ဆုံးတွင် နဂါး လင်းနို့ မဟာ သူတော်စင်သည် စွမ်းအား ကြီးမားသူ ဖြစ်ပြီး လူများစွာက သူ့ကို ကြောက်ကြသည်။
သည့်အပြင် ငွေရောင် နတ်မိစ္ဆာ မျက်လုံး သည်လည်း ကောင်းကင်မှ မဆင်း သေးချေ။ ဤသည်မှာ ဝိညာဉ် နတ်မိစ္ဆာ မိသားစု၏ စွမ်းအားရှင် ဖြစ်ကြောင်း လူတိုင်းသိ၏။
“ ဒီလောက် နှစ်တွေ အကြာကြီး နေပြီးတာတောင် အမှား-အမှန် မသိနိုင်ကြ သေးဘူးလား၊ ဟမ့် ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုနဲ့ သူတို့ရဲ့၊ ...
... လက်ပါးစေ ဖြစ်တဲ့ သွေးလဂိုဏ်းကို သတ်ဖို့က နတ်နဂါး အင်ပါယာရဲ့ တောင်းဆိုမှု မလိုပါဘူး၊ ဒါက လူသားတိုင်း အတွက် တာဝန်ပဲ။ ”
သက်ပြင်းချ သံနှင့် အတူ၊ တစ်စုံ တစ်ယောက်မှ စကားဝင် ပြောလာ ခဲ့သည်။ ဤသည်မှာ ကောင်းကင် တာအိုဂိုဏ်း၏ ယန် နန်းတော် သခင် လက်သီး တစ်ထောင် မဟာ သူတော်စင် ဖြစ်သည်။
အခြား မြင့်မြတ်မြေ အသီးသီးမှ မဟာ သူတော်စင်များက သူပြောသော စကားကြောင့် ခေတ္တမျှ ထိတ်လန့် သွားသည်။
သို့သော် ယင်းသည် အမှန် ဖြစ်ချေ၏။ ဝိညာဉ် နတ်မိစ္ဆာ မိသားစုသည် ဘုံရန်သူ ဖြစ်ပြီး နတ်နဂါး အင်ပါယာမှ အကူအညီ မတောင်း လျှင်ပင် သူတို့၌ တာဝန်ရှိသည်။
ဤအရာက နဂါးလင်းနို့ မဟာ သူတော်စင်ကို ဒေါသတကြီး ဖြစ်လာစေ၏။
“ ယဲ့ချင်းယွီ ... မင်းက သူများ ကိစ္စတွေမှာ လက်ဝင်လျှိုရတာ အရမ်း ကြိုက်တယ်လား၊ ကောင်းကင် တာအိုဂိုဏ်း ဖျက်ဆီး ခံရတဲ့ အချိန် မင်းကို ဘယ်သူတွေ ကူညီမလဲ ငါကြည့်မယ်။ ”
“ ဒါက မင်းနဲ့ မဆိုင်ပါဘူး၊ နဂါးပြာ မှတ်တမ်းက ခွန်လွန်ရဲ့ ပွဲပဲ၊ ငါတို့ မြင့်မြတ်မြေ တွေက တပည့်တွေ နာမည်ကို ဒီမှာ ရေးထွင်း ရမယ်၊ ဒါကြောင့် အင်ပါယာနဲ့ ငါတို့ကြား သဘောထား ကွဲလွဲအောင်၊ ...
... လုပ်စရာ မလိုပါဘူး၊ မင်း အခု ထွက်သွားရင် မင်းဘယ်တော့မှ ပေါ်မလာဘူးလို့ ငါ ဟန်ဆောင်နိုင်တယ်။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်၏ စကားများသည် အခြားသော မြင့်မြတ်မြေ၏ မဟာ သူတော်စင် များကို ချက်ချင်း ဆွဲဆောင် နိုင်ခဲ့သည်။
“ စိတ်မပူနဲ့ တစ်နေ့မှာ ... ၊ မင်း ငါ့ကို တိုက်ဖို့ အခွင့်အရေး ရလိမ့်မယ် ဒါပေမယ့် အခု မဟုတ်သေးဘူး၊ ဒီနေ့က နဂါးပြာ မှတ်တမ်းပဲ၊ ဒီပွဲကို ဘယ်လို ကျင်းပရမယ် ဆိုတာကို မင်း ကိစ္စ မဟုတ်ဘူး၊ သူတော်စင် အကြီးအကဲ ဆုံးဖြတ်လိမ့်မယ်။ ”
နဂါးလင်းနို့ မဟာ သူတော်စင်က မုရွယ်လင်ထံ ပြန်ကြည့်သည်။
“ နဂါးသခင် ကိုးပါးကို ဆုံးဖြတ်ပြီးပြီ၊ မင်းတို့မှာ အခွင့်အရေး မရှိတော့ဘူး။ ”
မုရွယ်လင်မှ တည်ငြိမ်စွာ ပြန်ဖြေ၏။
“ အဲဒါကို သိတယ်၊ နဂါးသခင် ကိုးပါးအပြင် နောက်ထပ် နဂါးသခင် တစ်ပါး ကျန်သေးတယ် မဟုတ်လား။ ”
နဂါးလင်းနို့ မဟာ သူတော်စင် စကားကြောင့် လူတိုင်း မျက်လုံးပြူး ကုန်သည်။ ထိုအကြောင်းအရာကို သူတို့ မသိခဲ့ချေ။
“ ဟုတ်တယ် နဂါးသခင် ကိုးပါး အပြင် နောက်ထပ် နဂါးသခင် တစ်ပါး ရှိတယ်၊ သူက ကောင်းကင် နဂါးပဲ။ ”
မုရွယ်လင်မှ အေးစက်စွာ ပြန်လည် ဖြေကြားလိုက်သည်။ နဂါး တောင်တန်းများ အပြင်မှ လူအုပ်မှာ တရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။
ထိုအကြောင်း မည်သူမျှ မကြားဖူးချေ။ အခြားသော နဂါး အရိုး များနှင့် အသွေးအသား ကိုသာ အမွေ အဖြစ် ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် ကောင်းကင် နဂါးကို ဒဏ္ဍာရီ အဖြစ် သတ်မှတ် ကြသည်။ ၎င်းသည် မျိုးကွဲ နဂါး တစ်ကောင် ဖြစ်ပြီး နတ်နဂါးများထက် သာလွန်သော ကောင်းကင် နဂါးအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
“ ကောင်းကင် နဂါးပလ္လင် အတွက် ကောင်းကင် နဂါးရဲ့ သွေးတစ်စက် လိုတယ် ငါ့မှာ မရှိဘူး။ ”
“ အဆင်ပြေတယ် ... သူတော်စင် အကြီးအကဲ ဆန္ဒရှိသ၍ ... ငါ့ပေးနိုင်တယ်။ ”
***