ခါနန် ခန်းမ ... ။
Vol. 154 Ch. 2154
ကောင်းကင် နဂါးစင်မြင့် ပေါ်လာသော အခါတွင် လူတိုင်း အာရုံစိုက် ကုန်၏။ လူတိုင်း ဤစင်မြင့်အတွက် အရည်အချင်း မပြည့်မီ လျှင်ပင် တိုက်ပွဲကို ကြည့်နိုင်မည်။
နောက်ဆုံးတွင် နဂါးပြာ မှတ်တမ်းသည် အပြောင်းအလဲ ဖြစ်ပေါ်လာ တော့မည် ဖြစ်၏။ တိုက်ပွဲဝင်လို သူများမှာ မူလ နေရာ စွန့်ရမည် ဖြစ်သဖြင့် နေရာလွတ်များ ထွက်ပေါ် လာပေမည်။
ထို့ကြောင့် နဂါး သခင် (၇)ပါး အတွက် ယှဉ်ပြိုင်လိုသော လူများတွင် နောက်တစ်ကြိမ် အခွင့်အရေး ရရှိနိုင်သည်။
လင်းယွန်က လူအုပ်ကို ကြည့်ကာ တွေးတော နေမိသည်။ တျန်ကူနှင့် ကူရှင်းယွီကို ၎င်းတို့ မေ့သွားပုံရ၏။
“ ယဲ့ချင်းရှန် ... နင် ကောင်းကင် နဂါးသခင်အတွက် တိုက်ပွဲဝင်မလား။ ”
ကျိကျစ်ရှီက လှည့်မေး၏။ လင်းယွန်မှ ခေါင်းညိမ့်ပြ လိုက်သည်။ ဆုစီယာ ဆန္ဒ မရှိခဲ့ လျှင်ပင် ဤနေရာအတွက် တိုက်ပွဲ ဝင်ရ ပေမည်။
နဂါပြာ မှတ်တမ်းကို စိတ်မဝင်စား သော်လည်း၊ ဆုလာဒ်သည် ဆွဲဆောင် နိုင်လွန်း ချေ၏။
လီတာ့ယန် ကြောင့်သာ မဟုတ်က မိုးပြာ နဂါးသခင် ပလ္လင် ရယူမိမည်မှာ သေချာသည်။ အရေးအကြီးဆုံးမှာ ကံကြမ္မာ ဖြစ်သည်။
ကောင်းကင် နဂါး သခင်သည် နဂါးပြာ မှတ်တမ်း၏ ချန်ပီယံ ဖြစ်သည်။ ထို့ကြောင့် ခွန်လွန်၏ ကံကြမ္မာ ပါရှိ၏။
ကောင်းကင် နဂါးသခင်သည် နဂါးပြာ မှတ်တမ်း၏ ချန်ပီယံ ဖြစ်သည်။ ဤသည်မှာ တစ်စုံ တစ်ယောက် အတွက် ကြီးမားသော ကံကြမ္မာ ဖြစ်၏။
“ ကောင်းတယ် ... ဒါဆို ငါနင်နဲ့ တိုက်နိုင်ပြီ၊ နောင်တရစရာ မရှိတော့ဘူး။ ”
ကျိကျစ်ရှီက လေးလေးနက်နက် ပြောကြားလာ သဖြင့်၊ လင်းယွန်မှ ခေါင်းယမ်း လိုက်ကာ၊
“ မလိုဘူး ... တခြား ပလ္လင်တွေ အတွက် ယှဉ်ပြိုင်ပါ၊ ကောင်းကင် နဂါး ပလ္လင်က အရမ်း အန္တရာယ်များ လွန်းတယ်။ ”
-ဟု သတိပေး လိုက်သည်။
“ နင် ... ငါ့ကို ငုံ့ကြည့်နေတာလား။ ”
ကျိကျစ်ရှီက မကျေမနပ်ဖြင့် မေးခွန်းထုတ်၏။
“ မဟုတ်ဘူး ... မင်းက ဖီးနစ်သွေးရဲ့ အလားအလာကို အပြည့်အ၀ မတူးဖော် နိုင်တာ သိသာနေတာပဲ၊ နဂါးပြာ မှတ်တမ်း မရှိ ရင်တောင် တစ်ချိန်မှာ ...
... ခွန်လွန်ရဲ့ တန်ခိုးရှင် ဖြစ်လာမှာ သေချာပါတယ်၊ ဒါပေမယ့် အခု ကောင်းကင် နဂါး ပလ္လင် အတွက် ပြိုင်ဆိုင်ဖို့ ဆိုရင်တော့ နည်းနည်း ငယ်သေးတယ်၊ ...
... နဂါးသခင်ကိုးပါးရဲ့ ရာထူးတွေက နောက်ပိုင်းမှာ ပြောင်းလဲသွားမှာမို့ ဒါကိုပဲ မင်း ကြိုးစား သင့်တယ်။ ”
ကျိကျစ်ရှီသည် ငယ်လွန်းပြီး၊ သူမ၏ မျိုးနွယ်စုမှ အကြီးအကဲများမှ ပိုးမွေးသလို မွေးဖွားခဲ့သည်။
ရလဒ် အနေဖြင့် သူမတွင် တိုက်ပွဲ အတွေ့အကြုံ လွန်စွာ အားနည်း လှချေ၏။ ထွင်းထုရန် လိုအပ်သော ကျောက်စိမ်း အရိုင်းတုံး တစ်တုံးနှင့် တူသည်။
သူ့ကိုယ်သူ သန်မာလာစေရန် အချိန် တစ်ခုလိုအပ်၏။ ပိုင်ရှုရင်နှင့် ရှင်းယန်ဘက် လှည့်ကြည့်ပြီး၊
“ မင်းတို့ နှစ်ယောက်လည်း အတူတူပဲ၊ အခွင့်အရေး ရရင် နဂါးပလ္လင်တွေ အတွက် တိုက်ပွဲဝင်ပါ၊ ကောင်းကင် နဂါး ကိုတော့ မစဉ်းစားနဲ့။ ”
-ဟု သတိပေး လိုက်သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် အနက်ရောင် တိမ်တိုက်များ အတွင်းမှ တျန်ကူနှင့် ကူရှင်းယွီက ခုန်ဆင်းလာ ခဲ့တော့သည်။
မြေပြင်ပေါ် ရောက်သည်နှင့် ပြောင်းလဲသွားသော နဂါးတောင်ကြီး အပေါ် ပြေးတက် လာခဲ့သည်။ နဂါး အမြီးမှ လူများက ချက်ချင်း ဝိုင်းအုံလာ၏။
“ မင်းတို့ နှစ်ယောက်က ... နဂါး တောင်ပေါ်ကို လာဖို့ သတ္တိရှိတယ်လား၊ သူတို့ကို သင်ခန်းစာ ပေးပါ။ ”
“ ဟုတ်တယ် မိစ္ဆာတွေကို အခွင့်အရေး မပေးနဲ့။ ”
လူပေါင်းများစွာမှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသဖြင့် အမျိုးမျိုးသော ဖြစ်စဉ်များ ထင်ဟပ် လာ၏။ အချို့မှာ နက္ခတ်များပင် ခေါ်ထားကြသည်။
ကူရှင်းယွီနှင့် တျန်ကူက အကြည့်ချင်း ဖလှယ် လိုက်သည်။
“ ပြိုင်ပွဲ တစ်ခုလောက် လုပ်ရအောင် ... ကောင်းကင်နဂါး စင်မြင့်ကို ... ဘယ်သူ အရင် ရောက်နိုင်မလဲ ဆိုတာ ကြည့်မယ်။ ”
ကူရှင်းယွီမှ အဆိုပြုသည်။
“ ဟား ဟား ဟား ... စိတ်ဝင်စားစရာပဲ။ ”
နောက်အခိုက် အတန့်တွင် အမျိုးမျိုးသော ဖြစ်စဉ်များ ကွဲအက်လျက် လူအုပ် အတွင်း၌ သွေးစွပ်ကြောင်းကြီး ပေါ်လာ၏။
နှစ်ဦးလုံးသည် မရဏ မူလ အဆင့်တွင် ရှိကြပြီး၊ သူတော်စင် တာအိုများစွာ ဆုပ်ကိုင် ထားကြသည်။
ထို့ကြောင့် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ၎င်းတို့ထံ ဝင်လာသော တိုက်ခိုက်မှု များနှင့် နက္ခတ်များကို ဖြေရှင်း နိုင်ခဲ့သည်။
“ အား ... ငါ့လက်။ ”
“ ငါ့ပခုံး ... ။ ”
“ ..... ။ ”
သွေးထွက်သံယို မြင်ကွင်းမျိုး ဖြစ်ချေ၏။ သူတို့နှစ်ယောက်ကို တားရန် သတ္တိရှိ သူတိုင်း အော်ဟစ် လူးလှိမ့်ကုန်ကြသည်။
သူတို့၏ ရင်ဘတ်များ ပွင့်ထွက်ကာ၊ အတွင်းအင်္ဂါများ ဒဏ်ရာ ရရှိကုန်သည်။ ခြေ-လက်များပင် ဆုံးရှုံး ကုန်ကြ၏။
တောင်တစ်ဝက် ရောက်သောအခါ၊ မြင့်မြတ်မြေ အရပ်ရပ်မှ ပါရမီရှင်များ အလှည့် ဖြစ်သည်။
“ သူတို့ကို တား ... ။ ”
“ ဟား ဟား ဟား ... ။ ”
ဤမြင်ကွင်းက လူတိုင်းကို ကျောရိုးများ အေးစက် သွားစေသည်။ နဂါး သခင် ကိုးပါး လုံးထက် အားမနည်း ကြချေ။
“ ဒီကောင်တွေက နည်းနည်းတော့ သန်မာတယ် မဟုတ်လား၊ သူတော်စင် တာအို သုံးခုထက် မနည်း ဆုပ်ကိုင်ထား နိုင်မယ် ထင်တယ်၊ သန့်ရှင်းသော သားတော် တစ်ပါးတောင် သူတို့ အနား မကပ်နိုင်ဘူး။ ”
“ ဟုတ်တယ် တစ်ချက်တည်းနဲ့ လဝက်လောက် မေ့မြော ကုန်ကြပြီ၊ ဒါက ဒဏ်ရာရ သူတွေအတွက် စိတ်ဒဏ်ရာ တွေတောင် ဖြစ်လာနိုင်တယ်။ ”
“ ကူရှင်းယွီက ကိုယ်လုံး ကိုယ်ပေါက်ကို သန့်စင်ပြီး လျှောက်လှမ်း ပုံရတယ်၊ စောစောက သူ့လက်သီး တစ်ချက်က သူတော်စင် ချပ်ဝတ် အတားအဆီးကို ဖြိုခွဲသွားတယ်။ ”
“ ဒါက နည်းနည်း ကြောက်စရာ ကောင်းတယ် ... ငါ့မျက်လုံးထဲ မှာတော့ နဂါး သခင် ကိုးပါးထဲက ... တာအို သားတော် လီတာ့ယန် တစ်ယောက်သာ သူ့ကို လက်သီးချင်း ယှဉ်နိုင်မယ်။ ”
လူတိုင်းသည် ကောင်းကင် နဂါး သခင် ရာထူးကို မရယူနိုင် သော်လည်း နတ်နဂါးသခင် နှစ်ပါး နေရာအတွက် ပြိုင်ဆိုင် လိုကြ၏။
ထိုအချိန်တွင် နဂါးပြာ မှတ်တမ်းသည် ဝရုန်းသုန်းကား ဖြစ်လာတော့သည်။ နဂါးသခင် တိုင်းက တျန်ကူနှင့် ကူရှင်းယွီ ဆီသို့ အကြည့်များ ကျဆင်းနေ၏။
“ ဟား ဟား ဟား ... ၊ ဒီနဂါးပြာ မှတ်တမ်းမှာ ငါတို့ကို မပါဝင်စေချင်တာ ... အံ့သြစရာ မရှိတော့ ပါဘူး၊ မြင့်မြတ်မြေရဲ့ ပါရမီရှင် တွေက၊ ...
... တကယ် အားနည်းတယ် ... ၊ အားနည်းတာမှ ငါ့အိမ်က ခွေးတွေ ထက်တောင် အားနည်း နေသေးတယ်။ ”
တျန်ကူမှ နှာခေါင်းရှုံ့ လိုက်သည်။ ဤအခိုက်တွင် နတ်နဂါး အထက်တန်းစား အဆင့် ငါးဆယ်တွင် ရှိသော ပါရမီရှင်တစ်ဦးက ကောင်းကင်ပေါ် ပျံတက်လာသည်။
“ ဝှစ် ... ။ ”
သူသည် အနိုင်ယူရန် မမျှော်လင့်ဘဲ ၎င်းတို့၏ အရှိန်အဟုန်ဖြင့် ဟန့်တားရန်သာ ဆန္ဒ ရှိခဲ့၏။
သို့သော် တျန်ကူမှ အနက်ရောင် အလင်းအဖြစ် ပြောင်းလဲကာ အာကာသ တာအို သုံးပြီး ရှောင်ရှား သွားလေသည်။
“ ဆင်းသွား ... ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
သူ ပြန်ပေါ် လာသော အခါတွင်၊ ထိုလူငယ်၏ နောက်ကျော၌ ဖြစ်ပြီး၊ ကျောရိုးကို လက်ဖဝါးဖြင့် ရိုက်ချိုးချ လိုက်သည်။
လူငယ် ခမျာ အရုပ်ကြိုးပြတ် နဂါးတောင်တန်းပေါ်မှ ပြုတ်ကျ သွားတော့၏။ လူတိုင်း အသက် ပြင်းပြင်းရှူ လိုက်ကြသည်။
တျန်ကူ၏ တိုက်ပွဲဝင် ပုံစံသည် ရက်စက် ကြမ်းကြုတ်ပြီး လျင်မြန်လွန်း၏။ ရွေ့လျားမှု နည်းစနစ်တွင် ထာဝရ တာအို ဖြစ်သော အာကာသ နိယာမအချို့ ပါဝင်သည်။
သို့သော် ထိုအနည်းငယ် မျှကပင် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန် လှ၏။ ထို့အတွက် ရှုံးနိမ့် သူများ၏ ရလဒ်မှာ ကြောက်စရာ ကောင်းသောကြောင့် မည်သူမျှ ထပ်မံ မလှုပ်ရှား ဝံ့တော့ချေ။
ကူရှင်းယွီနှင့် တျန်ကူ၏ အဝတ်အစား အနားစကိုပင် မထိသောကြောင့် ကြောက်လန့် သွားကြ၏။
လူတိုင်း တိုက်ပွဲဝင် ဆန္ဒများ ဆုံးရှုံးကာ ကြောက်တရားများ အစားထိုး လာ၏။ ယင်းက ရှက်စရာ ကောင်းသော်လည်း မတတ်နိုင်ချေ။
ဤနည်းအားဖြင့် သည်းခံကာ အနည်းဆုံးတော့ သူတို့၏ အမည်ကို နဂါးပြာ မှတ်တမ်း၌ ထားခဲ့နိုင်မည် ဖြစ်သည်။
ထိုကြောင့် နဂါးတောင် တစ်ခုလုံး တိတ်ဆိတ်သွား၏။ တျန်ကူတို့ နှစ်ဦးလမ်းကို ဟန့်တားမည့် လူများ မရှိတော့ချေ။
“ ဟား ဟား ဟား ... ။ ”
အဆုံးတွင် နှစ်ယောက်သား နဂါးလက်သည်းသို့ ချောမွေ့စွာ ရောက်ရှိလာ ခဲ့သည်။
နဂါး လက်သည်းပေါ်ရှိ မြင့်မြတ်မြေမှ ပါရမီရှင် များထံ ဝေ့ကြည့်ကာ ရယ်မောလိုက် ကြသည်။
“ ဘယ်သူမှ မတိုက်တော့ဘူးလား၊ ငါ့ကို မင်းတို့ထဲက တစ်ယောက်ယောက် စိန်ခေါ်ပါ၊ မဟုတ်ရင် ကောင်းကင် နဂါး စင်မြင့်ကို ရောက်ဖို့ ... အရမ်း လွယ်သွားလိမ့်မယ်။ ”
“ ဟုတ်တယ် ... နဂါးလက်သည်းထဲက ဘယ်သူ ငါတို့နဲ့ တိုက်ဝံ့သလဲ။ ”
ကောင်းကင် နဂါးစင်မြင့်သို့ ဆက်မသွား တော့ဘဲ၊ နဂါး လက်သည်းမှ ပါရမီရှင် များကို ရန်စရန် နှစ်ဦးသား ရပ်လိုက်ကြ၏။
“ ငါ တိုက်မယ်။ ”
ခါနန် ခန်းမ၏ သန့်ရှင်းသော သားတော် လှမ်းထွက်လာသည်။
“ မင်းတို့က ... ကောင်းကင် နဂါး စင်မြင့်ကို သွားချင်တာလား ဒါဆို ငါ ဟန့်တားပါရစေ။ ”
ခါနန် ခန်းမ၏ သန့်ရှင်းသော သားတော်သည် နတ်နဂါး အထက်တန်းစား အဆင့်ကိုး ဖြစ်၏။
ကူရှယန်ကို ရှုံးနိမ့်ခဲ့ ပြီးနောက် နဂါးပြာ သခင် ရာထူး စွန့်လွှတ်ကာ၊ လက်သည်း ထံသို့ ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။
ခါနန် ခန်းမ၏ သန့်ရှင်းသော သားတော် လှမ်းထွက် နေသည်ကို မြင်သော် နဂါးတောင် ပေါ်ရှိ လူတိုင်း သက်ပြင်းချ လိုက်ကြ၏။
“ ခါနန် သားတော်က သင်ခန်းစာ တစ်ခု သင်ပေးနိုင်မယ် ထင်ပါတယ်။ ”
“ ခါနန် ခန်းမ ဆိုတာ ရှေးဦးခေတ် ကတည်းက တည်ရှိခဲ့တဲ့ အဖွဲ့အစည်း တစ်ခုပဲ၊ လျှို့ဝှက် ဆန်းကြယ်ပြီး ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုကို၊ ...
... ကိုင်တွယ် ဖြေရှင်းဖို့ ... သူတို့ဆီမှာ လျှို့ဝှက် ဆန်းကြယ်တဲ့ ပညာရပ် တစ်ခု ရှိတယ် ကြားမိတယ်။ ”
“ ဟုတ်လား ... ၊ ကြည့်ရတာ စိတ်ဝင်စားစရာ တိုက်ပွဲတစ်ခု ဖြစ်လာ တော့မယ် ထင်တယ်။ ”
ခါနန် သားတော်သည် ရှေးကျမ်းစာ များနှင့် အတူ ပြိုးပြက်နေသော ရွှေရောင် အလင်းများ ထုတ်လွှတ် လာ၏။
ရွှေရောင် အလင်းများက တျန်ကူ ပတ်၀န်းကျင်ရှိ နတ်ဆိုး အငွေ့အသက်များကို တိုက်စားတော့၏။
“ ခါနန်ကျမ်းစာလား ... ဒါက တကယ် ရှိတာပဲ ... ငါတို့ မျိုးနွယ်ရဲ့ တော်ဝင် မိသားစု အတော်များများဟာ ဒီနည်းလမ်းနဲ့ ဖိနှိပ် ခံခဲ့ရ တာလို့ ကြားတုန်းက ပုံပြင်လို့ပဲ ထင်ခဲ့တာ။ ”
“ အဲဒါကို မင်းသိတာ ကောင်းပါတယ်။ ”
“ ဟား ဟား ဟား ... ငါမမှားရင် မင်းဟာ ခါနန်း သူတော်စင် အရိုးကို ပေါင်းစပ် သန့်စင် ထားတာပဲ။ ”
တျန်ကူ စကားကြောင့် ခါနန် သားတော်မှ အံ့ဩသွားသည်။ ဤသည်မှာ သူ့ဝှက်ဖဲ ဖြစ်၏။ ထို့ ခါနန် သူတော်စင် လက်ဖြင့်၊
“ စကားမများနဲ့ သေလိုက်တော့ ... ။ ”
-ဟု တိုက်ခိုက်မှု စတင်လိုက်သည်။
ဆယ်မိုင် အကွာ၌ ဗုဒ္ဓဧကရာဇ် ပုံရိပ် ပေါ်လာပြီး လက်ညှိုးဖြင့် ညွှန်ပြလာတော့ သည်။
“ ရွှပ် ... ။ ”
ရွှေရောင် အလင်းတန်းသည် ထိုဆယ်မိုင်အကွာအဝေးကို ဖြတ်ကျော်ကာ တျန်ကူထံ ဝင်ရောက်သွားသည်။
တျန်ကူသည် ထူးခြားသော ရွေ့လျားမှု နည်းစနစ်ကို ထုတ်ဖော် ရှောင်တိမ်းသွားသဖြင့် ခါနန် သားတော်မှ မျက်မှောင်ကြုတ် မိ၏။
“ မြင့်မြတ်တဲ့ ဂဠုန် တောင်ပံ။ ”
သူ့လက်နှစ်ဖက်ကို ဆန့်ကားလျက် ရွှေရောင်ခြည်တန်း သဖွယ် တျန်ကူထံ အားယူ လိုက်တော့သည်။
***