ငွေမျက်လုံး ... ။
Vol. 154 Ch. 2155
“ ကောင်းပြီ ... လာ။ ”
တျန်ကူက ထူးခြားသော ရွေ့လျားမှု ပညာရပ်ကို ဖော်ဆောင်ကာ ငွေရောင်စွမ်းအင် အတားအဆီး တစ်ခုဖြင့် သူ့ကိုယ်သူ ထုပ်ပိုး ထားသည်။
ငွေရောင် အတားအဆီး ပေါ်တွင် မရေမတွက် နိုင်သော အနက်ရောင် ရူရ်များကို ထပ်မံ ဖြည့်စွက်ထား၏။
သို့တိုင် အလင်းတန်းကို ပိတ်ဆို့ရန် မအောင်မြင်ဘဲ၊ သူ့ရင်ဘတ်ထံ ဖောက်ဝင် လာသည်။
တစ်ချိန်တည်း မှာပင် မဟာ ဂဠုန် တောင်ပံကို ထုတ်ဖော်လျက် ခါနန်သားတော်မှ ကောင်းကင်မှ ဆင်းသက်လာ၏။
လက်သည်းများ ရှည်ထွက်လာ ပြီးနောက် တျန်ကူ ပတ်လည်ရှိ ငွေရောင် စွမ်းအင် အတား အဆီးကို ဖြိုခွဲပစ်လိုက်သည်။
တျန်ကူမှ တုန်လှုပ် သွားစဉ် ခါနန် သားတော်မှ ကျယ်လောင်စွာ ရယ်မောလျက် ရွေ့လျားလိုက်၏။ ထို့ကြောင့် လက်သည်းသည် တျန်ကူ၏ ခန္ဓာကိုယ်ကို ခြစ်မိသွားလေသည်။
“ ဗြိ ... ။ ”
“ မဆိုးပါဘူး ... အဲဒီတုန်းက ဗုဒ္ဓ ကိုးကွယ်တဲ့ လူတွေကို လျှော့တွက်လို့ မရဘူး၊ အမွေတချို့ ကျန်ခဲ့ပုံရတယ်။ ”
တျန်ကူက ဒဏ်ရာကို ငုံ့ကြည့်ကာ၊ ညည်းတွားပြီးနောက် နှစ်ယောက်သား ထပ်မံ တိုက်ပွဲ ဝင်လိုက် ကြသည်။
ခါနန် သားတော်သည် ကူရှင်းယွီနှင့် တိုက်သော် ဤသို့သော ရလဒ်မျိုး ရရှိရန် မသေချာချေ။
ဝိညာဉ် နတ်မိစ္ဆာ မိသားစု အတွက် သည်သာ၊ ခါနန်း ကျမ်းစာမှ သက်ရောက်မှု ရှိပေသည်။
“ ကြည့်ရတာ ... မင်း အမွေတချို့ကို သင်ယူ နိုင်ခဲ့ပုံရတယ်။ ”
ခါနန် သားတော်မှ လှောင်ပြုံးဖြင့် နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော် လာတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲသွားပြီး ကျမ်းစာ ရွတ်ဆိုသံများ ဖြည်းဖြည်း ထွက်ပေါ် လာခဲ့၏။
“ ဒီနည်းလမ်းက ငါ့အတွက် အသုံးမဝင်ပါဘူး။ ”
သို့သော် တျန်ကူမှ ရယ်သည်။ ဤတစ်ကြိမ်တွင် ရွှေလက်ညိုးသည် သူ့ပုံရိပ် အချို့ကိုသာ အပိုင်းပိုင်း ခွဲသွားသည်။
“ ဝှစ် ... ။ ”
တျန်ကူမှ တည်နေရာ ရွေ့ပြောင်း လိုက်သကဲ့သို့ အခြားနေရာ၌ ပေါ်လာပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။
ထိပ်တိုက် တွေ့ဆုံမှု အတွင်း ခါနန် သားတော် ရင်ဘတ်မှ သူတော်စင် ရောင်ဝါများ တောက်ပလာခဲ့သည်။
ခါနန်း သူတော်စင် အရိုး ဖြစ်ချေ၏။ တစ်ဖက်တွင် တျန်ကူကို ငွေရောင် အဆင်း များဖြင့် ဖုံးအုပ်ထား၏။
များမကြာခင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲကွာသွား ကြပြန်သည်။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
သူတို့ကိုယ် သူတို့ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာပင် လေထဲ အားယူလျက် ထပ်မံ တိုက်ခိုက်ကြ ပြန်၏။
ဤအခိုက်တွင် ခါနန် သားတော် အသုံးပြုသည့် လှုပ်ရှားမှု ပညာရပ်သည် လေးနက်ကြောင်း လူတိုင်း သတိ ပြုမိသည်။
တျန်ကူ မှလည်း မညံ့ချေ။ သို့သော် အာကာသ တာအိုကို အသုံးပြုပြီးသည့်တိုင် တိုက်ပွဲပေါ် အသာစီး မရနိုင် ဖြစ်နေ၏။
“ တျန်ကူ လုံးလုံး လျားလျား ဖိနှိပ်ခံ နေရတယ်၊ ခါနန်ကျမ်းစာရဲ့ တားမြစ် စွမ်းအား တွေက သူ့အပေါ် အပြည့်အဝ ဖိနှိမ်ထားပုံပဲ။ ”
ထိုမြင်ကွင်းကြောင့် လူတိုင်း ရင်ခုန် လာကြသည်။ အဆုံးတွင် တျန်ကူ၏ မာန ထောင်လွှားမှုအတွက် သင်ခန်းစာ တစ်ခု သင်ကြားပေးနိုင် ပေတော့မည်။
သို့သော် ခါနန် သားတော်မှာ မပြုံးနိုင်ချေ။ တျန်ကူ ကိုယ်လုံး ကိုယ်ပေါက်သည် ကူရှင်းယွီ ကဲ့သို့ မဟုတ်သော်လည်း ပြန်လည် ကောင်းမွန် နိုင်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းသည်။
ခဏလေး အတွင်း မှာပင် တျန်ကူ ရင်ဘတ်ပေါ်ရှိ အပေါက်များ ပြန်ပိတ် သွား၏။ ထိုအတောအတွင်း သူ့၌ ဒဏ်ရာများ တိုးပွား လာခဲ့သည်။
တိုက်ပွဲအပေါ် တဖြည်းဖြည်း အသာစီးရမှုများ ဆုံးရှုံးသွားပြီး ရှုံးနိမ့်ရန် အချိန် တစ်ခုသာ လိုတော့၏။
“ မကောင်းတော့ဘူး။ ”
ယင်းကြောင့် ခါနန် သူတော်စင် အရိုး အတွင်း ပါရှိသော စွမ်းအားကို အပြည့်အဝ အသက်သွင်း လိုက်သည်။
ထိုအချိန်တွင် တျန်ကူ၏ တတိယ မျက်လုံး ပွင့်လာ၏။ ဤအရာက သူ့ကို သွေးလည်ပတ်မှု ရပ်တန့်စေ သဖြင့် ခါနန် သားတော်မှ ထိတ်လန့် သွားခဲ့သည်။
“ ဘာကြီးလဲ ... ။ ”
ထို့ကြောင့် မရှောင်တိမ်း နိုင်တော့ဘဲ တျန်ကူ လက်ဖဝါက ဦးခေါင်းပေါ် ကျရောက် လာတော့သည်။
“ ခရစ် ... ။ ”
ဦးခေါင်းကို ကာကွယ်ထားသည့် ရောင်ဝါများ ကွဲအက်သွားပြီး ရင်ဘတ်ပေါ် လက်ဖဝါး တစ်ဖက် ကျရောက်လာ၏။
“ ဝေါ့ ... ။ ”
ခါနန် သားတော် ခမျာ သွေးအန်လျက် လွင့်ပျံသွားလေသည်။ တျန်ကူ နဖူးမှ ငွေရောင် မျက်လုံး သည်လည်း ဖြည်းညှင်းစွာ ပြန်ပိတ် သွား၏။
“ ခါနန်ကျမ်းစာက အစွမ်းထက်ပါတယ်၊ သာမာန် ကျင့်ကြံသူတွေနဲ့ ပတ်သက်ရင် အသုံး မဝင်ပေမယ့်၊ ငါ့နဲ့ ဆက်ဆံဖို့ လုံလောက်တဲ့ အဆင့်ပဲ။ ”
ထိုမြင်ကွင်းက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ၏။ ခါနန် သားတော်သည် ရှုံးနိမ့်သွား ချေပြီ။
“ ဒီကောင်က ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာပဲ၊ သူစွမ်းအားက ကောင်းကင် မူလ အဆင့်ကို ရောက်နေပြီ။ ”
နဂါးပြာ သခင် ကူရှယန်မှ ပြောကြား လိုက်သည်။ အခြားသော နတ်နဂါး သခင်များ သည်ပင် အသံ မထွက်ဝံ့ချေ။
ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် နယ်ပယ်၌ မြင့်မြတ်သော မီးလျှံကို ဆုပ်ကိုင်နိုင် သူများသည်၊ မရဏ မူလအဆင့် များထက် ဆယ်ဆ ပိုအားကောင်း ကြ၏။
မုရွယ်လင် အနားတွင် ရပ်နေသော အရာရှိ ဇီလင်က၊
“ တျန်ကူက တော်ဝင် မျိုးရိုးရဲ့ သွေးသားကို ပိုင်ဆိုင်ထားတယ်။ ”
-ဟု ပြောကြား လိုက်သည်။
သူမ စကားကို ကြားသော လူအချို့မှာ အံ့အားသင့်ကုန်၏။
“ ကောင်းကင် နဂါး ရာထူးအတွက် ... တော်ဝင်သွေးသားပါတဲ့ တစ်စုံ တစ်ယောက်ကို ပေးပို့လိုက်တာလား၊ အသတ် ခံရမှာ သူတို့ မကြောက်ကြ ဘူးလား။ ”
“ သူ့ကို တားနိုင်တဲ့လူ မရှိဘူးလို့ ထင်နေတာဖြစ်မယ်၊ တကယ်လည်း နတ်နဂါး သခင်တွေတောင် သူ့ပြိုင်ဘက် မဟုတ်မှာ ငါကြောက်မိတယ်။ ”
အချင်းချင်း ဆွေးနွေးမှုများ ထွက်ပေါ် လာသည်။ အဆုံးတွင် နတ်နဂါး သခင် ခုနစ်ပါး ပေါင်းစည်းမှသာ အနိုင်ယူ နိုင်ပေမည်။
သို့သော် ထိုသို့ ပြုလုပ်ခဲ့ပါက ကျရှုံးမှုဟု ယူဆနိုင်၏။ အနိုင်ရလျှင်ပင် ဂုဏ်ကျက်သရေ ရှိမည် မဟုတ်ချေ။
“ ဒါဆို ငါတို့ ဘာလုပ်သင့်လဲ ... ခါနန် သားတော်ကတောင် ဒဏ်ရာ အပြင်းအထန် ရနေပြီ။ ”
လူတိုင်း စိုးရိမ် ပူပန်လာ၏။ နတ်နဂါး သခင်များ သည်လည်း ငြိမ်သက် နေကြသည်။ သူတို့ မည်သည့် အရာများ တွေးနေသည်ကို မမြင်နိုင်ချေ။
အမှန်တွင် သူတို့မှာ လူအုပ်ကြီး တွေးမြင် သကဲ့သို့၊ အုပ်စုဖွဲ့ ပြီးနောက်၌ပင် အနိုင် မယူနိုင် မည်ကို စိုးရိမ် နေကြခြင်း ဖြစ်၏။
***