မင်းရဲ့ လူကလည်း နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံဆိုတာ မမေ့ပါနဲ့။
Vol. 154 Ch. 2156
“ မျက်စိ သုံးလုံးနဲ့ ... ခွေးတိရစ္ဆာန်ကောင် ငါမင်းကို မျက်နှာမူ ပါရစေ။ ”
ထိုအချိန်တွင် ချောင်ယန်မှ ချက်ချင်း ဒေါသတကြီး လှမ်းထွက် လာသည်။ သူသည် ရှေးဟောင်း မိုးကြိုး ကျောင်းတိုက်မှ ဖြစ်ပြီး ရွှေမိုးကြိုး ခန္ဓာကိုယ်ကို လေ့ကျင့်ထား၏။
ခွန်အား အရာတွင် ပထမတန်းစား မဟုတ်သော်လည်း၊ လူတိုင်း ကြောက်ရွံ့ချိန်၌ ထွက်လာဝံ့သည်မှာ လေးစားစရာ ပေပင်။
လင်းယွန်က အံ့အားသင့် သွားသည်။ များမကြာခင် ချောင်ယန်၏ ရွှေမိုးကြိုး ခန္ဓာ၌ ဒဏ်ရာများ မွှစာကျဲကုန်၏။
ချောင်ယန်သည် ခါနန် သားတော် ကဲ့သို့ သန်မာခြင်း မရှိချေ။ သူ၏ ရွှေမိုးကြိုး ခန္ဓာကိုယ် အပေါ် ပြီးမြောက်လို သဖြင့် ကံစမ်းခြင်း ဖြစ်သည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခင်မှာပင် မြေပြင်ပေါ် လှိမ့်ချကာ ထွက်ပြေး သွားတော့သည်။
“ ဟား ဟား ဟား ... ၊ ခွန်လွန်ရဲ့ ပါရမီရှင်တွေ ထဲမှာ ဒီလို လူရွှင်တော်တွေပဲ ကျန်တော့ တာလား။ ”
ထွက်ပြေး သွားသော ချောင်ယန်ကို ကြည့်ပြီး တျန်ကူမှ သရော် လှောင်ပြောင် လိုက်လေသည်။
“ ကဲ ... ငါတို့ ကောင်းကင် နဂါးစင်မြင့်ကို သွားဖို့ အချိန်ကျပြီ၊ ဒီမှာ အချိန်ဖြုန်း နေစရာ မလိုတော့ဘူး။ ”
ကူရှင်းယွီက ပြုံးလျက် တျန်ကူကို ပြောသည်။
“ ဟုတ်တယ် ... ခွန်လွန်ကို ငါပိုတွက်ထားမိပုံရတယ်။ ”
“ နေဦး ... ငါ မင်းကို မျက်နှာမူ ပါရစေ။ ”
ရုတ်တရက် တတိယ ကောင်းကင်လမ်း ချန်ပီယံ စစ်ထူယန်က လှမ်းထွက် လာတော့ သည်။
“ လာပါ ... ။ ”
တျန်ကူမှ ခြေလှမ်း ရပ်လိုက်ပြီး ပြန်လှည့်ကြည့်သည်။ စစ်ထူယန်မှန်း သိသဖြင့် ကူရှင်းယွီမှ စိတ်ဝင်စား သွားကာ ပြုံးလျက်၊
“ မင်း အနားယူပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ။ ”
တျန်ကူက ခေါင်းညိမ့်ပြီး တိုက်ပွဲကို စောင့်ကြည့်ရန် နောက်ဆုတ် လိုက်လေသည်။ ကူရှင်းယွီ ခွန်အားကို သူ ယုံကြည်၏။
“ မင်းက ... မီးတောက် တစ်ထောင် သူတော်စင် ပညာရပ်ကို လေ့ကျင့်ပြီး မတူညီတဲ့ မီးတောက် ဆယ်ပါးကို ဆုပ်ကိုင် နိုင်ခဲ့တယ်လို့ ငါကြားတယ်၊ ...
... မင်းရဲ့ မီးတောက် ဆယ်ပါးက ငါ့ရဲ့ သွေးလ ရွှေခန္ဓာကိုယ်ကို အရည်ဖျော် နိုင်မလား ကြည့်ကြရအောင်။ ”
“ ဘာလဲ ... မင်း ပြန်မတိုက်ဘူးလား။ ”
စစ်ထူယန်မှ မျက်မှောင်ကြုတ် မိသည်။ ကူရှင်းယွီသည် သူ ထင်ထား သည်ထက် ပို၍ မောက်မာ နေ၏။
“ ဟုတ်တယ် ... မင်း သုံးကြိမ် မပြည့်မချင်း ငါလှုပ်ရှားမှာ မဟုတ်ဘူး။ ”
“ ကောင်းပြီ ... မင်း တောင်းဆိုတာနော်။ ”
စစ်ထူယန်က စကားများ မနေတော့ဘဲ၊ အခွင့်အရေး ယူလိုက်သည်။ သူ့နောက်ကျော၌ တာအိုပန်း တစ်ပွင့် ပွင့်လာပြီး မီးတောက် ဆယ်ပါး ထွက်ပေါ်လာ၏။
မီးတောက် တစ်ခုစီသည် သူတော်စင် လက်ရာများကို အလွယ်တကူ အရည်ပျော် စေနိုင်သည်။
မြင့်မြတ်သော မီးတောက် ဆယ်ပါး ပေါင်းစည်းပါက သက်တံဓား သူတော်စင်ပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
တာအို သားတော်၏ သူတော်စင် ခန္ဓာကိုယ်သည် ထိုမြင့်မြတ်သော မီးတောက် ဆယ်ပါး ပေါင်းစပ်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း စစ်ထူယန် ယုံကြည်၏။
သာမာန်အားဖြင့် ပြိုင်ဘက်များသည် လူမိုက်မဟုတ် သောကြောင့် မီးတောက်များကို ထုတ်လွှတ်ရုံဖြင့် အရှုံးပေးကြသည်။
ကူရှင်းယွီ အပေါ်မူ ထိုအခွင့်အရေးမျိုး မပေးလိုချေ။ မီးတောက် ဆယ်ပါးဖြင့် ချက်ချင်း လောင်မြိုက် သတ်ပစ်လိုသည်။
မီးတောက်များ ကူရှင်းယွီ ပေါ်သို့ ကျသွားသော အခါ၊ ၎င်းခြေဖဝါးရှိ မြေပြင်မှာ ချော်ရည်အဖြစ် ပြောင်းလဲ သွား၏။
မြင့်မားသော အပူချိန်သည် လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသည်။ ကူရှင်းယွီကမူ ဂရုမစိုက်ဘဲ သူ့ကိုယ်သူ ကြက်သွေးရောင် ရောင်ဝါများဖြင့် ဖုံးအုပ်လိုက်၏။
ထို့ကြောင့် မြင့်မြတ်သော မီးတောက် များသည် သူ့အပေါ် ဒဏ်ရာ တစ်စုံတစ်ရာ မပေးနိုင် ဖြစ်နေသည်။
ဤမြင်ကွင်းသည် လူတိုင်း အတွက် ထိတ်လန့်စရာ ဖြစ်ပြီး၊ တုန်လှုပ် ချောက်ချား သွားစေ၏။
“ ဟ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
လီတာ့ယန် သည်လည်း ကိုယ်လုံး ကိုယ်ထည် လေ့ကျင့်ထားသူ ဖြစ်သဖြင့် ပါးစပ် အဟောင်းသား ဖြစ်လာသည်။
နောက်ဆုံးတွင် ဤမျှသော မီးတောက် များဖြင့် တပြိုင်နက်တည်း လောင်မြိုက်ခံရပါက သူသည်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
“ ဒါက ... မင်းရဲ့ ကန့်သတ်ချက်လို့ ငါမြင်တယ်၊ စစ်မှန်တဲ့ မီးတောက်က ဘယ်လို ပုံစံလဲဆိုတာ ငါပြပါရစေ။ ”
ကူရှင်းယွီမှ စစ်ထူယန်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ၎င်းက တံဆိပ်တစ်ခုကို ဖန်တီး လိုက်သည်နှင့် ကြက်သွေးရောင် ကြာပန်းများ ပွင့်လာ၏။
ထိုတံဆိပ်ကြောင့် စစ်ထူယန်၏ မြင့်မြတ်သော မီးတောက် ဆယ်ပါးမှာ ချက်ချင်း ပြိုကွဲသွားသည်။
ကူရှင်းယန် လက်ဖဝါးပေါ်၌ နေမင်းကြီး ကဲ့သို့ ကြက်သွေးရောင် မီးလျှံများ လောင်ကျွမ်း လာ၏။
ထိုမီးလျှံ၏ အလယ် ဗဟိုတွင်၊ ကြက်သွေးရောင် ကမ္ဘာကြီးတစ်ခု ဖြစ်တည်ကာ လမင်းကို ကန်တော့နေသည့် လူရိပ်များ ဖြစ်ပေါ်နေသည်။
သွေးမီးလျှံသည် သူတို့၏ ယုံကြည်ခြင်းမှ ဖြစ်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ အရာ အားလုံးကို တိုက်စားနိုင်စွမ်း ရှိ၏။
ဤသည်မှာ ဒဏ္ဍာရီလာ အဖျက်စွမ်းအား ကြီးမားသော မြင့်မြတ်သည့် ကြာနီ ကံကြမ္မာ မီးတောက် ဖြစ်သည်။
ကြာနီ ကံကြမ္မာ မီးတောက်က၊ စစ်ထူယန်ကို တစ်ကိုယ်လုံး အပေါ် မီးစွဲလောင် ကုန်တော့သည်။
“ အား ... ။ ”
ကြောက်မက်ဖွယ် အရှိန်အဟုန်ကြောင့် သနားစဖွယ် အော်ဟစ်မိ၏။ ဤမြင်ကွင်းမှာ ထိတ်လန့်ဖွယ် ကောင်းချေပြီ။
စစ်ထူယန် တစ်ယောက် သနားဖွယ် ကောင်းသော ရလာဒ်ဖြင့် ပြီးဆုံးသွား ခဲ့ရသည်။ ကူရှင်းယွီမှ ကြာနီ ကံကြမ္မာ မီးတောက်ကို သိမ်းဆည်းလျက် ပြုံးတော့၏။
သူ့တွင် သွေးလ ရွှေကိုယ်ထည်နှင့် ကြာနီကံကြမ္မာ မီးတောက် ရှိနေလိမ့် မည်ဟု မည်သူမျှ မထင်ထားမိချေ။
ဤအခိုက် အတန့်တွင် ကောင်းကင် နဂါးသခင် ရာထူးအတွက် ၎င်းတို့ ပြင်ဆင်လာခဲ့ ကြောင်း သတိပြုမိ ကုန်၏။
“ ကြည့်ရတာ ကောင်းကင်လမ်းရဲ့ ချန်ပီယံတွေက ဘာမှလည်း ထူးခြားပုံ မပေါ် ပါဘူး၊ သူတို့က အမှိုက်နဲ့ မခြားပါပဲ။ ”
ကူရှင်းယွီမှ လှောင်ပြောင်လျက် မတ်တပ်ထရပ်ရန် ကြိုးစားနေသော စစ်ထူယန် ထံသို့ လှမ်းကြည့်နေခဲ့သည်။
သူ့စကားကို မည်သူမျှ မငြင်းဆန်နိုင်ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့ ၏။
“ မင်းရဲ့ အောင်ပွဲက ... သိပ်ပြီး အထင် ကြီးစရာ မဟုတ်ပါဘူး၊ ဒါက ပြင်ပ အရာဝတ္ထုရဲ့ ခွန်အားပဲ။ ”
လင်းယွန်မှ ကြည့်မရတော့ သဖြင့် အေးစက်သော အသွင်နှင့် လှမ်းထွက်မိသည်။ ထို့ကြောင့် ကူရှင်းယွီက သူ့ကို လှည့်ကြည့်ပြီး အံ့အားသင့် သွား၏။ ပြီးနောက် ပြုံးလျက်၊
“ မင်းကို ငါသိတယ် ... ၊ နှစ်တစ်ထောင် အတွင်း အသန်မာဆုံး ဓားသမားပဲ၊ ကောင်းကင် တာအိုဂိုဏ်းရဲ့ ဉာဏ်ကြီးရှင် ... ဒါဆို ငါတို့ ဘာလို့ ပျော်စရာ မရှိတာလဲ။ ”
-ဟု ပြန်လည် ပြောကြား လာသည်။
( အလျင်စလို မလုပ်နဲ့ ... ကောင်းကင် နဂါးစင်မြင့်ပေါ် ရောက်တဲ့ အထိ ... စောင့်နေပါ၊ သူ့ကို အနိုင်ယူ နိုင်ရင်တောင်မှ ... တခြား ပြိုင်ဘက်တွေနဲ့ ရင်ဆိုင် ရဦးမှာပဲ။ )
ဆုစီယာက လင်းယွန်ကို သတိ လှမ်းပေးသည်။ သူမသည် နတ်နဂါး သခင် (၇)ပါကို ရည်ညွှန်းခြင်း ဖြစ်၏။ ၎င်းတို့သည် ကောင်းကင် နဂါးသခင် ရာထူးအတွက် ပြိုင်ဆိုင်ကြမည်မှာ သေချာသည်။
( ငါလည်း အဲဒီလိုပဲ တွေးနေတာ ... ၊ ဒါပေမယ့် ... သူက ကောင်းကင်လမ်း ချန်ပီယံ တွေကို စော်ကားနေတယ် ... မင်းရဲ့ လူက နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဆိုတာ မမေ့ပါနဲ့။ )
လင်းယွန်က လှောင်ပြုံးဖြင့် ပြန်လည် ပြောကြား လိုက်သည်။ ကောင်းကင် နဂါးသခင် ရာထူးသည် ဂုဏ်ယူဖွယ် ကောင်းသော်လည်း ကောင်းကင်လမ်း ချန်ပီယံ သည်လည်း မနိမ့်ကျလှချေ။
“ မင်းကို သုံးကြိမ် လှုပ်ရှားခွင့် ပေးမယ်၊ သန့်ရှင်းသော သမီးတော် သတ်သူရဲ့ ခွန်အားကို တွေ့ကြုံ ခံစားခွင့်ပြုပါ။ ”
ကူရှင်းယွီမှ ပြုံးပြီး သူ့ညာလက်ကို လင်းယွန်ထံ ဝှေ့ယမ်းပြလျက် လှောင်ပြောင် လိုက်တော့သည်။
***