← Chapters

အခန်း (၁၃၁၇)

Vol. 95 Ch. 1317

အခန်း (၁၃၁၇)

Vol. 95 Ch. 1317

ဟယ်ရန်စွန်းက နောက်တွင် နီးကပ်စွာလိုက်လာပြီး ဦးချိုကို ဖျတ်ခနဲ ကျော်ြဖတ်သွားသည်။ သူက ကောင်းကင်ထမ်းဟို၏ ရင်ဘတ်ဆီသို့ ဦးတည်လိုက်သည်။

ဟယ်ရန်စွန်းက ချပ်ဝတ်၊ ရုပ်သေးရုပ်နှင့် လိုက်ဖက်ညီသောကြောင့် လူအများအပြား၏ တစ်ပြိုင်နက်တိုက်ခိုက်မှုနှင့် ယှဉ်နိုင်သည်။

“ဂါး”

ကောင်းကင်ထမ်းဟိုက ပါးစပ်ဖွင့်ပြီး မီးတောက်များကို ထုတ်လွှတ်၍ ချိန်းကြိုးအဖြစ် ပြောင်းလဲသည်။ ချိန်းကြိုးများက ဟယ်ရန်စွန်းကို ရိုက်ချသည်။

ဟယ်ရန်စွန်းက မရပ်တန့်ခဲ့ပေ။ သူ၏ ချပ်ဝတ်မှတစ်ဆင့် ဖြစ်ပေါ်လာသော စစ်သူကြီးပုံရိပ်က မီးတောက်ချိန်းကြိုးများကို ဖျက်ဆီးပစ်လိုက်သည်။

သူ့လက်ထဲတွင်ရှိသော ဓားမော့နှစ်လက်က ကောင်းကင်ထမ်းဟို၏ ရင်ဘတ်နှင့် ထိတွေ့သွားပြီး နာကျင်စွာ ဟိန်းဟောက်စေခဲ့သည်။

ထိုဓားချက်သည် အားကောင်းသော ကောင်းကင်ထမ်းဟိုသားရဲကို ထိခိုက်စေခဲ့သည်။

ဟယ်ရန်စွန်းက ဓားဖြင့် ခုတ်ချလိုက်ပြီး ဖျတ်ခနဲ နောက်ဆုတ်လာသည်။

တစ်ဖက်တွင် သူ၏ ရုပ်သေးရုပ်ကလည်း ဓားမော့ဖြင့် ခုတ်ချလိုက်သည်။ ပေထောင်ချီရှည်လျားသော ဓားမော့အလင်းက ကောင်းကင်ခွဲဟို၏ ဦးခေါင်းဆီသို့ တိုးဝင်လာသည်။ ထို့နောက် ရုပ်သေးရုပ်ကလည်း ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ထိုတိုက်ခိုက်မှုကြောင့် လူတိုင်းက မျက်လုံးပြူးသွားကြသည်။

“သူက ဘယ်သူလဲ။ အရမ်းငယ်ပေမဲ့ သန်မာတယ်”

အဝေးတစ်နေရာတွင် ရပ်နေသော ကျင့်ကြံသူများက ရေရွတ်လိုက်ကြသည်။

ဟယ်ရန်စွန်း၏ အဆက်မပြတ် တိုက်ခိုက်မှုများသည် အလွန်လှပသည်။

“ငါမသိဘူး။ ဒါပေမဲ့ ယုံမင်မြို့ရဲ့ လူငယ်ပါရမီရှင်တွေကတောင် အမဲလိုက်ပွဲမှာ ဝင်ပါလာတယ်ဆိုတော့ အတော်လေး အလောင်းအစားကြီးလိမ့်မယ်”

“အဲဒါက ဟယ်ကျူရဲ့ အကြီးဆုံးသားလား”

နလန်မိသားစု၏ အကြီးအကဲတစ်ယောက်က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

သူတော်စင်အဆင့်တွင် ရှိနေသော သူကပင် ထိုသို့ မသန်မာပေ။

သို့သော် ဟယ်ရန်စွန်းက ချပ်ဝတ်နှင့် ရုပ်သေးရုပ် နှစ်မျိုးလုံးတွင် သူတော်စင်အဆင့် ဖြစ်သည်။

ယုံမင်မြို့တွင် သူနှင့် ယှဉ်နိုင်သော လူငယ်ပါရမီရှင်မျိုး မရှိပေ။

‘ဟယ်ကျူရဲ့သားက တကယ်သန်မာတာပဲ’

နလန်ရှုက ဟယ်ကျူကို ကြည့်လိုက်သည်။

ဟယ်ကျူနှင့် နလန်မိသားစု၏ လူငယ်များက ထိတ်လန့်နေကြသည်။

သူ၏ သားဖြစ်သူက သန်မာကြောင်း သတိထားမိသော်လည်း ကောင်းကင်ထမ်းဟိုနှင့် တိုက်ခိုက်နိုင်မည်ဟု မတွေးမိခဲ့ပေ။

ယခင်က သူဦးဆောင်ခဲ့သော ဟယ်မိသားစုသည် ယခုအချိန်တွင် သူ့ကို မလိုအပ်တော့ပေ။

“စိတ်ဝင်စားစရာပဲ”

ဖုန်းကျူထျန်းက ရှေ့တွင်ရှိသော ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။ ထို့နောက် သူက အစိမ်းရောင်မီးတောက်တစ်ခုအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

သူက ဟယ်ရန်စွန်း၏ဘေးတွင် ပြန်ပေါ်လာသည်။

“ကြိုးစားကြည့်ကြမလား”

ဖုန်းကျူထျန်းက မေးလိုက်သည်။

ဟယ်ရန်စွန်းက ပြန်မပြောပေ။

သို့သော် သူ့လက်ထဲတွင်ရှိသော ဓားမော့က လှုပ်ရှားသွားသည်။

သူက ဓားမော့ဖြင့် ခုတ်ချလိုက်သည်။ ရုပ်သေးရုပ်က သူ့ဘေးတွင် ပြန်ပေါ်လာသည်။

ရုပ်သေးရုပ်၏ ဓားမော့အလင်းက သူ၏ ဓားမော့အလင်းနှင့် ပေါင်းစပ်သွားပြီး ကောင်းကင်ထမ်းဟို၏ ပခုံးကို ခုတ်ချသည်။

ဖုန်းကျူထျန်း၏ပုံရိပ်က ပျောက်ကွယ်သွားပြီး ပေတစ်ရာကြီးမားသော အစိမ်းရောင်ချပ်ဝတ်နှင့် စစ်သူကြီးပုံရိပ်ကို ဖော်ထုတ်သည်။ သူ့လက်ထဲတွင်ရှိသော မီးတောက်နှစ်ခုက လှံရှည်တစ်ချောင်းအဖြစ် ပေါင်းစပ်သွားသည်။

သူက လှံရှည်ဖြင့် ထိုးသွင်းလိုက်ပြီး ကောင်းကင်ထမ်းဟို၏ ဦးချိုကို တားဆီးသည်။

“ဘန်း”

ဖုန်းကျူထျန်း၏ ပုံရိပ်က ပေါက်ကွဲထွက်သွားသည်။

သို့သော် ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ချပ်ဝတ် စစ်သူကြီးပုံရိပ်ကို ပြန်လည်စုစည်းခဲ့သည်။

ထိုအရာသည် သူ၏စွမ်းရည် ဖြစ်သည်။

လေဟာနယ်တွင် လူငယ်ကျွမ်းကျင်သူနှစ်ယောက်က ပူးပေါင်းပြီး နတ်ဘုရားသားရဲကို တိုက်ခိုက်နေသည်။

နလန်ရှုနှင့် တခြားလူများက နောက်ဆုတ်သွားကြသည်။

တိုက်ပွဲကို စောင့်ကြည့်နေသော လူတိုင်း၏ မျက်နှာထားက ရှုပ်ထွေးနေသည်။

ဤလောကသည် လူငယ်များအတွက်သာ ဖြစ်သည်။

ဓားမော့လေးလက်နှင့် လှံရှည်သည် နတ်ဘုရားသားရဲကို တားဆီးထားနိုင်ခဲ့သည်။

ထိုတိုက်ခိုက်နိုင်စွမ်းကို လူငယ်နှစ်ယောက်က ပူးပေါင်းဖော်ထုတ်ခဲ့သည်။

သိပ်မဝေးသောနေရာတွင် လူအများအပြား ရောက်လာကြသည်။

သူတို့ထဲတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများလည်း ရှိနေသည်။

လူတိုင်းက နတ်ဘုရားသားရဲနှင့် တိုက်ခိုက်နေသော ဟယ်ရန်စွန်းနှင့် ဖုန်းကျူထျန်းကို လေးနက်စွာ ကြည့်လိုက်ကြသည်။

“အဲဒါက ယုံမင်မြို့ရဲ့ နလန်မိသားစုလား”

“နလန်ရှုကလည်း ဒီမှာ ရှိနေတယ်။ မထူးဆန်းတော့ပါဘူး”

ကျွမ်းကျင်သူအများအပြားက နလန်ရှုကို မြင်လိုက်ရသည်။ သူတို့၏ မျက်နှာထားက ထူးဆန်းနေသည်။

“ညီအစ်ကိုနလန်၊ ဒီတစ်ကြိမ်မှာ ကိုယ်တိုင်ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး”

“အကြီးအကဲနလန်၊ ကျွန်တော်တို့ ရှုမိသားစုက နလန်မိသားစုနဲ့ ပူးပေါင်းချင်ပါတယ်။ ဘယ်လိုသဘောရလဲ”

စကားသံများကို ကြားရသည်။

အရာအားလုံးသည် ခွန်အားအပေါ်တွင်သာ မူတည်နေသည်။

နလန်မိသားစုသည် ယုံမင်မြို့၏ သာမန်မိသားစုတစ်ခု ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် မိသားစုခေါင်းဆောင်ကိုယ်တိုင် ပေါ်ထွက်လာသည်။

ထိုခွန်အားသည် အမဲလိုက်ပွဲတွင် လူတိုင်းနှင့် ပူးပေါင်းရန် လုံလောက်သည်။

‘ဒါပေမဲ့ နလန်မိသားစုက အစွမ်းကုန်ထုတ်သုံးလာတာဆိုတော့ အမဲလိုက်ပွဲမှာ တစ်ခုခုဖြစ်ပြီး တစ်မိသားစုလုံး ဆုံရှုံးသွားမှာ မကြောက်ဘူးလား’

နလန်ရှုက ပြုံးနေသည်။ သူက လူတချို့နှင့် မဟာမိတ်ဖွဲ့လိုက်ပြီး တချို့ကို ငြင်းဆန်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကျွမ်းကျင်သူအများအပြားသည် သင်္ဘောပျံ၏ဘေးတွင် ပေါ်လာကြသည်။

သူက ဆရာဟန်နှင့် တခြားလူများကို မိတ်ဆက်မပေးခဲ့ပေ။

ဆရာဟန်တို့က ထိုလူများကို ဂရုစိုက်မည်မဟုတ်ပေ။

ပိုမိုများပြားသော ကျွမ်းကျင်သူများ စုစည်းလာသောကြောင့် ကောင်းကင်ထမ်းဟိုသားရဲက ထိတ်လန့်နေသည်။ ဟိုသားရဲက ဟိန်းဟောက်လိုက်ပြီး နောက်ဆုတ်သွားသည်။

ဖုန်းကျူထျန်းနှင့် ဟယ်ရန်စွန်းက နောက်ပြန်ဆုတ်လာသည်။

ဒါဇင်ချီသော ပုံရိပ်များက ပြေးထွက်လာပြီး ကောင်းကင်ထမ်းဟိုသားရဲ၏နောက်သို့ လိုက်သွားကြသည်။

သူတို့အားလုံးက မြို့ကြီးလေးမြို့၏ ကျွမ်းကျင်သူများဖြစ်ပြီး နတ်ဘုရားအဆင့်တွင် ရှိသည်။

သူတို့က ကောင်းကင်ထမ်းဟိုကို မသတ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရစေလိမ့်မည်။

“ဒါက ဘယ်သူများလဲ”

“ညီအစ်ကိုနလန်၊ အဲဒီနှစ်ယောက်က မင်းတို့မိသားစုရဲ့ မျိုးဆက်သစ်တွေလား”

နလန်ရှု၏ ဘေးတွင်ရှိသော ကျွမ်းကျင်သူများက ဟယ်ရန်စွန်းနှင့် ဖုန်းကျူထျန်းကို ကြည့်လိုက်ကြသည်။

နလန်ရှုက ပြုံးလိုက်ပြီး လူငယ်နှစ်ယောက်ကို ညွှန်ပြသည်။

“ဒါက ဖုန်းကောမြို့ရဲ့ သခင်လေးပဲ။ ဒါကတော့ ငါတို့ နလန်မိသားစုက ဟယ်ကျူရဲ့ အကြီးဆုံးသားပဲ”

နလန်ရှုက ပတ်သတ်မှုကို ထုတ်ပြောခဲ့သည်။

‘နလန်မိသားစုမှာ ဒီလိုပါရမီရှင်မျိုး ရှိနေတာလား’

ပတ်ဝန်းကျင်တွင်ရှိသော ကျွမ်းကျင်သူများက ဟယ်ရန်စွန်းကို ကွဲပြားစွာ ကြည့်လိုက်ကြသည်။

ထိုလက်ရွေးစင်မျိုး ရှိနေသောကြောင့် နလန်မိသားစုက သေချာပေါက် တိုးတက်လာလိမ့်မည်။

နောက်ထပ် ဆက်ဖြစ်လာသော တိုက်ပွဲများတွင် နလန်မိသားစုက ဝင်မပါတော့ပေ။

ဟန်မူယဲ့က အခန်းထဲသို့ ဝင်သွားပြီး ကျင့်ကြံနေသည်။

တိုက်ပွဲ၏ သတင်းများကို ဆက်တိုက် ကြားနေရသည်။

ဒါဇင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ကောင်းကင်ထမ်းဟိုသားရဲကို ဒဏ်ရာများဖြင့် ထွက်ပြေးသွားစေခဲ့သည်။

မြို့လေးမြို့၏ ကျွမ်းကျင်သူများက ကောင်းကင်ထမ်းဟိုကို လိုက်ဖမ်းရန် ကြိုးစားနေကြသည်။

ထို့နောက် သတင်းတစ်ခုကို ထပ်ကြားရပြန်သည်။ ကောင်းကင်ထမ်းဟိုသားရဲက အလစ်တိုက်ခိုက်ပြီး သူတော်စင်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည်။ နတ်ဘုရားအဆင့် ချပ်ဝတ်သခင်ကို ဒဏ်ရာရသွားစေပြီး နတ်ဘုရားအဆင့် ရုပ်သေးသခင်တစ်ယောက်ကို လေဟာနယ်ထဲတွင် ပျောက်ဆုံးသွားစေသည်။

ထိုတိုက်ပွဲကြောင့် ရဲတင်းနေသော ကျွမ်းကျင်သူများက နောက်ဆုတ်လာကြသည်။

ယခင်က လူငယ်နှစ်ယောက်နှင့် နတ်ဘုရားသားရဲ၏ တိုက်ပွဲသည် သူတို့ကို တက်ကြွလာစေခဲ့သည်။

ပိုမိုများပြားသော ကျွမ်းကျင်သူများ ဆက်လက်စုစည်းလာသည်။

နလန်မိသားစု၏ ခွန်အားကြောင့် လူအများက ပူး‌ပေါင်းချင်ကြသည်။

ဆယ်ရက်အကြာတွင် နလန်ရှုက အင်အားစု ဆယ်ခုကျော်နှင့် ပူးပေါင်းပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကို စုစည်းနိုင်ခဲ့သည်။

ဟန်မူယဲ့တို့အုပ်စုကိုတော့ ထည့်တွက်မထားပေ။

နှစ်ရက်အကြာတွင် တိုက်ပွဲက အလွန်ဖရိုဖရဲဖြစ်နေသည်။

ဒဏ်ရာရထားသော ကောင်းကင်ထမ်းဟိုသားရဲက ဝိုင်းရံခံလိုက်ရသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးဆယ်က ထိုသားရဲကို အားနည်းသွားအောင် တိုက်ခိုက်နေကြသည်။

သူတို့က နတ်ဘုရားအဆင့် သားရဲတစ်ကောင်ကို သတ်နိုင်လျှင် အကျိုးအမြတ် အများအပြား ရလိမ့်မည်။

“ဘုန်း”

ချပ်ဝတ်သခင်များက ပူးပေါင်းပြီး ဓားမော့အလင်းကို ထုတ်ဖော်၍ ကောင်းကင်ထမ်းဟိုကို ခုတ်ချသည်။ ကောင်းကင်ထမ်းဟို ရှိနေသော မိုင်တစ်ရာကျယ်ဝန်းသည့် ဥက္ကာခဲက ချက်ချင်း ပျက်စီးသွားသည်။

ကုန်းပတ်ပေါ်တွင်ရပ်နေသော ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာထားက လေးနက်နေသည်။

“ဒီမှာ နတ်ဘုရားသားရဲ တစ်ကောင်တည်းမဟုတ်ဘူး”

ရွှေကျီးကန်းက အံ့အားသင့်နေသောအသံဖြင့် ပြောသည်။

“အဲဒါထက်ပိုတယ်”

ခေးအော့၏အသံက လေးနက်နေသည်။

“ကောင်းကင်ထမ်းဟိုက ငါးစာတစ်ခုပဲ”

“အနည်းဆုံး နတ်ဘုရားသားရဲ လေးကောင်က ဒီနေရာကို ဝိုင်းရံထားတယ်”

ဟန်မူယဲ့၊ ရွှေကျီးကန်းနှင့် ခေးအော့တို့သည် အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူတို့၏ အာရုံခံနိုင်စွမ်းသည် မှားယွင်းသွားမည်မဟုတ်ပေ။

ပတ်ဝန်းကျင်တွင် နတ်ဘုရားသားရဲ လေးကောင် ရှိနေသည်။

သို့သော် လေဟာနယ်အလွှာများသည် အလွန်ဝေးကွာသောကြောင့် ပုန်းအောင်းနေသော နတ်ဘုရားသားရဲလေးကောင်ကို ကျွမ်းကျင်သူများက သတိမထားမိကြပေ။

ယခုအချိန်တွင် နတ်ဘုရားသားရဲလေးကောင်က လေဟာနယ်ကို ဖိနှိပ်ထားသောကြောင့် လေဟာနယ်က ပျက်စီးမသွားနိုင်တော့ပေ။

တစ်နည်းပြောရလျှင် တိုက်ပွဲက မည်မျှပင် ပြင်းထန်ပါစေ လေဟာနယ်က အက်ကွဲသွားမည်မဟုတ်ပေ။ လေဟာနယ်တွင် ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့ပေ။

“ဘုန်း”

ရှေ့တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က ဓားဖြင့် ခုတ်ချလိုက်သည်။ ထိုတိုက်ခိုက်မှုက လေဟာနယ်ကို ထိုးဖောက်ပြီး ကောင်းကင်ထမ်းဟိုဆီသို့ တိုက်ရိုက်ရောက်လာမည်ဖြစ်သည်။

သို့သော် လေဟာနယ်က အလွန်တည်ငြိမ်နေပြီး ရုပ်သေးရုပ်၏ တိုက်ခိုက်မှုက လေဟာနယ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

ဓားသည် ရပ်တန့်နေခဲ့သည်။

ကောင်းကင်ထမ်းဟိုက ကြောင်အနေသော ရုပ်သေးရုပ်ကို လှည့်ကြည့်သည်။

“ဂါး”

သားရဲက လက်ဖြင့် ရိုက်ချလိုက်ပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို လွင့်ထွက်သွားစေသည်။

ထိုလက်ဝါးချက်ကြောင့် ဝိုင်းရံမှုတွင် ဟာကွက်ပေါ်လာသည်။

ကောင်းကင်ထမ်းဟိုက ကြမ်းတမ်းစွာ ဟိန်းဟောက်ပြီး ရွှေအလင်းကို ထုတ်လွှတ်၍ ခြေလေးဖက်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသည်။ သားရဲ၏ ခြေတောက်ကို မီးတောက်များက လွှမ်းခြုံထားပြီး လျင်မြန်စွာ ပြေးဝင်လာသည်။

လမ်းပိတ်ထားသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူတို့က မတားရဲတော့ဘဲ လက်မြှောက်ပြီး လေဟာနယ်ကို ထိုးခွဲ၍ ထွက်ပြေးရန် ကြိုးစားသည်။

သို့သော် သူတို့က လှုပ်ရှားလိုက်သောအချိန်တွင် မျက်နှာထားပြောင်းလဲသွားသည်။

လေဟာနယ်က ဖိနှိပ်ခံထားရပြီး ထိုးဖောက်ရန် မဖြစ်နိုင်တော့ပေ။

“မကောင်းတော့ဘူး”

“မြန်မြန်လေး ကောင်းကင်ထမ်းဟိုက လာနေပြီ”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ယုံကြည်ချက်ရှိနေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ထိတ်လန့်သွားကြသည်။

သူတို့က ပြေးဝင်လာသော နတ်ဘုရားသားရဲကို မရှောင်နိုင်တော့ပေ။

‘ငါတို့က တစ်ချက်တည်း သေသွားတော့မှာလား’

“တိုက်ခိုက်မယ်”

ကုန်းပတ်တွင်ရပ်နေသော ဟန်မူယဲ့က အော်ဟစ်လိုက်သည်။

တခြားလူများက အန္တရာယ်ကို အာရုံမခံမိကြပေ။

ကောင်းကင်ထမ်းဟိုက ဝင်တိုက်လိုက်လျှင် အနည်းဆုံး နတ်ဘုရားအဆင့်ကျွမ်းကျင်သူ ဆယ်ယောက်ခန့် သေဆုံးသွားနိုင်သည်။

ထိုသို့ဆိုလျှင် နောက်ထပ် နတ်ဘုရားသားရဲလေးကောင် ပေါ်ထွက်လာရင် သူတို့က ခုခံနိုင်မည် မဟုတ်ပေ။

အမှန်အတိုင်းပြောရလျှင် ကောင်းကင်ထမ်းဟိုကို မသတ်နိုင်သောကြောင့် ဤတိုက်ပွဲက ရှုံးနိမ့်ပြီးသား ဖြစ်နေသည်။

ရွှေရောင်ချပ်ဝတ်သည် ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

ကမ္ဘာဦးအဆင့် ချပ်ဝတ် ဖြစ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်သည် သူ့နောက်တွင် ဖျတ်ခနဲပေါ်လာသည်။

လက်ရှိအချိန်တွင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် တူနေသည်။ ဗဟိုချက်မှလွဲ၍ ကျန်အစိတ်အပိုင်းများအားလုံးသည် ကမ္ဘာဦးအဆင့် ဖြစ်သည်။

All Chapters