← Chapters

အခန်း (၁၃၁၈)

Vol. 95 Ch. 1318

အခန်း (၁၃၁၈)

Vol. 95 Ch. 1318

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အားကုန်မသွားသ၍ ကိုယ်တိုင် တိုက်ခိုက်နိုင်သည်။ ဟန်မူယဲ့က ထိန်းချုပ်နေရန် မလိုအပ်ပေ။

ထို့အပြင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန် လုံလောက်သော မူလကျောက်တုံးများကို သယ်ဆောင်ထားသည်။

“ဘုန်း”

ဟန်မူယဲ့က လက်သီးထိုးချလိုက်ပြီး လေဟာနယ်ကို အက်ကွဲလုနီးပါး တုန်ခါသွားစေသည်။

သို့သော် နတ်ဘုရားသားရဲလေးကောင်၏ ဖိအားကြောင့် လေဟာနယ်က အမှန်တကယ် အက်ကွဲမသွားခဲ့ပေ။

ဟန်မူယဲ့၏ လက်သီးပုံရိပ်က လေပြင်းများကို သယ်ဆောင်ထားပြီး ပြေးဝင်လာသော ကောင်းကင်ထမ်းဟိုဆီသို့ ရောက်သွားသည်။

‌ကောင်းကင်ထမ်းဟိုက ရုတ်တရက် ရပ်တန့်လိုက်ရသည်။

ဟန်မူယဲ့၏ ရုပ်ခန္ဓာခွန်အားသည် မူလကမ္ဘာခေတ်၏ အုပ်ချုပ်သူအဆင့်တွင် ရှိသည်။ ချပ်ဝတ်နှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်ထမ်းဟိုကို တည်ငြိမ်စွာ တားဆီးနိုင်သည်။

လေဟာနယ်တွင် လူတိုင်းက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

‘ဒီလောကမှာ နတ်ဘုရားသားရဲကို တစ်ယောက်တည်း ခုခံနိုင်တဲ့လူ ရှိနေသေးတာလား’

“ဒါက ဆရာဟန်လား”

ကုန်းပတ်ပေါ်တွင်ရှိသော နလန်ရှုက မျက်လုံးပြူးသွားပြီး ပြောလိုက်သည်။

ဆရာဟန်က ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း သူသိထားသည်။

ဟယ်ရန်စွန်းကို ပျိုးထောင်ပေးခဲ့သော ဆရာဟန်၏ ခွန်အားနှင့် ကြွယ်ဝမှုကို တွေးကြည့်နိုင်သည်။

သို့သော် ဆရာဟန်က လောကတွင် ရှားပါးသော ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်ကြောင်း ယခုအချိန်တွင် နားလည်လိုက်သည်။

“ဒါက ဆရာဟန်ရဲ့ ခွန်အားလား”

နတ်ဘုရားသားရဲအား တားဆီးလိုက်သော ဆရာဟန်ကိုကြည့်ပြီး ဟယ်ကျူက တီးတိုးပြောသည်။

သူက မာနကြီးသောလူတစ်ယောက် ဖြစ်သည်။

သူက ဟယ်ရန်စွန်းကို ပျိုးထောင်ပေးခဲ့သည့်အတွက် ဆရာဟန်ကို ဒူးထောက်ပြီး ကျေးဇူးတင်ခဲ့သော်လည်း စိတ်ထဲတွင် ကျေးဇူးပြန်ဆပ်ရန် အစီအစဉ်ဆွဲထားသည်။

သို့သော် ယခုအချိန်တွင် သူနားလည်လိုက်သည်။

ကျေးဇူးပြန်ဆပ်ရန် မဖြစ်နိုင်ပေ။

ဆရာဟန်က နတ်ဘုရားသားရဲကိုပင် တစ်ယောက်တည်း တားဆီးနိုင်သည်။ သူက ထိုခွန်အားမျိုးကို မည်သို့ ပိုင်ဆိုင်မည်နည်း။

“ဆရာဟန်က တကယ်သန်မာတာပဲ”

ဟယ်ကျူ၏နောက်တွင် ရပ်နေသော ဟယ်ရန်စွန်းက ညင်သာစွာ ရေရွတ်လိုက်ပြီး တင်းကျပ်စွာ လက်သီးဆုပ်ထားသည်။

ဟန်မူယဲ့က သန်မာကြောင်း သူသိသည်။

သူက ကိုယ်တိုင်မြင်ဖူးသည်။

သို့သော် အကြိမ်တိုင်းတွင် ဟန်မူယဲ့က သူ့ကို အံ့အားသင့်သွားစေသည်။

သူ့စိတ်ကူးထက် ပိုမိုသန်မာသည်။

သူ့ဘေးတွင်ရှိသော ဖုန်းကျူထျန်းက အသံပြုလိုက်သည်။

သူကလည်း အံ့အားသင့်နေသည်။

ဆရာဟန်က ထူးခြားသည်။ စကြဝဠာနယ်မြေမှ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

သူက အမြဲတမ်း ဆရာဟန်ကို မျက်နှာချိုသွေးရန် ကြိုးစားနေခဲ့သည်။ ယနေ့တွင် သူက ဆရာဟန်၏ ခွန်အားကို မြင်လိုက်ရသည်။

ထိုလူမျိုးသည် စကြဝဠာနယ်မြေနှင့် ပတ်သတ်နေလိမ့်မည်။

နလန်မိုရန်က ကြောင်အနေသည်။

ဟန်မူယဲ့၏ ခွန်အားသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

‘ဆရာဟန်က လူရောဟုတ်သေးလား’

အဝေးတစ်နေရာတွင်ရှိသော ကျင့်ကြံသူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

‘နလန်မိသားစုက ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာနေတာလဲ’

အထူးသဖြင့် ယုံမင်မြို့၏ ကျင့်ကြံသူများ ဖြစ်ကြသည်။

နလန်မိသားစုသည် ယုံမင်မြို့တွင် တည်ရှိသည်။

“နလန်မိသားစုကို အထင်သေးလို့မရတော့ဘူး”

အနက်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ပြောသည်။

“မစိုးရိမ်ပါနဲ့သခင်လေး။ နလန်ရှုက ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းပါတယ်။ နလန်မိသားစုကို အလည်သွားလိုက်ပါ့မယ်”

အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပြောသည်။

သက်လတ်ပိုင်းအရွယ်လူက ခေါင်းညိတ်လိုက်သည်။

သိပ်မဝေးသောနေရာတွင် ယုံမင်မြို့၏ ကျင့်ကြံသူတချို့က မသက်မသာ ဖြစ်နေကြသည်။

သူတို့က ဟယ်ကျူတို့ကို အလစ်တိုက်ခဲ့သော စွန်းမိသားစု ဖြစ်သည်။

နလန်မိသားစု၏ ခွန်အားသည် သူတို့၏ အသိအမြင်ကို ပြောင်းလဲသွားစေသည်။

‘အဲဒါက နလန်မိသားစုရော ဟုတ်သေးရဲ့လား’

“ဂါး”

လက်သီးချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသော ကောင်းကင်ထမ်းဟိုက ဒေါသတကြီး ဟိန်းဟောက်သည်။

သူ့ခန္ဓာကိုယ်က ရွှေအလင်းကို ထုတ်လွှတ်ပြီး တိုက်ခိုက်ရေးပုံစံအဖြစ် အသွင်ပြောင်းရန် ကြိုးစားသည်။

သို့သော် ဟန်မူယဲ့က သူ့ကို အခွင့်အရေးမပေးခဲ့ပေ။

“အကြီးအကဲတို့၊ တခြားသားရဲတွေကို တားဖို့ ကူညီပေးပါအုံး”

“ကျွန်တော်က ကောင်းကင်ထမ်းဟိုကို ထိန်းချုပ်လိုက်မယ်”

ဟန်မူယဲ့က စကားပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

သူက လက်ဗလာဖြင့် ကောင်းကင်ထမ်းဟို၏ ဦးခေါင်းပေါ်သို့ ရောက်လာသည်။

“ဘုန်း”

ဟန်မူယဲ့က သားရဲ၏ဦးခေါင်းကို တက်နင်းပြီး အသွင်ပြောင်းခြင်းကို နှောင့်ယှက်လိုက်သည်။

သူက လက်မြှောက်ပြီး ကောင်းကင်ထမ်းဟို၏ ဦးချိုကို ဆုပ်ကိုင်၍ အဆုံးမရှိသော လျှပ်စီးကြောင်းများကို ထုတ်လွှတ်သည်။

“ဘုန်း”

လျှပ်စီးကြောင်းများသည် သူ၏ ချပ်ဝတ်မှတစ်ဆင့် ထွက်ပေါ်လာပြီး ကောင်းကင်ထမ်းဟိုကို ရစ်ပတ်လိုက်သည်။

ကောင်းကင်ထမ်းဟိုက နာကျင်စွာ ဟိန်းဟောက်လိုက်သည်။

မိုးကြိုးလျှပ်စီးနှင့် ရင်ဆိုင်ရသောအခါတွင် နတ်ဘုရားသားရဲ ဖြစ်နေလျှင်ပင် ကြောက်ရွံ့မှုကို ခံစားရသည်။

ဟန်မူယဲ့၏ မိုးကြိုးစွမ်းအားသည် နတ်ဘုရားသားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို တစ်ခါတည်း ပျက်စီးသွားစေနိုင်သည်။

ကောင်းကင်ထမ်းဟိုက လျှပ်စီးများကြားတွင် ရှိနေသည်။

လျှပ်စီးကြောင်းများက သူ၏ အသွေးအသားနှင့် အရိုးကို ထိုးဖောက်သွားသည်။

သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ကျုံ့ဝင်လာပြီး ဦးချိုက ရွှေရောင်သန်းလာသည်။

ခွန်အားကျဆင်းသွားခြင်း မဟုတ်ပေ။ သန့်စင်ခံရပြီး ခွန်အားတိုးလာခြင်း ဖြစ်သည်။

ကြယ်စင်စုစကြဝဠာတွင် ကောင်းကင်တာအိုမရှိသောကြောင့် မိုးကြိုးကပ်‌ဘေးလည်း မရှိပေ။

မိုးကြိုးကပ်ဘေးသည် ကောင်းချီးတစ်ခုလည်း ဖြစ်သည်။

မိုးကြိုးစွမ်းအားသည် နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သည်။

ကောင်းကင်ထမ်းဟိုက လျှပ်စီးများကြားတွင် ပိုမိုသန်မာလာသည်။

“ဂါး”

နတ်ဘုရားသားရဲက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်သည်။

သူက လက်မြှောက်ပြီး ဟန်မူယဲ့၏ ဦးခေါင်းကို ရိုက်ချသည်။

သို့သော် လက်ဝါးချက်က ဟန်မူယဲ့ဆီသို့ မရောက်ခင် ဟန်မူယဲ့က လက်သီးဖြင့် ထိုးချလိုက်သည်။

လက်သီးပုံရိပ်သည် ကောင်းကင်ထမ်းဟို၏ လက်ဝါးနှင့် ထိတွေ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နောက်ပြန်လန်သွားစေသည်။

“အရမ်းသန်မာတယ် ....”

“သူက လူရောဟုတ်သေးရဲ့လား”

ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော တီးတိုးစကားသံများကို ကြားရသည်။

လူတစ်ယောက်က နတ်ဘုရားသားရဲကို လက်သီးတစ်ချက်ဖြင့် ကျွမ်းပြန်သွားစေမည်ဟု မည်သူက ထင်ထားမည်နည်း။

“သူ့ကို အားလျော့ဖို့ ပြောလိုက်အုံး”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ ပခုံးပေါ်တွင်ရှိသော ရွှေကျီးကန်းက တီးတိုးပြောသည်။

တခြားဘက်ပခုံးတွင် ရွှေရောင်ပုတီးစေ့တစ်ခု ရှိနေသည်။

“အားလျော့ဖို့ မလိုပါဘူး”

ခေးအော့က စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားပုံရသည်။

“တွေးကြည့်လိုက်။ နောက်ထပ် နတ်ဘုရားသားရဲလေးကောင် ရှိနေသေးတယ်”

ထိုသားရဲများသည် ကောင်းကင်ထမ်းဟိုထက် ပိုမိုသန်မာသော အစစ်အမှန်နတ်ဘုရားသားရဲများ ဖြစ်ကြသည်။

သူတို့က ကြယ်စင်စုစကြဝဠာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ပြီး တိုက်ပွဲများကို ကျော်ဖြတ်ခဲ့ရသည်။ သူတို့က နတ်ဘုရားအဆင့်နှင့် ကမ္ဘာဦးအဆင့်ကို ကျော်လွန်ပြီး စကြဝဠာတစ်ဝက်အဆင့်သို့ ရောက်နေကြသည်။

သူတို့ကို လေဟာနယ်မြို့ကြီးများ၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်သည်။

လူတိုင်းက သူတို့ကို အမဲလိုက်နိုင်ရန် ကြိုးစားကြသည်။

တစ်ဖက်တွင်လည်း နတ်ဘုရားသားရဲများက ကျွမ်းကျင်သူများကို အလစ်တိုက်ခိုက်ကြသည်။

ကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် နတ်ဘုရားသားရဲများအတွက် အားဆေး ဖြစ်သည်။

“ဝီ”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ နောက်တွင် ဓာတ်စင်ငါးပါးမီးပြင်းဖိုက ညင်သာစွာ တုန်ခါနေသည်။

“ဂရုစိုက်။ အဲဒီ နတ်ဘုရားသားရဲတွေက စိတ်မရှည်ဖြစ်နေပြီ”

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ အသံက လေးနက်နေသည်။

“ဘုန်း”

အဝေးတစ်နေရာတွင် ဧရာမနွားသိုးတစ်ကောင်၏ ဦးခေါင်းကို မြင်ရသည်။

နွားသိုး၏ဦးခေါင်းက မည်းနက်နေသော်လည်း ကြေးခွံနှင့်တူသော ရွှေအစင်းကြောင်းများကို မြင်ရသည်။

မီးတောက်များက ထိုနေရာတွင် ကခုန်နေပုံရသည်။

အထင်ပေါ်ဆုံးအရာသည် နွားသိုး၏ ဦးခေါင်းတွင်ရှိသော ဦးချိုနှစ်ခု ဖြစ်သည်။

ထိုဦးချိုများက အနည်းဆုံး ပေတစ်ထောင်ရှည်လျားပြီး ကောင်းကင်ကို ထောက်ပံ့ပေးထား‌သော တိုင်လုံးများဟု ထင်ရသည်။

ဦးချိုများ၏ရှေ့တွင် အနီရောင်အလင်းကို မြင်ရပြီး ပေါက်ကွဲထွက်လာတော့မည့် မီးတောင်တစ်ခုနှင့် တူနေသည်။

“အဲဒါက မီးတောက်ငါးမျိုး ရှေးဦးနွားသိုးပဲ”

ရွှေကျီးကန်းက အံ့အားသင့်သွားပုံပေါ်သည်။

“မူလကမ္ဘာခေတ်ရဲ့ သက်ရှိတွေကြားမှာ အဲဒီနွားသိုးက မီးမျိုးဆက်ရဲ့ အသန်မာဆုံးသားရဲတစ်ကောင်ပဲ”

ရွှေကျီးကန်းလည်း ရွှေကျီးကန်းမီးတောက်ကို ပိုင်ဆိုင်သည်။

သူက နွားသိုးကို မီးမျိုးဆက်၏ အသန်မာဆုံးသားရဲတစ်ကောင်ဟု ပြောလိုက်သောကြောင့် ထိုနတ်ဘုရားသားရဲၑ ခွန်အားကို တွေးကြည့်နိုင်သည်။

နွားသိုးဦးခေါင်း ပေါ်လာသောအခါ ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။

နတ်ဘုရားသားရဲနှစ်ကောင် ဖြစ်နေသည်။

သူတို့က ကောင်းကင်ထမ်းဟိုကိုပင် အဆုံးမသတ်နိုင်ပေ။ နှစ်ကောင်ဖြစ်သွားလျှင် မည်သို့ ရှင်သန်နိုင်မည်နည်း။

“သတ်”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အော်ဟစ်သည်။

သူ့အသံတွင် တိုက်ခိုက်လိုစိတ် ပါဝင်နေသည်။

နတ်ဘုရားသားရဲ ....

နတ်ဘုရားသားရဲများကသာ သူနှင့် တိုက်ခိုက်ရန် ထိုက်တန်သည်။

“ဘန်း”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က လက်သီးဖြင့် ထိုးချလိုက်သည်။ လက်သီးချက်က ရှေးဦးနွားသိုးဆီသို့ ပြေးဝင်သွားသည်။

နွားသိုးက အထင်သေးသောအကြည့်ဖြင့် အနည်းငယ် ခေါင်းငုံ့သည်။

“ဘန်း”

လက်သီးပုံရိပ်က နွားသိုး၏ ဦးချိုနှစ်ခုတွင်ရှိသော မီးတောက်များကြောင့် ပျက်စီးသွားခဲ့သည်။

မီးတောက်များက ဆက်လက်စုစည်းလာပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းလဲ၍ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကို ဖိနှိပ်သည်။

မီးနဂါးက ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကို တစ်ခါတည်း မြိုချပစ်ချင်နေသည်။

“ဒါက ရှေးဦးနွားသိုးရဲ့ လူသတ်ကွက်မဟုတ်လား။ သူ့ရဲ့ မီးတောက်က တကယ်ကို အံ့အားသင့်စရာပဲ”

ရွှေရောင်ငှက်က တောင်ပံဖြန့်လိုက်ပြီး ပျံသန်းလာသည်။

ထို့နောက် ဧရာမ‌ရွှေကျီးကန်းအဖြစ် ပြောင်းလဲပြီး မီးနဂါးကို လက်သည်းဖြင့်ကုတ်သည်။

“သူက ရှေးဦးနွားသိုးကို ကြိုက်နေတာလား”

ခေးအော့က နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ ပခုံးပေါ်တွင် ဆက်တိုက်လည်ပတ်နေပြီး တီးတိုးပြောလိုက်သည်။

“အဲဒါက ဘာကြီးလဲ”

“နတ်ဘုရားသားရဲလား”

ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက ကြောင်အသွားကြသည်။

နတ်ဘုရားသားရဲနှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူတိုင်းက တုန်ခါနေပြီး တည်ငြိမ်စွာ မနေနိုင်တော့ပေ။

နတ်ဘုရားသားရဲများနှင့် ယှဉ်လိုက်လျှင် သူတို့က အရေးမပါပေ။

ကုန်းပတ်ပေါ်တွင် ဟယ်ရန်စွန်းက လက်သီးဆုပ်လျက် အံကြိတ်ထားသည်။

တစ်ဖက်တွင် ဖုန်းကျူထျန်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ သူက တောက်ပနေသော မျက်လုံးများဖြင့် တောင်ပံဖြန့်ထားသော ရွှေကျီးကန်းကို ကြည့်လိုက်သည်။

ထိုမီးတောက်သည် သူ၏ သွေးမျိုးဆက်ကို ဆူပွက်လာစေသည်။

“ဘုန်း”

ရွှေကျီးကန်း၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့ ဧရာမပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

အေးစက်မှုကို ထုတ်လွှတ်နေသော မီးခိုးပြာရောင်သန်းနေသည့် ဝံပုလွေတစ်ကောင် ဖြစ်သည်။

All Chapters