← Chapters

အခန်း (၁၃၁၉)

Vol. 95 Ch. 1319

အခန်း (၁၃၁၉)

Vol. 95 Ch. 1319

“ကောင်းကင်ရေခဲဝံပုလွေ”

“ဒီဝံပုလွေက မူယန်လေဟာနယ်ရဲ့ အတွင်းပိုင်းမှာပဲနေတာမဟုတ်လား။ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”

စကားပြောလိုက်သောလူက နားမလည်နိုင်ဖြစ်ပြီး ကြောက်ရွံ့နေသည်။

“သွားပြီ”

နတ်ဘုရားအဆင့် ချပ်ဝတ်သခင်တစ်ယောက်က ရေရွတ်သည်။

တခြားလူများကလည်း တူညီစွာ ကြောက်ရွံ့နေကြသည်။

ထိုသို့ များပြားသော နတ်ဘုရားသားရဲများကို မည်သူက တားဆီးနိုင်မည်နည်း။

ကိုယ်ပိုင်မြို့ကို မှီခိုပြီး ဝင်္ကပါကို အသက်သွင်းထားမှသာ ထိုသားရဲများကို ခုခံနိုင်လိမ့်မည်။

ထိုသို့မဟုတ်လျှင် သူတို့က သေဆုံးသွားလိမ့်မည်။

“ဘန်း”

ဟန်မူယဲ့က လက်သီးချက်ဖြင့် ကောင်းကင်ထမ်းဟိုကို ဖိနှိပ်ထားသည်။

သူက အဝေးတစ်နေရာမှ ပြေးဝင်လာသော ကောင်းကင်ရေခဲဝံပုလွေကို လှမ်းကြည့်သည်။

ယခုအချိန်တွင် နတ်ဘုရားသားရဲနှစ်ကောင်က သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေသည်။

ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများကပင် ထိုသားရဲနှစ်ကောင်ကို ခုခံနိုင်မည်မဟုတ်ပေ။

စကြဝဠာအဆင့် ဖြစ်နေမှ ရမည်။

သင်္ဘောပျံ၏ ကုန်းပတ်တွင်ရှိ‌သော ဟယ်ရန်စွန်းက ပျံထွက်လာသည်။

နတ်ဘုရားသားရဲနှင့် ယှဉ်လိုက်လျှင် ဟယ်ရန်စွန်းက ပုရွက်ဆိတ်တစ်ကောင်သဖွယ် အားနည်းသည်။

သို့သော် ယခုအချိန်တွင် နတ်ဘုရားသားရဲက ဟန်မူယဲ့ကို တိုက်ခိုက်တော့မည်။ ဟယ်ရန်စွန်းက အသက်စွန့်ရမည်ဆိုလျှင်ပင် လှုပ်ရှားရမည်။

ဟယ်ရန်စွန်းက ဓားမော့နှစ်လက်ကို တင်းကျပ်စွာကိုင်ထားပြီး ကောင်းကင်ရေခဲဝံပုလွေ၏ရှေ့တွင် ရပ်နေသည်။

ကောင်းကင်ရေခဲဝံပုလွေက ဆက်လက်ပြေးဝင်လာသည်။

နတ်ဘုရားသားရဲတစ်ကောင်က သူတော်စင်အဆင့် ကျွမ်းကျင်သူကို တစ်ခါတည်း နင်းချေပစ်နိုင်သည်။

ဟယ်ရန်စွန်းက တစ်ပိုင်းတစ်စစီ ဖြစ်သွားလိမ့်မည်။

ကုန်းပတ်ပေါ်တွင်ရှိသော ဟယ်ကျူက ဟယ်ရန်စွန်းဆီသို့ ရောက်လာသည်။

ဟယ်ရန်စွန်းက သူ၏ သားကြီး ဖြစ်သည်။ သူ့ကို သေဆုံးခွင့် မပေးနိုင်ပေ။

သူ့နောက်တွင်ရှိသော နလန်မိုရန်နှင့် ဖုန်းကျူထျန်း၏ မျက်နှာထားကလည်း ပြောင်းလဲသွားပြီး ပျံထွက်လာကြသည်။

ကုန်းပတ်ပေါ်တွင် သူတို့နှင့်အတူပါလာသော ကျွမ်းကျင်သူများကလည်း လှုပ်ရှားလိုက်ကြသည်။

နလန်ရှု၏ မျက်နှာထားက လေးနက်နေသည်။ သူက နလန်မိသားစု၏ တပည့်များကို စကားအနည်းငယ် ပြောလိုက်ပြီး ပျံထွက်လာခဲ့သည်။

နတ်ဘုရားအဆင့်၊ သူတော်စင်အဆင့် ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး ကောင်းကင်ရေခဲဝံပုလွေကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

ဤတစ်ကြိမ်တွင် ကောင်းကင်ရေခဲဝံပုလွေက ရပ်တန့်လိုက်ရသည်။

ပုရွက်ဆိတ်များ ဖြစ်နေလျှင်ပင် စုပေါင်းလိုက်လျှင် တောင်တန်းကို ပြောင်းရွှေ့နိုင်သည်။

“အူ”

ကောင်းကင်ရေခဲဝံပုလွေက ဟိန်းဟောက်လိုက်ပြီး မြူခိုးများကို မှုတ်ထုတ်သည်။

ဟယ်ရန်စွန်း၏ လက်ထဲတွင်ရှိသော ဓားမော့နှစ်လက်က ရုပ်သေးရုပ်၏ စွမ်းအားနှင့် ပေါင်းစပ်သွားပြီး ခုတ်ချသည်။

ဖုန်းကျူထျန်း၏ ခန္ဓာကိုယ်က မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

သူတို့၏ နောက်တွင်ရှိသော နတ်ဘုရားအဆင့် ရုပ်သေးရုပ်များက ကောင်းကင်ရေခဲဝံပုလွေဆီသို့ ပြေးဝင်လာကြသည်။

“ဘုန်း”

အေးစက်သော မြူခိုးများသည် ပျက်စီးသွားခဲ့သည်။

နတ်ဘုရားသားရဲတစ်ကောင်သည် အမှန်တကယ်ပင် တားဆီးခံလိုက်ရသည်။

“ဘန်း”

ဟန်မူယဲ့က လက်ဝါးဖြင့် ရိုက်ချပြီး ကောင်းကင်ထမ်းဟိုကို တုန်ခါသွားစေသည်။

မိုးကြိုးလျှပ်စီးများကြောင့် ကောင်းကင်ထမ်းဟို၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ရွှေရောင်သန်းလာသည်။

ဦးချိုကလည်း ရွှေရောင်ဖြစ်နေသည်။

သူ၏ အရှိန်အဝါက ဆက်တိုက်စုစည်းနေပြီး ပိုမိုသန်မာလာသည်။

သို့သော် ဟန်မူယဲ့ကို မခုခံနိုင်သေးပေ။

“ဘန်း”

ကောင်းကင်ထမ်းဟိုက လွင့်ထွက်သွားသည်။

ဟန်မူယဲ့က နောက်မှ လိုက်လာသည်။

သို့သော် ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ်တစ်ခုသည် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် ပေါ်လာပြီး ဆူးချွန်တစ်ခုဖြင့် ထိုးနှက်သည်။

အမြီးရှည်ဆူးချွန်သည် ဟန်မူယဲ့၏ ဦးခေါင်းဆီသို့ ရောက်လာသည်။

အမြီးရှည်သည် လေပြင်းနှင့် အနက်ရောင်အခိုးအငွေ့များကို သယ်ဆောင်ထားသည်။

ထိုတိုက်ခိုက်မှုသည် ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်ပြီး ဟန်မူယဲ့ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားသည်။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းကို ဖိနှိပ်နိုင်သော နတ်ဘုရားသားရဲများ၏ အထူးစွမ်းရည် ဖြစ်သည်။

ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများကပင် ချုပ်နှောင်ခံရပြီး သေဆုံးခြင်းကိုသာ စောင့်နေရမည်။

စည်းမျဉ်းကသာ စည်းမျဉ်းကို ချိုးဖျက်နိုင်သည်။

ယခင်က မူလစကြဝဠာ၏ နတ်ဘုရားသားရဲနှင့် ကျွမ်းကျင်သူများသည် ကြယ်စင်စုစကြဝဠာနှင့် တခြားစကြဝဠာများကို အထင်သေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် စည်းမျဉ်းစွမ်းအားနှင့် ပတ်သတ်လျှင် မူလစကြဝဠာကို မည်သူမှ မကျော်ဖြတ်နိုင်ပေ။

ဟန်မူယဲ့က ဆင်းသက်လာသော အနက်ရောင်ဆူးချွန်အမြီးကို ကြည့်လိုက်သည်။

‘ချုပ်နှောင်တာလား’

‘စည်းမျဉ်းနဲ့ ငါ့ကို ချုပ်နှောင်နိုင်မယ်လို့ ထင်နေတာလား’

စကြဝဠာအဆင့်မှလွဲ၍ စည်းမျဉ်းစွမ်းအားတွင် သူ့ထက် သာလွန်နေသောလူ မရှိပေ။

နတ်ဘုရားသားရဲတစ်ကောင်က သူ့ကို ချုပ်နှောင်နိုင်မည်မဟုတ်ပေ။

“ဘုန်း”

ဟန်မူယဲ့၏ သွေးနှင့်ချီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချုပ်နှောင်ထားသော ဖိအားကို ချိုးဖျက်သည်။

သူက လက်သီးဖြင့် ထိုးချလိုက်သည်။

လျှပ်စီးကြောင်းများသည် လက်သီးပုံရိပ်တွင် သွယ်ယှက်နေပြီး ချိန်းကြိုးတစ်ခုအဖြစ် ပြောင်းလဲ၍ အမြီးကို ရစ်ပတ်သည်။

အနီ‌ရောင်ချပ်ဝတ်တစ်ခုသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။

နဂါးမိကျောင်းကို ဖိနှိပ်ထားခဲ့သော သွေးစက်ကျချောက်ကမ်းပါး၏ သွေးမိစ္ဆာဝင်္ကပါ ဖြစ်သည်။

ဝင်္ကပါစွမ်းအား မရှိလျှင် နဂါးမိကျောင်း၏ စွမ်းအားသည် ပတ်ဝန်းကျင်ကို ပျက်စီးသွားစေလိမ့်မည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာသော စွမ်းအားများသည် သွယ်ယှက်နေသည်။

သူက ချိန်းကြိုးကို ဆွဲလိုက်ပြီး လွှဲယမ်းသည်။

ချိန်းကြိုးတွင်ပါလာသော ဆူးချွန်အမြီးနှင့် သားရဲသည် ပတ်ဝန်းကျင်တွင်ရှိသော ကျောက်တုံးများကို ပျက်စီးသွားစေခဲ့သည်။

ထိုအချိန်တွင် သားရဲ၏ပုံစံကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ရွှေရောင်သန်းနေသော ညှပ်လက်မနှစ်ခုနှင့် အနီရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ကင်းမြီးကောက်တစ်ကောင် ဖြစ်သည်။

“ယွင်လုသွေးကင်းမြီးကောက်ပဲ။ သူတို့က အရမ်းရိုင်းစိုင်းတယ်”

အဝေးတစ်နေရာတွင် ရွှေကျီးကန်းက လွင့်ပစ်ခံလိုက်ရသော သားရဲကိုကြည့်ပြီး ရေရွတ်သည်။

“ဟားဟား၊ အဲဒီကင်းမြီးကောက်က ပုံစံကြည့်ရတာ ကြမ်းတမ်းပေမဲ့ နတ်ဘုရားစွမ်းရည်ကိုပဲ မှီခိုနေရတယ်။ ခွန်အားသိပ်မရှိဘူး”

ခေးအော့က အထင်သေးစွာပြောသည်။

ခွန်အားမကောင်းသော နတ်ဘုရားသားရဲက ဟန်မူယဲ့နှင့် ရင်ဆိုင်မိသည်။

‘ဒါက ကျောက်တုံးကို ကြက်ဥနဲ့ပေါက်နေတာ မဟုတ်ဘူးလား’

ဟန်မူယဲ့က သွေးကင်းမြီးကောက်ကို လွှင့်ပစ်လိုက်ပြီး တစ်ချက်လှုပ်ရှား၍ ကောင်းကင်ထမ်းဟို၏ ဦးချိုပေါ်သို့ ရောက်လာသည်။

ကောင်းကင်ထမ်းဟို၏ အလွန်ကြီးမားသော ခန္ဓာကိုယ်က ယခုအချိန်တွင် ပေတစ်သောင်းခန့်သာ ရှိတော့သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော မီးတောက်များက အသက်ဝင်နေပြီး ဦးချိုတွင် ထူးခြားသော အင်းကွက်များကို မြင်ရသည်။

သားရဲ၏ မျက်လုံးထဲတွင်ရှိသော အရိုင်းဆန်သည့်အကြည့်က ပျောက်ကွယ်သွားပြီး ဉာဏ်ရည်တချို့ ရလာပုံပေါ်သည်။

လျှပ်စီးကြောင်းများက သူ၏ ပတ်ဝန်းကျင်တွင် ဆက်တိုက်လည်ပတ်နေပြီး သူ့ကို သန့်စင်ပေးနေပုံရသည်။

မိုးကြိုးလျှပ်စီးများကို ငြင်းပယ်ခဲ့သော ကောင်းကင်ထမ်းဟိုက ယခုအချိန်တွင် ကျေနပ်နေပုံရသည်။

လျှပ်စီးများက နာကျင်သော်လည်း သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး သန်မာလာအောင် လုပ်ပေးနိုင်သည်။

သက်ရှိတိုင်းက သန်မာလာချင်ကြသည်။

ကောင်းကင်ထမ်းဟိုက ပိုမိုသန်မာလာရန်အတွက် တချို့အရာများကို စွန့်လွှတ်နိုင်သည်။

ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့က သူ့ဦးချိုပေါ်တွင် ရှိနေသည်။ ပုံမှန်အတိုင်းဆိုလျှင် သူက ဒေါသထွက်ပြီး တိုက်ခိုက်လိမ့်မည်။

သို့‌သော် ယခုအချိန်တွင် ဟန်မူယဲ့ကို ခါမထုတ်ခဲ့ပေ။

ဟန်မူယဲ့ဆီမှတစ်ဆင့် သူ့ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက်ရောက်လာသော လျှပ်စီးကြောင်းများကို ခံစားကြည့်နိုင်သည်။

သူက ထိုအခွင့်အရေးကို မစွန့်လွှတ်နိုင်ပေ။

အမှန်အတိုင်းပြောရလျှင် သူ့မျက်လုံးများထဲတွင် တောင်းဆိုနေသောပုံစံကို မြင်နိုင်သည်။

သနားစရာကောင်းအောင် အရိုက်ခံနေရသော်လည်း ဆက်ရိုက်ပေးရန် အသနားခံနေသည်။

ထိုနတ်ဘုရားသားရဲသည် အမှန်တကယ်ပင် အသိစိတ်ရှိသည်။

ဟန်မူယဲ့က လက်ဝါးဖြင့် ဖိချသည်။

ရွှေအလင်းသည် ကောင်းကင်ထမ်းဟိုကို လွှမ်းခြုံလိုက်သည်။

အဝေးတစ်နေရာတွင် ဟယ်ရန်စွန်းတို့အုပ်စုသည် ကောင်းကင်ရေခဲဝံပုလွေကို တားဆီးနေကြသည်။

ကောင်းကင်ရေခဲဝံပုလွေက မည်သို့ပင် တိုက်ခိုက်ပါစေ သူတို့၏ အတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပေ။

တစ်ဖက်တွင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က နွားသိုးနှင့် တိုက်ခိုက်နေသည်။ တောင်ပံဖြန့်ထားသော ရွှေကျီးကန်းက မီးတောက်များကို ထုတ်လွှတ်နေသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နွားသိုးထက် အားနည်းသည်။

သို့သော် ရွှေကျီးကန်းက ကူညီပေးနေသောကြောင့် နွားသိုးကို ဖိနှိပ်ထားနိုင်သည်။

ထို့ကြောင့် နတ်ဘုရားသားရဲ သုံးကောင်လုံးသည် အကူအညီမဲ့နေသည်။

တစ်ဖက်တွင် လွင့်ထွက်သွားသော သွေးကင်းမြီးကောက်က ယခုအချိန်အထိ ပြန်ရောက်မလာသေးပေ။

တိုက်ပွဲကို စောင့်ကြည့်နေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက အချိန်ဆွဲမနေတော့ဘဲ တိုက်ပွဲအတွင်းသို့ ဝင်‌ရောက်လာကြသည်။

နတ်ဘုရားသားရဲများအား အမဲလိုက်နိုင်သော အခွင့်အရေးသည် အလွန်ရှားပါးသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ကောင်းကင်ရေခဲဝံပုလွေကို ဝိုင်းရံထားလိုက်ကြသည်။

ရုပ်သေးရုပ်များက ပေတစ်သောင်းကြီးမားပြီး တိုက်ခိုက်မှုတိုင်းသည် လေဟာနယ်ကို တုန်ခါသွားစေသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ရှေ့ဆုံးတွင် ရှိနေပြီး တိုက်ခိုက်မှုတိုင်းဖြင့် ကောင်းကင်ရေခဲဝံပုလွေကို နောက်ဆုတ်သွားစေသည်။

နတ်ဘုရားသားရဲများက သန်မာသော်လည်း ဓာတ်စင်ငါးပါးမီးပြင်းဖို အပါအဝင် အလွန်များပြားသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

“ဘန်း”

ရွှေရောင်ပုဆိန်တစ်လက် ကျဆင်းလာပြီး ကောင်းကင်ရေခဲဝံပုလွေ၏ နားရွက်တစ်ဖက်ကို ပြတ်တောက်သွားစေသည်။

ကောင်းကင်ရေခဲဝံပုလွေက နာကျင်စွာ ဟိန်းဟောက်လိုက်သည်။

ထို့နောက် အအေးဓာတ်ကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို အေးခဲသွားစေသည်။

ရေခဲသလင်းကျောက်များ ပေါ်ထွက်လာပြီး ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက နောက်ဆုတ်ပေးလိုက်ရသည်။

ရေခဲချီက အလွန်သန်မာပြီး သူတို့၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များက ခုခံနိုင်မည်မဟုတ်ပေ။

ရေခဲသလင်းကျောက်ဖြင့် ထိတွေ့သွားလျှင် တစ်ခါတည်း ပြိုကွဲသွားလိမ့်မည်။

“သတ်”

ဟယ်ရန်စွန်း၏အသံ ပေါ်ထွက်လာသည်။ သူ့လက်ထဲတွင်ရှိသော ဓားမော့နှစ်လက်က ရုပ်သေးရုပ်၏ စွမ်းအားအပြင် ဖုန်းကျူထျန်း၏ မီးတောက်များနှင့် ပေါင်းစပ်သွားပြီး ခုတ်ချသည်။

မီးတောက်များဖြင့် လွှမ်းခြုံထားသော ဓားမော့က ပတ်ဝန်းကျင်တွင် ရှိနေသော ရေခဲသလင်းကျောက်များကို ဖျက်ဆီးပြီး ကောင်းကင်ရေခဲဝံပုလွေ၏ ဦးခေါင်းဆီသို့ တိုးဝင်လာသည်။

ဓားမော့က ပျက်စီးသွားသည်။

သို့သော် ကောင်းကင်ရေခဲဝံပုလွေ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး မျက်လုံးထဲတွင်ရှိသော နတ်ဘုရားအလင်းက မှိန်ဖျော့သွားသည်။

ထိုဓားချက်သည် ဝိညာဉ်ကို ဦးတည်ခဲ့သည်။

ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသော နတ်ဘုရားသားရဲက ဓားချက်ကြောင့် ဝိညာဉ်ပျက်စီးသွားသည်။

“မြန်မြန်လေး သားရဲရဲ့ အသက်ဝိညာဉ်ကို စုစည်းလိုက်”

“ခန္ဓာကိုယ်ကို ထိန်းထား။ ပျက်စီးမသွားစေနဲ့”

“ဒါက မြို့ကြီးတစ်မြို့ရဲ့ အခြေခံအုတ်မြစ်အသစ်ပဲ”

လူတိုင်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်နှင့် တိုက်ခိုက်နေသော နွားသိုးက ရွှေကျီးကန်း၏ တောင်ပံရိုက်ချက်ကို တားဆီးလိုက်ပြီး လေဟာနယ်ထဲသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားသည်။

ထိုသားရဲ ထွက်သွားသောအခါ လေဟာနယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

နတ်ဘုရားသားရဲ၏ဖိအား မရှိလျှင် လေဟာနယ်က ပြိုကွဲသွားလိမ့်မည်။

လေဟာနယ်ပြိုကွဲလျှင် ဂရုမစိုက်မိသော လူများက အမည်မသိနေရာသို့ ရောက်သွားကြလိမ့်မည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ဟန်မူယဲ့ကို လှမ်းကြည့်သည်။

ထိုအချိန်တွင် ဟန်မူယဲ့က ကောင်းကင်ထမ်းဟိုကို စီးနင်းထားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က လှုပ်ရှားလိုက်ပြီး အက်ကွဲကြောင်းများကို ရှောင်တိမ်း၍ ဟန်မူယဲ့ဆီသို့ ရောက်လာသည်။

All Chapters