← Chapters

အခန်း (၁၃၂၁)

Vol. 95 Ch. 1321

အခန်း (၁၃၂၁)

Vol. 95 Ch. 1321

ဆင်သားရဲ၏ ဟိန်းသံသည် မိုးခြိမ်းသံသဖွယ် ကျယ်လောင်ပြီး ပတ်ဝန်းကျင်ကို ပျက်စီးသွားစေသည်။

ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ရွှေအလင်းများ ပေါ်ထွက်လာပြီး အတားအဆီးအဖြစ် ပြောင်းလဲသည်။

သို့သော် ထိုအတားအဆီးက အသက်ရှူကြိမ်တစ်ခါပင် မခုခံနိုင်ဘဲ ပျက်စီးသွားသည်။

ကမ္ဘာဦးချပ်ဝတ်က ကမ္ဘာတစ်ခုအား သယ်ဆောင်ထားသော နတ်ဘုရားသားရဲ၏ စွမ်းအားကို မခုခံနိုင်ပေ။

ပတ်ဝန်းကျင်တည်နေရာနှင့် အတားအဆီး ပြိုကွဲသွားသောအခါ ဟန်မူယဲ့က လက်သီးဖြင့် ထိုးချသည်။

သူက ချပ်ဝတ်ကို မှီခိုထားခြင်း မဟုတ်ပေ။

ကိုယ်ပိုင်စွမ်းအားကိုသာ မှီခိုခဲ့သည်။

“ဘန်း”

လက်သီးချက်သည် ရှေ့တွင်ရှိသော ပုံရိပ်ယောင်ဆန်သည့်စွမ်းအားနှင့် ထိတွေ့သွားပြီး ကျယ်လောင်သောအသံကို ဖြစ်ပေါ်စေသည်။

သူ့ရှေ့တွင်ရှိသော ‌လောကသည် တစ်လွှာပြီးတစ်လွှာ ပျက်စီးသွားပြီး ဟန်မူယဲ့ကို လွှမ်းခြုံသည်။

ဘေးတွင်ရှိနေသော ကောင်းကင်ထမ်းဟိုက ပြေးထွက်သွားသည်။

ထိုသားရဲက လူဝံတစ်ကောင်အဖြစ် ပြောင်းလဲပြီး လက်ထဲတွင်ရှိသော ဦးချိုဖြင့် ထိုးချသည်။

ဦးချိုက လေဟာနယ်ကို ထပ်မံချိုးဖျက်လိုက်ပြီး နောက်ဆုံးပုံရိပ်ယောင်ကို ပျက်စီးသွားစေသည်။

သို့သော် ဆင်သားရဲက ပုံရိပ်ယောင်များကို ဖန်တီးရာတွင် စွဲလမ်းနေပုံရသည်။ သူက ခေါင်းမော့လိုက်ပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။

ရွှေအလင်းသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ခမ်းနားသော မြို့တစ်မြို့ကို ဖန်တီးသည်။

ထိုမြို့ထဲတွင်ရှိသော ပုံရိပ်များက ပြေးထွက်လာပြီး ကောင်းကင်ထမ်းဟိုကို ဝိုင်းရံသည်။

ထိုပုံရိပ်များက အမှန်တကယ် တိုက်ခိုက်နိုင်ပြီး ပြင်းထန်သောစွမ်းအားကို သယ်ဆောင်ထားသည်။

ကောင်းကင်ထမ်းဟိုက လက်ထဲတွင်ရှိသော ဦးချိုကို ဝှေ့ယမ်းပြီး ပုံရိပ်များကို တားဆီးနေသည်။

“ကျီ ....”

တစ်ဖက်တွင် ဆင်သားရဲ၏ မျက်လုံးများက အနီရောင်တောက်နေသည်။

ဟန်မူယဲ့က စောင့်မနေပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းကင်ထမ်းဟိုနှင့် ပုံရိပ်များ၏တိုက်ပွဲကို ကျော်ဖြတ်၍ ပုံရိပ်ယောင်မြို့ထဲသို့ ရောက်သွားသည်။

မြို့ထဲသို့ ရောက်သွားသောအခါတွင် ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

သူက အစစ်အမှန်တချို့ကို ခံစားရသည်။

ထိုမြို့သည် ပုံရိပ်ယောင်မဟုတ်ပေ။

ဝိညာဉ်ထဲတွင် ရေးထိုးထားသော စွမ်းအားတစ်မျိုး ဖြစ်သည်။

ထိုအရာသည် ဆင်သားရဲ၏ ပုံရိပ်ယောင်မဟုတ်ဘဲ ဝိညာဉ်စွမ်းအား၏ သရုပ်ပြမှု ဖြစ်သည်။

ဟန်မူယဲ့က ယွင်တုံမြို့၏ရှေ့တွင် ရပ်နေပြီး အထဲသို့ လျင်မြန်စွာ ဝင်သွားသည်။

မြို့ထဲတွင်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက အလုပ်ရှုပ်နေကြပြီး လူစိမ်းတစ်ယောက်ဖြစ်သော ဟန်မူယဲ့ကို အာရုံမစိုက်ကြပေ။

“ဆရာကျူး၊ ဒီနေ့ ရုပ်သေးရုပ်ကို ပြင်ပေးဖို့ အချိန်ရှိမလား”

“ဆိုင်ရှင်ဝမ်၊ အရင်တစ်ခေါက်တုန်းက စုဆောင်းပေးဖို့ ပြောထားတဲ့ ဝိညာဉ်သတ္တုတွေ ရပြီလား”

“ညီအစ်ကိုကျောက်၊ မနက်ဖြန်ကျရင် တွေ့အုံးမှာလား”

သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းသည် တခြားမြို့များတွင် မရှိသော နွေးထွေးမှုကို သယ်ဆောင်ထားသည်။

ဤမြို့၏ လည်ပတ်မှုသည် တခြားမြို့များကဲ့သို့ မလျင်မြန်ပေ။

မြို့ထဲတွင် ရုပ်သေးရုပ်များကို သန့်စင်ရန် ပစ္စည်းအနည်းငယ်သာ ရှိသည်။ ထို့အပြင် ကြယ်စင်စုစကြဝဠာ၏ အပြင်ဘက်မှရောက်လာသော အမွေအနှစ်များကိုလည်း တွေ့ရသည်။

ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံသူများကို မြင်ခဲ့ရသည်။

ထို့အပြင် ဓားကျင့်ကြံသူများကိုလည်း မြင်ရသည်။

ဓားကျင့်ကြံသူ ....

ဓားလမ်းစဉ်၏ အမွေအနှစ်ကို ကြယ်စင်စုစကြဝဠာတွင် မတွေ့နိုင်ပေ။

“ခလွမ်”

လမ်းထောင့်တွင် ဓားများထိတွေ့သံကို ကြားနိုင်သည်။ ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှု ဖြစ်သည်။

ဟန်မူယဲ့က ဖျတ်ခနဲလှုပ်ရှားပြီး သူတို့၏ရှေ့သို့ ရောက်သွားသည်။ သူက အစိမ်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကို မြင်ရသည်။ သူတို့၏ လက်ထဲတွင်ရှိသော ဓားများက လှုပ်ရှားနေပြီး ထက်မြိသောစွမ်းအားကို သယ်ဆောင်ထားသည်။

ဟန်မူယဲ့၏အမြင်တွင် ထိုဓားချက်များက သာမန်ဖြစ်ပြီး ကောင်းကင်အဆင့်တွင်သာ ရှိသည်။

သို့သော် သူက ရင်းနှီးနေသည်ဟု ခံစားရသည်။

မူလစကြဝဠာ၏ အမွေအနှစ် ဖြစ်နေသည်။

“ခလွမ်”

ဘယ်ဘက်တွင်ရှိသော သက်လတ်ပိုင်းအရွယ်လူကြီးက ညာဘက်တွင်ရှိသော သက်လတ်ပိုင်းအရွယ်လူ၏ ဓားကို လွင့်ထွက်သွားစေသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားကို ဖမ်းယူလိုက်သည်။

“ကောင်းလိုက်တဲ့ ဓားနည်းစနစ်ပဲ”

“အထင်ကြီးစရာပဲ”

“ငါအရှုံးပေးတယ်”

ပတ်ဝန်းကျင်တွင် စကားသံများကို ကြားနိုင်သည်။ ဓားကျင့်ကြံသူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဦးညွတ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ထိုအချိန်တွင် ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ဓားကို ပြန်ပေးလိုက်သည်။

“ညီငယ်လေး၊ မင်းက ဓားနည်းစနစ်ကို သင်ယူချင်လို့လား”

သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းညိတ်လိုက်ပြီး ဓားကို ပြန်ယူသည်။

“ညီအစ်ကိုကျန်းရဲ့ ဓားနည်းစနစ်က အထင်ကြီးစရာကောင်းတယ်။ မင်းက ဓားပညာကို သင်ယူချင်ရင် သူ့ကို သွားရှာသင့်တယ်”

“နှုတ်ဆက်ပါတယ်”

သက်လတ်ပိုင်းအရွယ်လူကြီးက ပြတ်သားစွာ ထွက်သွားသည်။

တခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

အနိုင်ရထားသော လူကြီးတစ်ယောက်သာ ကျန်နေခဲ့သည်။ သူက ဂုဏ်ယူနေသော မျက်နှာထားဖြင့် ဓားကိုင်ထားသည်။

“မင်းက ဓားနည်းစနစ်ကို သင်ယူချင်တာလား”

“ငါနဲ့လိုက်ခဲ့”

ထိုသို့ဖြင့် သူက လှည့်ထွက်သွားသည်။

သူက ဟန်မူယဲ့၏ သဘောထားကို ဂရုမစိုက်ပေ။

ဟန်မူယဲ့က ဓားပညာရပ်ကို မဖြစ်မနေသင်ရမည်ဟု ယူဆထားပုံရသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ လိုက်လာသည်။

နောက်တွင် ကျန်နေခဲ့‌သော လမ်းထောင့်တစ်နေရာတွင် ရှုံးနိမ့်သွားသော သက်လတ်ပိုင်းအရွယ်လူက မူလကျောက်တုံးများကို ထုတ်ယူပြီး ပွဲကြည့်နေခဲ့သော လူများကို ပေးလိုက်သည်။

“ဒီနေ့ပြောပေးတဲ့ ချီးကျူးစကားတွေက မဆိုးဘူးမဟုတ်လား။ ငါ့ကို အပိုပေးသင့်တယ်”

“ညီအစ်ကိုကျူး၊ ကျွန်တော်သရုပ်ဆောင်ထားတာက အကိုက်ပဲမဟုတ်လား။ အပိုမပေးတော့ဘူးလား”

“အဲဒီကောင်လေးက ချမ်းသာပုံရတယ်။ ဒီတစ်ကြိမ်မှာ မင်းတို့ လုယွဲ့ဓားဂိုဏ်းက ပွပေါက်တိုးတာပဲ”

“ဟုတ်တယ်။ အရင်တစ်ခေါက် ဓားနည်းစနစ်သင်ချင်တဲ့လူက မင်းတို့ကို မူလကျောက်တုံးတွေ သိန်းချီပြီး ပေးခဲ့တယ်”

ထိုအချိန်တွင် ဟန်မူယဲ့က လုယွဲ့ဓားဂိုဏ်း၏ရှေ့သို့ ရောက်သွားသည်။

“ငါ့နာမည်က ကျန်းယု။ ငါက ဒီဓားစံအိမ်ရဲ့ ခေါင်းဆောင်ပဲ”

“မင်းက ဓားနည်းစနစ်ကို လေ့ကျင့်ချင်ရင် ဒီမှာ နေရမယ်”

သက်လတ်ပိုင်းအရွယ်လူက မောက်မာသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ပြောလိုက်သည်။

“ငါတို့ ဓားကျင့်ကြံသူတွေက အဆင့်တူကြားမှာ ပြိုင်ဘက်ကင်းတယ်။ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေက ငါတို့ရှေ့မှာ အသုံးမဝင်ဘူး”

ဟန်မူယဲ့က မယုံကြည်မှာကို စိုးရိမ်သောကြောင့် ကျန်းယုက ဓားထုတ်ပြီး ခုတ်ပြလိုက်သည်။

ဓားအလင်းသည် အဆင့်တူရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို အမှန်တကယ်ပင် ခုတ်ပိုင်းနိုင်သည်။

ဓားနည်းစနစ်၏စွမ်းအား ဖြစ်သည်။

“မင်းမြင်လား။ ငါတို့က လက်ထဲမှာ ဓားကိုင်ထားပြီး နှလုံးသားထဲမှာ မီးတောက်နေတဲ့အခါ လူတိုင်းကို သတ်ဖြတ်နိုင်တယ်”

ကျန်းယုက ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာပြောသည်။

“အဲဒီ သံမဏိအရုပ်တွေက လေးလံပြီး ကြမ်းတမ်းတယ်။ ဘာမှ အသုံးမဝင်ဘူး”

သူ့စကားသည် ရုပ်သေးရုပ်များအပေါ်တွင် အထင်သေးစိတ်ဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့က ‌ခေါင်းညိတ်သည်။

အဆင့်တူတွင် ဓားကျင့်ကြံသူများက ရုပ်သေးရုပ်များကိုလည်း လွှမ်းမိုးနိုင်သည်။

သို့သော် ရုပ်သေးရုပ်များက ကိုယ်ပိုင်စွမ်းအားကိုသာ မှီခိုခြင်းမဟုတ်ပေ။

အဆင့်တူတွင် ရုပ်သေးရုပ်၏ခွန်အားက ပိုမိုသန်မာနိုင်သည်။

ကျန်းယုက ထိုအကြောင်းကို တမင်သက်သက် မပြောခဲ့ပေ။

“ဓားနည်းစနစ်သင်ဖို့အတွက် အခကြေးငွေပေးဖို့ လိုအပ်လား”

ဟန်မူယဲ့က ကျန်းယုကို မေးလိုက်သည်။

“လိုတာပေါ့”

ကျန်းယုက လက်ဖြန့်လိုက်သည်။

“သုံးနှစ်အတွင်း အခကြေးငွေမတောင်းဘူး။ ဒါပေမဲ့ သုံးနှစ်ကျော်သွားရင် ပေးရလိမ့်မယ်”

“သုံးနှစ်က ခန့်မှန်းခြေပဲ”

“တကယ်လို့ မင်းက ငါတို့ဓားဂိုဏ်းရဲ့ အခြေခံဓားနည်းစနစ်တွေကို မြန်မြန်နားလည်နိုင်ရင် အားကောင်းတဲ့ ဓားနည်းစနစ်တွေကို ကြိုတင်သင်ကြားခွင့်ရမယ်”

“အခြေခံဓားနည်းစနစ်ကို သုံးနှစ်အတွင်း နားမလည်နိုင်ရင်တော့ မင်းက ထွက်သွားရမယ်”

ကျန်းယုက စကားပြောလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ဓားစံအိမ်ထဲသို့ ဝင်သွားသည်။

“ဒီနေရာမှာ ငါက ခေါင်းဆောင်ပဲ။ မင်းမှာ ဂိုဏ်းတူအစ်ကို၊ အစ်မတွေ ရှိသေးတယ်။ နောက်ကျရင် မိတ်ဆက်ပေးမယ်”

“ဟုတ်သားပဲ မင်းမှာ ဆရာဦးလေးတစ်ယောက်လည်း ရှိသေးတယ်”

ဆရာဦးလေး၏နာမည်သည် ကျူးယန်ရှန်း ဖြစ်သည်။

သူက ရှုံးနိမ့်သွားသော ဓားကျင့်ကြံသူ ဖြစ်သည်။

ဟန်မူယဲ့က ထိုအကြောင်းကို သိခဲ့သည်။

သူက ကျူးယန်ရှန်း၏ လွင့်ထွက်လာသောဓားကို ဖမ်းယူပြီး မှတ်ဉာဏ်များကို မြင်ခဲ့ရသည်။ သူက ကျန်းယုနှင့် ကျူးယန်ရှန်း၏ လှည့်ကွက်များကို ထွင်းဖောက်မြင်ခဲ့သည်။

သူက အနည်းငယ် စပ်စုချင်သောကြောင့် လုယွဲ့ဓားဂိုဏ်းသို့ လိုက်လာခဲ့သည်။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ဤမြို့တွင် အဘယ်ကြောင့် မူလစကြဝဠာ၏ ဓားနည်းစနစ်များ ရှိနေသနည်း။

ဓားစံအိမ်တွင် အမှန်တကယ်ပင် ဂိုဏ်းတူအစ်ကို၊ အစ်မများ ရှိနေသည်။ သို့သော် သူတို့အားလုံးက အားနည်းကြသည်။ သူတို့က အခြေခံဓားနည်းစနစ်ကို တစ်နှစ်၊ ၂နှစ်ခန့် လေ့ကျင့်ထားကြသည်။

ကျန်းယုက သူတို့ကို အထင်သေးစွာ ကြည့်လေ့ရှိသည်။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်တွင် အစစ်အမှန်ဓားနည်းစနစ်ကို လေ့ကျင့်နိုင်ခဲ့သော လူတစ်‌ယောက် ရှိနေသည်။

ထိုလူက ဓားဂိုဏ်း၏ ဘဏ္ဍာရေးကို အဓိက ထောက်ပံ့ပေးနေသောလူ ဖြစ်သည်။ ကျန်းယုကပင် သူ့ကို မနှောင့်ယှက်ပေ။

သူက ယခုအချိန်တွင် သီးသန့်ကျင့်ကြံနေသည်။

ဟန်မူယဲ့က လုယွဲ့ဓားစံအိမ်တွင် နေရာချထားခံရသည်။ ထို့နောက် သူက ကြွက်သားနှင့်အရိုးကို သန့်စင်ရန် သင်ယူပြီး ဓားဆွဲထုတ်ခြင်း၊ ဓားသိမ်းခြင်းကို လေ့ကျင့်ရသည်။ ဂိုဏ်းတူအစ်ကို၊ အစ်မများ အားလုံးသည် ထိုအဆင့်မှ စတင်ခဲ့ကြသည်။

“မင်းက ဓားထုတ်ပြီး ရှေ့မှာရှိတဲ့ အမွှေးတိုင်ကို ပြာမှုန့်မစွန်းဘဲ ခုတ်ပိုင်းနိုင်ရင် အခြေခံနည်းစနစ်တွေကို လေ့ကျင့်လို့ရပြီ”

လူငယ်က မောက်မာစွာ ပြောလိုက်သည်။ သူက ဟန်မူယဲ့ကို သင်ပြပေးနေပြီး အဝေးတစ်နေရာတွင်ရှိသော အမျိုးသမီးကျင့်ကြံသူကို လှမ်းကြည့်သည်။

ထိုအမျိုးသမီးကျင့်ကြံသူက သာမန်သာဖြစ်သည်။ ယခုအချိန်တွင် သူမက ဓားတစ်လက်နှင့် လေ့ကျင့်နေသည်။

“ညီမဇောင်၊ ဒီညီလေးက ဒီအမွှေးတိုင်ကို သုံးလအတွင်း ခုတ်ပိုင်းနိုင်မယ်လို့ ထင်လား”

အမျိုးသမီးကျင့်ကြံသူက လူငယ်ကို လှည့်မကြည့်ပေ။ မေးခွန်းကိုလည်း မဖြေပေ။ သူမက ဆက်လက်လေ့ကျင့်နေခဲ့သည်။

လူငယ်က ဒေါသထွက်မသွားပေ။ သူက ဓားကို ဟန်မူယဲ့ဆီသို့ ပစ်ပေးပြီး ပခုံးကို ပုတ်ပေးလိုက်သည်။

“မင်းက ကြိုးစားရမယ်။ ဂိုဏ်းတူအစ်ကိုကြီးကို စိတ်မပျက်စေနဲ့”

“ဒါပေမဲ့ ဒီမှာ ကျင့်ကြံခြင်းပါရမီ အကောင်းဆုံးက ငါပဲ။ နံပတ်တစ်အစ်ကိုကြီးက တံခါးပိတ်ကျင့်ကြံနေတယ်”

ထို့နောက် သူက တစ်ဖက်သို့ လှည့်လိုက်သည်။

သူက တစ်ဖက်သို့ လှည့်လိုက်သောအချိန်တွင် ဟန်မူယဲ့က ဓားဖြင့် ခုတ်ချပြီး ရှေ့တွင်ရှိသော အမွှေးတိုင်များကို ပြတ်တောက်သွားစေသည်။

ထိုဓားချက်ကြောင့် လမ်းလျှောက်ရန်ပြင်နေသော ဂိုဏ်းတူအစ်ကိုကြီးက ရပ်တန့်လိုက်ရသည်။

ခဏအကြာတွင် ကျန်းယုနှင့် ကျူးယန်ရှန်းတို့ ရောက်လာသည်။

“မင်းက ဓားနည်းစနစ်ကို လေ့ကျင့်ဖူးတာလား”

“ဒါမှမဟုတ် ပါရမီရှိနေတာလား”

“နောက်တစ်ကြိမ်ခုတ်ကြည့်အုံး”

ဟန်မူယဲ့က အမွှေးတိုင်ဆယ်ချောင်းကို ခုတ်ချလိုက်ပြန်သည်။

အဆုံးတွင် ကျန်းယုက လက်ကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းလိုက်ပြီး နောက်တစ်နေ့တွင် သူနှင့်အတူ လေ့ကျင့်ရန် ဟန်မူယဲ့ကို ပြောလိုက်သည်။

All Chapters