← Chapters

အခန်း (၁၃၂၆)

Vol. 95 Ch. 1326

အခန်း (၁၃၂၆)

Vol. 95 Ch. 1326

ထိုအမျိုးသမီးက စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ် ဖြစ်သောကြောင့် ဟန်မူယဲ့၏ ခွန်အားကို အာရုံခံနိုင်သည်။

ဟန်မူယဲ့က ရေခဲလမြို့သို့ ပြန်ရောက်လာသော အချိန်တိုင်းတွင် ပိုမိုသန်မာလာသည်။

ဤတစ်ကြိမ်တွင် သူမကပင် ရင်ထိတ်သွားရသည်။

‘လောကမှာ ဒီလိုမျိုး လျင်လျင်မြန်မြန်တိုးတက်လာတဲ့လူတွေ ရှိနေသေးတာလား’

‘စကြဝဠာနယ်မြေမှာတောင် ဒီလိုလူမျိုး မရှိလောက်ဘူး’

“အရောင်းအဝယ်တွေက ဘယ်လိုနေလဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး မူယွဲ့ရုပ်သေးရုပ်ကို ကြည့်သည်။

သူက ရုပ်သေးရုပ်နှင့် သဘောတူထားခဲ့သည်။ သူမက ရေခဲလမြို့ကို ကူညီပေးရမည်။ ဟန်မူယဲ့က သူမကို အစ်အမှန် သက်ရှိဖြစ်လာအောင် ကူညီပေးမည်။

မူယွဲ့ရုပ်သေးရုပ်က အဓိကအားဖြင့် ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကို ထိန်းချုပ်ထားသည်။

ဟန်မူယဲ့က သာမန်ပစ္စည်းများကို ဂရုမစိုက်သော်လည်း တချို့ပစ္စည်းများကိုတော့ လိုအပ်သည်။

ဥပမာအနေဖြင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် အစိတ်အပိုင်းများ ဖြစ်ကြသည်။

“ငါက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူနေတာကြောင့် နတ်ဘုရားတစ်သောင်းဘုရားကျောင်းရဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်မိနေပြီ”

မူယွဲ့ရုပ်သေးရုပ်က စကားပြောလိုက်ပြီး သေတ္တာတစ်လုံးကို ထုတ်ပေးသည်။

ဟန်မူယဲ့က သေတ္တာကို ယူလိုက်ပြီး စစ်ဆေးကြည့်သည်။ သူက ပြုံးသည်။

ထိုသေတ္တာထဲတွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ငါးရုပ်အပြင် ရုပ်သေးရုပ် ခုနစ်ရုပ်၊ ရှစ်ရုပ်ခန့်၏ အစိတ်အပိုင်းများ ရှိနေသည်။

ထိုပစ္စည်းများကို တခြားနေရာတွင် ရှာဖွေရန် မလွယ်ပေ။

မြို့ကြီးများက ကမ္ဘာဦးအဆင့် ပစ္စည်းများကို ဈေးကွက်ထဲသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။

နတ်ဘုရားတစ်သောင်း ဘုရားကျောင်းကသာ ကမ္ဘာဦးအဆင့် ပစ္စည်းများကို ရောင်းဝယ်နိုင်သည်။

ထိုပစ္စည်းများအတွက် မူလဒင်္ဂါး သန်းသုံးသောင်းခန့် ကုန်ကျခဲ့သည်။

မူလဒင်္ဂါးများသည် အရေးမကြီးပေ။ တခြားနေရာတွင် မဝယ်နိုင်သော ဤရတနာများကသာ အရေးကြီးသည်။

“စိတ်မပူပါနဲ့။ ငါက အစိတ်အပိုင်းတချို့နဲ့ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို တပ်ဆင်ပြီး ပြန်ရောင်းဖို့ ပေးမယ်”

“အဲဒါဆိုရင် ကိုယ်ပိုင်ရုပ်သေးရုပ်ကို တပ်ဆင်ဖို့ ရုပ်သေးရုပ်နဲ့ အစိတ်အပိုင်းတွေ ဝယ်ယူနေတဲ့အကြောင်း နားလည်သွားလိမ့်မယ်”

ဟန်မူယဲ့က သေတ္တာကို သိမ်းလိုက်ပြီး ညင်သာစွာပြောသည်။

သူက ကမ္ဘာဦးအဆင့် အစိတ်အပိုင်းများကို သန့်စင်ပြီး ကိုယ်ပိုင်ပန်းပဲစွမ်းရည်ကို စမ်းသပ်ကြည့်ချင်သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို သန့်စင်နိုင်လျှင် ပန်းပဲပညာရှင်အစည်းအရုံး၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့က ပန်းပဲစွမ်းရည်ကို စမ်းသပ်ပြီး ရုပ်သေးရုပ်များကို ပြန်လည်ရောင်းချမည်။

ထိုနည်းလမ်းဖြင့် နတ်ဘုရားတစ်သောင်း ဘုရားကျောင်း၏ သံသယကို ပယ်ဖျက်နိုင်မည်။

ဟန်မူယဲ့က မူယန်လေဟာနယ်၏ ခရီးစဉ်မှတစ်ဆင့် ကြယ်စင်စုစကြဝဠာတွင် အလွန်များပြားသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ ရှိနေကြောင်း သိခဲ့ရသည်။

ကုန်းမြေတွင်ရှိသော မြို့များတွင် ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များ သိပ်မရှိကြပေ။ ထို့အပြင် ကျင့်ကြံသူများ၏ နိမ့်ကျသော ခွန်အားကြောင့် ထိုပစ္စည်းများကို အပြည့်အဝ အသုံးပြုနိုင်ရန် ခက်ခဲသည်။

သို့သော် လေဟာနယ်တွင် မတူပေ။

လေဟာနယ်မြို့များတွင် ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများ ရှိကြသည်။

နတ်ဘုရားအဆင့်တွင်ရှိသော ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။ နတ်ဘုရားအဆင့်တွင်ရှိသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများသည် အတူတကွ ပူးပေါင်းပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထိရောက်စွာ အသုံးပြုနိုင်သည်။

ကမ္ဘာဦးအဆင့်၏ အထွတ်အထိပ်ဖြစ်သော စကြဝဠာတစ်ဝက်အဆင့် ကျွမ်းကျင်သူများသည် ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီး လောကကို လွှမ်းမိုးထားသည်။

ဟန်မူယဲ့၏ လက်ရှိခွန်အားသည် သူ့တို့ထက် အနည်းငယ်သာ သန်မာသည်။

သို့သော် သူက စကြဝဠာအဆင့် လက်နက်ကို ပိုင်ဆိုင်ထားသည်။ ထိုလက်နက်၏ အကူအညီဖြင့် စကြဝဠာအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်သည်။

ရေခဲလမြို့တွင် ဟန်မူယဲ့က အစိတ်အပိုင်းအသစ်များကို သန့်စင်ပြီး တခြားအစိတ်အပိုင်းများနှင့် ပေါင်းစပ်၍ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ၃၂ရုပ်ကို ဖန်တီးခဲ့သည်။

သူ့တွင် အလွန်များပြားသော အစိတ်အပိုင်းနှင့် ပျက်စီးနေသော ရုပ်သေးရုပ်များ ရှိနေခဲ့သည်။

ရေခဲလမြို့၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကိုလည်း ပြန်လည်ပြုပြင်ခဲ့သည်။

ရုပ်သေးရုပ် ၃၂ရုပ်ထဲတွင် ဆယ်ရုပ်ကို ပြန်လည်ရောင်းချရန်အတွက် မူယွဲ့ရုပ်သေးရုပ်ဆီသို့ ပေးလိုက်သည်။

ထိုပစ္စည်းများသည် လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။

ထို့အပြင် ရုပ်သေးရုပ်များကို ရောင်းချခဲ့သောကြောင့် နတ်ဘုရားတစ်‌သောင်း ဘုရားကျောင်း၏ သံသယကိုလည်း ဖယ်ရှားနိုင်ခဲ့သည်။

ရောင်းချထားသော ရုပ်သေးရုပ်များတွင် အစိတ်အပိုင်းအသစ် ၃၀%ခန့်ကို မြင်နေရသည်။

ထို့ကြောင့် ရေခဲလမြို့၏ နောက်ကွယ်တွင် အားကောင်းသော ပန်းပဲပညာရှင်တစ်ယောက် ရှိနေလိမ့်မည်။

ထိုရုပ်သေးရုပ်များကို ရောင်းချလိုက်ပြီး ရေခဲလမြို့က မူလဒင်္ဂါး သန်းငါးသောင်းကို ပြန်ရခဲ့သည်။ ထို့အပြင် ဖိတ်ကြားစာနှင့် အလုပ်အပ်စာများလည်း ရောက်လာကြသည်။

သူတို့အားလုံးက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ပြုပြင်ပေးရန် တောင်းဆိုနေကြသည်။

ကမ်းလှမ်းထားသော ဈေးနှုန်းက ကောင်းမွန်သည်။ အများစုက စစ်မှန်ကြသည်။

ဟန်မူယဲ့က အလုပ်တချို့ကို လက်ခံလိုက်ပြီး ခန်းဆောင်မှတစ်ဆင့် ပြုပြင်ရမည့် ရုပ်သေးရုပ်ကို ပေးပို့စေခဲ့သည်။ ထို့နောက် ရုပ်သေးရုပ်ကို ပြင်လိုက်ပြီး ပြန်ပို့ပေးသည်။

ထိုဖြစ်ရပ်ကြောင့် နတ်ဘုရားတစ်သောင်း ဘုရားကျောင်းတွင် ဟန်မူယဲ့က နာမည်ကြီးလာသည်။

အထူးသဖြင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တစ်ရုပ်တွင် ပြန်လည်ပြုပြင်ခဲ့သော အစိတ်အပိုင်းများက တစ်ဝက်ကျော်နေသည်။

ယခင်က ထိုသို့ တစ်ဝက်ကျော်ပျက်စီးနေသော ရုပ်သေးရုပ်များကို မည်သူမှ မပြုပြင်နိုင်ပေ။ အစိတ်အပိုင်းများကိုသာ ဖြုတ်ယူခဲ့ကြသည်။

ထိုရုပ်သေးရုပ်ကို ပိုင်ရှင်က တန်ဖိုးထားသောကြောင့် ယခုအချိန်အထိ ထိန်းသိမ်းထားခဲ့သည်။

ဟန်မူယဲ့က ရုပ်သေးရုပ်ကို ပြုပြင်နိုင်သောကြောင့် တစ်ဖက်လူက ဆုကြေးကို နှစ်ဆတိုးပေးခဲ့သည်။

နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ လူများက ဟန်မူယဲ့၏စွမ်းရည်ကို နားလည်သွားကြသည်။

သူက တစ်ဝက်ကျော်ပျက်စီးနေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ပြန်လည်ပြုပြင်ပေးခဲ့သောကြောင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်အသစ်များကို ကိုယ်တိုင် ဖန်တီးနိုင်လိမ့်မည်။

ယခုအချိန်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ဖန်တီးနိုင်သော လူများသည် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူတချို့မှလွဲ၍ ပန်းပဲပညာရှင်အစည်းအရုံး၏ အဓိကအကြီးအကဲများသာ ရှိသည်။

အဓိကအကြီးအကဲ ဆယ့်ရှစ်ယောက်တွင် ငါးယောက်က ရုပ်သေးရုပ်များကို ပြုပြင်နိုင်သည်။

ဟန်မူယဲ့က ရေခဲလမြို့တွင် ၂နှစ်ကြာအောင် နေထိုင်ပြီး ကုန်းမြေသို့ ထွက်လာခဲ့သည်။

သူက ဘုရားမြို့သို့ ရောက်လာသောအခါ ပတ်ဝန်းကျင်ကို မှတ်မိနိုင်ရန် ခက်ခဲနေသည်။

အလုပ်ရုံများသည် သူထွက်သွားသောအချိန်ထက် အဆပေါင်းဒါဇင်ချီ၍ ပိုမိုကြီးမားနေသည်။

သူတို့က ဘုရားမြို့ကို ဝိုင်းရံထားကြသည်။

ယခင်က ဘုရားမြို့၏ တည်နေရာသည် ယခုအချိန်တွင် အဆင့်မြင့်နေရာ ဖြစ်သွားသည်။

မြို့ငယ်များသည် ဘုရားမြို့၏ ပတ်ပတ်လည်တွင် ပြန့်ကျဲနေကြသည်။

သူတို့အားလုံးသည် ဟယ်မိသားစုနှင့် အလုပ်ရုံတွင် အလုပ်လုပ်ကြသည်။

“ဆရာဟန်”

ဟယ်ရန်စွန်းက ဟန်မူယဲ့ကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားနေသည်။

ဟယ်မိသားစုအိမ်တော်သည် ယခင်အတိုင်းသာဖြစ်သည်။

သို့သော် ဤနေရာသည် ဘုရားမြို့၏ ဗဟိုချက် ဖြစ်သည်။

ဟယ်ရန်စွန်းတစ်ယောက်တည်းကသာ ဟန်မူယဲ့ကို လာတွေ့ခြင်း မဟုတ်ပေ။ ဟယ်သခင်မ၊ နာမည်ပြောင်းလိုက်သော ဟယ်မိုရန်၊ ဟယ်ကျူနှင့် နလန်ယွင်ဟွေတို့လည်း ရောက်လာကြသည်။

ဟယ်ရန်စွန်း၏ မိသားစုသည် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။

သူတို့ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ခံစားချက်များဖြင့် သက်ပြင်းချသည်။

ကျင့်ကြံခြင်းလမ်းစဉ်သည် ကြမ်းတမ်းသည်။ သူ၏ သက်တမ်းတစ်လျှောက်တွင် ပြန်လည်ပေါင်းစည်းနိုင်သော မိသားစုများကို သိပ်မတွေ့ရပေ။

ဟယ်ရန်စွန်းက ဧည့်ခံပွဲပြုလုပ်ပြီး ဘုရားမြို့၏ လူဟောင်းများကို ဖိတ်ခေါ်ခဲ့သည်။

သို့သော် ဘုရားမြို့တွင် ဟန်မူယဲ့မှတ်မိသောလူများ သိပ်မရှိတော့ပေ။

ယုချန်တောက်နှင့် တခြားလူများသည် တခြားမြို့ကြီးများတွင် ကျင့်ကြံရန် ထွက်သွားကြသည်။

သူတို့က မူပိုင်ခွင့်ကို ရရှိထားသောကြောင့် အရင်းအမြစ်အတွက် စိုးရိမ်နေရန် မလိုအပ်ပေ။ သူတို့က ဘုရားမြို့တွင် ဆက်ရှိနေလျှင်လည်း အဓိပ္ပာယ်သိပ်မရှိပေ။

သူတို့က ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရဦးမည်။

ဘုရားမြို့တွင် အနားယူရန် စီစဉ်ခဲ့သော ချန်မြောင်ကလည်း မရှိပေ။ သို့သော် သူ၏ မြေးဖြစ်သူ ချန်တင်းအာက ဘုရားမြို့တွင် ကျန်နေခဲ့သည်။

ကျန်းတင်းအာက လူသားဝိညာဉ်နှင့် ဇီဝရုပ်သေးရုပ် ဖြစ်သည်။

ထိုရုပ်သေးရုပ်သည် စကြဝဠာအဆင့် ကျင့်ကြံသူများအတွက် ဖြစ်သည်။

ချန်တင်းအာက ထိုရုပ်သေးရုပ်မျိုးကို ပိုင်ဆိုင်နိုင်သည့်အတွက် ကံကောင်းသည်ဟု ပြောရမည်။

သို့သော် ချန်တင်းအာ၏ ရုပ်သေးရုပ်က ပြီးပြည့်စုံမှုမရှိပေ။ မူယွဲ့ရုပ်သေးရုပ်ကဲ့သို့ အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို မထုတ်လွှတ်နိုင်ပေ။

ဧည့်ခံပွဲ အဆုံးသတ်ပြီး တခြားလူများ ထွက်သွားသောအခါ ဟယ်ရန်စွန်းက ဟန်မူယဲ့ကို ဦးညွတ်သည်။

“ဆရာဟန်၊ ဒါက အလုပ်ရုံရဲ့ အကျိုးအမြတ်တွေပါ”

ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ဟန်မူယဲ့၏ အခြေခံအုတ်မြစ်အဖြစ် ဤနေရာတွင် အလုပ်လုပ်ခဲ့သည်။

သူတို့၏ ကြွယ်ဝမှုကို မည်သူမှ မခန့်မှန်းနိုင်ပေ။

ဟယ်ရန်စွန်းကသာ သိလိမ့်မည်။

ဟယ်မိုရန်က ဟယ်ရန်စွန်းကို မေးကြည့်ဖူးသည်။

သို့သော် အဖြေမရခဲ့ပေ။

ဟန်မူယဲ့က စာရင်းစာအုပ်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

မရေမတွက်နိုင်သော မူလဒင်္ဂါးများ ရှိနေသည်။

သူက ထိုပမာဏကို ကြည့်နေရန် စိတ်မဝင်စားတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုမူလဒင်္ဂါးများကို ကုန်စင်အောင်အသုံးပြုရန် မဖြစ်နိုင်ပေ။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ငွေရောင်ခေတ်ကို စတင်ခဲ့သောကြောင့် ထိုသို့ များပြားသော ကြွယ်ဝမှုများကို စုဆောင်းနိုင်ခဲ့သည်။

အဏုကြည့်မျက်လုံးနှင့် တခြားကိရိယာများသည် အစသာဖြစ်သည်။

မူပိုင်ခွင့်ဖြစ်စေ၊ နေရာအနှံ့မှ ရရှိလာသော အကျိုးအမြတ်ဖြစ်စေ အရာအားလုံးသည် ပန်းပဲပညာရှင်များနှင့် ပတ်သတ်နေသည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့ အမြတ်ရလျှင် ပန်းပဲပညာရှင်များအားလုံး အကျိုးခံစားနိုင်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့က ခေတ်သစ်တစ်ခုကို ကိုယ်စားပြုသည်။

ဟန်မူယဲ့က မူလဒင်္ဂါးများကိုသာ ကြည့်ရသေးသည်။ တခြားအရင်းအမြစ်များကို ထည့်တွက်လိုက်လျှင် ပိုမိုများပြားနေလိမ့်မည်။

သို့သော် ဟန်မူယဲ့၏အမြင်တွင် ဟယ်ရန်စွန်း၏ စွမ်းရည်သည် ကြွယ်ဝမှုကို စုဆောင်းခြင်းမဟုတ်ပေ။

သူက ကြွယ်ဝမှုနှင့် အရင်းအမြစ်ကို အသုံးချပြီး အလုပ်ရုံနှင့် ကုန်သွယ်‌ရေးအဖွဲ့များကို ချုပ်နှောင်ထားနိုင်သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် တခြားအဖွဲ့များနှင့် ပူးပေါင်းပြီး မဟာမိတ်အသစ်ကို တည်ထောင်နေသည်။

စီးပွားရေးမဟာမိတ် ဖြစ်သည်။

ထိုအဖွဲ့သည် အစည်းအရုံးကြီးလေးခုနှင့် မပတ်သတ်ဘဲ နတ်ဘုရားတစ်သောင်းဘုရားကျောင်းနှင့် ခြားနားသည်။ ထို့အပြင် အစပိုင်းသာ ရှိသေးသည်။

ခေတ်သစ်တစ်ခု၏ အကူးအပြောင်းနှင့်အတူ သူတို့က မဟာမိတ်အသစ်ကို အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့သည်။

ထိုမဟာမိတ်သည် ပေါ့ပါးပြီး အကျိုးအမြတ်အတွက်သာ ဖြစ်သည်။

သို့သော် ပြောင်းလဲမှုတစ်ခု ဖြစ်နေသည်။

ဟန်မူယဲ့က စာရင်းစာအုပ်ကို ပြန်ပေးလိုက်သည်။

ဟယ်ရန်စွန်းက ယခုအချိန်အထိ သူတော်စင်အဆင့်တွင်သာ ရှိနေသည်။

သူက နတ်ဘုရားအဆင့်သို့ မတက်ရောက်သေးပေ။

သို့သော် သူ၏ တိုက်ခိုက်နိုင်စွမ်းက သန်မာသည်။

ခေးအော့နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ လေ့ကျင့်မှုကြောင့် သူက ပိုမိုသန်မာလာခဲ့သည်။

“ရန်စွန်း၊ ငါက ဘုရားမြို့နဲ့ အလုပ်ရုံကို နေရာပြောင်းချင်တယ်”

ဟန်မူယဲ့က ပြောလိုက်သည်။

ထိုစကားများကြောင့် ဟယ်ရန်စွန်းက ကြောင်အသွားသည်။

‘နေရာပြောင်းမှာလား’

“လေဟာနယ်မှာ မြို့ကြီးတစ်မြို့ ရှိတယ်”

ဟန်မူယဲ့၏ စကားကြောင့် ဟယ်ရန်စွန်းက နားမလည်နိုင်ဖြစ်နေသည်။

ဟန်မူယဲ့တွင် မြို့ကြီးတစ်မြို့ရှိကြောင်း သူသိသည်။ ရေခဲလမြို့ ဖြစ်သည်။

ဘုရားမြို့က ရေခဲလမြို့နှင့် မပေါင်းစပ်ချင်သောကြောင့် ကုန်းမြေတွင် နေထိုင်ခဲ့သည်။

‘အခု ဆရာဟန်က အင်အားစုနှစ်ခုကို ပေါင်းစပ်တော့မှာလား’

“ရေခဲလမြို့ မဟုတ်ဘူး”

ဟန်မူယဲ့က ပြောလိုက်ပြန်သည်။

ဟယ်ရန်စွန်းက မျက်လုံးပြူးသွားသည်။

‘တခြားမြို့တစ်မြို့လား’

ဒုတိယမြောက် လေဟာနယ်မြို့ ....

“ဒီမှာရှိတဲ့ အလုပ်ရုံနဲ့ ဘုရားမြို့ကို ရွှေ့ပြောင်းလိုက်မယ်။ မင်းက အဲဒီမြို့ကို တာဝန်ယူလိုက်လေ။ ဘယ်လိုလဲ”

All Chapters