← Chapters

အခန်း (၁၃၃၀)

Vol. 95 Ch. 1330

အခန်း (၁၃၃၀)

Vol. 95 Ch. 1330

ရှုအောင်းက အနည်းငယ် အံ့အားသင့်နေပြီး ပျော်ရွှင်သွားပုံရသည်။

“ဆရာတူအစ်ကိုကြီး အဲဒါက .... ဆရာဟန်လား”

“ဆရာဟန်က အစည်းအရုံးရဲ့ အဓိကအကြီးအကဲတစ်ယောက် ဖြစ်တော့မယ်လို့ ကြားခဲ့တယ်”

သူ့စကားကြောင့် ပတ်ဝန်းကျင်က ဆူပွက်သွားသည်။

ဆရာဟန်၏နာမည်ကို လူတိုင်းက သိကြသည်။

ငွေရောင်ခေတ်ကို တစ်ဦးတည်းခွန်အားဖြင့် တွန်းပို့ခဲ့သော ကြွယ်ဝချမ်းသာသည့် ဆရာဟန်ကို လူတိုင်းက လေးစားကြသည်။

“ဟားဟား၊ စမ်းသပ်ပွဲပြီးမှ ပြောကြတာပေါ့”

လောယန်ဟုအမည်ရသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရယ်သည်။ ထို့နောက် ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်သည်။

ဟန်မူယဲ့၊ ကျန်းရှန်မင်၊ ချီကျူးကျန်း၊ ရှုအောင်း .... တစ်ယောက်လိုနေသေးသည်။

“စမ်းသပ်ပွဲမှာ ဘယ်သူပါအုံးမလဲ”

လောယန်က ပတ်ဝန်းကျင်ကို ကြည့်သည်။

လူတိုင်းက နောက်ဆုတ်သွားကြသည်။

‘ရှုအောင်း၊ ချီကျူးကျန်းတို့နဲ့ ဝင်ပါရမှာလား’

‘ငါတို့က နောက်ဆုံးနေရာကို ရောက်သွားပြီး တံဆိပ်ပြားရဖို့ သုံးနှစ်လောက် စောင့်နေရမှာပေါ့’

လောယန်က မျက်မှောင်ကြုတ်သည်။

“ငါက လူပြည့်သွားအောင် ဝင်ပါလိုက်ရင်ရော ဘယ်လိုလဲ”

သိပ်မဝေးသောနေရာတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

နွမ်းလျသော အဝတ်များနှင့် မုတ်ဆိတ်ငုတ်တိုတချို့ ရှိနေသော သက်လတ်ပိုင်းအရွယ် ပန်းပဲပညာရှင်တစ်ယောက်က ရှေ့ထွက်လာသည်။

သူက အဆင့်ကိုးပန်းပဲပညာရှင် ဖြစ်သည်။

“ကောင်းတယ်။ ငါတို့မှာ လူပြည့်သွားပြီ။ စမ်းသပ်ပွဲအတွက် ခန်းဆောင်ကို သွားကြရအောင်”

“စိတ်ချပါ။ ဝမ်ကျင်းမြို့ရဲ့ စမ်းသပ်ပွဲတွေက မျှတမှုရှိတယ်။ စမ်းသပ်မှုတိုင်းကို ဝင်္ကပါနဲ့ ထိန်းချုပ်ပြီး စောင့်ကြည့်နေတယ်။ လှည့်စားတာမျိုး မရှိစေရဘူး”

လောယန်က စကားပြောလိုက်ပြီး ခန်းဆောင်ဆီသို့ ဦးတည်သည်။

သူက ရှုအောင်းနှင့် ချီကျူးကျန်းကို ရှေ့မှ သွားစေသည်။

ဟန်မူယဲ့က လူဖြည့်ရန် ရောက်လာသော ပန်းပဲပညာရှင်ကို လှည့်ကြည့်သည်။ သူက ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်ပြသည်။

လူတိုင်းက သူ့နာမည်ကို မမေးခဲ့ကြပေ။

သို့သော် ဟန်မူယဲ့က သူ့ကို မြင်ဖူးသည်။

ဟယ်ရန်စွန်း၏စကားအရ သူ့ကို အလုပ်ရုံသို့ ခေါ်‌ဆောင်နိုင်လျှင် တစ်နှစ်စာအတွက် လစာသန်းတစ်သောင်း ပေးနိုင်သည်။

သူက ပန်းပဲပညာရပ်ကို စွဲလမ်းနေပြီး အဆင့်သတ်မှတ်ချက်များကို ဂရုမစိုက်ပေ။ ပုံမှန်အတိုင်း သူဖန်တီးလိုက်သော ရုပ်သေးရုပ်များကြောင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ဆုကြေး သန်းတစ်ထောင့်သုံးရာကို ရရှိခဲ့သည်။ သူက အဆင့်ကိုးပန်းပဲပညာရှင် ချူကျန်ကျား ဖြစ်သည်။

အရူးချူဟုလည်း သိကြသည်။

“ညီအစ်ကို၊ ငါတို့ တွေ့ဖူးလား”

ချူကျန်ကျားက ရုတ်တရက် ရပ်တန့်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

သူတို့က တွေ့ဖူးသည်။

ဟန်မူယဲ့က ခပ်ဟဟ ရယ်လိုက်သည်။

“ထားလိုက်ပါတော့။ ငါက လူတွေကို မမှတ်မိဘူး”

ချူကျန်ကျားက လက်ကို ဝှေ့ယမ်းလိုက်ပြီး တီးတိုးရေရွတ်၍ လျင်မြန်စွာ လျှောက်သွားသည်။

သို့သော် ခြေလှမ်းအနည်းငယ်ခန့်အကွာတွင် သူက ရပ်တန့်လိုက်ပြီး ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ သူ့မျက်နှာထားက လေးနက်နေသည်။

“ငါမင်းကို မှတ်မိပြီ”

ချူကျန်ကျားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လက်သီးဆုပ်လျက် တီးတိုးပြောသည်။

“အရင်တစ်ခေါက် ကျူလန်ကြယ်မှာ မင်းက ငါ့ကို စိန်ခေါ်ပြီး ရှုံးနိမ့်သွားတာမဟုတ်လား”

“မင်းက ကျွမ်းကျင်မှုရှိပေမဲ့ ပစ္စည်းရဲ့ ပုံစံကို အရမ်းဂရုစိုက်နေတယ်။ အပေါ်ယံတွေက ငါတို့အတွက် အသုံးမဝင်ဘူး”

ထိုသို့ဖြင့် ချူကျန်ကျားက ရှေ့ဆက်လျှောက်သွားသည်။

ဟန်မူယဲ့က နေရာတွင် ရပ်နေပြီး ရယ်လိုက်သည်။

သူက အမှန်တကယ်ပင် တခြားလူများကို မမှတ်မိပေ။

ဟန်မူယဲ့၊ ကျန်းရှန်မင်၊ ချီကျူးကျန်း၊ ရှုအောင်းနှင့် ချူကျန်ကျားတို့က ခန်းဆောင်ထဲသို့ ရောက်လာသည်။ ထို့နောက် အလင်းလွှာတစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီး ပုံရိပ်များကိုသာ ချန်ရစ်ခဲ့သည်။

ထိုပုံရိပ်များကို လေ့လာချင်သော ပန်းပဲပညာရှင်များနှင့် ဒိုင်လူကြီးများက မြင်နိုင်ကြသည်။

ထိုအရာသည် ဝမ်ကျင်းမြို့တွင် ပုံမှန်သာဖြစ်သည်။

ထိုပုံရိပ်များကို ကြည့်ရှု၍ ကျွမ်းကျင်မှုရှိသော ပန်းပဲပညာရှင်တစ်ယောက်ကို အင်အားစုများက ကမ်းလှမ်းကြလိမ့်မည်။

လူအများအပြားသည် လူသိမခံချင်ကြပေ။ ထို့ကြောင့် ပုံရိပ်များသည် မှုန်ဝါးနေပြီး ခွဲခြားကြည့်ရန် မဖြစ်နိုင်ပေ။

“သူတော်စင်အဆင့် စမ်းသပ်ပွဲကို စတင်ပါတော့မယ်။ မင်းတို့ရဲ့ နာမည်ကတ်ပြားနဲ့ စမ်းသပ်မှုကို အသက်သွင်းလိုက်ပါ”

“မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို အဓိကအကြီးအကဲတွေပဲ မြင်နိုင်မှာဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး”

ခန်းဆောင်ထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

အဓိကအကြီးအကဲများကသာ အချက်အလက်များကို သိနိုင်လိမ့်မည်။ အတော်လေး မျှတသည်။

ဟန်မူယဲ့က တံဆိပ်ပြားကို ထိလိုက်သည်။

ရွှေအလင်းသည် အလင်းလွှာပေါ်သို့ ဆင်းသက်လာပြီး ပျောက်ကွယ်သွားသည်။

တခြားလူများကလည်း တူညီစွာ လုပ်ဆောင်လိုက်ကြသည်။

ရွှေအလင်း ပျောက်ကွယ်သွားသောအခါ သူတို့၏ စမ်းသပ်မှုက တရားဝင်စတင်လိုက်သည်။

“ပထမစမ်းသပ်မှု၊ ဝိညာဉ်သတ္တုခွဲခြားခြင်း”

“ဒီမှာ ဝိညာဉ်သတ္တုအမျိုးအစား သုံးသောင်းကျော် ရှိနေတယ်။ ကျပန်းရွေးချယ်လိုက်တဲ့ ဝိညာဉ်သတ္တုတွေကို မင်းတို့က သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မှန်ကန်အောင် ဖြေဆိုရမယ်”

တည်ငြိမ်သောအသံ ပေါ်ထွက်လာသည်။ ထိုအသံက ရုပ်သေးရုပ်များ၏ ထူးသော သတ္တုအသံကို သယ်ဆောင်ထားသည်။

စက်ဝိုင်းက လည်ပတ်နေပြီး မြားတံက နံပတ်တစ်ခုတွင် ရပ်တန့်သွားသည်။

“ပေါင်းသုံးသောင်းအလေးချိန်ကို ခံနိုင်ရည်ရှိပြီး အရည်ပျော်ဖို့အတွက် ဝိညာဉ်မီးတောက်နဲ့ နာရီဝက်ကြာအောင် အပူပေးရတဲ့ ဝိညာဉ်သတ္တု ၁၈၀ကို ရွေးချယ်ရမယ်။ အမှားငါးခုထက် ပိုများလို့မဖြစ်ဘူး”

“နာရီဝက်အချိန်ရမယ်”

စစ်ဆေးမှု၏ စံနှုန်များက ပုံမှန်အတိုင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် လက်ရွေးစင်များ ပါဝင်လာသော်လည်း မပြောင်းလဲပေ။

ဝိညာဉ်သတ္တု ၁၈၀ကို ရွေးချယ်ခြင်းသည် သူတော်စင်အဆင့် ပန်းပဲပညာရှင်အများစုအတွက် မခက်ပေ။

သို့သော် ၁၈၀သည် အခြေခံသတ်မှတ်ချက်တစ်ခုသာ ဖြစ်သည်။

အလင်းလွှာ၏ရှေ့တွင် ဝိညာဉ်သတ္တုများ ပေါ်ထွက်လာပြီး လွင့်မျောနေသည်။

ကျန်းရှန်မင်က အနည်းငယ် စိုးရိမ်နေသည်။ ဤတစ်ကြိမ်တွင် မိသားစုကြီးတစ်ခု၏ လက်ရွေးစင်တစ်ယောက်အပြင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ကပင် ကြိုဆိုရသော ပါရမီရှင်တစ်ယောက် ရှိနေသည်။

ထိုအခြေအနေတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မည်။

သို့သော် လုပ်ဆောင်ချက်မကောင်းလျှင် သူ့ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာရသွားနိုင်သည်။

သူက အသက်ရှူသွင်းလိုက်ပြီး အရင်ဆုံး လှုပ်ရှားသည်။

ကျန်းရှန်မင်က လက်ကို ဆန့်ထုတ်လိုက်သည်။ ရွှေအလင်းစက်ကွင်းသည် သူ့ရှေ့တွင်ရှိနေသော ဝိညာဉ်သတ္တုပေါ်သို့ ကျရောက်သွားသည်။

“ဘန်း”

“ဘန်း”

တချို့ဝိညာဉ်သတ္တုများက ချက်ချင်း ပေါက်ကွဲသွားသည်။

ရွှေအလင်းစက်ကွင်းသည် ပေါင်သုံးသောင်းအလေးချိန်ကို သယ်ဆောင်ထားသည်။

“ဒီလိုမျိုးရွေးချယ်လိုက်တာက မဆိုးဘူး။ ဒါပေမဲ့ တခြားအချက်အလက်တွေ ရှိနေသေးတယ်”

အပြင်ဘက်တွင် အလင်းပုံရိပ်များကို ကြည့်နေသော ဒိုင်လူကြီးနှင့် ပရိသတ်များက ပြောလိုက်ကြသည်။

ကျန်းရှန်မင်၏လှုပ်ရှားမှုကို မြင်နေရသော်လည်း သူ့ပုံစံကိုတော့ ရှင်းလင်းစွာ မမြင်ရပေ။

“ဟုတ်တယ်။ တချို့သတ္တုတွေက ပေါင်သုံးသောင်းအလေးချိန်ထက် ကျော်လွန်ပြီး ခံနိုင်ရည်ရှိတာလည်း ဖြစ်နိုင်တယ်”

“ပြီးတော့ မီးဒဏ်ခံနိုင်တာလည်း ရှိသေးတယ်”

“ကြည့်ရတာ အဲဒီလူက လှုပ်ရှားဖို့ စိတ်အားထက်သန်နေတယ်။ ရှုအောင်း မဖြစ်နိုင်ဘူး”

“သခင်လေးချီလည်း မဖြစ်နိုင်ဘူး။ သခင်လေးချီကို ကြည့်ရတာ အတော်လေး မောက်မာတဲ့ပုံပဲ”

အမျိုးမျိုးသော စကားသံများကို ကြားရသည်။

ဝူကျောက်က သိချင်စိတ်များနှင့် ထိုပုံရိပ်ကို လှမ်းကြည့်သည်။

ထိုလူ၏ပုံစံကို မပြောနိုင်ပေ။

“ဟားဟား၊ လောင်းကြေးထပ်မလား”

ဘေးတွင် ရပ်နေသော ကျူးရှောက်ရှန်က အထင်သေးသော မျက်နှာထားဖြင့် ဝူကျောက်ကို ကြည့်သည်။

ဝူကျောက်၏မျက်နှာက တောင့်တင်းသွားပြီး ခေါင်းခါလိုက်သည်။

သခင်လေးဟန်က သခင်လေးချီထက် သာလွန်နေမည်ဟု ယုံကြည်ချက်မရှိပေ။

သူက အစပိုင်းတွင် တံဆိပ်ပြားထုတ်ယူရန်အတွက် နေရာရောင်းချပြီး အကျိုးအမြတ်တချို့ရရန် စဉ်းစားနေခဲ့သည်။ သို့သော် ယခုအချိန်တွင် ထိပ်ဆုံးနေရာ နှစ်ခုကို ရှုအောင်းနှင့် ချီကျူးကျန်းက သေချာပေါက် ရသွားလိမ့်မည်။

ကျန်းရှန်မင်က လှုပ်ရှားလိုက်သောအခါ ချီကျူးကျန်းက ဘေးတွင်ရှိနေ‌သော ရှုအောင်းကို ကြည့်လိုက်ပြီး လက်ကို ဆန့်ထုတ်သည်။

သူက အပြင်ဘက်တွင် အနည်းငယ် အရှက်ရခဲ့သောကြောင့် ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းသိမ်းချင်သည်။

သူက လက်ဝါးဖြန့်လိုက်ပြီး အစိမ်းရောင်မီး‌တောက်ကို ထုတ်လွှတ်သည်။

ထိုမီးတောက်က ရင်တုန်စေနိုင်သော စွမ်းအားကို သယ်ဆောင်ထားသည်။ အပူဓာတ်သည် အပြင်ဘက်သို့ လျှံထွက်လာတော့မည်ဟု ထင်ရသည်။

သူက ဖိအားကိုအသုံးမပြုဘဲ မီးတောက်ကို အသုံးပြု၍ ဝိညာဉ်သတ္တုများကို ရွေးချယ်ခဲ့သည်။

ဝိညာဉ်သတ္တု အများအပြားသည် ချက်ချင်း ပြာကျသွားသည်။ သုံးလေးခုခန့်သည် လျင်မြန်စွာ ပျော့ပြောင်းလာပြီး နှစ်ခုကသာ အကောင်းအတိုင်း ကျန်နေခဲ့သည်။

ချီကျူးကျန်းက ဝိညာဉ်သတ္တုနှစ်ခုကို ဖယ်ထားလိုက်သည်။

“ဒီလိုမျိုး အားကောင်းတဲ့ ဝိညာဉ်မီးတောက်က ထူးခြားတယ်။ ရရှိဖို့ မလွယ်ဘူး”

အပြင်ဘက်တွင်ရှိသော သူတော်စင်အဆင့် ပန်းပဲပညာရှင်တစ်ယောက်က ဝိညာဉ်မီးတောက်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

“အဲဒါက သခင်လေးချီမဟုတ်ရင် ရှုအောင်းပဲ ဖြစ်လိမ့်မယ်။ ပါရမီရှင်တွေ ဖြစ်သင့်ပါတယ်”

“ငါတို့ ပန်းပဲပညာရှင်တွေမှာ လုံလောက်တဲ့ကြွယ်ဝမှု ရှိသင့်တယ်မဟုတ်လား”

“ဆရာဟန်လိုမျိုး ပန်းပဲပညာရှင်က ငါတို့အတွက် စံပြပဲ”

ရှေ့တွင်ရှိသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စကားမပြောပေ။

ထိုလူက ရှုအောင်းမဟုတ်ပေ။ ရှုအောင်းက ထိုအကွက်မျိုးကို ထုတ်သုံးမည်မဟုတ်ပေ။

သူတို့က လှုပ်ရှားရန် ကျန်ရှိနေသော လူသုံးယောက်ကို သိချင်စိတ်များနှင့် ကြည့်လိုက်ကြသည်။

ဟန်မူယဲ့၊ ရှုအောင်းနှင့် ချူကျန်ကျားတို့က ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများကို ကြည့်နေကြသည်။

ခဏအကြာတွင် ကျန်းရှန်မင်နှင့် ချီကျူးကျန်းတို့က ဒါဇင်ချီသော ဝိညာဉ်သတ္တုများကို ရွေးချယ်ခဲ့သည်။ ထိုအချိန်တွင် ရှုအောင်းက လှုပ်ရှားလိုက်သည်။

သူက လက်ကို ဆန့်ထုတ်ပြီး ရိုက်ချသည်။

ပြင်းထန်သော မီးတောက်တစ်ခုသည် သုံးပေပတ်းဝန်းကျင်ကို ပြင်းထန်စွာ ဖိနှိပ်သည်။

မီးတောက်နှင့် ဖိအားသည် ပူးတွဲတည်ရှိနေပြီး သုံးပေအတွင်း၌ရှိသော ဝိညာဉ်သတ္တုများအားလုံးကို လွှမ်းခြုံသည်။

ဖိအားကို မခုခံနိုင်သော ဝိညာဉ်သတ္တုများက အက်ကွဲသွားသည်။ မီးတောက်ကို မခုခံနိုင်သော ဝိညာဉ်သတ္တုများက ပြာကျသွားကြသည်။

ချက်ချင်းဆိုသလိုပင် သူက ဝိညာဉ်သတ္တုငါးခုကို ရွေးချယ်ခဲ့သည်။

ထိုဝိညာဉ်သတ္တုများက စံနှုန်းနှင့် ကိုက်ညီသည်။

“အထင်ကြီးစရာကောင်းတယ်။ အဲဒီနည်းလမ်းက သူတော်စင်အဆင့်တွေကြားမှာ ထိပ်တန်းအဆင့်ပဲ”

“အဲဒီလူက ရှုအောင်းဖြစ်လိမ့်မယ်။ သူကပဲ အဲဒီလိုနည်းစနစ်မျိုးကို ထုတ်သုံးနိုင်တယ်”

“သူက ကျူကျင်းကုန်သွယ်ရေးအဖွဲ့ရဲ့ ဆုကြေးကို နှစ်ကြိမ်ရခဲ့တာ မထူးဆန်းတော့ပါဘူး။ အစစ်အမှန်လက်ရွေးစင်ပဲ”

အပြင်ဘက်တွင်ရှိသော လူတစ်ယောက်က တီးတိုးပြောသည်။

ရှုအောင်၏ လက်ဝါးရိုက်ချက်က ပေါ့ပါးသည်။ သူက ခွန်အားနှင့် မီးတောက်ကို တိကျစွာ ထိန်းချုပ်ထားနိုင်သည်။

အပြင်ဘက်တွင်ရှိသော လူအများက ထိုသို့ မလုပ်နိုင်ကြပေ။

“ဟားဟား၊ ဆရာက သူ့ကို မျှော်လင့်ထားတာ မထူးဆန်းတော့ပါဘူး။ သူ့မှာ စွမ်းရည်တချို့ ရှိနေတာပဲ”

လောယန်က အပြုံးတစ်ခုနှင့်အတူ ညင်သာစွာပြောသည်။

သူ့နောက်တွင်ရှိနေသော သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

All Chapters