← Chapters

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 73 Ch. 1083

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 73 Ch. 1083

ဖုန်းချပြီးသည့်နောက် လင်းရီ ရန်စီထံ ဖုန်းဆက်လိုက်သည်။

" မင်း ဘာလုပ်နေတာလဲ... "

" အောက်လက်ငယ်သားတွေနဲ့ အစည်းအဝေး ထိုင်နေတာလေ.. "ရန်စီ ပြောလိုက်ပြီး " ငါက အငြင်းခံ လိုက်ရတယ်ဆိုပေမယ့် ဘ၀က ရှေ့ဆက်နေရဦးမယ် ဟုတ်တယ်မလား... "

" မင်းအလုပ်တွေ ဘေးခဏ ချိတ်ထားလိုက်... ငါမင်းကို တစ်ယောက်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်..."

လင်းရီ ပြောလိုက်ပြီး " စင်ကျူရီ မီဒီယာ ၀င်ပေါက်၀မှာ တွေ့ကြရအောင်... ဘယ်မှာလဲ မင်းသိတယ်မလား...."

" စင်ကျူရီ မီဒီယာ...." ရန်စီ အံ့အားသင့်သွားခဲ့ပြီး " နင် စင်ကျူရီ မီဒီယာနဲ့ ဆက်သွယ်ခဲ့တာလား... "

" အင်း... ငါ အဲ့လူနဲ့ ခုနတင် ဆက်သွယ်ပြီးတာပဲ... အခု သွားကြစို့.... "

" ဒါဆို ငါ အားမနာတော့ဘူးနော်.... "

" ငါနဲ့သာ သောက်ပေး.... "

" ပြဿနာ မရှိဘူး.... ငါ အများကြီး သောက်ပေးလို့ရတယ်...."ရန်စီ ခါးတသိမ့်သိမ့် တုန်သည်အထိ ရယ်မောလိုက်ရင်း " နင်သာ ကြိုပြီး ပြင်ဆင်ထားလိုက်စမ်းပါ... ငါတို့ အချိန်မရွေး စလို့ရတယ်နော်.... ငါတော့ နင် သက်လုံ မလောက်မှာကိုပဲ စိုးရိမ်တယ်.... "

" ခွီးပဲ... "လင်းရီ ရေရွတ်လိုက်ပြီး " ထွက်ခဲ့တော့... သောက်မယ့် ကိစ္စတွေ နောက်မှပြောကြမယ်...."

ဖုန်းချပြီးနောက် လင်းရီ အခွံသာ ကျန်ရစ်ခဲ့သည့် အပေါက်ပါသည့် ခြင်းများကို ကားထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ရန်စီနှင့်တွေ့ရန် ဟန်ပြင်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် S class အနက်ရောင် မာစီးဒီးတစ်စင်း သူ့ရှေ့ ထိုးရပ်လာခဲ့၏။

သို့ပေမယ့် လင်းရီ လျစ်လျူရှုထားလိုက်သည်။ သူ့ အသီးများ အားလုံး ရောင်းထွက်ပြီး ဖြစ်သောကြောင့် အကယ်၍ လိုချင်လျှင်ပင် နောက်တစ်သုတ် စောင့်ရန်သာ ရှိတော့၏။

တစ်ချိန်တည်းတွင် ကားထဲမှ လူနှစ်ယောက် ထွက်လာသည်။

ဒရိုင်ဘာခုံမှ ထွက်လာသည့်သူမှာ သာမန်အ၀တ်အစားများကိုသာ ၀တ်ဆင်ထားသည်။ အသက်က သိပ်မကြီး၊ မျက်နှာ လေးထောင့်စပ်စပ်နှင့် ပြုံးခြင်း မဲ့ခြင်း ကင်းမဲ့နေကာ ဒရိုင်ဘာ တစ်ယောက်နှင့် ဆင်တူအောင် ပြုလုပ်နေတော့သည်။

နှိုင်းယှဉ်ရလျှင် ခရီးသည် ထိုင်ခုံဘက်မှ ထွက်လာသူက သားနားစွာ ၀တ်ဆင်ထားသည်ဟု ဆိုရမည် ဖြစ်၏။ သာမန် ၀တ်စုံပြည့်နှင့် ဖြစ်သော်လည်း ခါးပတ် အကောင်းစားကြီး တစ်ခုကို ပတ်ထားသည်။ ဆံပင်ကိုလည်း သပ်ရပ်စွာ ဆီလိမ်း ဖီးသင်ထားပြီး စွမ်းဆောင်နိုင်စွမ်း ရှိသည့် လူတစ်ယောက်၏ သွင်ပြင်ပင်။

" ငါ့ညီ... မင့် အသီးတွေရော... "၀တ်စုံနှင့်လူမှ မေးလိုက်သည်။

" အကုန် ရောင်းထွက်သွားပြီ... နောက်တစ်သုတ်က လ၀က်နေမှ ရမယ်... အဲ့ခါကျမှ ခင်များ ပြန်လာခဲ့လိုက်.... "

" ရောင်းကုန်သွားလည်း ကိစ္စ မရှိပါဘူး... ငါ မင်းရဲ့ အသီးကို မြည်းစမ်းကြည့်ပြီးသွားပြီ... ငါ ဒီခုလာတာ အသီး၀ယ်ဖို့ မဟုတ်ဘူး.... "၀တ်စုံပြည့်နှင့် လူမှ ပြောလိုက်ပြီး " ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ.... ငါ့နာမည်က ဖန့်ချိန်ကျယ်... ' ကြီးမြတ်သော ' လယ်ယာ တိုးတက်မှု ကုမ္ပဏီ လီမီတက်ရဲ့ အထွေထွေမန်နေဂျာပါ.... "

ပြောရင်းဖြင့် ဖန့်ချိန်ကျယ် သူ၏ စီးပွားရေးကတ်ကို ကမ်းပေးလိုက်သည်။

လင်းရီ မျက်ခုံးပင့်ပြီး တစ်ချက် ယူကြည့်လိုက်၏။

" ဘာကိစ္စလဲ.... "

" ဒီလိုကွာ... ငါ့ မိသားစုက ထန်းချိန် အိမ်ယာမှာ နေတာလေ... မနေ့က ငါ့အစ်မ အသီး ၀ယ်လာတော့ မြည်းကြည့်ရင်းနဲ့ မင်းရဲ့ အသီးတွေက တော်တော်လေး အရသာ ရှိနေတာကို ငါသိလိုက်တယ်.... "ဖန့်ချိန်ကျယ် ပြောလိုက်ပြီး " ဒါနဲ့ ငါလည်း ကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းဆီ ယူသွားပြီး စစ်ဆေးကြည့်လိုက်တော့ မင်းရောင်းနေတဲ့ အသီးတွေထဲမှာ အချိုဓာတ် ၊ ပရိုတိန်း၊ ဖော့စ်ဖရပ်၊ ဒိုင်ရယ်တယ်ရီ ဖိုင်ဘာ ၊ ကယ်လစီယမ်နဲ့ အခြား ဓာတ်တွေ အင်မတန် မြင့်မားတဲ့နှုန်းနဲ့ ပါ၀င်နေတာ‌ကို တွေ့လိုက်ရတယ်... တခြား မျိုးတူ အသီးတွေထက် အဆ ၂၀ ကနေ ၅၀ လောက်အထိကို များတယ်... ဒါကြောင့် ငါမင်းနဲ့ အလုပ်အတူတူ တွဲလုပ်ချင်တယ်.... ငါ့ညီနဲ့ အစ်ကိုတို့ ထိုင်ပြီး အေးဆေး စကားပြောနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.... "

" အဲ့လို မဖြစ်နိုင်တာကိုတော့ ကျုပ် အားနာမိသား... ကျုပ်က အပျော်တမ်း စိုက်ပျိုးရေး လုပ်နေတာ... စိုက်ပျိုးရေးနဲ့ ပိုက်ဆံ အကြီးကြီးတွေ မရှာချင်ဘူး... ပူးပေါင်းပြီး အလုပ်လုပ်မယ့် ကိစ္စကို မေ့လိုက်တော့.... "

" အဲ့လောက်ထိ ငြင်းဆန်ဖို့ မလောသေးနဲ့ဦးလေ... ငါက ရိုးသားလေးနက်မှု အပြည့်နဲ့ လာခဲ့တာပါဟ... အနည်းဆုံး အခွင့်အရေးလေးတော့ ပေးသင့်တာပေါ့.... "

" ဒါပေမယ့် ကျုပ်က တကယ်ကြီး ပိုက်ဆံ ရှားမနေဘူးလေ.... "

လင်းရီ မတုန်မလှုပ် ရှိနေသည်ကို မြင်တော့ ဖန့်ချိန်ကျယ်မှ " ဒါဆို နည်းပညာ ပူးပေါင်းကြရင်ရော .... မင်း ဘာမှ လုပ်စရာ မလိုဘူး.... ငါတို့ကို နည်းပညာပဲ ပံ့ပိုးပေး.... ငါတို့က ကုမ္ပဏီကြီး တစ်ခုဆိုတော့ မင်း စိတ်ချ လက်ချ ယုံကြည်လို့ရတယ်... ငါတို့ မင်းကို ကျိန်းသေပေါက် လှည့်ဖျားမှာ မဟုတ်ဘူး.... "

" နည်းပညာ ပူးပေါင်းဖို့လား.... "

" ဟုတ်တယ်... ငါတို့ အတွင်း အစည်းအဝေးလုပ်ပြီး ဆွေးနွေးပြီးသွားပြီ.... မင်း စိုက်ပျိုးတဲ့ အသီးက ဈေးကွက် အလားအလာကောင်းတွေ အများကြီး ရှိမယ်လို့ ငါတို့ ယုံကြည်တယ်.... ငါတို့ ' ကြီးမြတ်သော' လယ်ယာ တိုးတက်ရေး ကုမ္ပဏီက မင်းရဲ့ စိုက်ပျိုးတဲ့ နည်းစနစ်ကိုပဲ လိုအပ်တယ်... ပြီးတော့ မင်းရဲ့ နည်းပညာကို ၀ယ်ယူတဲ့ အဖိုးအခ အပြင် အစုပေါ်အမြတ် ပမာဏတစ်ချို့ကိုပါ ထုတ်ပေးဦးမှာ.... "ဖန့်ချိန်ကျယ် ပြောလိုက်ပြီး " ဈေးနှုန်းက ငါ့ညီ သေချာပေါက် ကျေနပ်စေမယ်လို့ အာမခံတယ်.... "

" အရင်ဆုံး.... ကျုပ် ပိုက်ဆံ မရှားပါဘူးလို့ ခင်များကို ပြောထားပြီးပြီ... နောက်တစ်ချက်က သာမန်မြေမှာ ဒီလိုသီးနှံမျိုး စိုက်ပျိုးလို့ မရဘူး... ဘယ်လို ပူးပေါင်းမယ့် အကြံအစည်ပဲ ရှိရှိ ‌ခင်များ ခေါင်းထဲကနေ ထုတ်လိုက်တော့.... လုံး၀ မဖြစ်နိုင်ဘူး...."

" အခွင့်အရေး လုံး၀ မရှိတော့ဘူးပေါ့..."ဖန့်ချိန်ကျယ် လေးနက်သည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။

" မရှိဘူး... ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါတော့... ခင်များ ပိုစားချင်တယ်ဆိုရင် နောက်ကျမှ လာခဲ့လိုက်တော့.... "

ရန်စီနှင့်အတူ ရှောင်လီတုံကို တွေ့ရန် ချိန်းဆိုထားသောကြောင့် လင်းရီ ဆက်ပြီး အချိန်ဖြုန်းမနေတော့ချေ။ သူ ကားထဲ၀င်၍ စင်ကျူရီ မီဒီယာဘက် မောင်းသွားလိုက်လေသည်။

လင်းရီ မောင်းထွက်သွားသည်ကို ကြည့်ရင်း ဖန့်ချိန်ကျယ်၏ ဒရိုင်ဘာ ၊ ရောင်ခွန်ဖန့်မှ " ဥက္ကဌဖန့်... တချို့လူတွေကို အားနဲ့ ဒါမှမဟုတ် သွေးဆောင်ပြီး ဖြောင်းဖြလို့ ရမှာ မဟုတ်ဘူး... "

" သာမန်ပါပဲ.... ဒီလို အသီးမျိုးစိတ်ကို တီထွင်နိုင်မှတော့ ကျိန်းသေပေါက် ဘယ်လိုလုပ်ပြီး သာမန်လူ ဖြစ်နိုင်မှာလဲ.... တခြားသူတွေနဲ့ ကွဲထွက်နေမှာ သဘာ၀ပဲလေ.... "ဖန့်ချိန်ကျယ် ပြောလိုက်ပြီး " ဒါပေမယ့် အခု ငါသိချင်တာက သူ့မှာ ဘယ်လို အသီးအမျိုးအစား ရှိနေလဲဆိုတာပဲ.... "

" သူ လိမ်နေတာတော့ မဖြစ်နိုင်ဘူး... သာမန် စိုက်ပျိုးမြေမှာ ဒီလို အသီးမျိုး စိုက်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိဘူး..." ရောင်ခွန်ဖန့် ပြောလိုက်ပြီး " ဒါပေမယ့် သူ ပေးသွားတဲ့ သတင်းအချက်အလက်က နည်းလွန်းတယ်... ဒီအချက်လေးပေါ် မူတည်ပြီး ရှေ့ဆက်ရှာဖို့က မဖြစ်နိုင်သလောက်ပဲ.... "

ရောင်ခွန်ဖန့်မှ ပြဿနာ၏ ဖြေရှင်းရခက်သည့် အချက်ကို မီးမောင်းထိုးပြလိုက်သည်။

ယခု သူ လင်းရီ၏ အခြေခံကျဆုံး သတင်းအချက်အလေးကိုပင် မသိရှိသေးရာ သူ မည်သည့် အသီးမျိုး စိုက်ပျိုးနေလဲဆိုတာ သိရှိရန် မည်သို့မျှ ဖြစ်နိုင်မည်နည်း။

အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ဖန့်ချိန်ကျယ်မှ " ငါ မှတ်မိသလောက်ဆို သူ ရှေ့ နှစ်ရက်တုန်းက တခြား ဟင်းသီးဟင်းရွက်သည် တစ်ယောက်နဲ့ ဈေးအတူရောင်းနေတာမလား.... "

" အဲ့လိုဖြစ်မယ်...."ရောင်ခွန်ဖန့် ပြောလိုက်ပြီး " ကျုပ် အရင်နေ့တွေ ပြန်လာတုန်းက သူတို့ နှစ်ယောက် စကားပြောနေကြတာ တော်တော်လေး ရင်းနှီးကြတဲ့ပုံပဲ... ကြည်ရတာ တစ်နေရာတည်းက အတူ လာခဲ့ကြတာနဲ့တူတယ်.... "

" ငါ့မှာ အကြံတစ်ခု ရှိတယ်.... မင်း သွားပြီး တစ်ချက် စစ်ဆေးကြည့်လိုက် ... "ဖန့်ချိန်ကျယ် ပြောလိုက်ပြီး " ငါတို့ ရှေ့ နှစ်ရက်တုန်းက စောင့်ကြည့်ရေး မှတ်တမ်းတွေ ရနိုင်မလား ကြိုးစားကြည့်... ပြီးရင် ကားနံပါတ်ကို သေချာမှတ်ပြီး လိုင်စင်ကတဆင့် သူတို့ ဘယ်မှာနေလဲ ရှာလိုက်... ခုတော့ အဲ့လိုလုပ်ရုံပဲ တတ်နိုင်သေးတယ်.... ကံစမ်းကြည့်ကြတာပေါ့ကွာ.... "

" နားလည်ပါပြီ ဒါရိုက်တာဖန့်.... "

နာရီ၀က်ကြာပြီးနောက် လင်းရီ ရှောင်လီတုံ၏ စင်ကျူရီ မီဒီယာ ကုမ္ပဏီသို့ ရောက်ရှိလာသည်။

ကုမ္ပဏီက ‌လုံး၀ မသေးပေ။ အရွယ်အစားက ချောင်ရန် အုပ်စုလောက်ကို ရှိ၏။

မီဒီယာ လောကတွင် ယခုလို အရွယ်အစားအထိ ရောက်ရှိနိုင်သည်ကပင် တော်တော်လေး အထင်ကြီးဖို့ ကောင်းနေချေပြီ။

ဤသည်မှတစ်ဆင့် စင်ကျူရီ မီဒီယာ၏ လွှမ်းမိုးမှုသည် နယ်ပယ်ထဲ၌ ဟာသမဟုတ်သည်ကို မြင်တွေနိုင်ပေသည်။

လင်းရီ၏ ကားကို မြင်တော့ ရန်စီ လျှောက်လှမ်းလာခဲ့၏။ မနေ့ကနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူမ ယနေ့ ပို၍ ကောင်းမွန်စွာ ၀တ်ဆင်ထားလေသည်။

အပြာရောင် ဂျင်း ၊ အနက်ရောင် ဘွတ်ခြေနင်းများ ၊ အမျိုးသမီး ၀တ်စုံပြည့်နှင့် အဖြူရောင် ဘလောက်ကို ၀တ်ဆင်ထားသည်။ စွဲမက်ဖွယ်ပုံရိပ်နှင့် ကြဉ်သွယ်သော ခါးရှိသည်။ ဤကဲ့သို့ အမျိုးသမီးက မည်သည့် ယောက်ျားကိုမဆို စွဲဆောင်နိုင်သည်မှာ ကျိန်းသေလေသည်။

ငယ်ရွယ်သူများက ကောင်းမွန်သော်လည်းပဲ အသက်ကြီးပြီး ရင့်ကျက်သည့် အလှတရားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတို့သည်သာ စစ်မှန်သည့် စွဲဆောင်မှုဟု ဆိုရိုးရှိကြသည်မှာ အကြောင်းမဲ့ မဟုတ်ကြောင်းကို ယနေ့တွင်ပဲ လင်းရီ လက်ခံလိုက်မိတော့၏။

" နင်က နေ့တိုင်း လျှောက်ပတ်သွားနေတာကို ဘယ်လိုလုပ်ပြီး စင်ကျူရီ မီဒီယာနဲ့ ဆက်သွယ်မိသွားတာလဲ... "ရန်စီ သူမ ဆံပင်ကို နောက်သို့ သပ်ရင်း မေးလိုက်ပြီး သိပ်ကို ဆွဲဆောင်မှု ရှိလွန်းနေတော့သည်။ " ဒါက အနုပညာ နယ်ပယ်ထဲက ကုမ္ပဏီကြီး တစ်ခုလေ... ဟွာရှမှာ အတိုင်းအတာ တစ်ခုထိအောင်ကို သူတို့က လွှမ်းမိူမှု ရှိတယ်.... "

" တိုက်ဆိုင်သွားလို့ပါကွာ... "လင်းရီ ပြောလိုက်ပြီး " အရင်ဆုံး တက်သွားကြရအောင်... ပြန်တော့မှပဲ မင်းကို အကြောင်းစုံ ရှင်းပြပေးမယ် .. ဟုတ်ပြီလား... "

" အွန်း - အွန်း "

စင်ကျူရီ အဆောက်အုံထဲသို့ ၀င်ရောက်ပြီးနောက် လင်းရီ ဧည့်ကြိုကောင်တာသို့ သွားလိုက်ပြီး ဓာတ်လှေကားစီး၍ ရန်စီနှင့်အတူ ထိပ်ဆုံး အလွှာသို့ ရောက်ရှိလာသည်။

" နင်သေချာပါတယ်နော်... ဒါ နင့်အတွက် ကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုရင် ငါ မလိုချင်ဘူး... "ရန်စီ အနည်းငယ် တုန်လှုပ်စွာဖြင့် ပြောလိုက်ပြီး သူမ အလုပ်ခွင်ထံ ပြန်ရောက်နေသကဲ့သို့ ခံစားနေရလေသည်။

" ယုံကြည်မှု ရှိထားစမ်းပါ... ငါ ဒါကို ရဖို့ ဘာ အနောက်တံခါးမှ သုံးထားရတာ မဟုတ်ဘူ... တစ်ဖက်သူက ဒီတိုင်း ငါ့ကို ပြန်ကူညီပေးချင်ရုံပဲ... "လင်းရီ ပြောလိုက်ပြီး " ပြီးတော့ ငါတို့ မအောင်မြင်ခဲ့ရင်တောင် ပြဿနာ မရှိဘူး... ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာကို ပြဿနာလို့ မခေါ်ဘူး ဟုတ်ပြီလား...."

ဝူးရှ်....

ရန်စီ အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

လင်းရီ သူ့ ဘေးနားတွင် ရှိနေမှတော့ အမှန်ပင် မည်သည်ကိုမျှ စိုးရိမ် ထိတ်လန့်နေရန် မလိုအပ်ချေ....။

All Chapters