← Chapters

ယောက်ျားသားတို့ရဲ့ လောကမှာ ခွန်အားသည်သာလျှင် အဆုံးအဖြတ်

Vol. 73 Ch. 1085

ယောက်ျားသားတို့ရဲ့ လောကမှာ ခွန်အားသည်သာလျှင် အဆုံးအဖြတ်

Vol. 73 Ch. 1085

ရှောင်လီတုံ၏ တည့်တိုးဆန်နေမှုက လင်းရီ မျှော်မှန်းထားသည်ထက် အနည်းငယ် ကျော်လွန်နေသည်။

သူတို့ကို ယခုလို အခြေအနေအထိ ကူညီပေးနေသည်ကပင် အလွန်ကြင်နာနေပြီး ဖြစ်သည်။

“ လက်ရှိ ကုန်ကျစရိတ် အတိုင်းသာဆိုရင် ဘတ်ဂျက် ကွာဟမှုက ယွမ် သန်း ၁၀၀ လောက် ရှိနေတယ်… ဒါပေမယ့် ဒီပရိုဂရမ်က ဈေးကွက်ထဲ တခြား ပရိုဂရမ်တွေနဲ့ ကွာခြားတယ်လို့ ခံစားရတယ်… ဒါကြောင့်မို့ ရှိုးနဲ့ ပတ်သက်ပြီး ကျွန်မ ယုံကြည်ချက် အများကြီး ရှိတယ်.. ဒီထဲ ရင်းနှီးမြုပ်နှံဖို့က ပြဿနာ မရှိဘူး…”

ရှောင်လီတုံ ခေါင်းညိမ့်လိုက်ပြီး ရန်စီနှင့် သဘောတူလိုက်သည်။

ယနေ့ခေတ်တွင် variety show တို့က တိမ်လိုပင် ပေါများလျက်ရှိသည်။ သို့ပေမယ့် ရှိုး၏ ကျောရိုးက တူညီနေသည်ကတော့ အင်မတန် ကြီးမားသည့် ပြဿနာ တစ်ရပ် ဖြစ်နေသည်။ နယ်ပယ်ထဲ လက်ရှိ ဈေးကွက်ကို လှုံ့ဆော်နိုင်ဖို့ရာ ရှိုးအသစ် တစ်ခု လိုအပ်နေပြီဖြစ်၏။

“ ဥက္ကဌရှောင်.. စိတ်အေးအေးထား စဉ်းစားပါဦး..” “ ဖုန်း… ငါကတော့ ဒါရိုက်တာရန်ရဲ့ အကြံက မဆိုးဘူးလို့ ထင်တယ်… ငါတို့ ကြိုးစားကြည့်လို့ရတယ်…” “ ငါတို့ ကြိုးစားကြည့်လို့ရတယ်… ဒါပေမယ့် ငါအကြံပြုချင်တာက ရင်းနှီးမြုပ်နှံမယ့် ပမာဏကို ယွမ် သန်း ၂၀ အောက် လျော့နည်းနိုင်ဖို့ပဲ… ယွမ်သန်း ရာကျော် ရင်းနှီးမြုပ်နှံတယ်ဆိုတာက အရမ်း အန္တရာယ်များလွန်းတယ်… ဒီ အကြောင်း နောက်မှပြောကြတာပေါ့.. တခြား ကိစ္စတွေ အရင်ပြောကြမယ်…”

ရှောင်လီတုံ အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့သည်။ ဦးစွာအနေနှင့် လင်းရီက သူ့ကို ဧရာမ အကူအညီကြီး ကူညီပေးထားခဲ့လေသည်။ အကယ်၍ အခြေအနေသာ ကောင်းမွန်မည်ဆိုပါက သူ လင်းရီကို ပြန်ကူညီပေးရလိမ့်မည်။

နောက်တစ်ချက်အနေဖြင့် ဤပရိုဂရမ်က တော်တော်လေးကို ဆန်းသစ်ပြီး သူ ကြိုးစားကြည့်ချင်နေသည်။ မျှော်လင့်မထားစွာဖြင့် ယွီဖုန်း၏ ငြင်းဆန်ခြင်းကို ခံလိုက်ရသည်။

ယွီဖုန်းကတော့ သူ့ကို မျက်နှာသာ လုံးဝ မပေးခဲ့ချေ။

“ အဆင်ပြေပါတယ်…” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်တို့ ဖုန်းထဲမှာ ပြောထားတဲ့ အတိုင်းပဲလေ… ဒါရိုက်တာ ယွီ လုပ်တာက မှားတယ်လို့ ကျုပ်လည်း မထင်ပါဘူး… ကျုပ်ကို နည်းနည်းလောက်လေးပဲ ကူညီပေးနိုင်တယ်ဆိုရင်တောင် ကျုပ်က ကျေးဇူးတင်လှပြီ….”

ယွီဖုန်း၏ စကားများက လွန်ကဲလှသည်လို့ လင်းရီ မထင်ပေ။ ထိုအစား သိပ်ကို သာမန်ဆန်လွန်းသည်ဟုသာ ခံစားနေခဲ့ရ၏။

ဝန်ထမ်း တစ်ယောက် အနေဖြင့် ကုမ္ပဏီ၏ အကျိုးစီးပွားကို ရှေ့တန်းတင်သည်က အင်မတန် ကောင်းမွန်သည့် အရည်အချင်းပင်။

“ ဒါပေမယ့် ကျုပ်တို့ရဲ့ လက်ရှိ ဘတ်ဂျက်က ဒီရှိုးကို ရိုက်ဖို့ လုံလောက်တာထက် အဝေးကြီးလေ…” “ ကိစ္စမရှိဘူး… ကျန်တာကို ကျုပ်ပေးမယ်… ခင်များရဲ့ အကောင့်နံပါတ်ကိုသာ ပြောလိုက်… ကျုပ်ရဲ့ ဘဏ္ဍာရေး ဌာနကို ပြောပြီး ခဏနေကျရင် လွှဲခိုင်းလိုက်မယ်…” “ ဟင်…”

ရှောင်လီတုံနှင့် ယွီဖုန်းတို့ နှစ်ယောက်လုံး ကြက်သေသေသွားခဲ့ကြသည်။လင်းရီက သာမန်လျှံကာ အမူအရာဖြင့် ယွမ်သန်းရာချီ ရင်းနှီးမြုပ်နှံလိုက်သည် မဟုတ်ပါလား။ အကယ်၍ သူက ဟွာရှရှိ အတော်ဆုံး ခွဲစိတ်ဆရာဝန် ဖြစ်နေလျှင်ပင် ဤမျှ များပြားသည့် ငွေပမာဏ ရှိနေဖို့ရာ မည်သို့မျှ မဖြစ်နိုင်ချေ။

“ ဒါရိုက်တာလင်းက ဒီရှိုးထဲမှာ ယွမ်သန်း ၁၀၀ ကျော် ရင်းနှီးမြုပ်နှံချင်နေတာလား…” ရှောင်လီတုံ အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။

“ အိုး.. ကျုပ် ခင်များတို့ကို ပြောဖို့ မေ့နေတာလေး တစ်ခု ရှိတယ်.. ကျုပ်က ဟွာရှန်းဆေးရုံ နှလုံးဌာနရဲ့ ဒါရိုက်တာတင် မကဘူး.. လင်းယွင် အုပ်စုရဲ့ ဥက္ကဌဆိုလည်း ဟုတ်တယ်.. ယွမ်သန်း ၁၀၀ ကျော်က ကျုပ်အတွက် ဘာမှ မများပါဘူး… ရင်းနှီးမြုပ်နှံမှု အသေးစားလေးလို့ပဲ သတ်မှတ်လို့ရတယ်..”

“ လင်းယွင် အုပ်စု…”

လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိရှိသွားပြီးသည့်နောက် နှစ်ယောက်သား ထခုန်လုနီးပါး ဖြစ်ပျက်သွားခဲ့သည်။

သူတို့နှင့် လင်းယွင်အုပ်စုကြား ထိတွေ့ဆက်ဆံမှု သိပ်မရှိသော်လည်း ကျိုးဟိုင်တွင် ရှေ့မှ ဦးဆောင်နေသည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် လင်းယွင်အုပ်စုအကြောင်း သူတို့ အများအပြား ကြားဖူးကြလေသည်။

နှိုင်းယှဉ်လိုက်မည် ဆိုပါက ကျိုးဟိုင် စင်ကျူရီ မီဒီယာသည် အနှီ ဒိတ်ဒိတ်ကျဲ၏ ရှေ့မှောက်၌ ဘာကောင်မျှ မဟုတ်တော့ချေ။

လင်းယွင်အုပ်စုကြီး၏ သိုဝှက်လွန်းလှသော ဥက္ကဌကြီးက သူတို့ ကုမ္ပဏီသို့ တကယ်ကြီး ရောက်လာလိမ့်မည်လို့ တစ်ခါမျှ ထင်မှတ်မထားသည်မှာ အမှန်ပင်။

သို့‌သော်လည်း ရှောင်လီတုံကတော့ စိတ်ရှုပ်ထွေးလွန်း၍ ကြောင်တောင်တောင် ဖြစ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

‘ မင်းက ဒီလောက် ချမ်းသာနေပြီကို ဘာလို့ ထန်းချိန် အိမ်ယာမှာ သွားပြီး အသီးရောင်းနေရတာတုန်း.. ဒါကြီးကတော့ အရမ်း သိက္ခာကျစရာ ဖြစ်သွားပြီ…’

“ အာ ဟားဟား… ဒီကိစ္စ ဘယ်လိုတောင် ဖရိုဖရဲ ဖြစ်သွားလည်း ကြည့်စမ်းပါဦးဗျာ… ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ဥက္ကဌလင်း…” ရှောင်လီတုံ တောင်းပန်တိုလျှိုးသည့် လေသံဖြင့် ပြောလိုက်သည်။

“ ရပါတယ်… ပုံမှန်ဆို ကျုပ်ကလည်း လူရှေ့ သိပ်မထွက်တော့ ခင်များတို့ ကျုပ်ကို မမှတ်မိတာ ပုံမှန်ပါပဲ… ငွေရေး ကြေးရေး အပိုင်းကိုတော့ ခင်များတို့ ဘာမှ စိတ်မပူနဲ့… တခြား ကဏ္ဍတွေအပေါ်လည်း သေချာ အာရုံစိုက်ပြီး ဒီပရိုဂရမ်ကို အကောင်းဆုံး ရိုက်ကူးနိုင်အောင်သာလုပ်.. “ “ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ … ကျုပ်တို့ သေချာလေး ပူးပေါင်းပေးပါ့မယ်ဗျ..”

လင်းရီ မည်သူဖြစ်ကြောင်း သိရှိသွားပြီးနောက် နှစ်ယောက်မှာ ပို၍ပင် ယဉ်ကျေးလာခဲ့ကြသည်။ သူတို့ ပြောဆိုသည့် လေသံနှင့် သုံးနှုန်းသည့် စကားလုံးတို့ကိုပင် သတိချပ်လျက်ရှိ၏။

ရန်စီ သူမ ဆံပင်ကို နားအနောက်သို့ သပ်လိုက်ရင်း ယခုလို အတွေးဝင်သွားခဲ့၏။

ယောက်ျားသားတွေရဲ့ လောကမှာ ခွန်အားကသာ သော့ချက်ဖြစ်နေဆဲပါလားနော်…

“ ဥက္ကဌလင်း… ကျုပ်တို့ ဒီလိုလုပ်ကြရင်ကော… ကျုပ်တို့ နေရာတစ်နေရာလောက် ရှာပြီး စားရင်း သောက်ရင်း စကားပြောကြတာပေါ့… ခင်များကို ကျုပ် တစ်နပ်လောက်တော့ ဧည့်ခံချင်ပါသေးတယ်..” ရှောင်လီတုံ ပြောလိုက်ရင်း “ ကျုပ် သမီးလေးအတွက် သေချာပေါက်ကို ကျေးဇူးပြန်ဆပ်မှ ဖြစ်မယ်လေ…”

လင်းရီ ရန်စီကို ကြည့်လိုက်ပြီး “ ဘယ်လို သဘောရလဲ…” “ နင် လုပ်ချင်သလို လုပ်လေ… “ “ ဒါဆိုလည်း အတူသွားကြတာပေါ့.. ဘာပဲဖြစ်ဖြစ် စားဖို့ အချိန်တောင် ရောက်နေပြီပဲ…”

“ ဥက္ကဌလင်း.. ဒါရိုက်တာရန်.. ကျေးဇူးပြုပြီး …”

သို့နှင့် လေးယောက်သား ရုံးခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။ လင်းရီနှင့် ရန်စီတို့ ရှေ့မှ လျှောက်လာခဲ့ကြပြီး ရန်စီမှ တီးတိုးလေသံဖြင့် “ ငါက နင့်ကို နည်းနည်းလောက်လေးပဲ ကူညီစေချင်တာဟ… နင့်ကို ပိုက်ဆံ မပေးစေချင်ဘူး..” “ ရင်းနှီးမြုပ်နှံတယ်ပဲ သဘောထားလိုက်ပေါ့… ရိုက်ကူးရေးပြီးသွားရင် မင်းငါ့ကို ကျိန်းသေပေါက် ပြန်ပေးရမယ်..” “ တကယ်လို့ နင် အရှုံးပေါ်သွားမယ်ဆိုရင်ကော… နင့်ပိုက်ဆံတွေ အကုန်လုံး သဲထဲ ရေသွန်သလို ဖြစ်သွားမှာနော်… “ “ ငါ့ပိုက်ဆံတွေ ရှုံးသွားရင်တောင် သာမန်ပါပဲ…” လင်းရီ ပြောလိုက်ပြီး “ ငါ ရင်းနှီးမြုပ်နှံမှုတွေ အများကြီး လုပ်ဖူးတယ်… ဒါပေမယ့် နောက်ဆုံးကျတော့ အရှုံးပေါ်သွားတာချည်းပဲလေ… အဲ့တာတောင် ကြည့် … ငါမင်းရှေ့မှာ အကောင်းအတိုင်းကြီး မတ်တပ်ရပ်နေတယ် မဟုတ်ဘူးလား… ရင်းနှီးမြုပ်နှံတယ်ဆိုတဲ့ နေရာမှာ ဘယ်သူကမှ ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး…” “ အဲ့တာတွေရဲ့ သဘောသဘာဝက မတူညီဘူးလေ…” ရန်စီ မကျေမနပ် ပါးလေးစူဖောင်းသွားခဲ့ပြီး

“ ဘာပဲဖြစ်ဖြစ်ဟာ.. ငါတော့ ကောင်းတဲ့ အကြံလို့ မထင်ဘူး… ခုဟာကြီးက ငါနင့်ကို ပေါ်တင်ကြီး ပိုက်ဆံတောင်းနေသလိုတောင် ဖြစ်နေပြီ…”

“ မင်း ဘာလို့ အဲ့လောက်တောင် အတွေးလွန်နေရတာ…. ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူးလား… ယွမ် သန်း ၁၀၀‌ ကျော်လောက်ကို မပြောနဲ့ ယွမ် သန်း ၁,၀၀၀ ကျော်ဆိုရင်တောင် ရင်းနှီးဖို့ ထိုက်တန်တယ်….” “ လဲသေလိုက်လေ…” ရန်စီ လင်းရီကို မျက်လုံးလှိမ့်လိုက်ပြီး “ အဲ့နှစ်ခုက မတူတဲ့ ကိစ္စတွေကိုပဲ…” “ ဟားဟား…..”

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ် ရှောင်လီတုံနှင့် ယွီဖုန်းတို့သည်လည်း အချင်းချင်း တီးတိုး ပြောဆိုနေခဲ့ကြသည်။

“ ဒီနေ့ ကိစ္စက တော်တော်လေးကို ဒရာမာဆန်တာပဲ.. ငါတို့ လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီးနဲ့ တကယ်ကြီး တွေ့ဖြစ်လိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး… သူက သာမန်လူတွေ တွေ့နိုင်တဲ့ လူစားမျိုး မဟုတ်ဘူး…” ယွီဖုန်းပြောလိုက်သည်။

“ ကံကောင်းတာ ငါတို့ စကားကို တော်တော်ကြီး ယဉ်ယဉ်ကျေးကျေး ပြောခဲ့ကြလို့ပေါ့.. တကယ်လို့များ အပြစ်ပြုမိသွားလိုက်လို့ကတော့ ခုချိန် ပြဿနာ တက်နေလောက်ပြီ…”

“ ငါသိတယ်.. ငါလည်း ခုလေးတင် ပြောခဲ့မိတဲ့ စကားတွေကို တော်တော်လေးလည်း နောင်တရနေပြီ…” “ အေးဆေးပေါ့.. သူက စိတ်သဘောထား သေးသိမ်တဲ့ လူမှ မဟုတ်တာ.. နောင်ကျ သူနဲ့ ပြည့်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်ပေးလိုက်ရင် အဆင်ပြေပြီ.. ငါတို့သာ လင်းယွင်အုပ်စုနဲ့ ပတ်သက်မှု တစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် ငါတို့ ကုမ္ပဏီရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကျိန်းသေပေါက်ကို အကျိုးအမြတ်များမှာ သေချာတယ်..”

“ အမှန်ပဲ… စင်ကျူရီ မီဒီယာရဲ့ မြင့်တက်တော့မယ့် ကာလကို ရောက်လာတော့မယ်…” “ ဒါနဲ့မင်း ဝန်ထမ်းတွေကို ဘယ်လို စီစဉ်ပေးမယ်လို့ စဉ်းစားထားလဲ..” “ ငါလား... ဈေးနှုန်းတွေ မပြောင်းတော့ပဲနဲ့ ငါ နောက်ထပ် A အဆင့် အနုပညာရှင် နှစ်ယောက် ထပ်ခေါ်ပြီး ကျန်တဲ့ ဧည့်သည်တော်တွေကိုကျ B အဆင့်တွေနဲ့ ပြန်အစားထိုးပစ်မယ်.. ငါတို့ ဒီပရိုဂရမ်ကို အောင်မြင်အောင် လုပ်မှကို ဖြစ်မှာ.. ပြီးရင် အပိုကြေးတွေလည်း ထပ်တောင်းရမယ်..”

“ ပြဿနာ မရှိဘူး… ငါတို့ နောက်ထပ် ယွမ် သန်းဆယ်ချီလောက် အေးဆေး ထပ်တောင်းလို့ ရတယ်..” ရှောင်လီတုံ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း ဧည့်သည်တော်တွေကိုတော့ သေချာလေး ရွေးမှ ရမယ်နော်… တချို့တွေက နာမည် တော်တော်ကြီးတယ်ဆိုပေမယ့် သူတို့ရဲ့ ရှိုးပွဲ စွမ်းရည်က ဆိုးရွားလွန်းတယ်… ဒါက ကျိန်းသေပေါက် ရှိုးအပေါ် သက်ရောက်မှုတွေ ရှိလာမှာပဲ… “ “ ငါလခွမ်း ... “ “ လခွီးမို့လို့ ထဆဲနေရသလား… မင်း ငါ့ကို လန့်သေအောင် လာလုပ်နေတာပဲ..”

ယွီဖုန်း ရှောင်လီတုံကို မတူခြားနားသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရှေ့မှ လမ်းလျှောက်နေသည့် လင်းရီကို တစ်ချက်ကြည့်လိုက်သည်။

“ ငါ ရုတ်တရက်ကြီး တစ်ခုကို မှတ်မိသွားလို့ကွ… လတ်တလောလေးတင်ပဲ လူသားနဲ့ တောရိုင်း ဆိုတဲ့ ပရိုဂရမ်ကို TV မှာ ပြနေတယ်မလား… ငါမှတ်မိသလောက် ဘော့စ်လင်းက အဲ့ဒီ အစီအစဉ်ထဲက ယှဉ်ပြိုင်သူ တစ်ယောက်ပဲ…”

“ တကယ်… သူက variety show တွေမှာတောင် ဝင်ပါလိုက်သေးတယ်ပေါ့..ဟုတ်လား…” “ ခဏလေး… ငါ ဖုန်းထုတ်ပြီး သေချာအောင် တစ်ချက်ကြည့်လိုက်မယ်…”

ယွီဖုန်း သူ့ လက်ကိုင်ဖုန်းကို အရေးတကြီး ထုတ်၍ ပရိုဂရမ်ကို ရိုက်ရှာလိုက်သည်။

လင်းရီ၏ ရုပ်သွင် စခရင်ပေါ် တက်လာသည့် အခိုက်အတန့်တွင်တော့ သူတို့ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့ကြလေသည်။

ယွမ်ဘီလီယမ် ချီပြီး ချမ်းသာသည့် ဂုဏ်သိက္ခာကြီးမားလှသော မစ္စတာလင်းသည် အမှန်ပင် variety show တစ်ခုတွင် ဝင်ရိုက်နေလျက်ရှိသည်။

ထို့ပြင် ၎င်းသည်က အလွန်ပင် အန္တရာယ်များသည့် ပရိုဂရမ်တစ်ခုလည်း ဖြစ်နေသေး၏။

သူ့ဦးနှောက်က ဘာတွေကိုများ စဉ်းစားနေလို့ပါလိမ့်…။

“ လင်းယွင်အုပ်စုက ဒီအရွယ်အစားအထိ တိုးတက်လာနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး… ငါတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက သူတို့နဲ့ ယှဉ်ရင် တကယ်ကြီး ကွာဟလွန်းနေတာပဲ…” ယွီဖုန်း သက်ပြင်းချလိုက်သည်။

“ အမှန်ပဲ… ငါသာဆိုလို့ကတော့ သေချာပေါက် ငါ့ကိုယ်ငါ အသီးရောင်းသမား လုပ်နိုင်မှာ မဟုတ်ဘူး… အဲ့တာ ငါတို့ကြား ခြားနားချက်ပဲ..”

All Chapters