← Chapters

သူ အဲ့လောက်ထိ အာဏာရှိလိမ့်မယ်လို့ ကျွန်မ တကယ်ကြီး မသိထားခဲ့ဘူး

Vol. 73 Ch. 1086

သူ အဲ့လောက်ထိ အာဏာရှိလိမ့်မယ်လို့ ကျွန်မ တကယ်ကြီး မသိထားခဲ့ဘူး

Vol. 73 Ch. 1086

“ ခုလောလောဆယ် အဲ့အကြောင်း မပြောကြဦးစို့..” ယွီဖုန်း ပြောလိုက်ပြီး “ ငါ့မှာ အကြံတစ်ခု ရှိတယ်… ငါတို့ ကျောက်ရင်ညန်နဲ့ စာချုပ်ချုပ်ထားတာ မကြာသေးဘူးမလား… တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်ကလည်း အရင်က အတူ အလုပ်လုပ်ဖူးတယ်ဆိုတော့ သေချာပေါက် ရင်းနှီးပတ်သက်မှု တစ်ခု ရှိမှာပဲလေ… အခု သူ့မှာလည်း ပရိသတ် အလုံအလောက်နဲ့ ရေပန်းစားမှုလည်း ရှိနေပြီဆိုတော့ A အဆင့် အနုပညာရှင် တစ်နေရာကို သူ့ဖို့ ချန်လှပ်ထားလိုက်မယ်…”

“ အဲ့တာကောင်းတယ်… မင်း ဒီကိစ္စ ကြည့်လုပ်လိုက်ကွာ…” ရှောင်လီတုံ ခေါင်းညိမ့်လိုက်ပြီး ယွီဖုန်း၏ ပခုံးကို လေးနက်စွာ ပုတ်လိုက်သည်။ “ မြန်မြန် လျှောက်ကြစို့… တော်နေကြာ ဥက္ကဌလင်းတို့ စောင့်နေရဦးမယ်…”

နှစ်ယောက်သား မသိလိုက်စွာဖြင့် ခပ်မြန်မြန် လမ်းလျှောက်လိုက်ကြပြီး ဓာတ်လှေကားထဲသို့ အတူ ဝင်ရောက်လိုက်ကြသည်။

တစ်ချိန်တည်း၌ ကျောက်ရင်ညန်နှင့် သူမ၏ မန်နေဂျာ ကျန်းကျင်းဟွာသည်လည်း အထဲသို့ ဝင်လာကြ၏။

“ မင်္ဂလာပါ မစ်ကျောက်..”

“ မင်္ဂလာပါ မစ်ကျောက်…”

ကျောက်ရင်ညန် ဝင်လာသည်ကို မြင်တော့ စင်ကျူရီ မီဒီယာရှိ ဝန်ထမ်းများမှ သူမကို နှုတ်ဆက်လိုက်ကြ‌လေသည်။

ကျေက်ရင်ညန် ထူးမခြားနားသည့် အမူအရာဖြင့်သာ ခေါင်းညိမ့်ရုံမျှ ညိမ့်ပြလိုက်ပြီး ရှေ့သို့ ဆက်သွားနေလိုက်၏။ ထို့နောက် ကျန်းကျင်းဟွာနှင့်အတူ ဓာတ်လှေကားထံ ဦးတည်လိုက်သည်။

“ လူတစ်ယောက်က အောင်မြင် ကျော်ကြားလာတော့တဲ့ အချိန်ကျမှပဲ အပြင်ထွက် လမ်းလျှောက်ရတာက တကယ့် ဇိမ်ကျမှန်း ခုမှ သိရတော့တယ်နောန… နေကာမျက်မှန်နဲ့ မာ့စ် မတပ်ထားဘူးဆိုရင် ကိုယ်လုံးတီး လမ်းလျှောက်နေရတာနဲ့ ဘာမှကို မခြားတော့ဘူး…” ကျောက်ရင်ညန် ပြောလိုက်၏။ “ အရင်က မိတ်ကပ်မပါဘဲ အပြင်သွားရင် ဘယ်သူမှ လှည့်မကြည့်တဲ့ ငါနဲ့များ တခြားစီပဲ…”

“ မဆန်းပါဘူး.. နင်က အခု ပေါ်ပြူလာ ဖြစ်နေပြီလေ… အရင်က ကျောက်ရင်ညန် မဟုတ်တော့ဘူး… တခြားလူတွေရဲ့ သဘောထားနဲ့ အမြင်ကလည်း နင့်အပေါ် ပြောင်းလဲသွားကြပြီ.. ဒါ ပုံမှန်ပါပဲ…” ကျောက်ကျင်းဟွာ ပြောလိုက်သည်။

“ အင်း.. အစ်မဟွာ ပြောတာ မှန်တယ်..” ကျောက်ရန်ညန် ပြောလိုက်ပြီး “ အရင်တုန်းကဆို ကျွန်မ ကုမ္ပဏီလာပြီး ရှိုးလာရိုက်ရင် ဘယ်သူကမှလည်း မနှုတ်ဆက်ကြဘူး.. မိတ်ကပ်လိမ်းတဲ့သူတွေအစ၊ စက်ကိုင်ဆရာအဆုံး ကျွန်မကို မြင်ရင် တိုက်ရိုက်ကြည့်ကြတာ‌တောင် မဟုတ်ဘူး… ခုဆို မြင်တာနဲ့များ ဆရာမကျောက် ဆရာမကျောက်နဲ့ကို… နေတာ…”

“ လူတစ်ယောက် နာမည်ရှိလာရင် အဲ့လိုပဲလေ… နင် တဖြည်းဖြည်း အသားကျသွားမှာပါ… ဒါပေမယ့် ခုတော့ ငါနင့်ကို တစ်ခု သတိပေးရဦးမယ်… နင်က A အဆင့် အနုပညာရှင် စာရင်းထဲကို ခြေလှမ်းလှမ်းထားနိုင်နေပြီ ဆိုပေမယ့် နင့် အဆင့်အတန်းက မတည်ငြိမ်သေးဘူး.. အဲ့တာကို တည်ငြိမ်အောင်လို့ နည်းလမ်းရှာရမယ်… ဟုတ်ပြီလား... ” ကျန်းကျင်းဟွာ ပြောလိုက်ပြီး

“ အထူးသဖြင့် မနေ့တုန်းကလိုမျိုးပေါ့… အခြေအနေက တော်တော်ကြီးကို အန္တရာယ်များခဲ့တာ.. ကံကောင်းတာက နင် လျင်လျင်မြန်မြန်နဲ့ တုံ့ပြန်နိုင်လိုက်လို့ပေါ့… မဟုတ်ရင် ဒါရိုက်တာကျောက်ရဲ့ ရုပ်ရှင်ထဲမှာ ဘယ်တော့မှ ဝင်ရိုက်ခွင့်ရှိမှာ မဟုတ်ဘူး…”

“ အွန်း.. ကျွန်မလည်း အဲ့လို ခံစားရတယ်…” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ဒါနဲ့ လင်းရီက သိပ်လည်း သတ္တိကောင်းတယ်နော်… ကျောက်မိသားစုဝင်ကိုတောင်မှ သွားပြီး ရိုက်နှက်လိုက်သေးတယ်… ဒါရိုက်တာကျောက် အရမ်း ဒေါသထွက်သွားခဲ့တာ မဆန်းတော့ပါဘူး…”

“ ဒါကြောင့်… မနေ့က နင်နဲ့ သူ့ကြား ရှင်းရှင်းလင်းလင်း မျဉ်းတစ်ခု ဆွဲထားလိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောတာပေါ့…” ကျန်းကျင်းဟွာ ပြောလိုက်ပြီး “ သူ့ရဲ့ စရိုက်နဲ့သာဆိုရင် အနာဂတ်ကျ ဒီထက်ပိုပြီး ပြဿနာ များလာဖို့ပဲ ရှိတယ်… ခုနေ ရှင်းရှင်းလင်းလင်း မလုပ်ထားရင် အနာဂတ်ကျ နင့်ဆီပါ အမှုပတ်လာလိမ့်မယ်…”

ကျောက်ရင်ညန် ခေါင်းညိမ့်လိုက်သည်။ “ အစကတော့ ကျွန်မ စဉ်းစားမိတာ သူ့ရုပ်သူ့ရည်လေးနဲ့ အနုပညာ နယ်ပယ်ထဲ ဝင်ဖို့ ပြဿနာ မရှိဘူးပေါ့လို့… ဒါပေမယ့် သူ့ရဲ့ ဒီလို အကျင့်စရိုက်မျိုးနဲ့ အနုပညာနယ်ပယ်ထဲမှာ ကျိန်းသေပေါက် ရှင်သန်နိုင်မှာ မဟုတ်ဘူး…”

“ အဲ့ဒါကြောင့် နင်သူ့ကို မေ့ပစ်လိုက်တော့လို့ ဆိုနေ … နင်တို့ နှစ်ယောက်က အခု မတူညီတဲ့ လူတွေ ဖြစ်နေကြပြီ.. တစ်ယောက်က ကောင်းကင်မှာ.. တစ်ယောက်ကကျ မြေပြင်မှာ… အနာဂတ်ကျရင် နင်က အနုပညာ လောကထဲမှာ နာမည်ရှိတဲ့ ဒါရိုက်တာကြီးတွေနဲ့ A အဆင့် စာရင်းဝင်တဲ့သူတွေနဲ့ပဲ ရင်းနှီးဖို့ ကြိုးစားသင့်တယ်… နင်နဲ့ အဆင့်အတန်းချင်း မတူတဲ့သူတွေကိုတော့ နင် လျစ်လျူရှုနိုင်ရင် အကောင်းဆုံးပဲ… အဲ့လူတွေက နင့်ကို ဘာအကျိုးမှ ပြုမှာ မဟုတ်ဘူး.. နင့်ကို ဆွဲချဖို့ပဲ လုပ်ကြမှာ…”

“ ကျွန်မသိတယ်… မနေ့ စစချင်းတုန်းက ကျွန်မလည်း သဘောကောင်းပြခဲ့တာပဲလေ… ဘာပဲပြောပြော သူသာ မရှိရင် ကျွန်မလည်း ရှိုးထဲ မျက်နှာပြနိုင်တဲ့ အခွင့်အရေးတောင် ရှိမှာမှမဟုတ်တာကိုး… ဒါပေမယ့် သူက ဒါရိုက်တာကျောက်နဲ့ အချေအတင် ဖြစ်ထားတော့ ကျွန်မလည်း ဒါရိုက်တာကျောက်ရဲ့ ဘက်မှာပဲ ရပ်တည်ဖို့ စဉ်းစားလိုက်တယ်…”

“ အဲ့လိုမျိုး စဉ်းစားနေရမှာ…”

တင်းတောင်…

ထို အခိုက်အတန့်တွင်ပဲ ဓာတ်လှေကားမှာ ပထမအလွှာသို့ ဆင်းသက်လာပြီး ကျောက်ရင်ညန်လည်း သူမ အိတ်ကို ပြင်၍ ဓာတ်လှေကားစီးရန် ဟန်ပြင်လိုက်သည်။

ဓာတ်လှေကား တံခါး ပွင့်ဟလာခဲ့၏။ အထဲတွင် လူတစ်ချို့ ရှိနေသည်ကို မြင်တော့ ကျောက်ရင်ညန်နှင့် ကျန်းကျင်းဟွာတို့ လမ်းဖယ်ပေးရန် ဟန်ပြင်လိုက်ကြသည်။

ထိုအချိန်တွင်ပဲ သူမတို့ ရှေ့ ရှိနေသူက လင်းရီနှင့် ရန်စီ ဖြစ်နေသည်ကို သေချာမြင်တွေ့လိုက်ရတော့ သူမတို့ အံ့အားသင့်သွားကြလေသည်။

ကျောက်ရင်ညန်နှင့် ကျန်းကျင်းဟွာကို မြင်လိုက်ရတော့ နဂိုက တက်ကြွပျော်ရွှင်နေသည့် ရန်စီသည်လည်း ချက်ချင်းဆိုသလို အမူအရာ အေးစက်သွားခဲ့ပြီး လင်းရီနှင့်အတူ ဓာတ်လှေကား အပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။

ကျောက်ရင်ညန် အနည်းငယ် အရှက်ရသွားခဲ့သည်။ မနေ့ညလေးတင်မှ နှစ်ဖက်ကြား မသာမယာ ဖြစ်ခဲ့သော်လည်းပဲ ယနေ့ တစ်ဖန် ပြန်လာဆုံနေကြပြန်သည်။ ဘုရားသခင်သည် လူသားများအပေါ် ကျီစယ်တတ်လွန်းလှ၏။

သူမ ထိုသို့ တွေးမိလိုက်သော်လည်းပဲ သူမရင်ထဲရှိ အရှက်ရမှုက ချက်ချင်းဆိုသလို ပြန်လည် ပျောက်ကွယ်သွားသည်။

သူမ၏ A အဆင့် အနုပညာရှင်ဟူသည့် ဂုဏ်ကို ထိန်းသိမ်းရန်အတွက် သူမနဲ့ အဆင့်ချင်း မတူသူများနှင့် မိတ်ဆွေ ဖြစ်စရာ မလိုချေ။

သို့နှင့် သူမလည်း ရန်စီကို ခပ်ချေချေပဲ ပြန်တုံ့ပြန်လိုက်၏။

“ ဥက္ကဌရှောင်… ဒါရိုက်တာယွီ…”

ကျောက်ရင်ညန် လင်းရီနှင့် ရန်စီတို့ နှစ်ယောက်ကို စကားမပြောချင် မမြင်ချင် ဖြစ်နေပါသော်လည်း ကုမ္ပဏီ၏ ဒိတ်ဒိတ်ကျဲကြီး နှစ်ယောက်က သူတို့နှင့်အတူ အောက်သို့ ဆင်းလာနေသည်။

သူမ၏ အနာဂတ်က ထိုသူတို့ လက်ထဲတွင် ရှိနေသဖြင့် မြင်အခိုက် ကြုံကြိုက်တုန်းလေး ဖားယား ထားရန် လိုအပ်သည်။

“ စကားမစပ် ရင်ညန် .. ငါမင်းကို ပြောချင်တာလေး ရှိတယ်..” ယွီဖုန်း ပြောလိုက်ပြီး “ ခုလေးတင်ပဲ variety show အသစ် တစ်ခု ရှိတယ်… ရှိုးထဲမှာ ပထမနဲ့ ဒုတိယအဆင့် ဧည့်သည်တော်တွေ ပါဝင်လိမ့်မယ်.. မင်းရဲ့ အလုပ်အကိုင်ကလည်း အမြင့်ကို တက်နေတဲ့ အချိန်ဆိုတော့ မင်းဖို့ အမြဲတမ်း ဧည့်သည်‌တော် ခုံတစ်နေရာကို ချန်ထားပေးတယ်…. ကောင်းကောင်းလုပ်… ဒီ အခွင့်အရေးကောင်းကို မဖြုန်းတီးပစ်နဲ့…”

ကျောက်ရင်ညန် အလွန် ပျော်မြူးသွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း သူမ၏ ရေပန်းစားမှု တိုးတက်လာတော့ ကုမ္ပဏီ၏ အရင်းအမြစ်များသည်လည်း သူမထံ အလိုအလျောက် ကျရောက်လို့ လာလေသည်။

“ ဒါရိုက်တာယွီ… အဲ့တာက ရှိုးအကြီးကြီးလားဟင်…”

“ ဒါပေါ့ကွ… ငါတို့ ခန့်မှန်းထားသလောက်ဆိုရင် အနည်းဆုံး ဘတ်ဂျက် ယွမ် သန်း ၂၀၀ ကနေ ၃၀၀ လောက်အထိ သုံးမှာ…” ယွီဖုန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ပြီးတော့ မင်းနဲ့အတူ အလုပ်တွဲလုပ်မယ့်သူကို မင်းသိပါတယ်… မင်းနဲ့ မိတ်ဟောင်းဆွေဟောင်းတွေပဲလေ…”

“ ကျွန်မက သိနေတယ်… ဟုတ်လား…” ကျောက်ရန်ညန် စိတ်ရှုပ်သွားခဲ့၏။

ယွီဖုန်း လင်းရီနှင့် ရန်စီကို ညွှန်ပြလိုက်ပြီး “ ဒီရဲ့ ရှိုးအသစ်ကို သူတို့ နှစ်ယောက်ကနေပြီး စီစဉ်တာလေ… ဒါရိုက်တာရန်က အရင် မင်း ဝင်နွှဲဖူးတဲ့ တောတွင်းရှင်သန်ခြင်း ရှိုးရဲ့ ဒါရိုက်တာလေ.. ဥက္ကဌလင်းကလည်း မင်းနဲ့ တစ်သင်းသားတည်းတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတော့ မိတ်ဟောင်းတွေချည်းပဲ… ဟုတ်တယ်မလား…”

“ ဒါ - ဒါက သူတို့ စီစဉ်တဲ့ ရှိုးပေါ့နော်…”

ကျောက်ရင်ညန်နှင့် ကျန်းကျင်ဟွာတို့ ကြက်သေသေသွားခဲ့ကြတော့၏။

“ မဖြစ်နိုင်တာ… သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက် ပိုက်ဆံ အများကြီး ရင်းနှီးမြုပ်နှံနိုင်မှာလဲ…” ကျောက်ရင်ညန် ပြောလိုက်၏။

“ မင်း မသိဘူးပေါ့… ဥက္ကဌလင်းက လင်းယွင် အုပ်စုရဲ့ ဥက္ကဌကြီးလေ.. သူ့ရဲ့ ပိုင်ဆိုင်မှုတွေက ယွမ်ဘီလီယမ်ချီတယ်… ယွမ် သန်းရာဂဏန်းလောက်လေးက သူ့ဖို့ ဘာမှ ဟုတ်တာမဟုတ်ဘူး…”

“ ယွမ် ဘီလီယမ်ချီပြီး ကြွယ်ဝတယ်… ဟုတ်လား….”

ကျောက်ရင်ညန် အမြင်တို့ ပြာဝေသွားခဲ့တော့သည်။ ဘီလီယမ်ချီသည် ဆိုသည့် စကားက သူမ အပေါ် ဝိတ်တော်တော်လေး သက်ရောက်သွားသည့်ဟန်ပင်။

“ အနည်းနဲ့ အများပေါ့… အနည်းဆုံးတော့ သူက ဟွာရှရဲ့ ထိပ်သီး ပုဂ္ဂိုလ် ဆယ်ယောက်ထဲ ဝင်တယ်လေ…” ယွီဖုန်း ပြောလိုက်ပြီး “ ရှိုးထဲမှာ မင်းတို့ နှစ်ယောက် ပြန်ပြီး အလုပ်အတူတူ လုပ်လို့ရတာပေါ့… ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ… ဒီတော့ အလဟဿ မဖြစ်စေနဲ့…”

“ ဒါက…..”

ကျောက်ရင်ညန် သူမ ဦးခေါင်းတစ်ခုလုံး ထုံထိုင်းနေပြီး မည်သည်ကိုမျှ ဆက်လက် မတွေးတောနိုင်ပါတော့ချေ။

သူက ယွမ် ဘီလီယမ်တွေချီပြီးကို ချမ်းသာနေတယ် ဆိုတော့ သေချာပေါက် ဟွာရှရဲ့ အချမ်းသာဆုံး ဆယ်ဦးထဲက တစ်ဦး ဖြစ်မှာ သေချာသလောက်ပဲ…။

ဒါပေမယ့် မနေ့ကလေးတင်ပဲ.. သူမက ဗွီဒီယို ဇာတ်ကားလေး တစ်ကားထဲပါ ပါဝင်နိုင်ဖို့အတွက် သူနဲ့ သူစိမ်း ဆိုတဲ့ နယ်ပယ်စည်းကို ခြားခဲ့မိတယ်လေ..။ အဲ့တာတောင် သူမကိုယ်သူမ အဟုတ်ကြီး ဟုတ်တယ်လို့ တွေးနေမိတယ်…။ ဘယ်လောက်တောင် ရယ်စရာ ကောင်းထားလိုက်လဲ..။

“ အစ် - အစ်ကိုရီ….”

“ မခေါ်နဲ့… ငါတို့က အခု တစ်ယောက်နဲ့ တစ်ယောက် မသိတော့ဘူး… ခုမှ ရင်းနှီးချင်ယောင် လာဆောင်နေလို့ အလကားပဲ..”

“ ဟင်….

ရှောင်လီတုံနှင့် ယွီဖုန်းတို့ အခြေအနေကို ရိပ်စားမိသွားကြသည့်ဟန်ပင်။

“ ဥက္ကဌလင်း… တစ်ခုခု ဖြစ်လို့လား…” ရှောင်လီတုံ မသိလိုက်ပဲ နှုတ်မှ လွှတ်ခနဲ ထွက်သွားခဲ့၏။ “ ခင်များတို့နှစ်ယောက် အရင်တုန်းက အလုပ်အတူ တွဲလုပ်ဖူးကြတယ်မဟုတ်ဘူးလား… အဲ့လိုဆိုရင် ရင်းနှီးပတ်သက်မှုက ကောင်းမွန်နေရမှာလေ..”

“ အင်း ကောင်းခဲ့ပါတယ်… ဒါပေမယ့် မနေ့ညက ညစာစားပွဲမှာပဲ သူက ကျုပ်နဲ့ မသိဘူးလို့ သူကိုယ်တိုင် ပြောသွားခဲ့တာ.. ဒီတော့ ကျုပ်တို့ရဲ့ ရှိုးမှာ သူ့ကို မခေါ်နိုင်ဘူး.. တခြား တစ်ယောက်ကိုပဲ ပြောင်းကြတာပေါ့…”

ယွီဖုန်း၏ အမူအရာ အကျည်းတန်သွားခဲ့ပြီး အေးစက်စွာ ဟမ့်ခနဲ မြည်အောင် ပြုလိုက်၏။

“ ကျောက်ရင်ညန်…. မင်း ကိုယ့်ကိုယ်ကို ဘာလုပ်လိုက်မိလဲ သိလား… ဥက္ကဌလင်းက ဘယ်လိုလူလဲ မင်း မသိဘူးလား…”

“ကျ -ကျမ…”

ကျောက်ရင်ညန် စိတ်ပျက်သည့် မျက်နှာထားနှင့် ဖြစ်သွားခဲ့ပြီး မည်သို့ ခွန်းတုံ့ပြန် ပြောဆိုရမှန်းပင် မသိတော့ချေ။

‘ ကျွန်မကသာ သူဘယ်သူမှန်းသိရင် အဲ့လိုလုပ်ခဲ့မိမှာလားလို့…’

“ မပြောနဲ့တော့… ငါ အခု မင်းကို ကိုင်တွယ်ဖို့ အချိန် မရှိသေးဘူး… ပြန်ရောက်မှ တွေ့မယ်…”

All Chapters