← Chapters

မစ်ရှင်လက်ခံခြင်း

Vol. 73 Ch. 1093

မစ်ရှင်လက်ခံခြင်း

Vol. 73 Ch. 1093

ဖန့်ချိန်ကျယ် နေရာမှာတင် အေးခဲသွားခဲ့သည်။ လင်းရီ ထိုမျှ ကြမ်းတမ်းသည့် စကားများ ဆိုလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

" ဥက္ကဌလင်း... ငါတို့ အားလုံးက စီးပွားရေး လောကသားတွေကြီးပဲလေ.. အနာဂတ်ကျရင် ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ရှိရင် ရှိလာနိုင်တာပဲ.. ဒီလိုမျိုး လုပ်စရာ မလိုပါဘူး... "

ဖန့်ချိန်ကျယ် ရှုံးနိမ့်ကြောင်း ၀န်ခံလိုက်သည်။ ဤအခြေအနေသို့တိုင် ရောက်ပြီးမှတော့ ရှုံးနိမ့်ကြောင်း ၀န်မခံလို့လည်း မရတော့ချေ။

လင်းယွင် အုပ်စု၏ လွှမ်းမိုးမှုက ကြီးမားလေလေ ' ကြီးမြတ်သော' လယ်ယာ တိုးတက်မှု၏ ဖွံ့ဖြိုးမှုအတွက် ကြီးစွာ အခက်တွေ့လေလေ ဖြစ်လိမ့်မည်။

အကယ်၍ လင်းရီသည်သာ အမှန်ပင် လယ်သမား အစစ် တစ်ယောက်ဖြစ်ခဲ့မည်ဆိုပါက သူ့တွင် သက်သေသက်ကာရ အစုံအလင် ရှိလင့်ကစား သူ၏ ဧရာမ ငွေကြေး အရင်းအမြစ်တို့ဖြင့် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောင်းလဲလိုက်မည် ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြငိ့ လင်းယွင် အုပ်စုသည် ' ကြီးမြတ်သော' လယ်ယာ တိုးတက်မှု ကုမ္ပဏီထက် ပိုမို၍ သန်မာအားကောင်းနေသည်။

အကယ်၍ သူသာ ဤကိစ္စကို အဆုံးထိ လိုက်ချင်သည် ဆိုပါက သူ့ဘက်က မည်သို့မျှ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ ဆုံးရှုံးမှု ပမာဏသည်လည်း ခန့်မှန်းမရနိုင်လောက်သည် အထိ ဆုံးရှုံးသွားလိမ့်မည် ဖြစ်၏။

" ခင်များ ဒီလိုမျိုး သနားစရာ ကောင်းတဲ့ပုံစံ လာလုပ်ပြနေစရာ မလိုပါဘူး... " လင်းရီ ပြောလိုက်ပြီး " ကျုပ်တို့တွေက လူကြီးတွေလေ... လူကြီးဆိုတာ ကိုယ်လုပ်တဲ့ လုပ်ရပ်ကို ကိုယ်တာ၀န်ယူရတယ်... "

" ငါတို့ရဲ့ ' ကြီးမြတ်သော' လယ်ယာ တိုးတက်မှု ကုမ္ပဏီက လင်းယွင်အုပ်စုလောက် မကြီးဘူးဆိုတာ ငါ ၀န်ခံပါတယ်.. ဒါပေမယ့် ငါတို့ရဲ့ ကုမ္ပဿီကလည်း သေးမနေဘူး.. . နယ်ပယ် တစ်ခုလုံးကို သက်ရောက်နိုင်လောက်တဲ့အထိ အရွယ်အစားရှိတယ်... ဥက္ကဌလင်း.. မင်းက ဉာဏ်ကောင်းပါတယ်... ဘာလို့ တစ်ခါလောက်လေးပဲ မကူညီလိုက်ချင်တာ... ငါတို့ရဲ့ နယ်ပယ်မှာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိတဲ့ အခြေအနေကပဲ ငွေရှာနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလေ... "

" ခင်များက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းနေပြီ... ကျုပ်တို့က အဆင့်အတန်းချင်း တူတာမဟုတ်တာ ဘာကိစ္စ ခင်များနဲ့ ပူးပေါင်းရမှာလဲ... "

လင်းရီ၏ ချေပပြောဆိုသည့် စကားကြောင့် ဖန့်ချိန်ကျယ် ပြောစရာစကား ကင်းမဲ့သွားခဲ့တော့သည်။

သူ လုံး၀ အမှုန့်ကြိတ်ခံလိုက်ရသလို ခံစားလိုက်ရတော့၏။ လင်းရီသည် သူ့ကို စကားပြောဆိုရန်ပင် အအခွင့်အရေးမပေးချေ။

ကလင် ကလင် ကလင် ..

ထိုအချိန်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ချိန်ပင်းချန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

" ခေါင်းဆောင်ချိန်.... "

" ဥက္ကဌလင်း... ဌာနခွဲက ငါ့လူတွေကို သွားပြီး သူတို့ရဲ့ ဓာတ်ခွဲခန်းကိုလည်း ဝိုင်းထားဖို့ ပြောလိုက်ပြီ... ခဏနေကျရင် စစ်ဆေးမေးမြန်းဖို့ ခေါ်လာခဲ့တော့မယ်... ငါတို့ဆီ ရှေ့နေ ပို့ဖို့ မမေ့နဲ့နော်.. သူတို့ကို ဘယ်လို စစ်ဆေးမေးမြန်းမလဲဆိုတာ ဆွေးနွေးဖို့ လိုသေးတယ်... "

" ကောင်းပြီ.. ကျေးဇူးပါ ခေါင်းဆောင်ချိန်.. ကျုပ် နောက်တော့မှ ထမင်း လိုက်ကျွေးပါ့မယ်... "

" ရပါတယ်ကွာ... ငါ မီတင်ရှိသေးလို့ ဖုန်းချလိုက်တော့မယ်... မင်း တစ်ခုခုလိုရင်သာ ငါ့ကို ဖုန်းဆက်လိုက်... "

" ဒါပေါ့... "

ဖုန်းချပြီးနောက် လင်းရီ မာဟွိုက်ရန်ကို ကြည့်လိုက်ပြီး " ဓာတ်ခွဲခန်းက လူတွေကို ဖမ်းပြီးသွားပြီတဲ့.. ပြန်ကြစို့... "

ဖန့်ချိန်ကျယ်နှင့် ရှောင်ကျားလျန်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ တစ်ဖက်သူက အလွန်လျင်မြန်စွာဖြင့် လှုပ်ရှားလာပြီး တုံ့ပြန်ရန် အခွင့်အရေးပင် မပေးလိမ့်မည်ကို မျှော်လင့်မထားကြချေ။

မာဟွိုက်ရန် သူ့ ပစ္စည်း ပစ္စယများကို သိမ်းဆည်းလိုက်ပြီး ဖန့်ချိန်ကျယ်ကို ကြည့်၍ " ခင်များ ကျုပ်တို့ ဥက္ကဌလင်းနဲ့ ပြောစကားတွေကို ကျုပ် အသံမှတ်တမ်း ယူထားတယ်... အချိန်ကျလာရင် ဒါက သက်သေတစ်ခုပဲ.. တရားရုံးမှာ ပြန်တွေ့ကြတာပေါ့... "

နှစ်ယောက်သား ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖန့်ချိန်ကျယ် ထိုင်ခုံပေါ်၌ အသက်ဝိဉာဉ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် သူ ဖုန်းကောက်ကိုင်၍ သူ့အဖေထံ ဖုန်းခေါ်လိုက်၏။

" အဖေ.. ကျွန်တော်တို့တော့ သွားပြီ..."

........

' ကြီးမြတ်သော' လယ်ယာတိုးတက်မှု ကုမ္ပဏီကို ကိုင်တွယ်ပြီးနောက် လင်းရီတို့ နှစ်ယောက်သည် ကားထဲသို့ ပြန်၀င်ရန် အလျင်မလိုကြချေ။ မာဟွိုက်ရန်မှ " ဥက္ကဌလင်း ကျုပ်ကို ဒီကိစ္စ ဘယ်လို ကိုင်တွယ်စေချင်လဲ.. သီးသန့်ပဲ ဖြေရှင်းလိုက်ရမလား ဒါမှမဟုတ် တရားစွဲလိုက်ရမလား... "

" သီးသန့်ဖြေရှင်းလို့ ဘာအဓိပ္ပာယ်ရှိမှာ... အဲ့တာက ကျုပ်ကို ပိုက်ဆံ လောဘကြီးတဲ့ပုံစံတောင် ပေါက်နေစေဦးမယ်... "လင်းရီ ပြောလိုက်ပြီး "

ပရော်ဖက်ရှင်နယ် ကျကျပဲ လုပ်... ကျုပ် ခဏနေကျ ဖုန်းဆက်ရင် မြူနီစီပယ် ဗျူရိုကို သွားပြီး ဒီကိစ္စ ဘယ်လို လုပ်မလဲ ဆွေးနွေးလိုက်... "

" နားလည်ပါပြီ ဥက္ကဌလင်း.. ကျုပ် ဒီကိစ္စ ကိုင်တွယ်လိုက်ပါ့မယ်... "

" အင်း... "

ညွှန်ကြားချက် ပေးပြီးနောက် နှစ်ယောက်မှာ လမ်းခွဲလိုက်ကြသည်။

လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီး ၁၁ နာရီ ထိုးတော့မည် ဖြစ်ကြောင်း သတိထားမိတော့ သူ လေဆိပ်သို့ ဦးတည်လိုက်ပြီး ချိုးယွီလော့နှင့် နင်ချဲ့တို့အား သွားကြိုပေးရန် ဟန်ပြင်လိုက်သည်။

လေဆိပ်သို့ ရောက်လာပြီး မကြာမီ ချိုးယွီလော့၊ နင်ချဲ့နှင့် ကျန်သူများ လေဆိပ်ထဲမှ ထွက်လာကြသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။

အရင်မစ်ရှင်နှင့် မတူဘဲ သူတို့ထဲ အချို့က အလွန် သာမန်ဆန်စွာ ၀တ်ဆင်ထားကြသည်။

လူသစ်လေးများကတော့ ဘယ်နေရာ ရောက်ရောက် အတူတူသာဖြစ်၏။ သူတို့အားလုံး ခန့်ခန့်ညားညား ၀တ်ဆင်ထားကြလေသည်။ သို့သော် ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ ခြားနား၏။

တစ်ယောက်က အနားစလေးများ ဖွာတာတာ ဖြစ်နေသည့် ဂျင်းစကတ်တိုကို ၀တ်ဆင်ထားပြီး ကျန်တစ်ယောက်ကတော့ အပြာရောင် စကတ်အတိုကို ၀တ်ဆင်ထားသည်။ သူမတို့က ဤနေရာသို့ မစ်ရှင်လုပ်ရန် ရောက်လာကြသူများနှင့်လည်း မတူ။ ထိုအစား ရည်စားဟောင်းနှင့် တွေ့ရန် ရောက်လာကြသူများနှင့်ပင် ဆင်တူနေသည်။

လင်းရီကို မြင်တော့ ထောက်ချိန် ရောက်လာပြီး အပြုံးလေးဖြင့် " ငါတို့က မင်းရဲ့ ပိုင်နက်ထဲ ရောက်နေတာဆိုတော့ ကြိုဆိုရေး ကဏ္ဍကိုတော့ မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်... "

" ပြဿနာ မရှိဘူး..ဒါပေမယ့် အားလုံးပုံစံ ကြည့်ရတာ အလည်ထွက်လာကြသလိုပါလား "

" ဒီတိုင်း မစ်ရှင် အသေးစားလေးပါကွာ.. အဓိကက လူသစ်လေးတွေကို ကမ္ဘာကြီး ဘယ်လိုပုံစံ ရှိလဲ မြင်ဖူးအောင် ခေါ်လာပြတာလေ... ငါတို့ သုံးယောက်က တိုးဂိုက်တွေပေါ့... "

" သွားကြစို့... ခင်များတို့ လာမယ်မှန်း သိလို့ နေရာ စီစဉ်ထားပြီးသွားပြီ.. နေ့လည်စာ အရင် စားလိုက်ကြတာပေါ့.. စားရင်းနဲ့လည်း စကားပြောလို့ရတာပဲ... "

" ဒါက မင့်နေရာဆိုတော့ မင်း စီစဉ်တဲ့ အတိုင်းပဲပေါ့... "

လင်းရီ သူတို့ ခြောက်ယောက်ကို လေဆိပ် အပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့သည်။

လင်းရီ၏ Lexusကို မြင်တော့ နင်ချဲ့ အထင်သေးစွာဖြင့် " နင့်ပိုက်ဆံ ဒီလောက်ချမ်းသာနေတာတောင် တကယ်ကြီး Lexus မောင်းနေတယ်ပေါ့.. နင် ဒါ နောက်နေတာတော့ မဟုတ်ဘူးမလား... "

" လူတွေ ဒီလောက်များတာကို ဒီကားနဲ့ပဲ ဆံ့မှာပေါ့ဟ... တကယ်လို့ စူပါကားနဲ့သာ လာလို့ကတော့ ခုနစ်စင်းတောင် လိုမှာ... မနက်ဖြန် ဝေ့ပေါ်ရဲ့ ခေါင်းကြီးပိုင်း သတင်း မဖြစ်ချင်ပါဘူး... "

" နင်လည်း စူပါကားတွေ မောင်းရတာ ကြိုက်တာလား... "နင်ချဲ့ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

" အင်း... တစ်ခါတစ်လေပေါ့... ကားမကြိုက်တဲ့ ယောက်ျားလေး ဘယ်မှာရှိလို့... "

" ဘယ်လောက်တိုက်ဆိုင်ထားလဲ.. ငါတို့ အသင်းခေါင်းဆောင်ချိုးကလည်း ကားတွေ ပြန်ရွှိုင်းပြီး မောင်းရတာကို သိပ်ကြိုက်တာလေ... ခဏကျရင် နေရာကောင်းရှာပြီး သုံးလေးပတ်လောက် ပြိုင်မောင်းကြရအောင်... "

" ဟမ် မင်းတို့ပုံစံကြည့်ရတာ ဘာလို့ အကုန်လုံးက စိတ်အားထက်သန်နေကြတဲ့ပုံ ပေါက်နေပါလိမ့်.. "

" ဘာလို့ဆို ဒါကလည်း ကျုံးဝေ့တပ်ဖွဲ့ရဲ့ စပယ်ရှယ် ထရိန်နင် ပရောဂျက်ပဲလေ...လူတွေနောက် လိုက်ဖမ်းရင် ခြေထောက် နှစ်ချောင်ကြီးပဲ အားကိုးနေလို့ ဘယ်ဖြစ်မှာ ဟုတ်တယ်မလား... "

" မင်းရဲ့ ခြေထောက်တွေကတော့ အိုကေပါတယ်... ဒါပေမယ့် သူ့ဟာကတော့ မပြေသလိုပဲ... "

" ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးပဲနော်... ဟားဟားဟား... "

ချိုးယွီလော့ကတော့ မျက်နှာကို တစ်ဖက်သို့ လှည့်ထားပြီး လင်းရီကို လျစ်လျူရှုထားလိုက်၏။

" သွားစို့.. ကားထဲ ၀င်ကြ.. အရင်ဆုံး စားကြမယ်... ပြီးမှ လူတိုင်း ပျော်လို့ရအောင် ခေါ်သွားပေးမယ်... "

ထို့နောက် လင်းရီ ကားကို ပန်နီဆူလာ ဟိုတယ်သို့ မောင်းနှင်လာခဲ့လိုက်သည်။

" ဘော့စ်လင်း.. သီးသန့်ခန်း ပြင်ဆင်ပြီးသွားပါပြီခင်ဗျ.. "

လင်းရီရောက်လာသည်ကို မြင်တော့ ၀မ်ထျန်းလုံမှ အပြေးလေးလာပြီး သူ့ကို လာနှုတ်ဆက်သည်။

" ကောင်းပြီ ဆက်လုပ်ထားနှင့်.. ငါ့လူတွေကို အပေါ်ခေါ်သွားလိုက်တော့မယ်... "

ခုနစ်ယောက် အုပ်စုမှာ သီးသန့်ခန်းထဲ ရောက်လာကြပြီး လင်းရီ မီနူးကို တွန်းပို့ပေးလိုက်၏။

" ကဲ စားချင်တာသာ မှာကြဗျာ... "

" ရီ... မင်း ဒီကို အမြဲတမ်း လာဖြစ်တာလား... "

ထောက်ချိန် မီနူးကို လှန်လောကြည့်ရင်း သာမန်လျှံကာ လေသံဖြင့် " ငါ ပန်နီဆူလာ ဟိုတယ် အကြောင်း ကြားဖူးတယ်... ဒီနေရာက လုံး၀ ဈေးမသက်သာဘူးကွ..."

" ဒါက ကျုပ် ဟိုတယ်လေ... ခင်များတို့ စားချင်သလောက်သာ စား... ကောင်းမယ် ထင်တာလေးတွေပဲ ရွေးစားကြပေါ့... "

" ဟုတ်လှချည်လား .. ဒီဟိုတယ်က တော်တော်ကြီးကို အဆင့်မြင့်ပြီး ဟွာရှမှာ‌တောင် ထိပ်တန်းအဆင့်၀င်တဲ့ ဟိုတယ်နော်... "

ထောက်ချိန်၏ မိသားစု နောက်ခံက မချမ်းသာဘူး ဆိုသော်ငြားလည်းပဲ ယင်းက လင်းရီကဲ့သို့ စူပါ သူဌေးကြီး တစ်ဦးနှင့် နှိုင်းယှဉ်သည့် အခါတွင်သာ ဖြစ်သည်။

သာမန်လူများ၏ အမြင်တွင်တော့ သူ၏ ကြွယ်၀မှုသည်လည်း လူတို့ လက်လှမ်းမီနိုင်သည့် နောက်ကွယ်တွင် တည်ရှိနေသည်။ ထို့ကြောင့် သူ သိပ်ပြီးမှတော့ အံ့အားသင့်မသွားခဲ့ချေ။

" ပြောသလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ.. ဒီကနေ တစ်နှစ် တစ်နှစ် ပိုက်ဆံ ဘယ်လောက်မှ ၀င်တာ မဟုတ်ဘူး... အလကား လာစားလို့ အဆင်ပြေရုံလောက်ပဲ.. "လင်းရီ ပြောလိုက်ပြီး " ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီ တစ်နပ်စာက ကုမ္ပဏီ အကောင့်ထဲ ရောက်သွားမှာဆိုတော့ စားပြီးမှပဲ ကုန်ကျစရိတ်ကို ရှင်းကျတာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ကျုံးဝေ့တပ်ဖွဲ့ကနေ ဘေလ်စာရွက်ပြပြီး ပိုက်ဆံ ပြန်တောင်းရမယ်လေ... "

ချိုးယွီလော့ " .... "

ထောက်ချိန် " .... "

နင်ချဲ့ ခါးတသိမ့်သိမ့်တုန်ခါသည်အထိ ပြင်းထန်စွာ ရယ်မောလိုက်ရင်း " ဒါ အလွဲသုံးစားပြုမှု မမြောက်သွားဘူးလား... "

" ဒါမျိုးမှ အခွင့်အရေး မယူရင် ငါ ခွေးထက်မိုက်တဲ့လူ ဖြစ်သွားတော့မှာပေါ့.. ဘာပဲပြောပြော ပြည်သူ့ အခွန်တွေပဲ ဟုတ်တယ်မလား... မင်းတို့ ပိုက်ဆံ ဘယ်နှပြား ပါနေလို့... "

လင်းရီ ပြောလိုက်ပြီး " ဒါနဲ့ ခု ဘယ်သူမှ မရှိတော့ဘူး ဆိုတော့ မစ်ရှင် အကြောင်းပြောလို့ ရပြီလား..."

" အဲ့တာက ထောက်ပံ့ရေး မစ်ရှင် တစ်ခုပဲ.. အသင်း တစ်က တိလိရာ့ ကျွန်းပေါ်ကနေ ဘက်စ် သတ္တုရိုင်း နှစ်ကီလို ရလာခဲ့တယ်... ငါတို့ရဲ့ မစ်ရှင်က အဲ့ပစ္စည်းကို ပြန်ယူလာခဲ့ဖို့ပဲ.. "

" ဟမ်... မင်းတို့က အဲ့ပစ္စည်းတွေကို ခိုးသယ်နေကြတာပေါ့...ဟုတ်လား... "

" သေချောပေါက်ပဲပေါ့ဟဲ့.. သဘောတူညီမှုအရတာ ငါတို့ကို အပြင်မယူသွားဖို့ တားမြစ်ထားတယ် ဆိုပေမယ့် အရာရာတိုင်းမှာ ခြွင်းချက် ဆိုတာတော့ ရှိထားပြီးသားပဲလေ.. တကယ်လို့ လူတိုင်းကသာ သဘောတူညီချက်ကို လိုက်နာနေရင် ဘယ်သူက သုတေသန ပြုနိုင်ကြတော့မှာ မဟုတ်ဘူး...ဟုတ်တယ်မလား.. “

All Chapters