← Chapters

အားလုံးကို အသေးစိတ် စီစဉ်ထားပြီးပြီ

Vol. 73 Ch. 1094

အားလုံးကို အသေးစိတ် စီစဉ်ထားပြီးပြီ

Vol. 73 Ch. 1094

တချို့ ကိစ္စရပ်များ၌ နိုင်ငံနှင့် လူတစ်ဦးချင်းစီသည်လည်း အတူတူပင် ဖြစ်ပြီး တူညီစွာ ပြုမူလုပ်ဆောင်ကြသည်။

နှစ်ဖက်လုံးက သိုဝှက်အပ်သည့် အရာများကို တိတ်တိတ်လေး လုပ်ဆောင်နေကြလေသည်။

အကယ်၍ စည်းမျဉ်းများကိုသာ မချိုးဖောက်ဘူးဆိုပါက ၎င်းတို့၏ တည်ရှိမှုသည် အဓိပ္ပာယ် မရှိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

“ နေရာ အတိအကျက ဘယ်မှာလဲတဲ့..” လင်းရီ စားရင်းဖြင့် မေးလိုက်၏။

“ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ.. ငါတို့ လှေစီးရမယ်…”

“ အရမ်း ရှုပ်ထွေးတာလား.. ဇာတ်ကားထဲကလိုမျိုး လျှို့ဝှက်ကုတ်တွေ ဘာတွေကော မရှိဘူးလား..”

“ မရှိဘူး..” ထောက်ချိန် ပြုံးလိုက်ပြီး “ ငါတို့က တရားမ၀င်တာတွေ လုပ်တာဆိုတော့ အထူးဂရုစိုက်ရမယ်… လှေက နိုင်ငံတကာ ရေပိုင်နက်ထဲ ရွက်မလွင့်သရွေ့ ဘယ်သူကမှ ဟွာရှကို သံသယ ရှိမှာ မဟုတ်ဘူး.. လုံခြုံတယ်…”

“ နားလည်ပြီ… ဒါဆို ပြဿနာကြီး မဟုတ်ဘူးပဲ….”

မစ်ရှင်၏ လုပ်ဆောင်မှု တစ်ရပ်လုံးကို လေ့လာသိရှိပြီးနောက် လင်းရီ စိတ်ပူမနေတော့ချေ။

မစ်ရှင်က မခက်ခဲသည်မှာ အမှန်ပင်။

“ ဟုတ်တယ်.. ဒီတိုင်း မစ်ရှင် အသေးစားလေး.. ပြီးတော့ အချိန်ကျလာရင် စစ်တပ်က ပင်လယ်နား ကင်းလှည့်ပေးဦးမှာ.. ငါတို့ ခြံခို တိုက်ခိုက်ခံရစရာ အကြောင်း မရှိဘူး… မဟုတ်ရင် ငါတို့ ဒီလောက်ထိ အေးဆေး ဘယ်နေပါ့မလဲကွ…”

“ အချိန်ကျလာရင် ကျုပ်တို့ အလုပ် ကျုပ်တို့လုပ်ကြတာပေါ့…”

“ အမှန်ပဲ..” ထောက်ချိန် ရယ်မောရင်း ပြောဆိုလိုက်ပြီး “ ဘာပဲဖြစ်ဖြစ် ငါတို့ ကျိုးဟိုင်ကို ရောက်လာနေပြီလေ… ကျန်တာကို မင်းပဲ ဂရုစိုက်လိုက်တော့…”

“ ဒါနဲ့လေ... ကျိုးဟိုင်မှာ ကားပြိုင်ပွဲကွင်း ရှိတယ်မလား.. ပြောကြတာတော့ ဟွာရှမှာ အကြီးဆုံးပဲဆို… ငါတို့ကို ပျော်လို့ရအောင် နင် အဲ့ကို ခေါ်သွားပေးပါလား..” နင်ချဲ့ ပြောလိုက်ပြီး “ သွားပြီး သုံးလေးပတ်လောက် သွားပြိုင်မောင်းကြတာပေါ့….”

“ ပြိုင်မယ် ဟုတ်လား.. နင်ငါ့ ပြိုင်ဘက် မဟုတ်ပါဘူး…” ချိုးယွီလော့ ပြောလိုက်ပြီး “ အရှုံးပေးလိုက်စမ်းပါ…”

“ အမြဲတမ်းကြီး မဟုတ်ဘူးဆိုပေမယ့် ငါလည်း နင့်ကို သုံးလေးကြိမ်လောက်တော့ နိုင်ဖူးပါတယ်နော်… အဲ့တာတွေကျ ထည့်မတွက်တော့ဘူးပေါ့… “ နင်ချဲ့ ပြောပြီးနောက် ကျန်သူများကို ကြည့်လိုက်ရင်း “ နင်တို့တွေ လောင်းကြေး စားကြေး လုပ်ချင်ကြလား..”

“ အင်း…” ထောက်ချိန်မှ တွေးဆ နေဟန်ဖြင့် “ ငါကတော့ အသင်းခေါင်းဆောင်ချိုး ဘက်ကပဲ… သူ့ရဲ့ မောင်းတဲ့ စကေးတွေက ရန်ကျင်းမှာ တကယ့်ကို နာမည်ကြီးတာ.. သာမန်လူက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး..”

“ နင်ကြားတယ်မလား.. ကိုယ့်ကိုယ်ကို အရှက် မခွဲချင်စမ်းနဲ့…” ချိုးယွီလော့ သူမ ရေသောက်ရင်း ပြောလိုက်သည်။

“ မပြိုင်ကြည့်ပဲနဲ့တော့ ဘယ်သိမှာလဲ… “ နင်ချဲ့ သူမ အိတ်ကို လွယ်လျက် ပြောလိုက်ပြီး “ အခုပဲ သွားကြစို့..”

“ အင်း… ငါ အခု ဖုန်းဆက်ပြီး နေရာကြိုရှင်းခိုင်းထားလိုက်မယ်…” လင်းရီ ဖုန်းကို အပေါ်အောက် ပွတ်ရင်း ပြောလိုက်သည်။

“ နေရာ ရှင်းခိုင်းထားမယ်.. ဟုတ်လား… ကြားရတာတော့ တော်တော်လေး ဂုဏ်ယူ၀ံ့ကြွားစရာပဲနော်…”

“ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကလည်း ငါ့ အပိုင်ပဲလေ…”

“ အာ… ဒါကြီးကတော့ နယ်ပယ်ချင်း ကွာလွန်းသွားပြီ မဟုတ်ဘူးလား…” ထောက်ချိန် အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်ပြီး “ မင်းက အင်တာနက်နဲ့ semiconductor နယ်ပယ်က မဟုတ်ဘူးလား… ကားပြိုင်ပွဲကွင်းနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်သွားရတာတုန်း..”

“ အရင်က ဘာမှ လုပ်စရာလဲ မရှိဘူးဆိုတော့ ဒီတိုင်း ပိုလျှံတာလေးတွေ နည်းနည်းပါးပါး လိုက်ဝယ်ထားလိုက်တာလေ…. ကိုယ့်ကိုယ်ကို စိတ်အပန်းဖြေရုံလောက်ပါပဲ.. ပိုက်ဆံ ဘယ်လောက်မှ ရတာ မဟုတ်ပါဘူး…”

“ မင်းက တကယ့်ကို ချမ်းသာတဲ့ ကောင်ပဲ..”

လက်ရှိ ရှိနေကြသည့် လူများထဲတွင် နင်ချဲ့နှင့် ချိုးယွီလော့တို့မှလွဲ၍ ကျန်သူများကို ချမ်းသာသည်ဟု သတ်မှတ်၍ မရချေ။ သူတို့ မိသားစုက ယွမ်ဘီလီယမ် အနည်းငယ်မျှ တန်ကြေးရှိသည့် ပိုင်ဆိုင်မှု တစ်ချို့သာ ရှိကြလေသည်။

“ ဒီတိုင်း စီးပွားရေး အသေးစားလေးပါပဲ.. ကဲပါ... သွားပြီး ပျော်ကြတာပေါ့…”

“ အင်း… သွားကြမယ်..”

ကျိုးဟိုင်ထောင်၏ စီစဉ်ပေးမှုအောက်မှာပဲ ပြိုင်ပွဲကွင်းကြီး တစ်ခုလုံး ဗလာကျင်းသွားခဲ့သည်။

မွမ်းမံ ပြင်ဆင်ပြီးသည့် ပြိုင်ကား ဆယ်စင်းကတော့ ပြေးလမ်းကြောင်းပေါ်တွင် ရပ်တန့်၍ လင်းရီနှင့် ကျန်သူများ၏ အလာကို စောင့်ဆိုင်းနေကြလေသည်။

“ La Voiture Norie နဲ့ လွိုင်ကန်…”

အဆောက်အဦး၏ မှန်ပြတင်းမှ တစ်ဆင့် ကားများကို မြင်လိုက်ရတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့ အံ့အားတကြီး ဖြစ်သွားခဲ့ကြသည်။

လွိုင်ကန်က ယွမ် ၆၇ သန်း တန်ကြေးရှိသည်။

La Voiture Norie ကိုတော့ ခန့်မှန်းချေ ယွမ်သန်း ၁၂၀ မျှ တန်ကြေးရှိသည်ပဲ ဆိုကြပါစို့။

ထို့ပြင် ထိုသို့ ရှားပါးသည့် ကားများက ပိုက်ဆံ တစ်ခုတည်း ရှိရုံမျှနှင့် ဝယ်ယူရရှိနိုင်သည်မျိုးလည်း မဟုတ်ကြချေ။

အဆက်အသွယ်များနှင့် ရင်းနှီးပတ်သက်မှုသည်လည်း ယခုလို အရာပစ္စည်းမျိုး ရရှိရန်အတွက် အရေးကြီးသည့် အချက်များ ဖြစ်လေသည်။ လူအများစု၏ တစ်သက်တာလုံးတွင် ယခုလို ကားမျိုးအား ထိတွေ့ကိုင်တွယ်နိုင်ခွင့် ရှိကြသည် မဟုတ်ပေ။

“ နင် ဟို ကောင်စုတ်လေးတွေကို ရိုက်နှက်ရဲနေတာ မထူးဆန်းတော့ပါဘူး.. ငါ တကယ်ကြီး ကျိုးဟိုင်က နင့်ရဲ့ ခွန်အားကို အထင်သေးခဲ့မိတာပဲ…” နင်ချဲ့ ပြောလိုက်သည်။

“ အဲ့ကောင်တွေက အလိုလိုက်ခံထားရလို့ ဆိုးသွမ်းနေတဲ့ သောက်ရူးလေး တစ်အုပ်သာသာပါပဲ…”

လင်းရီ သာမန်လျှံကာမျှသာ တုံ့ပြန်လိုက်ပြီး သူ့လူများကို ပြိုင်ကွင်း ပြေးလမ်းပေါ်သို့ ခေါ်ဆောင်လာခဲ့၏။

“ ကားတွေ အကုန်လုံးကို ဈေးကွက်ထဲက အမြင့်ဆုံး စံချိန်စံညွှန်းအတိုင်း ပြင်ဆင်ထားပြီးသားပဲ… တစ်စင်းဆီကို ယွမ်ခြောက်သန်းလောက်အထိ အကုန်ကျခံထားရတာ.. ကြိုက်သလိုသာ မောင်းကြ… အချိန်ကျလာရင် လက်မှတ်လေး တစ်ချက်တော့ ထိုးဖို့လိုမယ်.. ကျန်တာကိုတော့ ဘော့စ်လျိုနဲ့ ငါနဲ့ပဲ ကြည့်ကြပ် စကားပြောလိုက်တာပေါ့.”

“ ဟားဟား… “ ထောင်ချိန် အားရပါးရ ရယ်မောလိုက်ပြီး “ ဘော့စ်လျိုက ပြန်လျော်ပေးဖို့ မပြောနဲ့ မင်းဆီကနေ ရန်ပုံငွေ ပြန်မတောင်းရင်ပဲ ကျေးဇူးတင်ရမှာကွ..”

ခေတ္တမျှ စကားပြောဆိုပြီးနောက် လူတိုင်း ကားတစ်စီးစီ ရွေးယူလိုက်ကြတော့၏။

“ နင်လည်း မောင်းရတာ ကြိုက်တယ်မလား… လာပြီး နှစ်ပတ် သုံးပတ်လောက် ပြိုင်မောင်းကြရအောင်လေ.. ငါတို့ကို နင့်ရဲ့ စကေးတွေ ပြစမ်းပါဦး…”

“ စိတ်မ၀င်စားဘူး... သွား သွား.. ကိုယ့်ဘာကိုယ်ပဲ သွားကစားနေကြ…”

“ နင် အသင်းခေါင်းဆောင်ချိုးရဲ့ စကေးတွေကို အထင်မသေးသင့်ဘူးနော်…”

လင်းရီ ချိုးယွီလော့ကို တစ်ချက်ကြည့်လိုက်ပြီး “ တကယ်... သူ့ခြေထောက် ပုတက်တက်လေးနဲ့ ကားလီဗာတောင် မှီရဲ့လားလို့ မေးပေးစမ်းပါဦး…”

“ နင် ဘယ်သူ့ခြေထောက်ကို ပုတက်တက်လို့ လာပြောနေတာလဲ..”

“ ခုမေးနေတဲ့သူကိုလေ…”

ချိုးယွီလော့ “ …. “

နင်ချဲ့ “ ငါတော့ နင့်လို မောင်ရိုးသားလေးတွေကို သိပ်သဘောကျတာပဲ…”

“ နင့်ကိုယ်နင် ဟုတ်လှပြီ ထင်နေရင် ဆင်းလာပြီးငါနဲ့ ပြိုင်မောင်းရဲလား..”

နှစ်ဖက်လုံးရှိ မီးခိုးရမ်းနံ့များသည့် တဖြည်းဖြည်း အားကောင်းလာသည်ကို မြင်တော့ နင်ချဲ့ ဘေးသို့ ကပ်ရပ်နေလိုက်၏။

မူလတုန်းကတော့ သူမ ချိုးယွီလော့နှင့် တစ်ပတ် နှစ်ပတ်ခန့် ပြိုင်မောင်းချင်ခဲ့သော်လည်း လက်ရှိ ကြည့်ရသလောက်တော့ တစ်ဖက်သူမှာ သူမနှင့် ပြိုင်မောင်းဖို့ရာ စိတ်ဝင်တစား မရှိတော့သည့် ပုံပင်။

“ ငါမင်းကို အရှက်မခွဲချင်ဘူး အသင်းခေါင်းဆောင်ချိုး….”

“ ဟေ့ မလိုဘူး သိလား.... ဘာမှ သူ့ဂုဏ်သိက္ခာတွေကို ထည့်တွက်မနေနဲ့..” နင်ချဲ့ မီးလောင်ရာ လေပင့်ပေးနေခဲ့ပြီး “ မြန်မြန် သူနဲ့ ပြိုင်မောင်းပေးလိုက်စမ်းပါ နင်ကလည်း… မဟုတ်ရင် သူ့ကိုယ်သူ ကားနတ်ဘုရား စကူမတ်ချာလို့ သွေးနားထင် ရောက်နေတော့တာ…”

“ အဓိကက ပြိုင်မောင်းလို့ နိုင်လည်း ဘာအဓိပ္ပာယ်မှ မရှိလို့လေ…”

“ ဒါဆိုလည်း တစ်ခုခု လောင်းကြေးထပ်လိုက်ကြလေ…” နင်ချဲ့ ချိုးယွီလော့ကို ကြည့်လိုက်ပြီး “ နင် လောင်းဝံ့လား…”

“ ဘာလို့ မလောင်းဝံ့ရမှာလဲ.. “ ချိုးယွီလော့ လင်းရီကို ကြည့်လိုက်ပြီး “ တကယ်လို့ ငါ နိုင်ခဲ့ရင် နင် နောက်ကျ ငါ ပြောသမျှကို လိမ်လိမ်မာမာနဲ့ နာခံ.. ငါ့အရှေ့မှာ မလေးမစား လာမလုပ်နဲ့…ရလား.. ”

ချိုးယွီလော့၊ လင်းရီ သူမစကားကို နာနာခံခံနှင့် ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်နေမည့် မြင်ကွင်းကို ကြည့်ရှုရန် မစောင့်နိုင်တော့ချေ။

ထိုအကောင်က ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်စဉ်ကတည်းကပင် သူမအပေါ် လေးစားမှုဟူ၍ တစ်စက်မျှ မရှိခဲ့ချေ။ တစ်ခေါက်ပြီး တစ်ခေါက်သာ အရှက်ခွဲခဲ့လေသည်။

အကယ်၍ ယခုလို ကားပြိုင်မောင်းခြင်းမှ တဆင့် သူမ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်နိုင်မည် ဆိုပါကလည်း ဆိုးလိမ့်မည် မဟုတ်ချေ။

သူမ၏ အသင်းခေါင်းဆောင်ဟူသော ဂုဏ်သိက္ခာကို ပြန်လည် ထုဆစ်ရပေမည်။

“ ငါနိုင်ခဲ့ရင်ကော…”

“ နင် လိုချင်တာသာပြောလိုက်… “ ချိုးယွီလော့ ထူးမခြားနားစွာ ပြောလိုက်၏။ သူမကိုယ်သူမ မရှုံးနိမ့်နိုင်ဟု ယုံကြည်ချက် အပြည့်အဝရှိသည်။

“ ဒါဆိုလည်း နင့် အတွင်းခံကို လောင်းကြေးထပ်ကြစို့လေ… ဟီးဟီး..” နင်ချဲ့ အရှက်မဲ့စွာဖြင့် သွားကြီးဖြီးပြီး ဘေးမှ နေရင်း သဘောကျနေတော့၏။

“ နင်ရှုံးရင် နင် လင်းရီကို နင့်အတွင်းခံ တစ်စုံ ပေးရမယ်…”

ထောက်ချိန် “ ….. “

နင်ချဲ့ ရှိနေသည်ဆိုလို့ကတော့ ပျင်းရိဖို့ ကောင်းသည့် အချိန် ရှိလိမ့်မည်ပင် မဟုတ်ချေ။

“ ဘာလို့ ငုံးကြီးလို လုပ်နေတာလဲ…” နင်ချဲ့ မခံချင်အောင် ဆွပေးလိုက်၏။

“ ငါ ဘာလို့ မလောင်းရဲရမှာလဲ…” ချိုးယွီလော့ စိတ်ပိုင်းဖြတ်လိုက်သည့် ဟန်ဖြင့် ပြောလိုက်ပြီး “တရားဝင် ပြိုင်ပွဲတွေ တစ်ခါမှ မပြိုင်ဖူးဘူး ဆိုပေမယ့် ငါ့ အရည်အချင်းကို ငါသိတယ်… အပျော်တမ်းအဆင့်မှာ ငါ့ကို ယှဉ်နိုင်တဲ့သူ အများကြီး မရှိဘူး..”

“ လင်းရီ .. နင်ကော… နင် လောင်းကြေးကို လက်ခံဝံ့လား..” နင်ချဲ့ လင်းရီကို ကြည့်ပြီး မေးမြန်းလိုက်သည်။ “ ငါနင့်အတွက် အသေးစိတ် စီစဉ်ထားပေးပြီးသားနော်.. နင် လုပ်ဖို့ လိုတာက ရက်စ် တစ်ခွန်းတည်း ပြောဖို့လိုတော့တာ…”

လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်ရင်း “ စိတ်ဝင်စားစရာပဲ…”

“ ဒါဆို နင် သူ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိလား…”

“ ရှိတယ်… အပြည့်ပဲ… “

နင်ချဲ့ တစက္ကန့်မျှ ကြက်သေသေသွားပြီး ထို့နောက် ကျယ်လောင်စွာ တဟားဟား ရယ်မောလိုက်သည်။

“ ဟုတ်ပြီ.. နှစ်ဖက်လုံးက ယုံကြည်ချက် အပြည့်ရှိကြတဲ့သူတွေပဲ ဆိုတော့ လုံးဝ ပါဖက်ပဲ…”

“ ငါ အရင်ဆုံး ပြေးလမ်းနဲ့ ရင်းနှီးအောင် လုပ်လိုက်ဦးမယ်… ခဏစောင့်..”

ချိုးယွီလော့၏ အမူအရာသည် အင်မတန် လေးနက်တည်ကြည်နေသည်။ သို့မှသာ သူမတွင် အောင်နိုင်ခြေ အခွင့်အလမ်း ပိုမိုမြင့်မားလိမ့်မည် ဖြစ်၏။

သူမ ယနေ့ သူမ၏ ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ်ရလိမ့်မည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ချိုးယွီလော့ ခုနစ်ပတ်မှ ရှစ်ပတ်လောက်အထိ မောင်းကြည့်ပြီး ပြေးလမ်းနှင့်ရော ကားနှင့်ပါ တော်တော်လေးလည်း ရင်းနှီးသွားပြီဟု ဆို၍ ရလေသည်။

လင်းရီ ဘေးမှ ထိုင်နေရင်း ချိုးယွီလော့၏ စကေးများက အမှန်ပင် မဆိုးလှကြောင်း သတိပြုမိလိုက်သည်။

ခုနစ်ပတ် မှ ရှစ်ပတ်အတွင်း အကွေ့များကို အရှိန်အမြန်ဆုံးဖြင့် အကောင်းဆုံး ကွေ့နိုင်ခဲ့လေသည်။ သာမန်လူဆိုပါက ယခုလို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အစမ်း မောင်းကြည့်ပြီးနောက် ချိုးယွီလော့ ကားတံခါးကို ဖွင့်၍ လင်းရီကို ပြောလိုက်သည်။

“ ဟိတ်.. စကြစို့…”

All Chapters