← Chapters

ကျစ်ဝေနတ်ဓားသိုင်း

Vol. 121 Ch. 4.1321

ကျစ်ဝေနတ်ဓားသိုင်း

Vol. 121 Ch. 4.1321

ကျားလန်၏ ပါးပြင်များ နီရဲလာခဲ့သည်။ လုရွှမ်ဘက်က ဓားသိုင်း ကောင်းကောင်းဖြင့် တိုက်ကွက် ထုတ်ပေးသည်ဆိုပါက သူမသည် အဆုံးမရှိ ဒေါသကိုပင် ဆုပ်ကိုင်ထားဦးမှာ ဖြစ်သည်။

"ဟားဟား... ဒါ နင့်ရဲ့ခွန်အားလား... နင့်ကိုသူများက ရိုးရိုးဓားနဲ့တင် အနိုင်ယူတော့မယ်... ကျွတ် ကျွတ် နင်အဲဒီမှာရပ်ဖို့ သတ္တိရှိနေတာ အံ့သြစရာပဲ.... ငါသာဆိုရင် ကြိုးတစ်ချောင်းရှာပြီး ကြိုးဆွဲချပြီးပြီ"

မင်ဟယ်က ရပ်ကြည့်နေရာကနေ အကျယ်ကြီး လှမ်းအော်ဟစ်လိုက်သည်။ ကျားလန်ကလည်း ပြန်အော်ဟစ်လေ၏။

"မင်ဟယ်... နင်ဘာတွေ မာနကြီးနေတာလဲ... ငါအနိုင်ရရင် နင့်ကိုလာပြီး စိန်ခေါ်ပြမယ်!"

"ဟားဟား နင်ပြောတဲ့အတိုင်းပဲနော်... ပြီးမှ ကတိမဖျက်နဲ့!"

"နောင်တရတဲ့သူက ခွေးပဲ!!"

အားလုံးက ရယ်ချင်နေကြသည်။ ဤနှစ်ယောက်သည် စိတ်ဖောက်ပြန်သော မိန်းကလေးများလို ဖြစ်နေကြလေပြီ။

"ပါးစပ်ပိတ်ထား!"

"ပါးစပ်ပိတ်ထား!"

အသံနှစ်သံ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ နှစ်ယောက်သား အလျင်အမြန် ပါးစပ်ပိတ်လိုက်ကြပြီး မျက်နှာတွေ နီရဲသွား၏။ အော်လိုက်သူကတော့ သူမတို့ရဲ့ ဆရာတွေပါပဲ။

လုရွှမ် တခစ်ခစ်ရယ်ရင်း "လူကြီးတွေ စိတ်ဆိုးမနေပါနဲ့... နတ်သမီးနှစ်ယောက်က အပြစ်ကင်းစင်ပြီး အရမ်းချစ်စရာ ကောင်းပါတယ်"

ကျိုးယန်ကအရင် တဟားဟား အော်ရယ်လိုက်လေရာ သူမအသံက လူတိုင်းရဲ့ ရယ်မောခြင်းကို နှိုးဆွလိုက်သကဲ့သို့ ပရိတ်သတ်ကြီးက တဟားဟား အော်ရယ်ကြ​တော့သည်။ မိန်းကလေး နှစ်ယောက်မှာ လုရွှမ်ကို ကိုက်စားချင်လာသလို စိုက်ကြည့်နေကြ၏။

လုရွှမ် စကားသိပ်မပြောဘဲ အသာလေး ပြုံးလိုက်သည်။

ကျားလန်: "ဓားကိုကြည့်!"

လုရွှမ်ခန္ဓာကိုယ်က နံဘေးသို့ ယိမ်းယိုင်သွားကာ ကျားလန်ရဲ့ တိုက်ခိုက်မှုကို ဖျက်ကနဲ ရှောင်လိုက်သည်။ သို့သော် သူ့စိတ်က ရုတ်တရက် လှုပ်ရှားသွားကာ ဓားကို ချွန်းကနဲ အသံနှင့်အတူ လျင်မြန်စွာ ခုတ်ထစ်ပစ်ခဲ့သည်။

ကျားလန်လည်း ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်လေ၏။ သူမမျက်လုံးထဲတွင် လေးနက်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ ဓားစွမ်းအင်ရဲ့ ကန်အားကြောင့် နှစ်ယောက်သား ကွဲသွားပြန်သည်။

"မင်းရဲ့ဓားသိုင်းက ကျစ်ဝေနတ်ဓားသိုင်း မဟုတ်ဘူးမလား"

လုရွှမ် သူ့အသံကို အံ့အားသင့်သွားသော အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။ တကယ်တော့ ဒီကျားလန် ပေါ်လာတာကို မြင်တော့ အရင်က နတ်ခန္ဓာကိုယ်နဲ့ မိန်းကလေးကို အမှတ်ရသွား၏။ အဲဒီအခေါက်ကလွဲလို့ နောက်ပိုင်းမှာတော့ ပေါ်လာတာ မရှိပါဘူး။

ကျားလန်: "သေချာပေါက် ကျစ်ဝေနတ်ဓားသိုင်း မဟုတ်ဘူးပေါ့!! ကျစ်ဝေနတ်ဓားသိုင်းသာ သုံးလိုက်ရင် ရှင် အစောကတည်းက ရှုံးသွားလိမ့်မယ်"

လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဒီအမျိုးသမီးက တကယ်ကို ရိုးသားလွန်းတာပဲ။

"မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး... မင်းတို့ရဲ့ နတ်ခန္ဓာကိုယ် ဘယ်မှာလဲ... ထွက်လာခိုင်းလိုက်... ငါ သူ့ကို မြင်ဖူးတယ် ဘာလို့ ထွက်မလာတာလဲ"

လုရွှမ် အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။ ကျားလန်ရဲ့ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားကာ လုရွှမ်အား ဓားဖြင့် ထိုးချလိုက်၏။

"နင် ဘာပြောနေတယ်? ငါကနင့်ရဲ့ပြိုင်ဘက် မဟုတ်ဘူး ဟုတ်လား!! ကောင်လေး နင်ငါ့ရဲ့ စွမ်းရည်တွေကို လျှော့တွက်နေတာပဲ..."

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ လုရွှမ်ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

တခဏချင်းမှာပဲ လုရွှမ်ရဲ့ အငွေ့အသက်ဟာ လုံးဝကို ပြောင်းလဲသွား၏။ သူဟာ ခပ်မြင့်မြင့်မှာ နေတဲ့ သခင်တစ်ယောက်လို မြင့်မားလွန်းတာကြောင့် တောင်ကို မျှော်ကြည့်နေရသလိုပင်။ ဒါပေမဲ့ လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ အဲဒါကို လုံးဝ မခံစားနိုင်ကြပါဘူး။

နတ်ခြေလှမ်းနယ်ပယ် တက်ထားသော သခင်တွေရဲ့ မျက်နှာတွေကသာ လုရွှမ်ကို ကြည့်ရင်း မကြည်မသာ ဖြစ်လာကြလေ၏။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှာ ဘယ်လိုလုပ်များ ဒီလို ပါရမီရှင်မျိုး ပေါ်လာရတာလဲ။

လုရွှမ် ဓားစွမ်းအင် တစ်ချက် လွှဲခုတ်လိုက်သည်။ ထက်မြက်မှု၊ ပြင်းထန်သော ဓားစွမ်းအင် မရှိဘဲ ကမ္ဘာကြီး ပြိုလဲသွားသလိုမျိုး ကျားလန်အပေါ် ဖိအားတွေ ကျလာခဲ့ကာ အလွန်ရက်စက်တဲ့ အရှိန်အဟုန် တစ်ခုနှယ်။

ကျားလန် တိုးတိုးလေး အော်ဟစ်လိုက်မိသည်။ သူမ ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေကို ငေးကြည့်နေမိတဲ့ စိတ်ထဲ ထိတ်လန့်သွားသည်။ စိတ်ထဲမှာ သွားပြီ ဟူသော အတွေးတစ်ခုပဲ ရှိတော့၏။

လူတစ်ယောက်က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ကို ဘယ်လိုလုပ် ချုပ်ကိုင်နိုင်မှာလဲ။

"သခင်လေးလုရွှမ် ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့... ယောင်ကျစ် ထွက်လာပါပြီ"

နတ်သမီးတစ်ယောက်က ပြေးထွက်သွားပြီး ညင်သာသော လေသံနဲ့အတူ ပျံသန်းလာခဲ့၏။

လုရွှမ် ထိုမိန်းကလေးကို မြင်သောအခါ အရှိန်အဝါများ ရုတ်သိမ်း၍ ကျားလန်အား လွှတ်ချလိုက်သည်။ ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသော ကျားလန်မှာ လေရှူထုတ်ရင်း လုရွှမ်ကို ထိတ်လန့်သွားသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

အားလုံးက ခဏလောက်အထိ စိတ်ရှုပ်သွားကြသည်။ အခုက ဘာဖြစ်သွားတာလဲ။ နတ်သမီး ကျားလန်ကို ဘယ်လိုနည်းနဲ့ အနိုင်ယူသွားတာလဲ။ သူမကို ကြည့်ရတာ အရမ်းထိတ်လန့်နေပုံပဲ။

ပြီးတော့ ဒီမိန်းက​လေး အသစ်က ဘယ်သူလဲ။ လုရွှမ်ပြောတဲ့ နတ်ခန္ဓာလား။ ကျစ်ဝေသန့်ရှင်းတဲ့မြေမှာလည်း နတ်ခန္ဓာတစ်ခု မွေးဖွားလာတာလား။

ယောင်ကျစ်က သူ့လက်ကို ဝှေ့ယမ်းပြီး ကျားလန်အား ပြန်လွှတ်ပေးလိုက်သည်။ တစ်ဖက်လုမှာ အသက်မသေ​သေးဘဲ လမ်းလျှောက်နေသော လူသေကောင်ကဲ့သို့ စိတ်ပျက်လက်ပျက် အခြေအနေတွင် ရှိနေ၏။

"မင်းရဲ့ အားနည်းချက်ကို အခုသိပြီမလား"

ကျစ်ဝေသန့်ရှင်းတဲ့မြေက ဂိုဏ်းချုပ်က တိုးတိုးလေး ဆူလိုက်သည်။ ကျားလန်လည်း ကျီးရွှယ်ချင်းရဲ့ လက်နှစ်ဖက်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးပစ်လေ၏။

"မင်းရဲ့ အငယ်တန်း ညီမလေးကို ကြည့်ထား... အရမ်း မာနကြီး​နေတာကိုလည်း ရပ်လိုက်တော့... ကျားလန် မင်းလည်း ကောင်းကောင်း ကြည့်ထား!"

နတ်နဂါး မိသားစုထဲတွင် သူမသည် နတ်သမီးဖေးလော့ကိုယ်ထဲ ဝင်ထားသော အာကာသသားရဲ၏ ခိုးဝင်တိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးသွားခဲ့သော်လည်း ရလဒ်မှာ သူမ ကံမကောင်းလွန်းခြင်း အတွက် လွဲချော်ခဲ့သည်။

မျှော်စင် နယ်ပယ်ထဲကို လူတိုင်းလိုမျိုး ဝင်ရောက်ခဲ့ကြသော်လည်း သူမ၏အခြေခံ အုတ်မြစ်က အခြားသူများထက် အနည်းငယ် ဆိုးရွားနေခဲ့သည်။ အဆိုပါ အခြေခံအုတ်မြစ်များကို ထူထောင်ရန် ကြိုးစား အားထုတ်မှုများစွာ လိုအပ်ကြောင်း ထိုအခိုက်ရောက်မှ သူမ ခံစားရသည်။

သူမ စိတ်ထဲတွင် ညည်းညူနေခဲ့သော်လည်း လုရွှမ်၏ အပြောင်းအလဲများကို ယခုအခိုက်အတန့်တွင် ရပ်ကြည့်နေခဲ့သည်။ ဆုလာဘ်လို့ခေါ်တဲ့ အခွင့်အရေးလို့ခေါ်တဲ့ အခွင့်အလမ်းတွေဟာ အမှန်တကယ် ခွန်အားရှိသူတွေပဲ ရ​တာ ဖြစ်ပြီး သန်မာသူတွေကိုသာ ကောင်းကင်က ကူညီပေးနိုင်တယ် ဆိုတာ နားလည်သွားပြီ။

အခွင့်အလမ်းတွေ ရချင်ရင် သို့မဟုတ် ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို လိုချင်ရင်၊ ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်မှသာလျှင် ရမည်။ ထို့အပြင် ခွန်အားကို အရင်ဆုံး မြှင့်တင်ရမည်။

တရားမျှတမှုရော ရှိလား။

ဒီကမ္ဘာကြီးဟာ ဘယ်တော့မှ တရားမျှတမှု မရှိဘူးလို့ ညည်းညူနေမယ့်အစား ကိုယ့်ကိုကိုယ် တိုးတက်အောင် ပြောင်းလဲဖို့ ကြိုးစားသင့်ပေသည်။ စိတ်ပိုင်းဆိုင်ရာကို ဆုံးရှုံးလိုက်ရပါက နောင်အနာဂတ်တွင် အောင်နိုင်မည် မဟုတ်ပေ။

ကျားလန်: "ဟုတ်ကဲ့ သင်ခန်းစာရပါပြီ"

"ဟူး... ဒီကောင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲဟ... သူက ဒီလိုမျိုး ဓားသိုင်းကို တကယ်နားလည်နိုင်တယ်... တကယ့် ပါရမီရှင် တစ်ယောက်ပဲ"

ကျီးရွှယ်ချင်း သက်ပြင်းချလိုက်၏။ ကျားလန်လည်း သူမမျက်ရည်တွေကို သုတ်လိုက်ပြီး အောက်က လူနှစ်ယောက်ကို ဆက်ကြည့်နေလိုက်သည်။

"ကျွန်တော် အခုနတုန်းက ပြိုင်ပွဲကို ထည့်မတွက်ထားဘူး... တိုက်ပွဲက နွေးနွေးထွေးထွေး ရှိရင်တောင်မှ ကျွန်တော် တကယ် တိုက်ချင်တဲ့သူက ဒီက နတ်သမီးပဲ!"

နတ်သမီး ယောင်ကျစ်ကလည်း နူးညံ့သိမ်မွေ့စွာ ပြုံးပြ၏။

"ဒါဆို ကျစ်ဝေ သန့်ရှင်းတဲ့မြေကိုယ်စား သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

သူမက နတ်ဓားကို ချက်ချင်းထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ ဓားစွမ်းအင် အနည်းငယ်ကိူ လွှဲလိုက်ရုံဖြင့် နတ်သမီးယောင်ကျစ်၏ တစ်ဝိုက်တွင် တိတ်တဆိတ် ပွင့်လန်းလာသော ပန်းပွင့်များ ထွက်ပေါ်လာသည်။

ပန်းများက တောက်ပ​နေသော်လည်း ဤပန်းပွင့်သည် ဓားစွမ်းအင်မှ ပေါင်းစပ်ထားသကဲ့သို့ ဓားရည်ရွယ်ချက်များနဲ့ ပြည့်နေ​ပေသည်။ နတ်သမီး ယောင်ကျစ်က သူမလက်ဖဝါးကို ဝှေ့ယမ်းကာ လုရွှမ်ဆီသို့ ပန်းများအား ပစ်လွှတ်လိုက်လေသည်။

လုရွှမ်သည် ဤပန်းတစ်ပွင့်ကိုတော့ ဂရုမစိုက်ဘဲ မနေဝံ့ပေ။ ပန်းက သူ့ဆီသို့ ဓားစွမ်းအင်ထောင်ပေါင်းများစွာ ဟောက်နေသကဲ့သို့ ပြေးလာတာကြောင့် သူ့အတွက် ခြိမ်းခြောက်မှုက အလွန်ကြီးမားသည်။

အရှိန်က နှေးနေသော်လည်း အငွေ့အသက်က အလွန်အေးစက်သည်။ လူများကို လေအေးတွေကြောင့် နှစ်မြုပ်စေပြီး ရုန်းမထွက်နိုင်စေသည့် အလှတရားကို ခံစားရစေသည်။ လုရွှမ် သူ့ဓားရှည်ကြီး လွင့်ပျံသွား​စေကာ ဓားပန်းပွင့်များအား ဖျက်စီးပစ်လိုက်သည်။

ခဏတာမျှပင် အရာအားလုံး ကွဲအက်သွားသည်။ ပန်းများပွင့်ထဲက ဓားစွမ်းအင်များ အမှန်တကယ် ထွက်လာ၏။ ရောင်ဝါက သန့်စင်သွားပြီး အလွန်ရက်စက် ကြမ်းကြုတ်လွန်းလှတာကို တွေ့နိုင်ပေသည်။

All Chapters