← Chapters

မျက်စိရှုပ်ကုန်ပြီ

Vol. 121 Ch. 4.1322

မျက်စိရှုပ်ကုန်ပြီ

Vol. 121 Ch. 4.1322

လုရွှမ်က သူမရဲ့ ဤအပြင်းထန်ဆုံးသော ဓားစွမ်းအင်လှိုင်းကို ပထမဆုံး ရင်ဆိုင်ခဲ့သူ ဖြစ်သည်။

"ဓားစွမ်းရည် ကောင်းတယ်!"

လုရွှမ် ချီးကျူးလိုက်သည်။ သူလမ်းလျှောက်ပြီး ထွက်လာတာနဲ့ ချင်ထျန်းဓားကို ဆွဲထုတ်ပြီး သူ့ရှေ့က ပန်းတွေကို ထပ်ကာ ဖြတ်ထုတ်ပစ်လိုက်လေ၏။ ဓားစွမ်းအင်ကို လုရွှမ်အတွက် လှိုင်းလုံးကြီးတစ်ခုလို ပြေးထွက်သွားကာ ပျံသန်းနေသော အင်းဆက်များ အားလုံးကို သုတ်သင်ဖယ်ရှား ပစ်လိုက်သကဲ့သို့ပင်။

ချန်ရှီး၏ မျက်လုံးများ တောက်ပလာ၏။ လုရွှမ်လက်စကို သူ့ကို မယုံနိုင်လောက်အောင် မျက်လုံး ပြူးသွားစေသည်။ လုရွှမ်က ဒြပ်စင်ငါးပါး ဓားသိုင်းကို လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ကျွမ်းကျင်လာကာ သူကတော့ ဆယ်နှစ်ကြာအောင် လေ့ကျင့်ခဲ့ရသည်။ သို့သော် တစ်ဖက်လူကတော့ အချိန်တိုအတွင်း လိုက်နိုင်ခဲ့၏။

လုရွှမ်နဲ့ နားလည်မှုလွဲတာတွေ ပြေလည်သွားပေမယ့် သူ့နှလုံးသားထဲမှာ မနာလိုမှု အရိပ်အယောင်တွေ ရှိနေပါသေးသည်။ စိတ်ထဲမှာ နည်းနည်း ချဉ်နေသလိုလည်း ခံစားရသည်။ တခြားသူတွေက ကိုယ့်ကို အရူးလို ကြည့်နေတာကိုလည်း ပထမဆုံးအကြိမ် ခံစားရတာ ဖြစ်သည်။

အခုအချိန်မှာတော့ သူ့ရင်ဘတ်ထဲက တင်းကျပ်နေတာတော့ လျော့နည်းသွားတာကို ရုတ်တရက် ရှာတွေ့လိုက်ပြီ။ လူက ပိုငြိမ်သက်သွားသလို သူ့စိတ်တွေလဲ ပိုသက်တောင့်သက်သာ ဖြစ်သွားသည်။

ထိုစဥ် အဖေပြောခဲ့တဲ့ စကားကိုတောင် ရုတ်တရက် သတိရသွားမိသည်။ 'ဘယ်သူပဲကြည့်ကြည့် မင်းရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်၊ ဒါပေမဲ့ တစ်လောကလုံးကို စိုက်ကြည့်နေရင် မင်းရဲ့အနာဂတ်က အကန့်အသတ် မရှိတော့ဘူးပေါ့' တဲ့။

ချန်ရှီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့စိတ်တွေ ကြည်လင်လာပြီး နှလုံးလည်း သာယာလာပါ၏။ လုရွှမ်ဘက်ကို ပြန်ကြည့်လိုက်တော့ ၎င်းက တစ်ဖက်မိန်းကလေးကို စိန်ခေါ်နေပြီ။

"ထပ်လာခဲ့!"

"ရှင်?"

ယောင်ကျစ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ သူမအသံမှာ အံ့အားသင့်သွားသည့် အရိပ်အမြွက်များလည်း ရောပါနေ၏။

သူမ၏ယခု ဓားလှုပ်ရှားမှုတစ်ခုက စမ်းသပ်ရုံသက်သက်သာ။ ပျမ်းမျှစွမ်းအားနှင့် အတော်လေး ရိုးရှင်းသော်လည်း လုရွှမ်က ယခုလို ဖျက်စီးပစ်လိုက်မယ်လို့ သူမ တကယ်ပင် မမျှော်လင့်ခဲ့ချေ။

"အရမ်းကောင်းတယ်"

ယောင်ကျစ်ကလည်း ပြုံးပြီး သူ့ဓားကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ကာ မျက်လုံးတွေဟာ အစောကထက် ကြည်လင်လာ​ပေသည်။ လုရွှမ်ကို ကြည့်လိုက်ရင် သူမမှာ အသက်နဲ့သေခြင်းရဲ့ ရန်သူကို ရင်ဆိုင်ရသလိုမျိုး နည်းနည်းလေးမှ လျှော့မတွက်တော့ပေ။

ယခု ထပ်ထွက်လာသော ထိုပန်းပွင့်သည် ကျစ်ဝေနတ်ဓားသိုင်း၏ ဓားစွမ်းအင်မှ ထွက်ပေါ်လာသော လုံး၀ ပြည့်ဖြိုးနေ၏။ အနီးနားရှိ ပရိတ်သတ်များလည်း အံ့သြသွားကြသည်။ ထိုပန်းက တကယ့်ကို မြက်ပင်ပန်းပွင့်လိုနီးပါး ကွက်ကွက်ကွင်းကွင်း ပွင့်လာခဲ့ခြင်းပင်။

လုရွှမ် သတိကပ်ထားသည်။ ကျစ်ဝေနတ်ဓားသိုင်းက တကယ်တော့ ပန်းရနံ့ဓားသိုင်းများလား။ ကျင့်ကြံမှု ကျင့်စဥ်များတွင် ကျစ်ဝေဧကရာဇ်ကြယ်ဟာ ကျစ်ဝေသန့်ရှင်းတဲ့မြေနဲ့ သက်ဆိုင်ကြောင်း ပြောထားကာ သန့်ရှင်းတဲ့နယ်မြေက ဧကရီကို ရည်ညွှန်းကြောင်း သိထားရပါမည်။

ကျစ်ဝေနတ်ဓားသိုင်းကို လှပသော ပန်းပွင့်ဓားသိုင်းအဖြစ် တကယ် မှတ်ယူမိပါက သင်သည် သေခြင်းတရားကို အမှန်တကယ် တောင်းဆိုနေသော ငတုံးသာ ဖြစ်သွားလိမ့်မည်။

လုရွှမ် ဒြပ်စင်ငါးပါး ဓားသိုင်းကို ဝှေ့ယမ်းပြီး ယောင်ကျစ်ကို ပြန်တိုက်ခိုက်သည်။

ဒြပ်စင်ငါးပါးသည် လောကတစ်ခုလုံး၏ အခြေခံအုတ်မြစ် အဖြစ် အားလုံးနှင့် ဆက်စပ်နေသောကြောင့် လူတိုင်း၏ ကျင့်စဥ် နားလည်မှုများတွင် ဒြပ်စင်ငါးပါးက ပါဝင်လေသည်။ ဓားရေးကျွမ်းကျင်မှုတွင် လူနဲ့ဓား ပေါင်းစပ်မှုက အရိုးရှင်းဆုံး လှုပ်ရှားမှု ဖြစ်သည်။

အမှန်တကယ် အခြေခံများက ရိုးရှင်းမှုကို ဆိုလိုသည်။ သို့သော် ရိုးရှင်းမှုကို လက်ခံလိုက်တာက အခြေခံအုတ်မြစ်ကို ပေါ့ပေါ့တန်တန် တည်ဆောက်လိုက်တာပါပဲ။

ကျယ်ပြောလှသော လောက၌ အရာခပ်သိမ်း၏ အခြေခံအုတ်မြစ်မှာ လောကတစ်ခုလုံးကို ဖြစ်ထွန်းစေနိုင်သော ဒြပ်စင်ငါးပါးပဲ ဖြစ်သည်။ လုရွှမ် ယခင်က ယင်ယန်ပေါင်းစပ်မှုကို အားကိုးပြီး ကမ္ဘာကြီး၏ စွမ်းအင်တစ်ဝက်ကို စုစည်းကာ နဂါးအသွင်အပြင်ကို ဖျက်ဆီးပစ်ရန် သရုပ်ပြခဲ့သည်။

ထို့ကြောင့် ဒြပ်စင်ငါးပါး ဓားသိုင်းသည် ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုမျှသာမက ဤအရာအားလုံး၏ မူလဇစ်မြစ် ဆိုလည်း ဟုတ်ပေသည်။

ရိုးရှင်းသော ဓားသိုင်းက ရိုးရှင်းသော ဓားသိုင်းကို ဆက်လက်လုပ်ဆောင်ရန် မဟုတ်ပေ။ ၎င်းကို အခြေခံ၍ ကိုယ်ပိုင်နားလည်မှုနှင့် ထိုးထွင်းသိမြင်မှုကို စမ်းစစ်ရမှာပဲ ဖြစ်သည်။ လမ်းမကြီးရဲ့ အဝေးသို့ တိုးသွားသော်လည်း တစ်ဖက်ကမ်းရှိ ရှုခင်းများကို မြင်လိုပါက ကိုယ်တိုင် လျှောက်လှမ်းရန် လိုအပ်သလိုပင်။

လမ်းက သူ့ဟာသူ ရှိနေပေမယ့် ​​ဒါက တကယ့် အခြေခံအုတ်မြစ်ပါပဲ။

လုရွှမ် ပူလောင်သော မျက်လုံးများဖြင့် ယောင်ကျစ်ကို စိုက်ကြည့်သော်လည်း သူမဓားသိုင်းကို လေ့လာလို့ မရပေ။ ကျစ်ဝေနတ်ဓားသိုင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နောက်ဆုံးမှာ ဒြပ်ငါးပါးက ဆင်းသက်လာတာပင်။ ဒါဆို ကျစ်ဝေနတ်ဓားသိုင်းကို ဒြပ်စင်ငါးပါးနဲ့ ဘာကြောင့် မဖြိုခွင်းနိုင်ရမှာလဲ။

လုရွှမ်မျက်နှာမှာ တည်ငြိမ်နေပြီး ထုတ်ဖော်ပြသမှု ကင်းမဲ့နေသည်။ သူသည် ထိတ်လန့်ခြင်းမရှိ၊ တည်ငြိမ်ပြီး ဉာဏ်မရှိသူဟု ထင်မြင်ယူဆရသော်ငြား နတ်ခြေလှမ်းနယ်ပယ် တက်သွားသော သခင်များ၏ အမြင်တွင်တော့ ဉာဏ်ပညာရှိသူ ဖြစ်နေပြီ။

လုရွှမ် တခြားလူများ တွေးနေပုံကို မသိလိုက်ပေ။

တဖြည်းဖြည်းနှင့် ယောင်ကျစ်၏ ဓားသိုင်းက တစ်ခဏမျှသာ ပြိုကွဲသွားပုံပေါ်သော်လည်း လုရွှမ် ထိုဓားလှုပ်ရှားမှုထဲကနေ ချို့ယွင်းချက်ကို ရှာတွေ့လိုက်သည်။

ဓားကျွမ်းကျင်မှု သို့မဟုတ် လှုပ်ရှားမှုတိုင်းတွင် ချို့ယွင်းချက် တစ်ခုကတော့ ရှိစမြဲပင်။

လုရွှမ်သည် နတ်ဘုရားများ၏ စွမ်းအားဖြင့် ပါရမီရှင် ဖြစ်လာသောကြောင့် ကျစ်ဝေနတ်ဓားသိုင်း၏ အပြစ်အနာအဆာများကို သဘာဝအတိုင်း မမြင်နိုင်သော်လည်း ဓားချက် တစ်ချက်ချင်း လှုပ်ရှားနေချိန် ပြိုကွဲသွားသော ဓားစွမ်းအင်နဲ့ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကာ ဖြေရှင်းနိုင်သည်။

ဓားသိုင်းက ပိုမိုအဆင့်မြင့်လေလေ ဒြပ်စင်ငါးပါးအပေါ် အသုံးချမှုကလည်း မြင့်မားလေလေ ဆိုတာ ထင်ရှားသည်။ တစ်ချိန်တည်းတွင် ဒြပ်စင်ငါးပါးကို ဓားသိုင်းထဲ၌ ပိုမိုနက်ရှိုင်းစွာ ဝှက်ထားလေ ဖြစ်သည်။

ဒြပ်စင်ငါးပါး အုတ်မြစ် ဆိုတာဟာ အတွင်းဆုံး၌ ရစ်ပတ်ထားသော ဓား၏ အမာခံလို ဖြစ်တဲ့အပြင် အပြင်ဘက်က ထက်မြက်သော ဓားကို ပွားစေသော အုတ်မြစ်လည်း ဖြစ်သည်။

ပြင်ပမှ တိုက်ခိုက်နေလျှင် သဘာဝအားဖြင့် အလွန်ခက်ခဲသည်။ ဒါပေမဲ့ အတွင်းကနေ ကွဲထွက်သွားရင် ပြဿနာက သဘာဝအတိုင်း ရိုးရှင်းသွားပါလိမ့်မည်။

ဒါဆို အတွင်းကနေ ဘယ်လို တိုက်ခိုက်မလဲ။

လုရွှမ် သူ၏လှုပ်ရှားမှုများကို ဝှေ့ယမ်းနေဆဲ ဖြစ်သည်။ သူက ယောင်ကျစ်ရဲ့ တိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် ခုခံနေသော်လည်း နောက်ဆုံးတွင် တိုက်ခိုက်နိုင်ရန် မှော်ဆန်သည့် လှုပ်ရှားမှုတစ်ခုကို အသုံးပြုခဲ့သည်။ အခိုက်အတန့် သေးသေးလေးတိုင်း တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့လို့ မဟုတ်ပါက လုရွှမ် အစောကတည်းက ရှုံးနိမ့်သွားပေလိမ့်မည်။

လူတော်တော်များများသည် လုရွှမ်ရဲ့ ဒြပ်စင်ငါးပါး ဓားသိုင်းကို ကြည့်ကာ အလွန်စိတ်ပျက်ခဲ့ကြသည်။

ဒါက ဒြပ်စင်ငါးပါးဓားသိုင်းလား။

လုရွှမ်သည် စိတ်ဆန္ဒအတိုင်း ဓားရှည်ကို ကိုင်ဆောင်ကာ လှုပ်ရှားမှု အနည်းငယ်ကိုသာ ဝေ့ယမ်းနေသော်ငြား ပိုပြီး ချောမွေ့စွာ သုံးနေကြောင်း မြင်သာသည်။ ဒါက အရိုးရှင်းဆုံး ဓားသိုင်းပဲ ဖြစ်လေသည်။ လူတော်တော်များများ ပြသဖို့ မျှော်လင့်ထားတဲ့ ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်းက အခုထိ ပေါ်မလာသေးပေ။

"ဟမ့် ဘယ်လို ပါရမီရှင်လဲလို့ တွေးနေတာ... လတ်စသတ်တော့ ဘာမှတောင် မဟုတ်ဘူး အချိန်ဖြုန်းမိတာပဲ အဖက်တင်တယ် ... အစောကတည်းက သိရင် ငါအရင်တက်သွားပြီး ရတနာတွေကို သိမ်းယူလိုက်တယ်!"

"ဟုတ်တယ်... ဟေး... နာမည်နဲ့လိုက်လျောညီထွေနေဖို့က တကယ်ကို ခဲယဉ်းတယ်... နာမည်ရဖို့ ကြိုးစားတဲ့သူတွေလည်း အများကြီးနော်"

ယောင်ကျစ်က လုရွှမ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲ ဖြစ်သည်။ လုရွှမ်၏ အလွန်မြန်လှသော ခြေလှမ်းများကို သတိပြုမိပြီး လုရွှမ်အရိပ်ကို ရှာဖွေရန် ကြိုးစားသော်လည်း လုံးဝ ဖမ်းမမိနိုင်ပေ။

လုရွှမ်ကို ကြည့်ရင်း စိတ်ကလည်း အမှန်တကယ်ပင် အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

ဒါက လုရွှမ် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု စီစဉ်နေတာလား။

သူမ၏ နှလုံးသားထဲတွင် နိုးနိုးကြားကြား ရှိလာခဲ့ကာ လုံးဝ ဂရုမစိုက်ဘဲ မနေဝံ့တော့ပေ။ လုရွှမ် သူမကို မတိုက်ခိုက်နိုင်သော်လည်း အခြားသူများကလည်း လုရွှမ်ကို မတိုက်ခိုက်နိုင်ပေ။ ထို့အပြင် လုရွှမ်၏ အသွင်အပြင်သည် သူမအား အမှတ်တမဲ့ ဉာဏ်အလင်း ရသွားစေခဲ့သည်။

ဒါက အရမ်းထူးဆန်းတဲ့ ခံစားမှုတစ်ခုပဲ။ အပြန်အလှန်အားဖြင့် လုရွှမ်၏ မျက်လုံးများက ကြည်လင်လာပြီး ယောင်ကျစ်၏ နှလုံးသားထဲတွင်တော့ နားမလည်နိုင်လောက်အောင် ထိတ်လန့်သွားသည်။

All Chapters