← Chapters

တွင်းနက် ပေါ်လာတယ်

Vol. 121 Ch. 4.1323

တွင်းနက် ပေါ်လာတယ်

Vol. 121 Ch. 4.1323

လုရွှမ် ဓားကိုင်ထားသော သူ့လက်ဖဝါးကို ရွှေ့လိုက်သည်။ ၎င်းက အလွန်ရိုးရှင်းသော လှုပ်ရှားမှုတစ်ခု ဖြစ်နေဆဲပင်။ သို့သော် ယောင်ကျစ်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားမလည်နိုင်စွာ ခံစား​နေရသည်။

သူမ အရမ်းမတွေးဝံ့တော့ပေ။ တော်တော့်ကို ထိတ်လန့်သွားတာကြောင့် ကျစ်ဝေနတ်ဓားသိုင်းကို ထုတ်သုံးရင်း လုရွှမ်ကို အမြန်အနိုင်ယူချင်လာသည်။

​မြေကမ္ဘာ ကျင့်ကြံခြင်းလောက၏ အဓိကဓားသိုင်း ရှစ်ခုအနက်မှ တစ်ခုအနေဖြင့် ကျစ်ဝေနတ်ဓားသိုင်းဟာ လေ့ကျင့်ရန် အလွန်ခက်ခဲပေသည်။ အထူးသဖြင့် အသက်ကြီးသူများ၏ လမ်းညွှန်မှုမပါဘဲ အောင်မြင်စွာ မမွေးမြူနိုင်သော နတ်ခန္ဓာကိုယ်ကို ရပြီးနောက် သူမကိုယ်တိုင် အမြဲသဘော ပေါက်လာခဲ့သည်။

ထို့ကြောင့် သူမသည် ဓားသိုင်းပညာတွင် အကြာကြီး နှစ်မြုပ်နေသော်လည်း ကျစ်ဝေနတ်ဓားသိုင်းကို ယခုမှ စတင်လုပ်ဆောင်နေရပြီ။ လုရွှမ်ရဲ့ စွမ်းရည်များ အကြောင်းရ အချိန်အတော်ကြာ ကြားဖူးနားဝရှိနေသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဒါဆို သူမ၏ ဓားရေးကျွမ်းကျင်မှုမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်နိုင်ပါသလား။

"ဟူး.... ယောင်ကျစ်က ထက်မြက်တယ် ဒါပေမဲ့လည်း သံသယ ဝင်လွယ်လွန်းတယ်"

ကျီးရွှယ်ချင်းသည် ဒီတပည့်၏ တိုက်ခိုက်မှုကနေ တုံ့ဆိုင်းနေတဲ့ အငွေ့အသက်ကို ခံစားရတာကြောင့် ရေရွတ်လိုက်ရသည်။ အရင်ကထက် ပြတ်ပြတ်သားသား ဆောင်ရွက်တာက ပိုကောင်းပေမည်။

တစ်ဖက်တွင်မူ လုရွှမ်သည် ယခင်လိုပဲ ဓားရှည်အား လှုပ်ရှားခဲ့သော်လည်း လှုပ်ရှားမှုတိုင်းက ယောင်ကျစ်ကို မတူညီသော လူအဖြစ်သို့ ပြောင်းလဲသွားသလို ခံစားစေခဲ့သည်။

လုရွှမ်သည် သလင်းကျောက်များကို စုဆောင်းခဲ့ရုံသာမက ဤမဟာဂိုဏ်းကြီးများနှင့် ရှေးဟောင်းမိသားစု၊ သန့်ရှင်းတဲ့နယ်မြေက တပည့်များ၏ ခွန်အားကို မြင်နိုင်ရန်လည်း လုပ်ဆောင်နေကြောင်း သူမ မသိခဲ့ပါ။

အချင်းချင်း နှိုင်းယှဉ်ရာကနေသာ ခွန်အားကို မြှင့်တင်နိုင်မှာ ဖြစ်သည်။ အနာဂတ်တွင် အခြားသော တိုက်ကြီးများသို့ ဝင်ရောက်ရန်၊ ပိုမိုကောင်းမွန်သော လေ့ကျင့်မှုများ ရရှိရန်၊ ကိုယ်ပိုင်လုံခြုံမှုကို သေချာစေရန် ခွန်အားက အရေးကြီးသည်။

ငြိမ်းချမ်း​နေတဲ့ ကာလမှာ ချွေးမထွက်ထားရင် စစ်ထွက်တဲ့အခါ သွေးထွက်လိမ့်မယ်။

ထို့ကြောင့် လုရွှမ်၏ အတွေးထဲတွင် ယင်နဂါး သွေးအစစ်က အလွန်အရေးကြီးပြီး နိဗ္ဗာနဆေးလုံးလည်း အရေးကြီးပေမယ့် ၎င်းတို့က အရေးအကြီးဆုံးတော့ မဟုတ်​သေးပေ။ အရေးကြီးဆုံးက သူ့ကိုယ်ထဲက ယွမ်ယန်ကျင့်စဥ်နဲ့ အာကာသကျောက်စိမ်းပြားကသာ အကြီးမားဆုံး ဝှက်ဖဲပါပဲ။

ဒါပေမဲ့ တခြားလူတွေကတော့ တပ်မက်မှု တွန်းအားကြောင့် ယင်နဂါးသွေးနဲ့ နိဗ္ဗာနဆေးလုံးကိုသာ ရယူလိုကြသည်။ ဒါကြောင့် သူတို့သည် အမြတ်နှင့် အရှုံးကို စိုးရိမ်သွားသောကြောင့် ပုံမှန်ကဲ့သို့ ငြိမ်သက် မနေနိုင်​တော့ပေ။

ပရိတ်သတ်တွေ အခုတွေးနေတဲ့ အကြောင်းရင်းက လုရွှမ် အရူးဖြစ်သွားပြီ ဆိုတာပါပဲ။ နိဗ္ဗာနဆေးလုံးနဲ့ ယင်နဂါး သွေးစစ်တွေကိုတောင် လောင်းကစား လုပ်ခဲ့ပေမယ့် လူကိုယ်တိုင်က စိုးရိမ်ပုံမပေါ်ပါဘူး။

ရှေ့မှာပြောခဲ့သလိုပဲ နတ်သမီးကျားလန်ကို လွှတ်လိုက်တာဟာ သာမန်လူတွေ လုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။

ယခုအချိန်တွင် လုရွှမ်က ကျစ်ဝေနတ်ဓားသိုင်းကို ကြည့်ရင်း အဝါရောင် သလင်းကျောက် သန်းဘယ်လောက် ရမယ် ဆိုတာအစား ဤဓားသိုင်းရဲ့ စွမ်းအားနဲ့ သူမည်သို့မည်ပုံ အနိုင်ယူရမလဲ ပိုမိုတွေးတောနေပါသည်။

သို့သော် ဆန့်ကျင်ဘက် အနေနှင့် ယောင်ကျစ်၏ နှလုံးသားထဲတွင်တော့ ယင်နဂါးသွေးနဲ့ အစွမ်းထက် ဆေးလုံးကို အရယူဖို့သာ စီရင်ချက် ချထားခဲ့သည်။

ကျစ်ဝေနတ်ဓားသိုင်းသည် ၎င်း၏ဓားစွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနေသဖြင့် ပန်းတစ်ပွင့်အဖြစ် စတင်ကာ တဖြည်းဖြည်း ပူလောင်သော နေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ လုရွှမ်အပေါ် အမိန့်ပေးသော ဘုရင်တစ်ပါးလို အရှိန်အဝါမျိုး ပေါ်ထွက်လာကာ လုရွှမ်အား အပြင်းအထန် ဖိနှိပ်လာခဲ့သည်။

"ဒီကျစ်ဝေ နတ်ဓားသိုင်းက တကယ်တော့ ဧကရာဇ်အဆင့် ရောက်သွားပြီကိုး..."

လူတော်တော်များများက စပြီး စဉ်းစားလာကြသည်။ တဖြည်းဖြည်းနဲ့ လူတချို့ကလည်း ဓားအဆင့်က ဧကရာဇ်အဆင့် ဖြစ်ကြောင်း ထင်မြင်လာသည်။

ဓားအငွေ့အသက်ကို မခံနိုင်သူများအတွက်က ကြယ်တွေရဲ့ စွမ်းအားတွေ ထောင်ပေါင်းများစွာ ဖိနှိပ်ထားသလိုမျိုး ကျဆင်းလာလေသည်။ ပန်းတစ်ပွင့်က ကြယ်တွေ ထောင်နဲ့ချီပြီး ဦးဆောင်နေသလိုပါပဲ။

ယခုအချိန်တွင် လူအများ၏ အမြင်တွင် ယောင်ကျစ်က နတ်ဘုရားမအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။ သူမ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်နဲ့အတူ နောက်ကွယ်မှ သဘာဝအတိုင်း ကြယ်ပွင့်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ သူမခန္ဓာကိုယ်အား လှပစွာ လင်းထိန်သွားစေသည်။

ကြယ်ပွင့်ကြီးဆီကနေ ပျော့ပျောင်းမှု အရိပ်အယောင်များ ရှိနေတာကို ခံစားနိုက်သည်။ သို့သော် ယှဉ်မနိုင်သော လွှမ်းမိုးချုပ်ကိုင်မှု စွမ်းအားက ပို​ပြင်းထန်၏။

"နတ်ခန္ဓာ...အဲဒါတကယ့် နတ်ခန္ဓာပဲ ကျစ်ဝေသန့်ရှင်းတဲ့မြေကနေ နတ်ခန္ဓာကိုယ် တကယ်ပေါ်လာတာပဲ!"

"ဒါ နတ်ဘုရားမပဲ... ငါ့နတ်ဘုရားမက သိပ်လှတာပဲ"

လူတိုင်းက ယောင်ကျစ်ကို အလွန်ကြည်ညို လေးစားကြသလို တချို့ကလည်း ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ကြည့်​နေကြသည်။

သို့သော် ယခုအချိန်တွင် ယောင်ကျစ်သည် အမြတ်အစွန်းနှင့် ဆုံးရှုံးမှုများအတွက် စိုးရိမ်မှုများ မြင့်တက်လာတာကြောင့် လုရွှမ် တစ်ဦးတည်းသာ သူမမျက်လုံးထဲ ရှိနေပြီး အဲဒါက သူမရဲ့ ရန်သူပဲ ဖြစ်လေ၏။

ကြယ်အလင်းရောင်သည် သူမ၏ နတ်ဓားသိုင်းကို ပို၍ လင်းလက်သွားစေသည်။ ကြယ်ပွင့်ကြီးက ငြိမ်သက် ဖွဲ့စည်းထားသော်လည်း အကျပ်ကိုင်မှု အပြည့်ရှိသော အေးစက်မှုက သူမမျက်နှာပေါ်တွင် လွှမ်းမိုးနေသည်။

"ခေါင်းဖြတ်!"

ဖြာထွက်လာသော ကြယ် အလင်းရောင်က လုရွှမ်ကို ဖိနှိပ်လာခဲ့သည်။

နတ်ခန္ဓာက အလိုအလျောက် နှိုးဆွခံလိုက်ရတာကြောင့် လုရွှမ်ကျောဘက်မှ အနီရောင်နေလုံးကြီး ထွက်ပေါ်လာ၏။ ၎င်းက အမှောင်ထုအတွင်း ရုတ်ခြည်း ထွက်ပေါ်လာသော အနီရောင် နေရောင်ကဲ့သို့ပင်။ နေလုံးနံဘေး၌ သက်တံရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အမှောင်ထုအားလုံးကို ကမ္ဘာမြေကြီးစွန်းအထိ တခဏချင်း မောင်းထုတ်ပစ်လိုက်သည်။

လုရွှမ်၏ အနီရောင် နေရောင်သည် ပိုမိုတောက်ပနေသော်လည်း ကြယ်များ၏ အလင်းရောင်ကို ဖိနှိပ်ထားနိုင်ခြင်း မရှိသေးပေ။ ဆန့်ကျင်ဘက် အနေဖြင့် ကြယ်ပွင့်ကသာ နေလုံးအား ဖိနှိပ်လာခဲ့သည်။

ကြယ်များသည် ဥက္ကာပျံများကဲ့သို့ လုရွှမ်ထံ ပစ်ချလိုက်သည်။ ပြင်းထန်သော အရှိန်အဟုန်သည် မခံမရပ်နိုင်အောင် ဖြစ်သွားစေတာကြောင့် လေထုထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။ မနီးကပ်လာခင်မှာပင် ပြင်းထန်စွာ အားကောင်းနေပြီ။

နတ်ခြေလှမ်းနယ်ပယ်က သခင်များစွာပင်လျှင် သူတို့၏ အမူအရာများကို ပြောင်းလဲပစ်ခဲ့ကြသည်။ အမှန်ပင် ကြောက်စရာကောင်းနေပြီ။

လုရွှမ်၏ ခန္ဓာကိုယ်သည် နေရာတွင် လွင့်မျောနေပြီး ထွက်ခွာမသွားပေ။ ထိုကြီးမားလှသော စွမ်းအားများက သူ့အား တွန်းထုတ်လိုက်သော်ငြား လုံး၀ မတုန်မလှုပ်ဖြင့်။ လေထဲ၌ ခိုင်မြဲစွာ အမြစ်တွယ်နေသကဲ့သို့ ထို​နေရာတွင် ပျံဝဲနေလေသည်။

ဝှစ်!

လုရွှမ် ဓားကို စတင် လှုပ်ရှားလိုက်သည်။

ဓားတစ်ချောင်းသည် သတ္တုဒြပ်စင်၏ အလွန်ပြင်းထန်သော ရောင်ဝါကို သယ်ဆောင်လာသည်။ နောက်ဓားတစ်ချက်က ရေဒြပ်စင်၏ ပြင်းထန်သော ဩဘာဖြင့် ခုတ်ထစ်သွားပြီးနောက် နောက်ထပ် ဓားသုံးချောင်းမှာ ဒြပ်စင်ငါးပါးနှင့် သက်ဆိုင်စွာ ထွက်ပေါ်လာသည်။

ဤဓားငါးချောင်းသည် ယခင်ကနှင့် မတူတော့ပေ။ ယခင်က ဓားလှည့်ကွက်များကို ကျပန်းအသုံးပြုနေပုံရပေမယ့် ယခုမူ ဤဓားငါးချောင်းသည် တစ်စုံတစ်ခုကို ပုံဖော်နေကြောင်း ထင်ရှားလာသည်။

လုရွှမ်သည် သူ၏ဓားကို သတ္တု၊ ရေ၊ သစ်သား၊ မီး နှင့် မြေကြီး အစီအစဥ်အတိုင်း လှုပ်ရှားသွားသည်။ ဒြပ်စင်ငါးပါးနဲ့ သက်ဆိုင်သော ဓားအလင်းများက ရှေ့သို့ ပြေးထွက်သွားကာ အရိပ်တစ်ခုလို လျင်မြန်လာသည်။

"ဧကရာဇ်ကြယ်ပွင့်ကို ကြည့်လိုက်ဦး!"

သို့သော် လူအချို့က နတ်သမီးကိုသာ ငေးကြည့်နေဆဲ။ ကျစ်ဝေနတ်ဓားသိုင်းနဲ့ ပေါင်းစပ်ထားသည့် သူမ၏ခန္ဓာကိုယ်သည် ကြယ်များဖြင့် ဗုံးကြဲနေပြီ ဖြစ်သည်။

လုရွှမ်၏ ဒြပ်စင်ငါးပါး ဓားသိုင်းမှ လွင့်ထွက်လာသော အနက်ရောင် အရာတစ်ခုမှာ တွင်းနက်တစ်ခု အဖြစ် တဖြည်းဖြည်း ဖြစ်လာခဲ့၏။ ကြယ်များက လုရွှမ်ဆီ မရောက်နိုင်ဘဲ တွင်းနက်ထဲသို့သာ တိကျစွာ ပြေးဝင်သွားခဲ့ကြသည်။

တခဏချင်းမှာပဲ စွမ်းအားအားလုံး ပျောက်ကွယ်သွားပြီး လုရွှမ် နတ်သမီးယောင်ကျစ်ကို ဓားစွမ်းအင်ဖြင့် ခုတ်ချလိုက်သည်။ မျှော်စင်နယ်ပယ် မပြောဘဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ သခင်တွေတောင် အရင်က ဘာတွေဖြစ်ခဲ့လဲ ဆိုတာ နည်းနည်းတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လုရွှမ်က ဒီဓားကို ဘာနဲ့ ဖျက်စီးလိုက်တာလဲ။ ကျစ်ဝေနတ်ဓားသိုင်းရဲ့ ကြယ်တွေကို တွင်းနက်က ဘယ်လိုလုပ် မျိုချလိုက်နိုင်တာလဲ။

လုရွှမ်: "အရာအားလုံးက ဒြပ်ငါးပါးကနေ စတယ်... ဒါကြောင့် ဒြပ်စင်ငါးပါး၊ ကောင်းကင်နဲ့မြေကြီးရှိတယ်... ပြီးတော့ အဲဒါတွေအားလုံးက ငါ့နောက်ကွယ်မှာ ရှိနေတယ်လေ... မင်းရဲ့ ဓားသိုင်းကနေ ဘာမှမမြင်ရပေမယ့် ဒြပ်စင်ငါးပါးက မင်းရဲ့တိုက်ခိုက်မှုကို ထိရောက်လိမ့်မယ် ”

All Chapters