ဟွမ့်သွမ့်မဟာဂိုဏ်း
Vol. 121 Ch. 4.1325
ပရိတ်သတ်များ အားလုံးအနက် တချို့က ချင်စုန်းကို စိုက်ကြည့်နေကြပြီး တချို့လူတွေကလည်း ဟွမ့်သွမ့်မဟာဂိုဏ်းကို စိုက်ကြည့်နေကြလေသည်။
ဒီလိုကောင်လေးက တကယ် ထွက်လာတယ်ပေါ့။
ဟွမ့်သွမ့်မဟာဂိုဏ်းမှ လူများသည် စင်မြင့်တစ်နေရာ၌ နေရာယူ အခိုင်အမာ ထိုင်နေကြပြီး ၎င်းတို့၏ တပည့်များအပေါ် အကောင်းမြင်စိတ်ဖြင့် ကြည့်နေကြသည်။ လူတိုင်းကို အံ့သြသွားစေသော ဤကောင်လေး ချင်စုန်းက ဉာဏ်ရည်ထက်မြက်သည်။
ဉာဏ်ရည် ထက်မြက်မှုမျိုးလို အစွမ်းအစရော ရှိနိုင်မှာလား။ ဤအခိုက်အတန့်တွင် သူသာ လုရွှမ်ကို အနိုင်ယူနိုင်ခဲ့ပါက သေချာပေါက် လူကြိုက်များသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
ဟွမ့်သွမ့်မဟာဂိုဏ်းသည် ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေ၊ ရှေးဟောင်းမိသားစုတွေအောက် အဆင့်နိမ့်လေရာ ဒီလောက် များပြားတဲ့ သလင်းကျောက်တွေကို လောင်းကစား လုပ်နိုင်တယ်တဲ့လား။
လူအားလုံးတွင် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အထွတ်အထိပ် သခင်ငါးပါးက သဘာဝအတိုင်း အစိုးရိမ်ဆုံး ဖြစ်သည်။ တကယ်တော့ သူတို့လည်း ဟွမ့်သွမ့်မဟာဂိုဏ်းက ဒီကလေးမှာ အစွမ်းအစ ဘယ်လောက်ရှိမလဲလို့ တွေးနေတာပါပဲ။
ချင်စုန်း: "ကြွပါ!"
လုရွှမ်လည်း တစ်ဖက်လူရဲ့ အစွမ်းအစကို သိချင်စိတ်ဖြင့် ကွင်းအလယ်သို့ ဖိတ်ခေါ်လိုက်သည်။ ရောင်ဝါနဲ့ ပတ်သက်ရင် ချင်စုန်းဟာ တခြားလူတွေထက် ပိုကောင်းတဲ့သူ မဟုတ်သလို ဒီယုံကြည်မှုကို ဘယ်ကရလဲဆိုတာလည်း လုရွှမ်မှာ နားမလည်နိုင်ချေ။
"ဖရိုဖရဲ လျှို့ဝှက်ချက်!"
ချင်စုန်းက ဂါဝရပြု နှုတ်ဆက်ပြီးနောက် သူ့လက်များဖြင့် လျင်မြန်စွာ လှုပ်ရှားကာ လုရွှမ်နဲ့ သူ့ကိုယ်သူကို ကွင်းထဲမှာ ထုပ်ပိုးထားလိုက်သည်။
လုရွှမ်လည်း အငွေ့အသက် အနည်းငယ် ဖြတ်သွားသည်ကို ခံစားလိုက်ရသော်လည်း ချင်စုန်း ဘာလုပ်နေမှန်း မသိပေ။ လူတိုင်းက ပိုလို့တောင် အံ့အားသင့်သွားပြီး ဒါက ဘယ်လိုတိုက်ခိုက်ရေး နည်းမျိုးလဲ ဆိုတာကိုပါ စဥ်းစားလာရတော့သည်။
"ဟေး...ဟွမ့်သွမ့်မဟာဂိုဏ်းရဲ့ ထူးခြားတဲ့ စွမ်းရည်ကို မှတ်မိလား"
လူအများက တစ်ယောက်ကိုတစ်ယောက် ဝိုင်းမေးကြပါတယ်။
သို့သော် လူတိုင်းသည် ဟွမ့်သွမ့်မဟာဂိုဏ်းမှာ ဘယ်လို အစွမ်းအစတွေ ရှိနေသလဲ လုံးဝ မသိကြဘဲ ခေါင်းယမ်းနေကြသည်။ အကယ်၍ ချင်စုန်းသာ ကွင်းအလယ်ကနေရာကို မသိမ်းပိုက်ခဲ့ပါက ၎င်းတို့သည် ယခုလို ဂိုဏ်းတစ်ခုရှိကြောင်း ရိုးရှင်းစွာ မေ့သွားနိုင်သည်။
"ပရမ်းပတာ အာရုံခြောက်ပါး!"
ချင်စုန်းက ထပ်ပြီး အော်လိုက်ကာ နောက်ထပ် စက်ဝိုင်းတစ်ခုကို ဆွဲလိုက်သည်။
"ဘာဖြစ်တာလဲ... ကောင်လေး မင်းဘာလုပ်နေတာလဲ လူတစ်ယောက်က မင်းကို ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်နိုင်တဲ့ မှော်အစွမ်းကို သုံးနေတာကွ... မင်းက သူပဲ သူကလည်း မင်းပဲ... ငါ ပုန်းပြီ...မင်းဘာသာ ဆက်လုပ်လိုက်တော့!"
နောက်အခိုက်အတန့်မှာတော့ ရွှေကျီးကန်း အသံက တကယ်ကြီး ပျောက်ကွယ်သွားသည်။ လုရွှမ် အနည်းငယ် စိတ်ရှုပ်နေသေးသော်လည်း အာကာသကျောက်စိမ်းပြားရဲ့ အငွေ့အသက်ကို မခံစားနိုင်တော့ဘဲ ကျီးမည်းက ထပ်မံ ပိတ်ဆို့လိုက်ကြောင်း သဘောပေါက်လိုက်၏။
ချင်စုန်း: "ကောင်းပြီ စစ်ပွဲတစ်ခုစကြရအောင်"
သူသည် နတ်ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ဓားသိုင်းကို စတင်ဖန်တီးသည်။ သူ့ဓားသိုင်းက ယောင်ကျစ်ထက် များစွာ ဆိုးရွားနေခဲ့သလို ကျားလန်နဲ့ယှဉ်ရင်တောင် နည်းနည်း နိမ့်နေသေးသယောင်ပင်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားနှစ်ချောင်းကို ခုတ်ချလိုက်သည်။ ချင်စုန်း ခန္ဓာကိုယ်က အနောက်သို့ လွင့်ပျံသွားရာ လုရွှမ်လည်း လန့်သွားပြီး။
"မင်းရဲ့ အင်အားကို ထိန်းထားစရာ မလိုပါဘူး... ဒါက တိုက်ပွဲလေးပဲ.."
ချင်စုန်း: "ငါ ဘာကိုမှ ထိန်းထားမှာ မဟုတ်ဘူး"
ပြောပြီးနောက် သူ့ခန္ဓာကိုယ်က ဓားစွမ်းအင်ကြောင့် အရှိန်ပြင်းပြင်းနဲ့ ထိသွားပြန်သည်။ ဓားတစ်ချောင်းက ချင်စုန်းအား ခုတ်ထစ်ချလိုက်ပြီး ခွန်အားသည် ယခင်ကထက် ဆယ်ဆကျော် တိုးလာသည်။
လုရွှမ် "ဟေ့" ဟု အော်ဟစ်မိသော်လည်း နောက်ဆုတ်သွားမည့်အစား ရှေ့သို့တိုးကာ ဒြပ်စင်ငါးပါး ဓားသိုင်းကို ထုတ်လိုက်သည်။ ဓားအလင်းများက သဘာဝအတိုင်း စီးဆင်းသွားကာ အလင်းရောင်တွေ တောက်ပ ပြင်းထန်စွာ ထွက်လာသည်။
တစ်ဖက်လူမှာ မခုခံနိုင်ဘဲ ခန္ဓာကိုယ်က နောက်သို့ လွင့်ပျံသွားကာ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ တစ်ဖက်မှာလည်း လုရွှမ်သည် သူ့ရင်ဘတ်ထဲက စူးစူးရှရှ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။
၎င်းသည် ပြိုင်ဘက်၏ တိုက်ခိုက်လာခြင်း မဟုတ်ပေ။ သူ၏ကိုယ်ပိုင် တိုက်ခိုက်မှုပါပဲ။ အရှိန်ပြင်းသော ဒြပ်စင်ငါးပါး ဓားသိုင်း၏ ဓားစွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းသာ ဖြစ်ပေသည်။
လုရွှမ် ခေါင်းကို မော့ကာ နှုတ်ခမ်းပေါ်မှ အနည်းငယ်ပြုံးကာ ငြိမ်သက်စွာ မတ်တတ်ရပ်နေသော ချင်စုန်းကို ကြည့်လိုက်သည်။
ချင်စုန်း: "ဒြပ်စင်ငါးပါး ဓားသိုင်းရဲ့ အရသာက မကောင်းဘူးပဲ... တကယ်ကို ကောင်းမွန်တဲ့ ဓားကောင်းဖြစ်ပြီး မင်းရဲ့နားလည်မှုကလည်း ငါ့အတွက် အံ့မခန်းပဲ... အံ့သြစရာလည်း ကောင်းတယ် မင်းက ပါရမီရှင်တစ်ယောက် အနေနဲ့ မင်းရဲ့ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်ပါတယ်"
လုရွှမ်: "မင်းက စကြာဝဠာကို ပြောင်းပြန်လှန်ဖို့ ဟွမ့်သွမ့်မဟာဂိုဏ်းရဲ့ မှော်စွမ်းအားကို သုံးလိုက်တာပဲ ဖြစ်ရမယ်... တကယ့်ကို အစွမ်းထက်တယ်"
လုရွှမ်လည်း နှုတ်ခမ်းက သွေးတွေကို သုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ကမ္ဘာကြီးကို ပြောင်းပြန်ဖြစ်သွားစေတဲ့ မှော်အစွမ်းက ဘာလဲ။
လုရွှမ် အသံကို ကြားပြီးနောက် လူတွေအားလုံး ဒီလို ကျင့်စဥ်မျိုးကို တစ်ခါမှ မကြားဖူးကြောင်း စတင်ဆွေးနွေးလာသည်။
သို့ရာတွင် ရှေးဟောင်း မိသားစုနှင့် သန့်ရှင်းတဲ့မြေမှ အကြီးအကဲအချို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့တစ်ဦးစီက ဤမှော်အစွမ်းကို ထပ်မံ ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပုံပါပဲ။
လုံယွင်ဖုန်းရဲ့ အမူအရာလည်း ပြောင်းသွားပြီး ဟွမ့်သွမ့်မဟာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။
"ဂုဏ်ယူပါတယ် ဒီမှော်အစွမ်းကို နားလည်နိုင်တဲ့ နောက်ထပ် တပည့်တစ်ယောက် ရှိသွားပြီ..."
ဂိုဏ်းချုပ်မှာ ကုန်းစွင်းယင်ဟု ခေါ်သော အတွေ့အကြုံရှိ တာအိုတစ်ယောက် ဖြစ်သည်။ သူက ရယ်မောရင်း ပြန်ဖြေ၏။
"ဟူး... ကျုပ်တို့ဘက်က အချိန်မှားပြီး မွေးဖွားလာတာပါ.. ဒါက စစ်ပွဲကြီးရဲ့ အစဖြစ်ဖို့ ရည်မှန်းထားတဲ့ အချိန်ကြီး ဖြစ်နေတယ်..."
ထိုစကားကိုတော့ လုံယွင်ဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ဒီအချိန်က ပါရမီရှင်တွေ လှိုင်းထန်ဖို့ ရည်မှန်းထားပေမယ့် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာဖို့လည်း ရှိနေတယ်... ဒီကပ်ဆိုးကြီးမှာ လူဘယ်နှစ်ယောက် ကောင်းကင်ကို ပျံတက်နိုင်မလဲ ဒါမှမဟုတ် လုံးလုံး နစ်မြုပ်သွားမလား မသိနိုင်ဘူး!"
သူတို့နှစ်ယောက်ကြား စကားပြောတာကို နားထောင်ရင်း ချင်စုန်း သုံးသွားတာက ကမ္ဘာကြီးကို ပြောင်းပြန်လုပ်ပစ်နိုင်တဲ့ မှော်အစွမ်းတစ်ခု ဖြစ်ကြောင်း သိလိုက်ရသလို လုရွှမ်ကိုလည်း ပထမဆုံးအကြိမ် ထိခိုက်ဒဏ်ရာရစေခဲ့လေသည်။
ဤရှုထောင့်မှ ကြည့်လျှင် ဒီလို အစွမ်းထက်တဲ့ ကျင့်စဥ်က ဟွမ့်သွမ့်မဟာဂိုဏ်းရဲ့ ရတနာသာ ဖြစ်နိုင်ကြောင်း သိသာပါသည်။
လုရွှမ်: "ကောင်းပြီ ငါ ဟွမ့်သွမ့်မဟာဂိုဏ်းရဲ့ စွမ်းအားအကြောင်း အပြည့်အဝ နားလည်ချင်တယ်"
ဘယ်မှော်အစွမ်းက ရွှေကျီးကန်းကို ကြောက်လန့်တကြား ပုန်းခိုင်းသလဲ တွေးမိသည်။ ရွှေကျီးကန်းဟာ အာကာသကျောက်စိမ်းပြားထဲမှာ ရှိနေလို့ ဘာအန္တရာယ်ကိုမှ မကြောက်ပေ။ ဒါဟာ ၎င်းရဲ့တည်ရှိမှုကို အခြားသူများအား အသိပေးမိမှာ ကြောက်နေတာပဲ ဖြစ်ပေလိမ့်မည်။
တစ်နည်းဆိုရသော် ၎င်းသည် အာကာသကျောက်စိမ်းပြားရဲ့ တည်ရှိမှုကို ဖြတ်တောက်ခဲ့တာကြောင့် ချင်စုန်းသည် ရွှေကျီးကန်းနဲ့ ကျောက်စိမ်းပြားရဲ့ တည်ရှိမှုကို သိရှိနိုင်တဲ့ အစွမ်းအစ ရှိတာကြောင့်ပဲ ဖြစ်ပေမည်။
ဒါကတော့ တကယ် အံ့သြစရာ ကောင်းနေပြီ။
ရွှေကျီးကန်းက "သူက မင်းပဲ မင်းကလည်း သူပဲ" လို့ သတိပေးခဲ့သည်။ ထို့ကြောင့် ချင်စုန်းကို တိုက်ခိုက်နေတာတွေက သူ့ကိုယ်သူလည်း ပြန်လည် နာကျင်စေသည်။
ချင်စုန်းရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် ဒဏ်ရာ လုံးဝ ကင်းစင်နေတာ တွေ့ရသည်။ သူကတော့ ဒဏ်ရာရနေပြီ။ တိုက်ခိုက်မှုတစ်ခု ရောက်လာတာကို သူလုံးဝ သတိမထားမိခဲ့သောကြောင့် ခုခံရန် အချိန်မရခဲ့ရာ ပို၍ပင် အကူအညီမဲ့သွားခဲ့သည်။
လုရွှမ်: "မင်းကို ငါ တိုက်ခိုက်တဲ့အခါ ကိုယ့်ကိုကိုယ် တိုက်ခိုက်တာနဲ့ အတူတူပဲမလား?"
လုရွှမ် သူ့ရဲ့ မှော်အစွမ်းရဲ့ နာမည်ကို ထုတ်ဖော်ပြီးပြီမလို့ ချင်စုန်းလည်း ဖုံးကွယ်မထားတော့ဘဲ စိတ်အေးလက်အေး ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေလိုက်သည်။
"မှန်တယ်... သခင်လေးလုရွှမ်မှာ ထူးကဲတဲ့ အရည်အချင်းတွေနဲ့ ထူးကဲတဲ့ အတွေ့အကြုံတွေ ရှိမယ်လို့ ကျွန်တော် တကယ်ကို မမျှော်လင့်ထားဘူး... ကျွန်တော် ခင်ဗျားအတိတ်ကို ပိုပြီး သိချင်နေမိတယ်.."
"ဟူး... ငါဘာတွေ တွေးနေလဲဆိုတာ မင်းသိချင်တိုင်း သိနိုင်မှာလား? အရမ်းကြီး မလှည့်စားချင်နဲ့!"
လုရွှမ် မတွေးတော့ဘဲ သူ့စိတ်တွေကို တည်ငြိမ်အောင် ထားလိုက်သည်။ ရွှေကျီးကန်းက တစ်ခုခုကို သိနေပေမယ့် ပြောပြဖို့ အချိန်မရှိခဲ့ပေ။
"အိုး ရွှေကျီးကန်းက ဘယ်သူလဲ... သူတော်စင် သားရဲပဲလား"
ချင်စုန်းက အပြုံးဖြင့် မေးသည်။
လုရွှမ်လည်း ရယ်မောလိုက်ပြီး "မင်းပြောသလိုပါပဲ!"