← Chapters

အာရုံခြောက်ပါး ပိတ်သွားပြီ

Vol. 121 Ch. 4.1326

အာရုံခြောက်ပါး ပိတ်သွားပြီ

Vol. 121 Ch. 4.1326

ဒီကောင်လေးက သူ့အတွေးတွေကို တကယ် သိနိုင်တာလား။

ငါကသူ! သူကလည်း ငါ!

လုရွှမ်နှလုံးက ဇတ်ကနဲ တုန်သွားကာ လျှို့ဝှက်ချက်များကို ထပ်မံဖော်ထုတ်မည်ကို စိုးရိမ်သဖြင့် တိတ်ဆိတ်သွားခဲ့သည်။

ဤမှော်အစွမ်းသည် လွန်ကဲသော အဆင့်အထိ ရက်စက်နိုင်လေသည်။ ဒီလောက် အထိတောင် အစွမ်းထက်ပါက ၎င်းတွင် ကြီးမားသော လျှို့ဝှက်အန္တရာယ်များ ရှိနေမည်မှာလည်း သေချာပါသည်။

ကောင်းကင်နဲ့ မြေကြီးရှိ အရာခပ်သိမ်းဟာ ပြည့်စုံခဲ့သော်လည်း ချင်စုန်းက ပြောင်းပြန်လှန်လိုက်ပြီ။ အခု ဘာဆက်ဖြစ်တော့မှာလဲ။

"ဟားဟား... မင်းမှန်တယ် စကြဝဠာကို ဇောက်ထိုးလှန်ပစ်နိုင်တဲ့ မှော်ဆန်တဲ့ စွမ်းအားက ကြီးမားတဲ့ ချို့ယွင်းချက် တစ်ခုရှိတယ် ဒါပေမဲ့ မင်းမတွေ့နိုင်တာ သနားစရာပဲ"

ချင်စုန်းရဲ့ ခန္ဓာကိုယ်က ရှေ့ကို ဖျက်ကနဲ ရွေ့သွားသည်။ သူ့ခြေထောက်တွေရဲ့ အပြောင်းအလဲကို ကြည့်ရင်း လုရွှမ် တုန်လှုပ်သွားခဲ့သည်။ ဒါက သူ့ရဲ့ ချီထျန်းပု ခြေလှမ်းပါပဲ။

"ဟာဟား... မင်းငါ့ရဲ့ မှော်အစွမ်းကို မချိုးဖျက်သရွေ့ မင်းမှာရှိတဲ့အရာ အားလုံးကို ငါအသုံးချနိုင်တယ် ချင်ထျန်းဓား!"

လုရွှမ်သည် သူ့ခန္ဓာကိုယ် အနောက်တွင် ကြီးမားသော အန္တရာယ်တစ်ခုရှိကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူ့လက်ထဲကဓားကို အလျင်အမြန် ဝေ့ယမ်းလိုက်သော်ငြား ချင်ထျန်းဓားက သူ့ကျောပြင်အား လျင်မြန်စွာ ဆွဲခြစ်ပစ်တာကြောင့် သွေးတွေ ဖြာထွက်သွားသည်။

ချင်ထျန်းဓားသည် ချင်စုန်းလက်ထဲသို့ အလိုအလျောက် ပျံတက်သွား၏။ တစ်ဖက်လူက အသာပြုံးကာ သူ့ခန္ဓာကိုယ်သည် လုရွှမ်၏ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွား​ပေသည်။ သူ့လက်ဖဝါးကို လှန်လိုက်သည်နှင့် ကောင်းကင်မှ မီးလုံးကြီးတစ်ခု ကျယ်လောင်စွာ ဟိန်းဟောက်၍ လုရွှမ်ဆီသို့ ဦးတည်သွားသည်။

မီးတောက်များသည် ကောင်းကင်မီး၊ မြေကြီးမီး၊ ဖီးနစ်နတ်မီး၊ စိတ်ဝိညာဉ်မီး၊ မီးကျီးကန်းရဲ့ နတ်ဆိုးမီးနဲ့ ယင်မီး၊ ဆန်းကြယ်ရေခဲမီးတောက်တို့ ပါဝင်ကာ လုရွှမ်အား လုံး၀ ဝါးမျိုသွားတော့မလို ပြေးထွက်လာကြသည်။

လုရွှမ်သည် တစ်စုံတစ်ရာက သူ့ကို ခွဲခွာသွားခဲ့သလိုမျိုး သူ့စိတ်ထဲ ဗလာဖြစ်နေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ အတွင်းထဲကို ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက မီးတောက်တွေ အားလုံး ပျောက်ကွယ်သွားချေပြီ။

လုရွှမ်သည် လူတိုင်း၏ မျက်လုံးထဲတွင် သူ့ပုံသဏ္ဌာန်က ကြီး​ကြီးမားမား ပြောင်းလဲသွားကြောင်း မသိခဲ့ပေ။ သူသည် ချင်စုန်း ဖြစ်သွားပြီး ချင်စုန်းကတော့ လုရွှမ် အဖြစ် ပြောင်းလဲသွားသည်။

လူတိုင်း တစ်ယောက်ပြီးတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ၎င်းသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သော မှော်စွမ်းအားတစ်ခု ဖြစ်​ချေသည်။

"အိုး... လုရွှမ် အခု မင်း ကိုယ့်ကိုကိုယ် ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါကြည့်ချင်တယ်"

ချင်စုန်း စကားက ခြောက်ခြားစရာ ကောင်းသော်လည်း လုရွှမ်ကတော့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ဟုတ်တယ်။ ဒီလိုမှော်အစွမ်းက အရမ်း အစွမ်းထက်တယ် ဆိုရင်တောင်မှ မှော်စွမ်းအားတွေ၊ ကျင့်ကြံမှုနဲ့ ကိုယ့်အတွေးတွေကို စွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင် ဒီချင်စုန်းသုံးသွားတဲ့ အစွမ်းက သိသာထင်ရှားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အရာအားလုံးကလည်း ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်နိုင်၏။

ယွမ်ယန်ကျင့်စဥ်။ သူသည် ယခုနေရာအထိ ရောက်ရှိနိုင်ဖို့ အဆုံးမရှိသော အခက်အခဲများကို ဖြတ်သန်းခဲ့ရသည်။ ဒါ့ကြောင့် ဒီလိုပြိုင်ဘက်ရဲ့ မှော်အစွမ်းကြောင့်နဲ့ ယွမ်ယန်ကျင့်စဥ်ကို သူဘာကြောင့် ဆုံးရှုံးရမှာလဲ။

ကျွမ်းကျင်မှုကို အတုယူနိုင်သော်လည်း ကျင့်စဥ်ကိုတော့ အတုယူလို့ မရပေ။ လုရွှမ် သူအရင်က ခံစားဖူးသော အငွေ့အသက် လမ်းကြောင်းနှစ်ခုကို အမှတ်တမဲ့ သတိရလိုက်သည်။

တစ်မျိုးကား ကောင်းကင်ရဲ့ ပရမ်းပတာ စွမ်းအင်ဖြစ်ပြီး နောက်တစ်မျိုးကား အာရုံခြောက်ပါး ဖြစ်သည်။ ဤသို့ဆိုလျှင် အာရုံခြောက်ပါးကို ပိတ်ကာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို နှိမ်နှင်းခြင်းက အဖြေတစ်ခု ဖြစ်နိုင်သည်။

အာရုံခြောက်ပါးကို ပိတ်လိုက်ခြင်းက သူ့ကို အလွန်အရှက်ရစရာ ကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်စေမှာ သေချာပါ၏။ ပြီးတော့ ပြဿနာက တစ်ခုခုကို သူ သတိမထားမိခင်မှာ ရှုံးနိမ့်သွားနိုင်သည်။

သူ့အစွမ်းသတ္တိနှင့် နတ်မီးနယ်ပယ် ပြီးပြည့်စုံသော အခြေအနေ၌ ရှိနေခဲ့ပါက အလွန်ထူးခြားသွားလိမ့်မည်။

အောင်ပွဲအတွက် သက်သက်သာ အနိုင်ရလိုလျှင် ရှောင်လွှဲရန် နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်သည်။ သို့သော် နောင်တွင် ဒီလိုအန္တရာယ်မျိုး ထပ်မံ ကြုံတွေ့ရပါက သူဘာလုပ်မည်နည်း။

ယခုအချိန်က အနိုင်အရှုံးကို နှိုင်းယှဥ်ထားပုံ ရသော်လည်း အနာဂတ်က ပို၍ အရေးကြီးသည်။ လုရွှမ်ဟာ အနာဂတ်ကို သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း ချိန်ဆနိုင်သူပင်။ သူဟာ ယင်နဂါး သွေးနဲ့ နိဗ္ဗာနဆေးလုံးကို လုံးဝ ချန်ထားခဲ့နိုင်သည်။

သူ စိတ်အေးလက်အေး ဖြစ်သွားအောင် ချိန်ညှိလိုက်တဲ့အခါ သူ့မျက်လုံးတွေထဲ အလင်းရောင်တွေ တဖျပ်ဖျပ် ခတ်လာသည်။ သူ့အတွင်းစိတ်ထဲကနေ နိဗ္ဗာနဆေးလုံးနဲ့ ယင်နဂါးရဲ့ စစ်မှန်တဲ့ သွေးကို အမှန်တကယ် လျစ်လျူရှုခဲ့သည်။

ဒီလူက ဘယ်လိုလူလဲ၊ ဘယ်လို ရည်မှန်းချက်မျိုးနဲ့ သူ ဒီလောက် ယုံကြည်မှု ရှိနိုင်ရတာလဲ။ ချင်စုန်းအကြောင်း စိတ်ထဲမှာတော့ နားမလည်ပေမယ့် စိတ်ထဲမှာ ကြည်နူးမှုလေးတွေကိုတော့ ခံစားရသည်။ ပြိုင်ဘက်ကောင်းပဲ။

စကြဝဠာကို ပြောင်းပြန်လှန်ခြင်း၏ စွမ်းအားသည် ၎င်း၏ ကျင့်ကြံမှုနယ်ပယ် ကန့်သတ်ချက်များနှင့် သက်ဆိုင်ပေလိမ့်မည်။ ပြောရလျှင် ချင်စုန်းဟာ ယခုအချိန်မှာ ထုတ်မသုံးသင့်ချေ။

အပြစ်အနာအဆာများကို ဖော်ထုတ်ရန်မှာ လွယ်ကူလွန်းသောကြောင့်ပင်။ လူတိုင်းသာ မကြာခဏ မြင်နေရပါက ထိုမှော်အစွမ်းများကို ရင်းနှီးလာကြမည်။ အနာဂတ်တွင် ၎င်းကို အသုံးပြုပါက သဘာဝအလျောက် ဖုံးကွယ်မထားနိုင်သော အန္တရာယ်များစွာလည်း ရှိလာမည် ဖြစ်သည်။

သို့သော် ချင်စုန်းကတော့ နိဗ္ဗာနဆေးလုံးနဲ့ ယင်နဂါးရဲ့ သွေးအစစ်ကို မြင်ပြီးနောက် သည်းမခံနိုင်တော့ဘဲ ထိုင်မနေနိုင်တော့ကြောင်း သိသယသည်။ သူက ဂိုဏ်း၏အကြီးအကဲများကို မေးမြန်းပြီးနောက် သူတို့အားလုံးကလည်း လောင်းကစား ပြုလုပ်ရန် ချင်စုန်းနှင့် အလေးအနက် သဘောတူခဲ့ကြသည်။

ဘာကြောင့်လဲ ဆိုတော့ ဒီအဆင့်မှာ ပြောင်းပြန်လှန်နိုင်တဲ့ မှော်အစွမ်းက လုရွှမ်ကို နှိမ်နှင်းဖို့ တကယ်ကို သင့်တော်နေလို့ပါပဲ။ နိဗ္ဗာနဆေးလုံးနဲ့ ယင်နဂါးရဲ့ စစ်မှန်တဲ့သွေး အတွက်ဆို အရာအားလုံးက တန်လှသည်။

ချင်စုန်း သူ့ကိုယ်သူ သိပေမယ့် ရတနာ၂ခုကို လက်မလွှတ်နိုင်ပေ။ သူ့အမူအရာက နည်းနည်း ညစ်ပတ်နေရင်တောင် ဘာဖြစ်လဲ။ လုရွှမ်ကတောင် စိတ်ပိုင်းဖြတ်ပြီး လောင်းကစားကို လုပ်လိုက်တယ် မဟုတ်လား။

ယခု သူလည်း လောင်းကစားရန် အခွင့်အလမ်း ရှိပါသေးသည်။ အလောင်းအစားသည် အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှုအပြင် အနာဂတ်တွင် သေရေးရှင်ရေး စစ်မြေပြင်တွင်လည်း ယခုလိုပဲ လောင်းကြေးထပ်ရမှာ ဖြစ်သည်။

အာရုံခြောက်ပါးက တခဏအတွင်း ပိတ်သွားသည်။ လုရွှမ်ဟာ ကောင်းကင်နှင့် မြေကြီးကြားတွင် မှောင်အတိ ဖြစ်နေတာကိုသာ ခံစားလိုက်ရပြီး တခြား ဘာကိုမှ မခံစားနိုင်တော့ပေ။ အနံ့မရသလို ဘာမှလည်း မမြင်ရ။

ထိုစဉ် လုရွှမ် နားလည်လိုက်တာက အာကာသသားရဲတွေလည်း ဒီလိုလည်း ခံစားရတာ ဖြစ်နိုင်​​လေသည်။ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ပိတ်ထားရန် သို့မဟုတ် ပြောင်းလဲရန် မရသော်လည်း အရာအားလုံးကို နှလုံးသားနဲ့ နားလည်တာကတော့ ရပါသည်။

ချင်စုန်း လုရွှမ်ရဲ့ အတွေးတွေကို ခံစားလို့ မရတော့ပေ။

လုရွှမ် ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်သည်။ လုရွှမ် တဖြည်းဖြည်း သူ့ခံစားချက်များကို ပြန်လည် ခံစားလာရသည်။ အပြင်လူများ၏ မျက်လုံးများတွင် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ့အသွင်အပြင် အစစ် ပြန်ဖြစ်လာသည်။

လူတိုင်းက ပိုပိုပြီး အံသြသွားသလို ဘာဖြစ်နေတာလဲ မသိကြတော့ပေ။

ချင်စုန်း ရယ်လိုက်သည်။ လုရွှမ်က သူ့ကိုယ်သူ့ရဲ့ အာရုံခြောက်ပါးကို ပိတ်ဖို့ ဆုံးဖြတ်ပြီး မိမိတိုက်ခိုက်မှုကို ခုခံဖို့ စဥ်းစားနေတာလား။

သူ လုရွှမ် အနီးသို့ ဖြည်းညှင်းစွာ ပျံသန်းလာပြီး လုရွှမ်အား လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့လှုပ်ရှားမှုများသည် လိပ်တစ်ကောင်လို တွားသွားလုနီးပါး နှေးကွေးနေသော်လည်း လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများရှေ့၌ လုရွှမ်ဟာ ချင်စုန်းရဲ့ လှုပ်ရှားမှုများကို လုံးဝ မသိဘဲ မလှုပ်မယှက် ဖြစ်နေသည်။

လုရွှမ် အနောက်ဘက်သို့ ပြိုကျသွားသွားသည်။

"လုရွှမ် အာရုံခြောက်ပါးကို ပိတ်လိုက်ပြီ!!"

လုရွှမ်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ လေထုအလယ်တွင် ရပ်နေခြင်းနှင့် မတူတော့ပေ။

ဓားစွမ်းအင်များ တဖျပ်ဖျပ် ခတ်သွားသည်။ ဓားချက်တိုင်း လုရွှမ်ခန္ဓာကိုယ်ကို ထပ်မံ ထိမှန်သွားသောကြောင့် သွေးများက နေရာအနှံ့ ပက်ဖြန်းပြီးသား ဖြစ်သွားသည်။ တကယ်လို့သာ လည်ပင်းကိုသာ ဖြတ်မိရင် မသေခဲ့ရင်တောင် ဒဏ်ရာ အပြင်းအထန် ရကာ ရှုံးနိမ့်မှုကို ဝန်ခံရ​တော့မှာပါပဲ။

"ဟင့်... ဒီကောင်လေးက လုံးဝ မသက်ညှာဘူးဟ! လုရွှမ် ဆက်မရှောင်နိုင်ရင် မကြာခင် သူ့ခေါင်းကို ဖြတ်ပစ်လိမ့်မယ်"

ဟောက်ထျန်း မကျေမနပ်ဖြင့် ကျိန်ဆဲလိုက်သည်။

"စိတ်မရှည် မလုပ်စမ်းနဲ့ လုရွှမ်ရဲ့ လက်ရှိအခြေအနေက ငါတို့အတွက် သတိပေးချက်တစ်ခုပဲ... ကောင်းကင်အောက်မှာ ကိုယ့်ကိုကိုယ် ဟုတ်လှပြီလို့ မထင်နဲ့... ငါတို့ထက် ခွန်အားကြီးတဲ့သူတွေ အများကြီး ရှိတယ်... သူတို့ ရုတ်တရက် ပေါ်လာရင် ငါတို့ အသံထွက်နိုင်မှာတောင် မဟုတ်ဘူး!"

"ငါတို့သာ လုရွှမ်နေရာမှာ ဆိုရင် ဒီပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတာ သေချာစဉ်းစားထားရမယ်!"

All Chapters