← Chapters

လူတွေရဲ့နှလုံးသား

Vol. 121 Ch. 4.1328

လူတွေရဲ့နှလုံးသား

Vol. 121 Ch. 4.1328

စူးစူးဝါးဝါး အော်သံနှင့်အတူ ချင်စုန်းတစ်ယောက် သလင်းကျောက်၏ စွမ်းအားကြောင့် ထိတ်လန့်သွားပြီး နောက်ပြန် ဆုတ်သွားခဲ့ရသည်။

သလင်းကျောက်က တဖြည်းဖြည်း ကျုံ့သွားပြီး ဖြာထွက်နေသော အလင်းရောင်များလည်း ပေါင်းစပ်သွားသည်။ ၎င်းတို့က နတ်မီးလုံး တစ်ခုအဖြစ် ပေါင်းစပ်သွားကာ နှစ်ပိုင်းကွဲ၍ လုရွှမ်၏ မျက်လုံးများထဲသို့ လွင့်မျှောစီးဝင်သွားပြီး လုရွှမ် မျက်လုံးများကို ဖွင့်လိုက်သည်။

နတ်အလင်းတန်းနှစ်ခု ထွန်းတောက်လာသည်။ ကောင်းကင်မီးနှင့် မြေကြီးမီးများက ဖြာထွက် တောက်လောင်ကာ ချင်စုန်းကို ရိုက်ခတ်ပစ်ခဲ့သည်။ အရှိန်က အရမ်းမြန်တာကြောင့် ချင်စုန်း လုံးဝ မရှောင်နိုင်ဘဲ သူ့နတ်ဓားကိုသာ အလျင်အမြန် ပိတ်ဆို့လိုက်ရသည်။ ကျယ်လောင်တဲ့ အသံနဲ့အတူ နတ်ဓားဆီက အသံတွေ ထွက်လာ၏။

ကံကောင်းထောက်မစွာနဲ့ ဓားက နတ်ဓားတစ်လက် ဖြစ်နေခဲ့သည်။ တခြားလက်နက်တစ်ခုခုဖြင့် အစားထိုးပါက ကျိုးသွားလိမ့်မည်ဟု ယူဆနိုင်သည်။

ဝူး!

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာစဥ် လုရွှမ်နောက်ကွယ်မှ နတ်နဂါးတစ်ကောင်က ဟောက်ပြီး ထွက်ပေါ်လာသည်။ စိမ်းပြာ နဂါးကြီးက မာန်ပါပါ ဟောက်ကာ ပါးစပ်ကိုဖွင့်၍ လုရွှမ်ကို မျိုချပစ်လေ၏။

ဒါဘာလုပ်တာလဲ။

ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ အားလုံးက နားလည်သွားကြပါပြီ။

လုရွှမ်၏ ခန္ဓာကိုယ် ယိမ်းနွဲ့သွားပြီး စိမ်းပြာရောင် နဂါးကြီးထဲသို့ ပေါင်းစပ်သွားခဲ့သည်။ စိမ်းပြာ နဂါးကြီးသည် တစ်ဖန် ဟောက်ကာ ၎င်းရဲ့ မျက်လုံးများကို ဖွင့်လိုက်၏။ ထိုစဥ် ၎င်းလက်မှ သံကြိုးများ ပြတ်တောက်သွားခဲ့သည်။

စိမ်းပြာနဂါးဟာ ၎င်းပါးစပ်ထဲမှ ရွှံ့စေးလို သွေးများကို အန်ထုတ်လိုက်သည်။ ထို့နောက် နဂါးက တဖြည်းဖြည်း မှိန်ဖျော့သွားကာ လုရွှမ်ခန္ဓာကိုယ်ထဲက အာရုံခြောက်ပါး ပြန်ပွင့်လာပြီး သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။

ဝုန်း!

ကောင်းကင်တွင် လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်လာသော ကြီးမားသော အတိဒုက္ခမိုးခြိမ်းသံက ကျယ်လောင်လွန်းသည်။ ကောင်းကင်မှ တိမ်တွေဟာ နဂါးတွေ ဟိန်းဟောက်​နေသလို လူးလိမ့်ရင်း လုရွှမ်ခေါင်းထက်မှာ ချက်ချင်း စုရုံးသွား၏။

"လုရွှမ် မိုးကြိုးအတိဒုက္ခ ကျော်ဖြတ်တော့မယ်!"

ဒီကောင်လေးက တကယ်ကို ထက်မြတ်တာပဲ။ လုရွှမ်နဲ့ ဆန့်ကျင်ဘက် အနေဖြင့် ချင်စုန်းမှာ အဝါရောင် သလင်းကျောက် သန်းတစ်ရာ လောင်းထားသော်ငြား အခု လုရွှမ်က နတ်မီးလုံးကို ကွင်းအလယ်မှာပဲ ထွန်းညှိခဲ့သည်။ လုရွှမ်က ငြိမ်သက်မှုစွာ ဖြတ်ကျော်ရင်း သူ့ရဲ့ကျင့်ကြံမှု အဆင့်ကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်လိုက်ပါပြီ။

သို့သော် ချင်စုန်းကို ဘယ်သူမှ စာနာစိတ်မရှိကြပေ။ သူ့ရဲ့ အခွင့်အရေး ယူတတ်တဲ့ ယခင်ပုံစံက ရွံမုန်းစရာ ကောင်းလွန်းလှသည်လေ။

လုရွှမ် လက်ဝါးတစ်ဖက် ဆန့်လိုက်တဲ့အခါ ချင်စုန်းကို ဖမ်းဆုပ်ထားလိုက်သည်။ ထိုစဥ် ချင်စုန်းနဖူးထဲမှ ဝိညာဉ်ဘောလုံးတစ်ခု ထွက်လာသည့်အခိုက် လုရွှမ်က ချက်ချင်း မျိုချပစ်လိုက်သည်။

"ဒီမှော်အစွမ်းက တခြားသူတွေရော ကိုယ့်ကိုကိုယ်ပါ အန္တရာယ်ပေးနိုင်လွန်းတယ်... မင်း အဲဒါကို ကောင်းကောင်း မလေ့ကျင့်ဖို့ ငါအကြံပေးတယ်... မဟုတ်ရင် တခြားသူတွေနဲ့ ရောထွေးသွားလိမ့်မယ် နောက်ပိုင်းမှာ မင်းကိုယ်မင်းလည်း ရှုပ်သွားလိမ့်မယ်"

ချင်စုန်းမျက်နှာက နီရဲသွားသော်လည်း လုရွှမ်က သူ့ကျင့်စဥ် မှတ်ဉာဏ်ကိုပင် ဖယ်ထုတ်လိုက်ပြီးပြီ။ သူ့ခမျာ ခုခံစရာနေရာ လုံးဝ မရှိတော့ပေ။

ကံကောင်းထောက်မစွာနဲ့ အတင်းအကြပ် တွန်းလှန်ခွင့် မရခဲ့။ မဟုတ်ပါက ရသွားခဲ့သော ဒဏ်ရာများ ပြန်လည် ကုသလိုက်လျှင်ပင် သူ့အသက်တစ်ဝက်ခန့် ဆုံးရှုံးသွားမည် ဖြစ်သည်။ ချင်စုန်း ရှက်ရွံ့စွာ ဆုတ်ခွာသွားခဲ့ရသည်။ မဟုတ်လည်း လုရွှမ်ရဲ့ အတိဒုက္ခ ကျလာလျှင် သူ ဆုတ်ခွာသွားရမည်မှာပါပဲ။

"အားလုံးပဲ ကျေးဇူးပြုပြီး လူစုခွဲကြပါ!!"

လုံယွင်ဖုန်း အော်ဟစ် သတိပေးလိုက်သည်။

လူတိုင်းက ကောင်းကင်ပေါ်က တိမ်တိုက်တွေကို ကြည့်ရုံနဲ့ ဒီမိုးခြိမ်းသံက ဘယ်လောက်တောင် ပြင်းထန်မလဲ ဆိုတာ သိလိုက်ပြီ။ အစွမ်းထက် ကျင့်ကြံသူတိုင်း ဒါက နတ်မီးနယ်ပယ် တတိယအဆင့်ရဲ့ အတိဒုက္ခပဲလို့ မထင်ကြပေ။

ဒြပ်စင်ငါးပါး မဟာဂိုဏ်းဝင်ငါးဦး ပြေးထွက်လာခဲ့သော်လည်း လုံယွင်ဖုန်း ဦးဆောင်သော နတ်နဂါး မိသားစုက ပိတ်ဆို့ထားခဲ့သည်။

"မသွားပါနဲ့... လုရွှမ်ကို ဘယ်သူမှ ဘာမှ မလုပ်ရဲပါဘူး"

လုရွှမ်သည် နတ်နဂါး မိသားစုတွင် အတိဒုက္ခမှ အေးအေးဆေးဆေး လွတ်မြောက်နိုင်ကြောင်း ၎င်းတို့ငါးဦးလည်း သိကြပါသည်။ နတ်နဂါး မိသားစုသည် ၎င်းတို့ဘက်က ဆက်ဆံရေးအတွက် သဘာဝအတိုင်း တာဝန်ရှိသော်လည်း ၎င်းတို့၏ အာမခံချက်မှာ ယုံကြည်မှု အပြည့်ရှိသည်။

တကယ်တော့ မိုးကြိုးမုန်တိုင်းက တစထက်တစ ကြီးလာပြီ။ ဖိနှိပ်ထားသူတွေ တစ်ယောက်ပြီး တစ်ယောက် ဆုတ်သွားရ၏။ နတ်ခြေလှမ်းနယ်ပယ် ကြွသွားသော လူမှလွဲ၍ ဘယ်သူမှ မချဉ်းကပ်နိုင်ပေ။ မိုးခြိမ်းသံကို ခံစားပြီးနောက် နတ်ခြေလှမ်းနယ်ပယ်က လူများပင် တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။

သူတို့လည်းပဲ ဤမိုးကြိုးမုန်တိုင်းထဲက ပြင်းထန်သော ဆွဲငင်အားကို ခံစားခဲ့ရသည်။

မိုးကြိုးအတိဒုက္ခသည် ဆွဲငင်နိုင်သော အစွမ်းသတ္တိရှိ၍ အတိဒုက္ခကို ဖြတ်ကျော်သောအခါ၌ အလားတူ ကျင့်ကြံမှု အဆင့်ရှိသော လူများအား အနီးသို့ ဆွဲငင်ရန် လွယ်ကူသည်။ အတိဒုက္ခကို အတူ ကျော်လွှားနိုင်၏။

သို့သော် ကျင့်ကြံမှု ကွာဟချက် ကြီးမားလေ ဆွဲငင်အား သေးငယ်လေ ဖြစ်လိမ့်မည်။ သို့သော် လုရွှမ်ရဲ့ မိုးကြိုးအတိဒုက္ခကတော့ သူတို့အားလုံး ကြောက်မက်ဖွယ် ကောင်းသော ဆွဲငင်အား ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

ဆွဲငင်မခံရသေးတာတောင် သူတို့ နှလုံးသားထဲမှာ ထိတ်လန့် တုန်လှုပ်သွားကြသည်။ နေလနတ်ခန်းမ အရှေ့ဘက် နေရာ တစ်ခုလုံး လူတစ်ယောက်မှ မရှိတော့ချေ။

ထို့နောက် မိုးကြိုးဘေးဒုက္ခကြီး ပြိုကျလာခဲ့​ပေ၏။

လူတိုင်း၏ မျက်လုံးများကို ဖုံးလွှမ်းလုနီးပါး အလင်းတန်းများ ထိုးကျလာသည်။ ထိုမိုးခြိမ်းသံများ၏ အရှိန်အဝါကို အာရုံခံလိုက်လျှင် မျှော်စင်နယ်ပယ်က လူတွေအတွက်ပင် အလွန်ကြောက်စရာ ကောင်းမှာ ဖြစ်ကြောင်း သိလိုက်ကြသည်။

တစ်နာရီကျော်ကြာပြီး နောက်ဆုံးတွင် မိုးကြိုးအတိဒုက္ခ ပြီးဆုံးသွားကာ လုရွှမ်လည်း နဂိုအတိုင်း ပြန်ထွက်လာခဲ့သည်။ နတ်မီးတစ်လုံးကို ထပ်မံ ထွန်းညှိလိုက်ရာ ယခုအခါတွင် သူ၏ဘယ်ဘက်ခြေတွင် ထူးခြားသော မီးလုံးတစ်လုံးက လင်းနေတာကို တွေ့ရလေ၏။

၅လုံးမြောက် နတ်မီးကပါ သလင်းကျောက်လို ကြည်လင်သွားတာကို မြင်သောအခါ လူတိုင်း စိတ်နှလုံးထဲတွင် တိတ်တဆိတ် သက်ပြင်းချမိကြသည်။ နတ်မီးကို သလင်းကျောက်အဖြစ် ပြောင်းလဲလိုပါက၊ ခိုင်ခံ့ပြီး လေးနက်သော အခြေခံအုတ်မြစ် လိုအပ်​လေသည်။

လုရွှမ်ရဲ့ နယ်ပယ်နဲ့ ကျင့်ကြံမှုကို ကြည့်ရင် လုရွှမ်ထက် ဘယ်သူက ပိုခိုင်မာတဲ့ နောက်ခံရှိလဲ သိနိုင်ပါပြီ။

အရင်ဒဏ်ရာတွေ အားလုံးလည်း သက်သာသွားပြီ။ သူ့မျက်လုံးတွေဟာ အရင်ကထက် ပိုတောက်ပနေပြီ။ ဒါဟာ နတ်မီးလုံးရဲ့ စွမ်းအင်တွေ သူ့မျက်လုံးထဲကို ပေါင်းစပ်သွားလို့ဆိုတာ လူတိုင်းသိပါ၏။

အနာဂတ်တွင် လုရွှမ်က မည်သည့်အရာမဆို အတားအဆီးမရှိ မြင်နိုင်တော့မှာ ဖြစ်ပေသည်။ ဒီအစွမ်းက လုရွှမ်ရဲ့ ယခင် နေမျက်လုံးကိုပါ ကျော်လွန်သွားပါပြီ။ အဆင့်အနည်းငယ်သာ တိုးတက်လာသော်လည်း ၎င်းသည် လူအများအား ခွန်အားနှစ်ဆ တိုးလာတယ်လို့ ခံစားရစေ၏။

ဒီလိုအခြေအနေမျိုးမှာ လုရွှမ်ကို ဘယ်သူမှ လျှော့မတွက်ရဲကြတော့ပေ။ ပါရမီရှင်တစ်ယောက်အနေနဲ့ သူ့ဂုဏ်သတင်းကို အခိုင်အမာ ရရှိသွားပြီပဲ ဖြစ်သည်။ လုရွှမ် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ လူတစ်ဦးစီ၏ မျက်လုံးများတွင် မကျေနပ်မှုနှင့် ကြည်ညိုလေးစားမှုတို့သည် ထင်ရှားစွာ မြင်နေရလေ၏။

ဒီထက် ထင်ရှားတာကတော့ ဘယ်သူမှ သူနဲ့ မပြိုင်တော့ပေ။

လုရွှမ် ယင်နဂါးရဲ့ သွေးစစ်များကို ပါးစပ်ထဲသို့ မျိုချပြီး နိဗ္ဗာနဆေးလုံးကိုတော့ လက်ထဲမှာ ကိုင်ထားလိုက်သည်။

"အကြီးအကဲ... အငယ်တန်း နိဗ္ဗာနဆေးလုံးသောက်ဖို့ အဆင်သင့်ဖြစ်ပါပြီ"

"မင်းရဲ့ သလင်းကျောက်ကရော ဘယ်လိုလဲ"

လုရွှမ် ပြုံးလိုက်ပြီး "ဒီလောက်ပဲ ရတော့မယ် ထင်ပါတယ်"

လုံယွင်ဖုန်း: "ကိစ္စမရှိပါဘူး မလုံလောက်ရင် ငါတို့ နတ်နဂါး မိသားစုက မင်းအတွက် ပြင်ဆင်ပေးမှာပါ"

"ကောင်လေး.. မင်းရဲ့ ခွန်အားကို မြှင့်တင်လိုက်ပါ... ဒြပ်စင်ငါးပါး မဟာဂိုဏ်းက မင်းအရာရာ ဆုံးရှုံးသွားရင်တောင် မင်းလိုအပ်တဲ့ သလင်းကျောက်တွေကို ပြင်ဆင်ပေးမယ်.."

"ဟားဟား သူငယ်ချင်းလေး လုရွှမ်က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ပါရမီရှင်ပါပဲ... သူက အနာဂတ်မှာ ငါတို့လူမျိုးရဲ့ ခေါင်းဆောင်ဖြစ်လာမှာ သေချာတယ် ငါတို့ရဲ့ ရှေးဟောင်းရှန်ကွမ်းမိသားစုကလည်း သန်း၁၀၀ ထုတ်ပေးပါမယ်!"

"ကျုပ်တို့ ထျန်းယိသန့်ရှင်းတဲ့မြေကလည်း သလင်းကျောက် သန်းတစ်ရာ ထုတ်ပေးမယ်"

"ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေကလည်း သန်းတစ်ရာကို လိုလိုလားလား ပေးပါ့မယ်!"

နေရာတိုင်းက ရှေးဟောင်း မိသားစုနဲ့ သန့်ရှင်းတဲ့နယ်မြေက အကြီးအကဲတွေ ကျယ်လောင်စွာ အော်ကြလေသည်။ လုရွှမ်ရဲ့ အတိဒုက္ခကို မြင်ပြီးနောက်တွင် အတောင်ပံဖြန့်ကာ အမြင့်ကြီး ပျံသန်းရန် ရည်မှန်းထားသော ပါရမီရှင်တစ်ဦး မွေးဖွားခဲ့ကြောင်း အမှန်တကယ် လက်ခံသွားခဲ့သည်။

"ရှင်းဟယ်မဟာဂိုဏ်းက အရင်းအမြစ်များများ မရှိပေမယ့် သလင်းကျောက် ၃ သန်း လောက်တော့ ထုတ်နိုင်ပါသေးတယ်"

"ရော့ရွှေမဟာဂိုဏ်းက သလင်းကျောက်သန်း ၁၀၀ ပေးပါမယ်"

"သလင်းကျောက် သန်းတစ်ရာ"

လုရွှမ် ဤလူများ ဘာကိုဆိုလိုသည်ကို သိ၍ လွန်စွာ ဝမ်းမြောက်မိသည်။ သို့သော်လည်း ထိုအကူအညီသည် အမှန်တကယ် အလုပ်ဖြစ်သဖြင့် သူတို့အား ကျေးဇူးတင်ခဲ့သည်။

All Chapters