← Chapters

မိုးခြိမ်းသံက ကျယ်သော်လည်း အင်အားနည်းသည်

Vol. 121 Ch. 4.1330

မိုးခြိမ်းသံက ကျယ်သော်လည်း အင်အားနည်းသည်

Vol. 121 Ch. 4.1330

နောင်တွင် မိုင်ထောင်ချီဝေးသော နေရာက ဤအခြေအနေကို မသိသောသူများပင် ကြားလိုက်ရလေ၏။ လုရွှမ်ခန္ဓာကိုယ်မှ နတ်မီးလုံးများ တစ်ခုပြီးတစ်ခု တောက်ပလာသည်။

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး စသဖြင့် ဆက်၍ရေတွက်ပြီးနောက် ၁၂ လုံးမြောက် နတ်မီး၌ ရပ်တန့်သွားသည်။

အားလုံးက တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်တော့ မီးလုံးဆယ့်နှစ်လုံးက ပြီးပြည့်စုံတဲ့ အခြေအနေတွေကို ကိုယ်စားပြု​နေတာ တွေ့ရလေသည်။ လုရွှမ်က သူ့ရဲ့ကျင့်ကြံမှု နတ်မီးအဆင့်၁၂ အထိ မြှင့်တင်လိုက်တာလား စဥ်းစားစရာပင်။

အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဘယ်လို​မှ မယုံနိုင်ဘူး။

လုရွှမ်ကတော့ သက်ပြင်းချကာ အနည်းငယ် ငြိမ်သက်နေသေးသည်။ နိဗ္ဗာနဆေးလုံးရဲ့ အာနိသင်က အနည်းငယ် ပျောက်နေပြီ။ ဒါမှမဟုတ် အချိန်တွေ ပြောင်းလာခဲ့ပြီမို့ ၎င်းရဲ့ ထိရောက်မှုဟာ အတော်လေး နည်းသွားတာကြောင့်လည်း ဖြစ်နိုင်ပါ၏။

ယွမ်ယန်ကျင့်စဥ်ရဲ့ လွှမ်းမိုးမှုကြောင့် လက်ရှိတော့ သူသည် နတ်မီးအဆင့် ကိုးအဆင့်အထိသာ လေ့ကျင့်နိုင်သည်။ နောက်ပိုင်း နယ်ပယ်တော်တော်များများကို သူ့ဘာသာသူ ဖြတ်သန်းဖို့ ကြိုးစားရလိမ့်မည်။

အခု လုရွှမ်ဟာ နတ်မီးနယ်ပယ် ကိုးအဆင့်ကို တိုက်ရိုက် ပြေးတက်သွားလိုက်သည်။

ဒါမှမဟုတ် တခြားသလင်းကျောက်တွေက ပိုမြင့်တဲ့နယ်ပယ်ကို ရောက်ဖို့ မလုံလောက်တာကြောင့် ဒီစွမ်းအင်အားလုံးကို ယွမ်ယန်ကျင့်စဥ်က စုပ်ယူပြီး နတ်မီးစွမ်းအင်အဖြစ် ပြောင်းလဲသွားစေတာပဲ ဖြစ်လိမ့်မည်။

လုရွှမ်ခန္ဓာကိုယ်ပေါ်က သလင်းကျောက်တွေ ကြည်လင်လာသည်။

တစ်ခု၊ နှစ်ခု။ နောက်ဆုံး နတ်မီး၁၂လုံးအထိ တဖြည်းဖြည်း သလင်းကျောက်များ ဖြစ်သွားခဲ့သည်။

အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်းရောင်နှင့် အဖြူအမည်း ၎င်းတို့က အရှေ့ဘက်ရှိ မီးလုံးကိုးလုံး ဖြစ်ကာ နောက်ကျောရှိ နတ်မီးသုံးလုံး၏ အရောင်များကတော့ လျှို့ဝှက်ဆန်းကြယ်သော တောက်ပမှုနှင့်အတူ ရောထွေးနေသည်။

သလင်းကျောက်များ အားလုံး လင်းလတ်ပြီးသွားသောအခါ လုရွှမ်လည်း လေထုထဲမှ ဆင်းလာခဲ့၏။

"ခင်ဗျားတို့ရဲ့ ကြင်နာမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ကျေးဇူးဆပ်ဖို့ နောက်မှ ပြန်လာခဲ့မယ်.. အခုတော့ ကျွန်တော် အတိဒုက္ခကို ဖြတ်ကျော်ရတော့မယ်!"

လုရွှမ်လည်း ယခုအတိဒုက္ခက ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းမလဲ သူခံစားနေရပြီ။ ဤအတိဒုက္ခကို မလွတ်မြောက်နိုင်ခဲ့ပါက သူ့ကို နတ်နဂါး မိသားစုက ဖျက်ဆီးမည်မဟုတ်သော်လည်း ၎င်းတို့ကို သေချာပေါက် ကျေနပ်​စေနိုင်မည် မဟုတ်ပေ။

လုရွှမ်က စကားဆုံးသော် သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့သွားပြီး သူ့ခြေအောက်က ချီထျန်းပုနဲ့အတူ မျက်စိတစ်မှိတ်အတွင်းမှာပဲ အားလုံးရဲ့ မျက်လုံးတွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့လေသည်။

"ဒါက ချီထျန်းပု အဆင့်၅ပဲ... အမြန်နှုန်းက တကယ်ကို ကြောက်စရာ ကောင်းသွားပြီ... လိုက်ကြည့်ရအောင်"

လုရွှမ် ဘယ်လောက်ပဲ လျင်မြန်သည်ဖြစ်စေ သဘာဝအတိုင်း သူသည် နတ်ခြေလှမ်းနယ်ပယ် တက်သွားသော သခင်များနှင့် နှိုင်းယှဉ်၍ မရပေ။ မျှော်စင်နယ်ပယ်တွေက သူထွက်သွားတာကို သိရုံသာ။ မဟာဂိုဏ်းကြီး၏ တပည့်အချို့ပင်လျှင် လုရွှမ် ပျောက်ကွယ်သွားသော ရုပ်ပုံကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

လုရွှမ် ကီလိုမီတာရာနှင့်ချီ ပြေးပြီးနောက် ရပ်တန့်လိုက်သည်။ ဤနေရာသည် မြုံသော တောင်ဖြစ်သော်ငြား အတိဒုက္ခကို ကျော်လွှားရန် နေရာကောင်း တစ်ခုဖြစ်သည်။

သူ့ဆီက အငွေ့အသက် အနည်းငယ် ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ပွက်ပွက်ဆူလာတော့မည်။

ပြင်းထန်သော မိုးကြိုးတိမ်တိုက်များက လုရွှမ်ရဲ့ ခန္ဓာကိုယ်မှ မိုင်တစ်ရာအကွာကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။ အနက်ရောင် ကောင်းကင်ယံ မိုးခြိမ်းသံက တိမ်တိုက်တစ်ခုလုံးကို အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ မိုးခြိမ်းတိမ်တိုက်များ ကျဆင်းလာသည်။ ထို့နောက် အရှိန်ပြင်းပြင်းနှင့် ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ရှိ မြုံသောတောင်တန်းများ ပြိုကျပျက်စီးသွားခဲ့သည်။

ထို့နောက် မိုးကြိုးများ ဆက်လက်၍ ထိခတ်ကုန်တာကြောင့် အမှုန့်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။ လုရွှမ် လန့်သွားပြီး သူ့ကိုယ်သူပါ အရမ်းကြောက်သွား၏။

ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိချခံထားရသည်။ ဒါ့အပြင် အပေါ်စီးမှ စွမ်းအားများကလည်း အားကောင်းနေဆဲ ဖြစ်သည်။

တိမ်တိုက်ထဲက နတ်နဂါး၏ အမြီးက လေချွန်နေသလို ဝေ့ယမ်းနေ၏။ လုရွှမ်လည်း သူမြင်နေရတာက အမှန်လား အတုအယောင်လား မသိသော်လည်း မိုးခြိမ်းတိမ်တိုက်ထဲရှိ နတ်မိုးကြိုးသည် နတ်နဂါးတစ်ကောင်နှင့် အလွန်တူ​နေသည်။

မိုးကြိုးတိမ်တိုက်က ဆက်လက်၍ ဖိချလာသည်။ လုရွှမ်ဟာ သူ့ခြေထောက်များ မြေကြီးထဲသို့ နစ်မြုပ်လုနီးပါး ဖိချထားရကြောင့် ခံစားရသလို၊ ယခင်က မာကျောသော ကျောက်တုံးများသည် ယခုအချိန်တွင် စီးဆင်းနေသော ရွှံ့နွံများကဲ့သို့ ပျော့ပြောင်းလာရာ လုရွှမ် သူ့ခွန်အားကို အသုံးမချနိုင်တော့ပေ။

အကွာအဝေး တစ်ခုအတွင်း၌ လုံယွင်ဖုန်းနဲ့ နခြားသူများသည် နောက်ဆုံးတွင် အပြေးအလွှား ပြေးချလာကြ၏။ ထိုအခိုက် ကောင်းကင်၌ မိုးကြိုးများ ပေါ်လာတာကို တွေ့လိုက်ရပါပြီ။ ဤမိုးကြိုးအတိဒုက္ခမျိုးက အစောကထက် အဆများစွာ ပိုပြင်းထန်သည်။

ထိုကဲ့သို့ နတ်မိုးခြိမ်းသံဖြင့် ဆွဲငင်ခံရပါက သူတို့သည် ပို၍ပင် ပြင်းထန်သော မိုးကြိုးဘေး အန္တရာယ်ကို ဖြစ်ပေါ်စေမည် ဖြစ်ပြီး လူတိုင်း သေရမှာ မလွဲပေ။

လုရွှမ်သည် ယခုအခါ နိဗ္ဗာနဆေးလုံး၏ ကန့်သတ်ချက်ကို ချိုးဖျက်လိုက်ပြီ ဖြစ်သည်။ သူသည် ကျင့်ကြံမှုအဆင့်ကို အဆင့်၅ ကနေ တိုက်ရိုက်မြှင့်တင်ပြီး နတ်မီးနယ်ပယ် အဆင့်၉အထိ ရောက်ရှိသွားခဲ့သည်။ သို့သော် ကောင်းကင်မိုးခြိမ်းသံ အဆင့်ငါးဆင့်၏ ပေါင်းစပ်မှုက ကောင်းကင်နဲ့ မြေကြီးကိုပါ ဖျက်ဆီးပစ်တော့မလို အလွန်အမင်း အားကောင်းနေ၏။

“ဒါက နိဗ္ဗာနဆေးလုံးရဲ့ အစွမ်းပဲ... အမြင့်ဆုံးအဆင့်က လွဲလို့ တခြားပါရမီရှင်တွေကို ပေးမှာ မဟုတ်ဘူး... အကြောင်းကတော့ အဆင့် မြှင့်တင်ပြီးရင် မိုးကြိုးပစ်ချက်တွေက အရမ်း ရက်စက်လွန်းတယ်... ကျင့်ကြံမှု တတိယအဆင့်ကနေ အခုအခြေအနေအထိ မြှင့်တင်နိုင်တဲ့လူက တော်တော် အစွမ်းထက်နေပြီ... လုရွှမ်က အဆင့်ငါးဆင့်ကို တစ်ခါတည်း မြှင့်တင်ထားလိုက်တော့ နတ်မိုးကြိုးကလည်း အဆင့်ငါးဆင့်ကို တစ်ပြိုင်တည်း ပစ်ချလာလိမ့်မယ်!"

လုံယွင်ဖုန်းက သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်သည်။ ဒီလိုပါရမီရှင်ကို သူတို့ နတ်နဂါး မိသားစုမှာ မမွေးဖွားခဲ့ရတာ အတော်လေး နှမြောစရာ ကောင်းလှ၏။

လုရွှမ် ဆိုးရွားလွန်းလှသော ကောင်းကင်နှင့်မြေကြီး၏ ထွက်သက်ကို ခံစားလိုက်ရသည်။ နတ်ဘုရားရဲ့ တန်ခိုးစွမ်းအင်က သူ့ကို မြေပြင်ပေါ်သို့ နှိမ့်ချနေသကဲ့သို့ သူ့​ခန္ဓာကိုယ်က လဲကျနေဆဲဖြစ်သည်။

လုရွှမ် ခြေထောက်ကို ခေတ္တရပ်လိုက်သည်။ သူ မိုးခြိမ်းသံကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပါပြီ။ မြေပေါ် အတင်းအကြပ် ဖိချခံထားရတာက ဘာကိုဆိုလိုတာလဲ။

သူတွေးနေတုန်း သူ့ရဲ့ခုခံမှုကို စောင့်မျှော်နေတဲ့ မိုးကြိုးလှံတစ်စင်းသည် တိုက်ရိုက် ပစ်ခွင်းလာခဲ့၏။ လုရွှမ်သည် အောက်ဖက်ရှိ အမှုန့်ထဲသို့ တိုက်ရိုက် ပစ်ထည့်ခံလိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး မီးခိုးများဖြင့် ပြည့်သွားသည်။

ပေါက်ကွဲသံများကြားတွင် နောက်ထက် အနက်ရောင် နတ်မိုးကြိုးက လုရွှမ်ကို ရိုက်ခတ်သွားပြန်သည်။

အင်အားက အလွန်ကြီးမားသောကြောင့် လုရွှမ် ခေါင်းကို မထောင်နိုင်လောက်အောင် ခံလိုက်ရသည်။ သူသည် မြေပြင်ပေါ်၌ လဲလျောင်းနေချိန်တွင် နတ်မိုးကြိုးက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေကာ သူ့အသားနှင့် အရိုးများပေါ်တွင် တောက်ပလာခဲ့သည်။

မည်သူမဆို မြင်နိုင်လျှင် ဒီလောက်အထိ ကြောက်စရာကောင်းသော နတ်မိုးခြိမ်းသံက လုရွှမ် ခန္ဓာကိုယ်ကို တရစပ် ရိုက်နှက်နေရာ သူ မသေသေးဘူးလားလို့ တွေးနေမှာပင်။ ဒီလို ခုခံထားနိုင်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ ခန္ဓာကိုယ်တစ်ခု လိုအပ်ပါသည်။

မိုးကြိုး အလင်းတန်းများ တဖျပ်ဖျပ် ခတ်သွားသည်။ ဤနတ်မိုးခြိမ်းသံများကို လုရွှမ်က သူ့ခန္ဓာထဲသို့ စုပ်ယူပစ်ပြီး အရိုးများပေါ်တွင် ဖြည်းဖြည်းချင်း ရိုက်နှိပ်ကာ မိုးကြိုးနိယာမ ပုံစံအသစ်များအဖြစ်သို့ ပြောင်းလဲသွား​စေလိုက်သည်။

သူ၏ အသားနှင့် အရိုးများ မပေါက်ကွဲသွားတာကြောင့် လုရွှမ်ကိုယ်တိုင်လည်း ထိတ်လန့်သွားသည်။ သူ့စိတ်တွေ လှုပ်ရှားသွားချိန်မှာ သူ့လက်မောင်းမှာ နဂါးအကြေးခွံလေးတွေ ပေါ်လာတာကို တွေ့လိုက်ရလေသည်။ ယင်နဂါးရဲ့ စစ်မှန်တဲ့ သွေးတစ်စက်က သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို တိုးလာစေခဲ့ပါပဲ။

လုရွှမ်သည် တန်ခိုးကြီးသော နတ်မိုး​ကြိုးကို လက်တစ်ဖက်က တိုက်ရိုက် ဖမ်းကိုင်လိုက်ကာ လှံတစ်စင်းကို အားယူနေခဲ့သလို ထရပ်လိုက်သည်။ မိုးကြိုးတွေက သူ့အား နေရောင်အောက်မှာ ရေချိုးနေရသလိုမျိုး အလွန်ကို သက်တောင့်သက်သာ ခံစားရစေသည်။

နတ်မိုးကြိုးများ လှိမ့်ဆင်းလာသည်နှင့်အမျှ သူအရင်က ရှိခဲ့သော ရုပ်ပိုင်းဆိုင်ရာ မညီညွတ်မှု အနည်းငယ်လေးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတာ ခံစားလိုက်ရသည်။ ခွန်အားတွေက တစ်ကိုယ်လုံး ထူးထူးခြားခြား စုစည်းနေသည်။

သူ့စိတ်ထဲ စေခိုင်းလိုက်တာနဲ့အမျှ သူ့ချွေးပေါက်တွေ ရုတ်တရက် ပွင့်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ဝိညာဉ်စွမ်းအင်တွေကို အရှိန်ပြင်းပြင်းနဲ့ စုပ်ယူတော့သည်။ လုရွှမ် ကောင်းကင်ပေါ်တွင် လွင့်မျောနေသည်။ နတ်မိုးကြိုးတွေကြား သူ မလှုပ်မယှက် ရပ်နေခဲ့သည်။

လုရွှမ်ရဲ့ အတိဒုက္ခက အရမ်းရိုးရှင်းတယ် ဆိုတာသာ တခြားလူတွေသိရင် သူ့ကို လူသား မဟုတ်တော့ဘူးလို့ပဲ တွေးလိမ့်မည်။

အပြင်ဘက်မှာတော့ နတ်မိုးခြိမ်းသံများဖြင့် ဖုံးလွှမ်းနေပြီး နတ်ခြေလှမ်းနယ်ပယ်က သခင်များပင် အတွင်း၌ ဖြစ်ပျက်နေသည့် အရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံကို ကြားလိုက်ရုံနဲ့ လုရွှမ်ဟာ အသက်ရှင်သန်ဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေတယ်လို့ ထင်နေကြ၏။

သူ တကယ်ပဲ မိုးခြိမ်းသံအောက်မှာ ရေချိုးနေတယ်လို့ ဘယ်သူက ထင်ပါ့မလဲ။

လုရွှမ် လုံးဝ စိတ်မပူတော့ပေ။ အပြင်မှ လူများကလည်း စိုးရွံ့နေသဖြင့် ပြေးမတက်နိုင်ကြပေ။

နောက်ဆုံးတွင်မှ နတ်မိုးခြိမ်းသံများ အားနည်းသွားတာကို ခံစားလိုက်ရသည်။ ထိုအခိုက် လုရွှမ်က ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်ကာ နတ်မိုးကြိုးအားလုံးကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက် စုပ်ယူသွားတာ လူတိုင်း မြင်လိုက်ရပြီး အံ့သြသွားကြသည်။

လေးစားမှုဆိုတဲ့ ခံစားချက်က သူ့အလိုလို ပေါ်လာတယ် ဆိုတာကို ထိုသခင်များပင် လက်ခံသွားချေပြီ။

All Chapters