← Chapters

နတ်မီးနယ်ပယ် အဆင့်၉

Vol. 121 Ch. 4.1331

နတ်မီးနယ်ပယ် အဆင့်၉

Vol. 121 Ch. 4.1331

"မင်းအဆင်ပြေလား?"

လုရွှမ် သူ့အဝတ်အစားတွေ နည်းနည်း စုတ်ပြဲသွားပေမယ့် အဆင်ပြေသည်။ ကြည့်နေသူတွေခမျာလည်း ထိတ်လန့်မှုမှလွဲလို့ အားလုံးက မယုံနိုင်စရာ မြင်ခဲ့ရကြောင်း သဘောပေါက်လိုက်၏။

လုရွှမ်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်မိုးခြိမ်းသံအချို့ ရှိနေပြီး အက်ကွဲသံများ ထွက်ပေါ်နေသော်လည်း လူက လုံးဝ မတုန်လှုပ်ပေ။ ၎င်းသည် မိုးကြိုး အနည်းငယ်မျှသာ ဖြစ်ပုံရသော်လည်း လူတိုင်း၏အမြင်တွင် ဤမိုးကြိုးကပင် အလွန်ပြင်းထန်သော ခြိမ်းခြောက်မှု တစ်ခုဖြစ်နေပါပြီ။

သို့သော် စဉ်းစားကြည့်တော့ လုရွှမ် ထိုနတ်မိုးခြိမ်းသံများကို တိုက်ရိုက် မျိုချလိုက်သည်မှာ သဘာဝအတိုင်းပင် သူ့ရှေ့ရှိ ဤမိုးခြိမ်းသံလေးကို လုံးဝ လျစ်လျူရှုထားမှာပင်။

လုံယွင်ဖုန်းသည် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အမြွက် ပြနေသည့် သူ့ဘေးနားရှိ လူကြီးကို တစ်ချက် ကြည့်လိုက်သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်အတွင်းက ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို ခံစားလာရပြီး အမှန်တကယ်ပင် သူတို့ကို အနည်းငယ် ခြိမ်းခြောက်​နေသလို ခံစားလာရစေသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးသည် နတ်ခြေလှမ်းနယ်ပယ်သို့ တက်လှမ်းခဲ့သော သန်မာသော အမျိုးသားများ ဖြစ်ကြပြီး ၎င်းတို့ခံယူထားသော စွမ်းအားသည် သဘာဝအားဖြင့် ရက်စက်လွန်းလှသည်။ လုရွှမ်က ယခုအချိန်တွင် သူ၏ အတိဒုက္ခကို ပြီးမြောက်ခဲ့ပြီ။ သူ့အဆင့်က အချိန်တိုအတွင်း အလွန် တိုးတက်လာခဲ့တဲ့အပြင် သူ့ခန္ဓာကိုယ်ရှိ ရောင်ဝါကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။

မိုးခြိမ်းသံ၏ ဟိန်းဟောက်သံနှင့်အတူ သူ့အရှိန်အဟုန်သည် အထွတ်အထိပ်သို့ ရောက်လုနီးပါးပင် ဖြစ်နေ၏။

နတ်ခြေလှမ်းနယ်ပယ်ရှိ သန်မာသူ တစ်ဦးက ၎င်းကို သဘာဝအတိုင်း ခံနိုင်ရည်ရှိသော်လည်း မျှော်စင် နယ်ပယ်ရှိ သခင်အုပ်စုတစ်စုမှာ ထိတ်လန့်သွားမည် ဖြစ်သည်။

ဟောက်ထျန်းလည်း သူ့လက်​မောင်းကို လှမ်းထိုးချင်ပေမယ့် အနား မကပ်ရဲသေးတဲ့အတွက် အတင်းအကြပ် အမြန် နောက်ဆုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကနေ အလွန်အစွမ်းထက်တဲ့ သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရသလို ခံစားရလေ၏။

လုရွှမ်ရဲ့ အငွေ့အသက်သည် အလွန်ရင်းနှီးနေဆဲ ဖြစ်သော်လည်း ရင်းနှီးမှုကနေ ထွက်လာသော စွမ်းအားများစွာက သူ့အပေါ် ဖိအားများစွာသက်ရောက်စေသည်။

တခြားသူတွေ ဖြစ်တဲ့ ချောင်ယန်နဲ့ ရှင်ထျန်းတို့ နှစ်ယောက်စလုံးက မျှော်စင်နယ်ပယ်ရဲ့ အဆင့် ၉မှာ ရှိနေပြီဖြစ်လို့ လုရွှမ်ရဲ့ စွမ်းအားကို သဘာဝအတိုင်း ခံနိုင်ရည်ရှိကြပါသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်လုံး လုရွှမ်ဆီက ထွက်လာတဲ့ စွမ်းအားကို ခံစားလိုက်ရသော် နှစ်ယောက်စလုံးကို ခြိမ်းခြောက်နိုင်ကြောင်း သဘောပေါက်လိုက်၏။ လုရွှမ်က ယခုအခိုက်အတန့်တွင် ၎င်းတို့၏ပြိုင်ဘက်ပင် မဟုတ်ဘူးဟု ခန့်မှန်းမိလာသည်။

မျှော်စင်နယ်ပယ် အဆင့်ငါးသို့ ရောက်ပြီးနောက်တွင် အဆင့်တစ်ခုစီသည် ကြီးမားသော ကန့်သတ်ချက်တစ်ခု ဖြစ်လာပြီ။ ထိုကြီးမားသော ကွာဟချက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် အနိုင်ယူဖို့ စိတ်ကူးကြည့်ရန် ခက်ခဲ​လေသည်။

အမြင့်ကို ရောက်သွားလေလေ ကျင့်ကြံမှု ကွာဟချက် ကြီးမားလေလေပါပဲ။

သို့သော် အဲဲဒီသဘောတရားက လုရွှမ်နဲ့ လုံးဝ သက်ဆိုင်ပုံမရပေ။

လုရွှမ်ဟာ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပြီးနောက် ခြိမ်းခြောက်မှုက သူတို့ ထင်ထားတာထက် ပိုမို၍ မြင့်မားလာ၏။ သူတို့နှစ်ဦးသည် လုရွှမ်က သူတို့နဲ့ နီးကပ်လာနေသလိုပင် ထင်ယောင်ထင်မှား ဖြစ်လာကြသည်။

ဒါကို အသံကျယ်ကျယ် ပြောလိုက်ရင် ဟာသတစ်ခုလို ဖြစ်သွားလိမ့်မယ်။ အခု လုရွှမ်က သေးငယ်သော အဆင့်များကို ချိုးဖျက်ခဲ့သော်လည်း မျှော်စင် နယ်ပယ်ရှိ သခင်ကြီးထက် ပို၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမျိုး ရှိနေချေပြီ။

တုံ့ပြန်တဲ့အနေနဲ့ သူတို့ နှစ်ယောက် ပြုံးလိုက်ကြပေမယ့် နောက်အခိုက်အတန့်မှာတော့ သူတို့နှစ်ယောက် ကိုယ့်ဘာသာကို အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

ဒါက သူတို့တကယ် လုရွှမ်ကို ကြောက်သွားတာလား။

တွေးကြည့်ရင် တကယ့် သခင်တွေကသာ သူတို့ကို ထိတ်လန့်စေတာလေ။

လုံယွင်ဖုန်းက လုရွှမ် သူ့ရဲ့ လက်ရှိစွမ်းအားကို ပြန်လည်ရရှိရန် ကူညီပေးဖို့အတွက် မန္တန်တစ်ခုကို ရွတ်ဆိုခဲ့သည်။ မကြာခင်မှာပဲ လုရွှမ် သူ့အသက်ရှူထုတ်လိုက်ပြီး အလွန်ရင်းနှီးတဲ့ အငွေ့အသက်များ ပြန်ထွက်လာ၏။ ဤတော့မှ ဟောက်ထျန်းနဲ့ ချန်ရှီးတို့လည်း နီးကပ်လာခဲ့သည်။

ယခုအချိန်တွင် လုရွှမ်သည် သူ၏ အရိပ်အာဝါသကို စုဆောင်းထားသော်လည်း သူစိမ်းများက သူ့ကို မချဉ်းကပ်သင့်သည့် ခံစားချက်ကို လူတို့အား ပေးနေဆဲဖြစ်သည်။ ကျားက သူ့ခြေသည်းတွေကို ထုတ်ထားသလိုပါပဲ။

လုရွှမ်ရဲ့ အရှိန်အဝါက လူတို့ကို ခြိမ်းခြောက်နေသည့် ပြင်းထန်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လူတချို့က လုရွှမ် အရင်က အတိဒုက္ခကို ဖြတ်ကျော်သွားခဲ့တဲ့နေရာကို သွားကြည့်ပြီး နှုတ်ခမ်းကို ဆူပုတ်လိုက်ကြသည်။ ကျောက်တုံးများ အားလုံးကို အမှုန့်ဖြစ်အောင် ထုချေလိုက်သော်လည်း လုရွှမ်ကတော့ ဘာမှ မဖြစ်သွားခဲ့ပေ။

သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြံ့ခိုင်နေတာလဲ။

လုရွှမ်က မိုးကြိုးအတိဒုက္ခအတွင်း ဖြစ်ပျက်ခဲ့သမျှကို အတိုချုံး ပြောပြလိုက်သည်။ ထုံးစံအတိုင်း သူစကားပြောပုံက အလွန်စိတ်သက်သာရာ ရ​နေသော်လည်း လူတိုင်း၏ နားထဲတွင်တော့ သက်သာရာရမည် မဟုတ်ပေ။

နတ်နဂါး မိသားစုသို့ ပြန်ရောက်ရှိလာသောအခါ လုရွှမ် နှစ်ရက်လောက်ကို အနားယူလိုက်သည်။ အဲဒီနောက် စိတ်တည်ငြိမ်အောင် လုပ်ကာ နိဗ္ဗာနလျှို့ဝှက်မြေသို့ ဝင်သွားခဲ့သည်။

ထိုအချိန်တွင် လုရွှမ် မနာလို ဖြစ်လို​ကြသော်လည်း သိသိသာသာ ထုတ်မပြဝံ့ပေ။ လုရွှမ်ရဲ့ အဆင့်က သူတို့ထက် အများကြီးသာလွန်နေတော့ မနာလို မဖြစ်နိုင်​တော့ပါဘူး။

လုရွှမ် နိဗ္ဗာနဘုံသို့ လျှို့ဝှက်စွာ ဝင်ရောက်သွားသည်။ ရောက်ရောက်ချင်း လိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်ခဲ့သော်လည်း အတွင်း၌ ဘာမျှမရှိပေ။ နတ်နဂါသ မိသားစုက သူ့ကို ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူးဆိုတာ မသိခဲ့ဘူးဆိုရင် အတုအယောင်နေရာကို ရောက်နေပြီလို့ ထင်မိလိမ့်မယ်။

သူ့စိတ်ထဲက အတွေးတစ်ခုဖြင့် လုရွှမ် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် တစ်ခုခုက လှုပ်ရှားနေသည့်နှယ် ခံစားလိုက်ရပြီး မကြာမီပင် လေထုအလယ်၌ တစ်စုံတစ်ရာ လင်းလက်သွားလေ၏။

အရမ်းကို မှော်ဆန်ပေ၏။

လုရွှမ် လေထုထဲ လွင့်ပျံသွားသည်။ သူ့မျက်လုံးထဲတွင် နတ်မီးတစ်လုံး ထွန်းလင်းနေပြီး လေထုကို ဖြတ်တောက်နေသော ဓားတစ်လက်လို ပြေးထွက်သွားတော့သည်။

မီးဓားက သူ့အတွေးဖြင့် တောက်လောင်နေ၏။ ခဏကြာပြီးနောက် မီးတောက်များ တဖြည်းဖြည်း မြင့်တက်လာကာ မီးဓားတစ်လတ် မီးတောက်ထဲမှ ထွက်လာသည်။ ထို့နောက် မီးတောက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

အလွန်ရိုးရှင်းသော မြင်ကွင်းတစ်ခုမျှသာ ဖြစ်သော်လည်း လုရွှမ် မျက်လုံးများထဲမှာတော့ လုံးလုံး ရှုပ်ထွေးသွားခဲ့သည်။ သူ့စိတ်က အတိတ်ကို အမြန် ပြန်​ရောက်သွားလိုက်၊ အရင်ဘဝတွေဆီ ရောက်သွားလိုက်၊ ကြုံဖူးသမျှ အရာအားလုံး စိတ်ထဲ မြန်မြန်ဆန်ဆန် ပြန်လည် ထွက်ပေါ်လာ၏။

တွေးကြည့်လိုက်ရင် အတိတ်ဆိုတာက ဖုန်မှုန့်နှင့် မီးခိုးကဲ့သို့ပင်။ ဒါ​ပေမဲ့ အတိတ်​က သူ့ကို ​နောင်​တရစေခဲ့သည်။

လုရွှမ် မသိလိုက်ဘဲ မျက်ရည်ကျလာခဲ့သည်။ မျက်လုံးကို ပြန်ဖွင့်၍ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ ဂူကို ပြန်မြင်ရပြီး သူ့ရှေ့တွင် မီးတောက်နေသော ဓားတစ်ချောင်း ရှိနေတာ တွေ့လိုက်ရသည်။

နာရီမှန်ကို ငုံ့ကြည့်လိုက်တော့ တစ်ရက်ပင် ရှိနေပြီ ဖြစ်သည်။ မီးဓားသည် လွင့်ပျံသွားကာ ပန်းတစ်ပွင့်၊ မြက်ပင်တစ်ရွက်နှင့် သစ်ရွက်တစ်ရွက်အဖြစ်သို့ ပြောင်းလဲသွားကာ အဆက်မပြတ် အသွင်ပြောင်းကာ အလင်းရောင်ထဲ ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ်လည်း သူ့လက်ညှိုးကို ပွတ်ဆွဲလိုက်သည်။ ထိုစဥ် သူ့လက်ချောင်းထဲကနေ နောက်ထပ် မီးတောက်တစ်ခု ထွက်လာ၏။

သူ အခြားအရာများကိုလည်း တစ်ချက် ကြည့်လိုက်ပြန်သည်။

အဲဒီနောက် အချိန်မီ ထွက်သွားပြီး သုံးရက်မြောက်နေ့တွင် လုံယွင်ဖုန်းကို နှုတ်ဆက်ပြီးနောက် ဤနေရာမှ ထွက်ခွာကာ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ နေထိုင်ရာ ​ခြံဝန်းသို့ ပြန်လာခဲ့သည်။

"လုရွှမ် ဘယ်လို​လဲ?"

သခင်ငါးယောက်က အလွန်အမင်း စိတ်လှုပ်ရှားစွာနဲ့ အမြန်လာမေးကြ၏။ လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။

"ငါ့မှာ ဥာဏ်နည်းနည်းပဲ ရှိလို့ထင်တယ်... သေသေချာချာ ပြန်တွေးကြည့်တော့ ဘာမှ မရလိုက်ဘူး... ကိုယ့်ကိုကိုယ်လည်း နည်းနည်း ရှုပ်နေတယ်!"

လူအတော်များများက စိတ်ပျက်သွားကြသော်လည်း အခြေအနေကို နားလည်ကြတာကြောင့် ခေါင်းညိတ်လိုက်ပါ၏။

"မေ့လိုက်ပါတော့.. လုရွှမ် မင်း စိတ်ပျက်စရာ မလိုပါဘူး.. နိဗ္ဗာနဓားသိုင်းက နှစ်သောင်းနဲ့ချီပြီး လေ့ကျင့်ခဲ့တာတွေ ရှိတယ်...ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ရတာ အရမ်းခက်ခဲလို့ပဲ... နောက်ဆုံးတော့ မင်းမှာ သုံးရက်ပဲ အချိန်ရခဲ့တာမလား..."

တိခွင်း: "ဟုတ်တယ်...ငါတို့ရဲ့ ဒြပ်စင်ငါးပါး ဓားသိုင်းကလည်း မဆိုးပါဘူး ဒါ့ပြင် ယင်ယန်မဟာဂိုဏ်းနဲ့လည်း ဆက်သွယ်နေတယ်...သူတို့ဆီက ယင်ယန်ထိုက်ချီကို ပေါင်းစပ်လိုက်ရင် ဒြပ်စင်ငါးပါးယင်ယန်ဓားသိုင်း ပေါ်လာဖို့က မဖြစ်နိုင်တာ​တော့ မဟုတ်ဘူး... အဲ့ကျရင် နိဗ္ဗာနဓားသိုင်းထက်ကတော့ မနိမ့်လောက်ဘူး"

တိခွင်းကလည်း သူ့ကို နှစ်သိမ့်ပေးလာ၏။ လူတိုင်း၏ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသော လုရွှမ်လည်း သူ့နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

"ကျွန်​တော့်အတွက် စိတ်ပူစရာ မလိုပါဘူး ဒါတွေအားလုံးက အခွင့်အရေးတွေ ဆိုတာ ကျွန်တော်လည်း နားလည်ပါတယ်... နောင်တစ်နေ့ ကျရင်တော့ ဒါကို ကျွန်တော်လည်း နားလည်လာလိမ့်မယ်လို့ ထင်တယ် အဲ့ကျရင်တော့ အခွင့်အရေး မဟုတ်​လောက်​​တော့ဘူး....လူတွေက သူတို့မရနိုင်တဲ့ အရာက အကောင်းဆုံးလို့ အမြဲတမ်း ထင်နေကြတယ်... တကယ်တော့ သူတို့ရတဲ့အရာက ပိုတောင် ရှားပါးသင့်တာ"

All Chapters