အနောက်ဖက် ဒေသကြီးမှ ထွက်ခွာပါပြီ
Vol. 121 Ch. 4.1332
လူများစွာသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွားကြသည်။ လုရွှမ်ရဲ့ စကားများက လေးလေးနက်နက် အဓိပ္ပာယ် ရှိတာကြောင့် သဘောကျသွားကြသည်။
"ကောင်းပါတယ် ဒီလိုဆိုရင် မင်းရဲ့အနားယူမှုကို ငါတို့နောက်ထပ် မနှောင့်ယှက်တော့ဘူး... ကောင်းကောင်း လေ့ကျင့်ပြီး မနက်ဖြန် သတင်းကို စောင့်နေလိုက်..."
နောက်တစ်နေ့တွင် တိခွင်းက မည်းမှောင်သော မျက်နှာထားဖြင့် ပြန်ရောက်လာသည်။ ယင်ယန်မဟာဂိုဏ်းကို သူ တကယ် ငြီးငွေ့လာပြီ။ လုရွှမ် နိဗ္ဗာနဆေးလုံးကို သန့်စင်နေချိန်တွင် ယင်ယန်မဟာဂိုဏ်းက ဘယ်ကျောက်တုံးကိုမျှ မပေးချေခဲ့ပေ။ အဲဒါက စေတနာ မပါကြောင်း သိသာနေပြီ။
ဒါပေမဲ့ ဒီနေ့ ယင်ယန်ထိုက်ချီဓားရဲ့ လှုပ်ရှားမှုကို ပြခိုင်းတော့ ယင်ယန်မဟာဂိုဏ်းက လုရွှမ်ကို သူတို့ဂိုဏ်းထဲ ပေးဖို့ ပြန်အပေးအယူ လုပ်လာ၏။ ဒါက မောက်မာမှုနဲ့ သူတို့အရည်အချင်းကို လွန်ကဲစွာ တွက်ဆပြီး အမြင်ကျဉ်းနေကြခြင်းပဲ ဖြစ်ပေသည်။
ယင်းက ဂိုဏ်းနှစ်ခုကြား ဆက်ဆံရေးကို ဖြေလျှော့ရန် ယင်ယန်မဟာဂိုဏ်းဘက်က အဆိုပြုချက် တစ်ခုအဖြစ် မှတ်ယူနိုင်သော်လည်း တစ်စုံတစ်ဦးသည် ထိုကဲ့သို့ လှည့်စားနေခြင်းကို အမှန်တကယ်ပင် ရွံရှာဖွယ်ကောင်းလှသည်။
"မေ့လိုက်တော့... တချို့လူတွေက လက်ရှိအရေးကို နားမလည်ဘဲ အခွင့်ကောင်းပဲ ယူချင်နေကြတာ!"
ချီးဖုန့်ကျူက ခပ်မာမာပဲ ဝင်ပြောသည်။ ယင်ယန်မဟာဂိုဏ်းကို သူမ အတော်လေး ရွံရှာနေပြီ။ သူတို့နဲ့ ဘာမှမပတ်သက်ချင်ပေ။
"နတ်နဂါးမိသားစုက ဒီမှာပဲ အချိန်သတ်မှတ်ထားပြီးပြီ... မကြာခင် ဒေသလမ်းကို ဖွင့်တော့မယ် ဘာပဲဖြစ်ဖြစ် ဂိုဏ်းကို ပြန်ဖို့ အချိန်မရှိဘူး... ယင်ယန်မဟာဂိုဏ်းကတော့ ထားလိုက်တော့"
တိခွင်းလည်း ဒီခါးသီးမှုကို သိပေမယ့် မျိုချလိုက်လို့ မရဘူး ဖြစ်နေသည်။ ယနေ့ခေတ်တွင် အဓိက ဂိုဏ်းခွဲများထဲ၌ ဒေသခွဲသို့ သွားလိုသူများ၊ သွားရန် ခွန်အားရှိသူများ၊ ခွန်အားမရှိသူများက ပြာများထက်သာ၍ များနေပါသည်။
အမှန်မှာ လူတိုင်း ဒေသတစ်ဖက်သို့ သွားရန် အရည်အချင်း မရှိကြပါ။
လုရွှမ်က ရှင်ထျန်းနဲ့ အရက်သောက်နေ၏။ သူတို့အဖွဲ့ထဲ၌ စိတ်လှုပ်ရှားနေသဖြင့် နတ်သမီးမင်လင်ကို ချစ်ကြောင်း ဝန်ခံခဲ့သော တစ်စုံတစ်ယောက်ကလည်း ရှိသေးသည်။ သူ့ခမျာ အငြင်းခံလိုက်ရတာကြောင့် တစ်နေ့လုံး သောက်ရန် ပြန်လာခဲ့သည်။
ဒေသခြားကို ဝင်လျှင် သူတို့ကြုံတွေ့ရမည့် အန္တရာယ်ကို ကောင်းကင်ကသာ သိကြောင်း လူတိုင်း လက်ခံသည်။ ဟိုဘက်ကမ်းကို ရောက်သွားရင် သောက်ချင်စိတ် လုံးဝမရှိနိုင်သလို ဟိုဘက်ကမ်းရောက်ရင် အားလုံးအတူတူ မသောက်နိုင်ကြတော့တာလည်း ဖြစ်ကောင်းဖြစ်မည်။
ဒါကြောင့် ရက်အနည်းငယ်ကနေ ယနေ့အထိ တစ်ဖွဲ့လုံး မူးနေပါသည်။ သူတို့လူအုပ်စုကိုတော့ သန့်ရှင်းတဲ့မြေမှ လူအချို့က မထီမဲ့မြင်ပြုခဲ့ကြပေမယ့် သောက်သူကတော့ သောက်စမြဲပင်။
လုရွှမ်သည် အချို့သော လူများသည် အမှန်တကယ် လိုက်ဖက်မှုမရှိသော လူတွေလို မွေးဖွားလာကြောင်း၊ သို့မဟုတ် ထိုလူများအတွက်မူ ၎င်းတို့က ခွန်အားမရှိသူဟုလည်း မှတ်ယူနေတာ ဖြစ်နိုင်ကြောင်း သိပါသည်။
လုရွှမ် အတွက်ကတော့ ချောင်ယန်၊ ရှင်ထျန်းနဲ့ ဟောက်ထျန်းတို့နဲ့ တွဲလုပ်ရတာပဲ ကောင်းတယ်လို့ မှတ်ယူထားပြီးပါပြီ။
ရက်အနည်းငယ် ကြာပြီးနောက်။
အရက်မူးလာပြီးနောက် နလန်ထူလာသော လူတစ်စုသည် နတ်နဂါး မိသားစု၏ လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။ အခင်းအကျင်း ကန့်သတ်ချက်များကို ဆက်တိုက်ဖွင့်လိုက်တော့ လေပြင်းများ အဆက်မပြတ် တိုက်ခတ်လာတာကို ရင်ဆိုင်လိုက်ရသည်။
အာကာသသားရဲများ ထွက်လာသည့် အချိန်လောက် စွမ်းအားက အစွမ်းထက်တာမျိုး မဟုတ်သော်လည်း ၎င်းတွင် အနည်းငယ် အေးစက်သော အငွေ့အသက်များ ရှိနေပါသေးသည်။
လုံယွင်ဖုန်း: "ငါ့မှာ ပြောစရာ မရှိပါဘူး... မင်းတို့အထူး သတိထားသင့်တယ် လူသားတွေရဲ့ အနာဂတ်အတွက်ပေါ့.... တခြားဒေသတွေမှာ လူသားတွေ ရှိနေတယ် ဆိုတာတော့ ငါ ကြားတယ်... ဒါကြောင့် အသက်ရှင်မရှင်က မင်းတို့ရဲ့ကံကြမ္မာအပေါ် မူတည်တယ်"
ထို့နောက် သူက နတ်နဂါး မိသားစုမှ အငယ်တန်းတစ်ဦးအား ခေါင်းညိတ်ပြလိုက်သည်။ ထိုအငယ်တန်းက လုံယာနှင့်အတူ ထွက်လာ၏။ လုရွှမ် တစ်ချက် ကြည့်လိုက်ရာ ထိုအငယ်လေးက ချောင်ယန်ထက်ပင် မြင့်မားပြီး အလွန်ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါတွေ ရှိနေကြောင်း မြင်လိုက်ရလေသည်။
သူတို့သည် လမ်းကြောင်းထဲသို့ ပထမဆုံး အပြေးအလွှား ဝင်ရောက်သွားသူဖြစ်ပြီး နောက်တွင် နတ်နဂါးမိသားစုဝင်များ ဝင်သွားသည်။
မကြာခင်မှာပဲ လုရွှမ်အလှည့် ရောက်လာ၏။ လုရွှမ် လုံယွင်ဖုန်းဘက် လေးလေးစားစား ဂါဝရပြုလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင်၊း သူ၏လက်ရှိ အဆင့်ကို ရောက်လာအောင် ကူညီပေးခဲ့တဲ့ လုံယွင်ဖုန်းအား အလွန်ကျေးဇူးတင်မိသည်။ သူ့အကူအညီမပါဘဲ သူသည် လက်ရှိ အဆင့်ကို ရရှိလိမ့်မည် မဟုတ်ပေ။
အာကာသ အက်ကွဲကြောင်းထဲသို့ ဝင်သွားသောအခါတွင် ရှင်ထျန်းရဲ့ ရုပ်ပုံအား မှုန်ဝါးဝါး မြင်လိုက်ရသည်။ လုံယွင်ဖုန်းက အာကာသ လမ်းကြောင်းထဲကို ဝင်ပြီးရင် နောက်ကြောင်းပြန်မလှည့်ပါနဲ့၊ ပတ်ဝန်းကျင် မြင်ကွင်းကို မကြည့်ပါနဲ့၊ ရှေ့ကလူတွေကို စိုက်ကြည့်ပြီး ရှေ့ကိုပဲ ပြေးသွားပါလို့ ပြောခဲ့သည်။
အမှန်တော့ ဒါက ပြီးပြည့်စုံတဲ့ အာကာသဥမင် လိုဏ်ခေါင်းတစ်ခု မဟုတ်ဘဲ လျှို့ဝှက်လမ်းကြောင်း တစ်ခုပဲမလို့ အရမ်းမလုံခြုံပါဘူး။ အန္တရာယ်ကင်းစွာ ဖြတ်သန်းလိုပါက မလိုအပ်သော အန္တရာယ်များကို လျှော့ချရန် စည်းကမ်းများကို အပြည့်အဝ လိုက်နာရမည်။
လုရွှမ်လည်း ရှင်ထျန်း နောက်သို့ အနီးကပ်လိုက်သွားသည်။ သူ့ရှေ့တွင် တောက်ပနေသော တံခါးပေါက်တစ်ခုကို တွေ့လိုက်သည်အထိ အလွန်လျင်မြန်စွာ ပြေးသွားခဲ့သည်။
ဖိအားတစ်ခု ကျလာတဲ့အခါ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပိုလေးလာသလိုမျိုး ခြေထောက်တွေက လှမ်းရခက်လာ၏။ လုရွှမ် ထိုခံစားချက်ကို ယခင်က ခံစားဖူးသည်။ ၎င်းက သူ မြေကမ္ဘာပေါ်သို့ ဆင်းသက်သောအခါတွင် ခံစားခဲ့ရသော ဖိအားပင်တည်း။
ပြီးတော့ ဒီနေရာရဲ့ ဆွဲငင်အားက သိသိသာသာ ပိုအားကောင်းသည်။ ဆိုလိုတာကတော့ ဒီမှာရှိတဲ့ သက်ရှိ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေက ပိုသန်မာပေမည်။ မတော်တဆမှု မဟုတ်ရင် အဲဒီသတ္တဝါတွေနဲ့ မယှဉ်မိဖို့ သေချာပါသည်။
နောက်မှ လူများလည်း တဖြည်းဖြည်း ပြေးထွက်လာ၏။ လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ အနည်းဆုံး သူသိသမျှ လူတွေ ဘေးကင်းစွာ ရောက်ရှိလာခဲ့ပြီလေ။
ခေါင်းပေါ်မှာ အပြာရောင် ကောင်းကင်ကြီး ရှိသည်။ အရင်ကနေခဲ့တဲ့ အနောက်ဖက်ဒေသနဲ့ ကွာခြားပုံ မပေါ်သော်လည်း လတ်ဆတ်သောလေကို ရှူရှိုက်မိတဲ့အခါ ပို၍ သက်တောင့်သက်သာ ဖြစ်သွားလေသည်။
"ဒီမှာ ဝိညာဉ် စွမ်းအင်တွေ ပြည့်နေတာပဲ"
ဟောက်ထျန်းက အော်ရင်း အသက်ပြင်းပြင်း ရှူပြီး ပြုံးလိုက်သည်။
လုရွှမ် : "ဟုတ်တယ် ဟိုဘက်က အပင်ကြီးကို ကြည့်လိုက်ဦး!"
လူတိုင်းရဲ့ မျက်လုံးများက လုရွှမ်ရဲ့ လက်ချောင်းများ သွားရာသို့ ကြည့်လိုက်ကြသည်။ သူတို့ ရောက်နေတာက တောအုပ်တစ်ခုအဖြစ် ရှိနေသေးသည်။ သို့သော် အနီးကပ်ကြည့်ပြီးနောက် လူတိုင်း အံ့ဩသွားကြသည်။
အကြောင်းမှာ ဤသစ်ပင်ကြီးသည် တိမ်တိုက်ထဲသို့ တိုးဝင်ထားကာ အကိုင်းအခက်များက ပြန့်ကျဲနေသောကြောင့် တောင်ကြီးကဲ့သို့ ကြီးမားနေသည်။ တချို့ အကိုင်းအခက်များစွာကပင် မြေကြီးထဲကို ထိုးစိုက်ထားလေရာ လူကို အခြားပင်စည်တွေဟု ခံစားရစေသည်။
တစ်ချက်ကြည့်လိုက်ရင် အစွန်းကို မမြင်နိုင်လောက်အောင် ကျယ်ပြောလွန်းတာကြောင့် အမြင်အာရုံကို ပိတ်ဆို့သွားစေ၏။
"ဒါက ဘိုးဘေးဝူကျီ ဒီလမ်းကို ဆောက်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်မယ်... ဒီမှာ နေထိုင်ပုံက ခြိမ်းခြောက်ချင်စရာတွေ များလွန်းတယ်"
တကယ်တော့ လူသားတွေ ဒီကိုရောက်လာတဲ့အခါ သူတို့ဟာ ဒီနေရာမှာ ရှင်သန်ချင်တယ်ဆိုရင် ဒါမှမဟုတ် ခွန်အားတစ်ခုကို ထူထောင်ချင်တယ် ဆိုရင်တော့ ဒီကိုရောက်လာတာနဲ့ တပြိုင်နက် အသတ်ခံရမှာတော့ မဟုတ်သေးပေ။ ထိုကဲ့သို့သော သစ်ပင်ကြီးသည် အမှန်တကယ် အကောင်းဆုံး အကာအကွယ် ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်ပြီးနောက် လူတိုင်းက ပြဿနာတစ်ခုကို ဆုံးဖြတ်နိုင်ခဲ့သည်။ သူတို့ ဤနေရာမှ ထွက်ခွာလိုပါက သစ်တောကို ဖြတ်သွားခြင်းမှာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။
ကောင်းကင်မှာ ပျံမလား။ ကောင်းကင်ထက် မြင့်မတတ် တောနက်ကြီးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိမ်ငယ်စိတ်များ ဝင်လာတော့သည်။ ဒါကြောင့် လူတိုင်း ထိုအတွေးများကို လုံးဝ စွန့်လွှတ်လိုက်ရသည်။
အထိန်းအကွပ် မရှိသော လူတွေကတော့ သဘာဝအတိုင်း လမ်းကွဲကွာကြပါပြီ။ သန့်ရှင်းတဲ့မြေ၊ ရှေးဟောင်း မိသားစုနှင့် မဟာဂိုဏ်းတို့က သဘာဝအတိုင်း စခန်းနှစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထုံးစံအတိုင်း အုပ်စုငယ်များစွာကလည်း အချင်းချင်း ဖွဲ့ကြသည်။
လုံခြုံသည်ဖြစ်စေ မလုံခြုံသည်ဖြစ်စေ အတူတကွ လက်တွဲလုပ်ဆောင် ကြသူတိုင်းက ဒီနေရာကို အနည်းငယ် ပေါ့ပေါ့တန်တန် ထင်မြင်ယူဆကြလေ၏။
သူတို့မှာ တူညီတဲ့ပန်းတိုင် တစ်ခုရှိပေမဲ့ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်တဲ့ အတွက် လမ်းခွဲလိုက်ကြသည်။ ဝမ်းနည်းစရာ အဆုံးသတ် တစ်ခုဖြစ်လာဖို့ ရည်မှန်းထားတဲ့ လူတိုင်းကို အတူတကွ စုရုံးခွင့်ပေးလိုက်တာကလည်း ကောင်းပေသည်။