တောနက်
Vol. 121 Ch. 4.1333
လုရွှမ်က ရှင်ထျန်း၊ ချောင်ယန်တို့အဖွဲ့ထဲတွင် သဘာဝအတိုင်း ရှိနေသည်။ သူတို့ အဖွဲ့ထဲတွင် လူ ဆယ့်ခုနစ်ယောက် ရှိသည်။ အမြင့်ဆုံးနယ်ပယ်မှာ သဘာဝကျကျ ရှင်ထျန်းနဲ့ ချောင်ယန်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးက မျှော်စင်နယ်ပယ် အဆင့်၉ကို ရောက်ရှိနေကြပြီ။
ကျန်တဲ့လူ အားလုံးက မျှော်စင်နယ်ပယ် အဆင့်၅ ထက် သာလွန်သူ၊ အဆင့်၅အောက် လူများသာ ဖြစ်သည်။
လုရွှမ်က အနိမ့်ဆုံး နတ်မီးနယ်ပယ် အဆင့်၉ ဖြစ်သော်လည်း သူ့ရဲ့ လေ့ကျင့်မှုအဆင့်နှင့် စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားကို ဘယ်သူကမှ လျှော့မတွက်ရဲကြပေ။ ဟောက်ထျန်းက လုရွှမ်ရဲ့ အရှိန်အဝါကြောင့် ပြုံးနေကာ တခြားလူကို အလေးအနက် မထား။ သို့သော် ချန်ရှီးကိုတော့ မနာလိုဖြစ်စေ၏။
သူတို့ရဲ့ ကျင့်ကြံမှုက အဆင့်တစ်ခုကို ရောက်တဲ့အခါ တိုးတက်စေတဲ့အရာတွေက အခွင့်အလမ်းတွေ၊ အရည်အချင်းတွေ၊ အရင်းအမြစ်တွေ ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ အဲဒီအထဲမှာ သူတို့ရဲ့ ပြဿနာတွေကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်စေမယ့် စိတ်နေစိတ်ထားက သူတို့ရဲ့ အခြေခံအုတ်မြစ်ပါပဲ။
မဟုတ်ရင် မမျှတတဲ့ စိတ်ဓာတ်ကြောင့် နောက်ဆုံးမှာ လမ်းလွဲသွားနိုင်သည်။
ပြန်ကြည့်လိုက်တော့ ချန်ရှီးလည်း ယခင်က လမ်းလွဲသွားဖူးတယ်လို့ ခံစားခဲ့ရသည်။ အဲဒီနောက် ရက်စက် ကြမ်းကြုတ်၍ ပိုအထီးကျန်လာကာ ပိုရမ်းကားလာခဲ့သည်။ သူသည် အမျိုးသမီးများနှင့်ပင် စတင်ကစားခဲ့ပြီး ပို၍ပို၍ ဆိုးရွားလာသည်။ ဒါမျိုးကို သူ လုံးဝ မကြိုက်ဘူးဆိုတာ သူကောင်းကောင်း သိပါ၏။
ကိုယ့်အစွမ်းအစနဲ့ ကောင်းကင်ကို တွန်းလှန်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ နည်းနည်းတော့ ရယ်စရာကောင်းသလို ဖြစ်သွားသည်။ မြဲမြံခြင်းလို့ ခေါ်တဲ့ စိတ်ကို စွန့်လွှတ်ပြီးနောက် ဒီအချိန်မှာ ကောင်းကင်ကြီးက ကျယ်ပြောပြီး မြေကြီးကလည်း ကျယ်ပြောသလို ခံစားလာရလေပြီ။ သူ့တစ်ကိုယ်လုံး အပြောင်းအလဲကြီး တစ်ခု ဖြစ်သွားသလိုပင်။
လူအများအပြားက သူ့ကို နေရာချပေးကာ ပြုံးနေသော မျက်နှာများဖြင့် ကြည့်နေကြသည်။ အကြည့်တွေက တခြားကြံစည်မှုဟုတ်မဟုတ် သူ့စိတ်ထဲတွင် တိတ်တဆိတ် လုပ်ကြံတော့မယ့်အပြုံးတွေအစား စိတ်ရင်းမှန်ဖြင့် ပြုံးနေတာပဲ ဖြစ်သည်။ ဒါက သူ့ကို အတော်လေး သက်တောင့်သက်သာ ဖြစ်စေ၏။
အထူးသဖြင့် လုရွှမ် နိဗ္ဗာနဆေးလုံးနဲ့ နဂါးသွေး ရသွားတာကို တွေ့မြင်ပြီးနောက် ထိုလူများထဲ ဘယ်သူကမှ မနာလိုကြတာ မရှိဘဲ လုရွှမ်ကို ဝိုင်းဂုဏ်ပြုနေကြရာ သူ့စိတ်ထဲတွင် အနည်းငယ် ပိုထိမိသွားသည်။
ဒီလို သူငယ်ချင်းမျိုး သူလည်း လိုချင်ပါရဲ့။
"ငါတို့ ဒီကနေ ဘယ်သွားကြမလဲ?"
ရှင်ထျန်း လူတိုင်းကို ကြည့်ပြီး သူတို့ရဲ့ ထင်မြင်ချက်တွေကို မေးလိုက်သည်။ ချောင်ယန်က ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ပြောလာ၏။
"ဘာပဲဖြစ်ဖြစ် ငါ အဲဒီငတုံးငအတွေနဲ့တော့ မသွားဘူး"
လူတိုင်း တစ်ပြိုင်တည်း ရယ်ချလိုက်လေသည်။ ဟောက်ထျန်းမှာ ပါးစပ်ပိတ်မနေချင်တာကြောင့် နည်းနည်းတော့ စကားဝင်ပြောလိုက်သည်။
"အကိုကြီး.... အစ်မမင်လင်က စောင့်ရှောက်ရဦးမယ့် သူအငယ်တန်းတွေ ရှိတယ်လေ...အဲဒါကြောင့် အစ်ကိုကြီးနဲ့အတူ မသွားနိုင်တာလေ...ကျွန်တော့်အထင်တော့ သူမစိတ်ထဲမှာ အစ်ကို ရှိနေပါပြီ ဟုတ်တယ်နော် လုရွှမ်?"
လုရွှမ် ဟောက်ထျန်းကို မျက်စောင်း ထိုးကြည့်လိုက်သည်။ သူက ဘာကြောင့် အဲဒီကိစ္စထဲ ပါဝင်ပတ်သက်သွားရတာလဲ။ သို့သော် သူ့ခမျာ ချောင်ယန်ကို မျက်နှာမူထားရတာကြောင့် သူက သဘာဝအတိုင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ရသည်။
"ဟုတ်တယ် အစ်ကိုချောင်ယန်...အစ်မမင်လင်က ရှေးဟောင်းရှန်ကွမ်းမိသားစုရဲ့ အစ်မကြီး... သူမမှာ တာဝန်ကြီးကြီးမားမား ရှိတယ် ဒါကြောင့် သူမ စိတ်ဆန္ဒနဲ့ ဒီကို မလာနိုင်ဘူး ပြီးတော့ သူမက ဒီနေရာမှာပဲ ရှိနေပါသေးတယ်... အစ်ကိုတို့ သေချာပေါက် အနာဂတ်မှာ အတူပျံသန်းနိုင်ကြမယ် ထင်တယ်”
"တကယ်လား?" ချောင်ယန် စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။
"ဟင့်အင်း... အစ်ကို ဟောက်ထျန်းကို မေးလို့ရတယ်... သူက အစ်ကိုရဲ့ အငယ်တန်းလေ သူက အစ်ကို့ကိုလိမ်မှာ မဟုတ်ဘူး"
လုရွှမ်က မေးခွန်း ပြန်ထုတ်လိုက်သည်။ ဟောက်ထျန်းလည်း ထိအရှက်ကင်းမဲ့သူ လုရွှမ် တိတ်တဆိတ် ကြိမ်းမောင်းသော်လည်း သူသည် အနည်းငယ်မျှ မနာခံရဲဘဲ ခေါင်းညိတ်ပြခဲ့ရသည်။
"ဟုတ်ပါတယ် ဆရာတူအစ်ကို... တကယ်တော့ အားလုံးက အစ်ကို အစ်မမင်လင်ကို ရနိုင်ဖို့ ထောက်ပံ့ပေးနေတာပဲလေ"
ချောင်ယန်လည်း ကျေနပ်စွာ ရယ်ချလိုက်တော့သည်။
ရှင်ထျန်းနှင့် တခြားသူများမှာ စကားမဲ့စွာဖြင့် နဖူးကိုသာ ပွတ်သပ်နေကြရသည်။ ချောင်ယန်ဟာ အရာရာတွင် ကောင်းမွန်ပြီး သစ္စာရှိသူပင်။ သူ့ရဲ့ ချစ်ခြင်းမေတ္တာ တစ်ခုတည်းက နတ်သမီးမင်လင်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေတာပါပဲ။
ဒီလိုမှမဟုတ်ရင် သူ့အရည်အချင်းတွေ တိုးတက်လာတာနဲ့အမျှ သူဟာ ရှေးဦးမဟာဂိုဏ်းရဲ့ နောက်ဆက်တွဲခေါင်းဆောင် ဖြစ်လာတော့မှာ အသေအချာပင်။
"အကြီးတန်းအစ်ကိုရှင်ထျန်း ကျွန်တော်တို့ ဒီလမ်းကို သွားသင့်တယ်လို့ ထင်တယ်"
လုရွှမ် လမ်းတစ်လမ်းကို ညွှန်ပြလိုက်သည်။ အဲဒီလမ်းက တောထဲကို တိုက်ရိုက် သွားတော့မယ့် လမ်းပဲဖြစ်ကာ တခြားနေရာတွေနဲ့ ယှဉ်ရင် နည်းနည်း ပိုမှောင်သည်။ တော်တော်လေး ခြိမ်းခြောက်ချင်နေတဲ့ အရိပ်အငွေ့တွေလည်း ရှိ၏။
"လုရွှမ် မင်းဘာလို့ အဲ့လမ်းကို ရွေးရတာလဲ"
ရှင်ထျန်း ပြန်မေးလိုက်သည်။ သူ လုရွှမ်ရဲ့စိတ်ကို သိသည်။ ဒီလူငယ်က ကြုံရာကျပန်း လုပ်တာမဟုတ်ဘူး ဆိုတာကို သူကောင်းကောင်း သိတယ်လေ။ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်။
လုရွှမ် တခြားသူများကို ဝေ့ကြည့်လိုက်သည်။
"အစ်ကို... ဒီမှာ လူနှစ်ရာနီးပါးရှိတယ် ဆိုတာ မြင်တယ်မလား...ကျွန်တော်တို့အပြင် သူတို့ဘက်ကို အကြမ်းဖျင်း အဖွဲ့သုံးဖွဲ့ ခွဲထားတယ်.. ရှေးဟောင်းမိသားစု၊ သန့်ရှင်းတဲ့နယ်မြေနဲ့ မဟာဂိုဏ်းဆိုပြီး ၂ဖွဲ့..."
“သူတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူး မသိကျွမ်းဘူး... ခဏတဖြုတ်ပဲ လူစုပြီး လမ်းခွဲကြမယ့်ပုံပဲ... တချို့ကလည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆွေးနွေးထားကြပြီးပြီ"
"သုံးဖွဲ့ထဲမှာ အင်အားအကောင်းဆုံးက သန့်ရှင်းတဲ့နယ်မြေက လူတွေပဲ ဖြစ်လိမ့်မယ် ဒါပေမဲ့ တကယ့်တိုက်ပွဲသာ ဖြစ်လာရင် သြဇာအရှိဆုံးသူတွေ ရောထွေးနေမယ့် အုပ်စုလို့ပဲ ကျွန်တော်ထင်တယ်"
"ပထမအနေနဲ့ သူတို့ထဲမှာ လူတော်တော်များများ ရှိတယ်.. ဒုတိယကတော့ သူတို့က ရှေးဟောင်းမိသားစုနဲ့ ဂိုဏ်းပေါင်းစုံက လာတာ... တူညီတဲ့ စွမ်းရည်သတ္တိနဲ့ မှော်စွမ်းအားများစွာရှိတဲ့ လူ သုံးယောက်လောက်တောင် မရှိသလောက်ပဲ... ဒါကြောင့် ကြိုတင်မှန်းလို့မရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သဘာဝကျကျ ခုခံနိုင်စွမ်း အပြင်းထန်ဆုံးပဲ"
ရှင်ထျန်းနဲ့ တခြားလူများက လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုမှာ အဓိပ္ပာယ်ရှိလှကြောင်း ထောက်ခံကြသည်။
"ဟုတ်တယ် ဘယ်ဘက်ကကြည့်ကြည့် လျှို့ဝှက်အန္တရာယ်တွေ ရှိလာရင် လူတွေ အများကြီးရှိနေတာက အပြန်အလှန် အပြစ်တင်ရမယ့် ပြင်းထန်တဲ့ ကိစ္စတွေလည်း ရှိလာနိုင်တယ်..."
“နောက်ပြီး ငါတို့ရဲ့ အကြီးမားဆုံး ပြဿနာက ငါတို့က သူတို့နဲ့တစ်လှေတည်းစီး မဟုတ်ဘူး... အဓိကကတော့ ငါတို့ကို အသုံးမကျဘူးလို့ ထင်တဲ့ အဲ့လူတွေကို ငါမယုံဘူး... သူတို့ကလည်း ငါတို့ကို မယုံကြည်ဘူး.... ငါတို့အားလုံး အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ အကြီးမားဆုံး အပြင်းထန်ဆုံး လိုအပ်တာက စိတ်ဓာတ်ပဲ!"
“အဲဒီလို အခြေအနေမျိုးမှာ သူတို့နဲ့ ဆက်ပြီး ပတ်သက်နေရင်တော့ ဒုက္ခလာပေးဖို့ တောင်းဆိုနေသလိုပဲ ဖြစ်နေမှာ”
လုရွှမ်က တောအုပ်ကို ထပ်ညွှန်ပြသည်။
“ယေဘုယျ အခြေအနေနဲ့ ပြောရရင် သစ်ပင်တွေက နှစ်ဖက်စလုံးကို ပြန့်ကျဲနေပေမယ့် ဘယ်ဘက်ခြမ်းက ပိုစိမ်းလန်းနေတယ်.. ညာဘက်ခြမ်းကတော့ အတော်လေး ကျဲနေတာကို သတိထားမိတယ်မလား...ငါက မီးတောက်တွေအပေါ် ခံစားချက် ပြင်းထန်တယ်... ညာဖက်ခြမ်းက သစ်ပင်ကို မီးတောက်က ဖြိုခွင်းလိုက်တဲ့အတွက် အကိုင်းအခက်တွေက ဘယ်ဘက်ကို ပိုထွက်လာတယ်လို့ ထင်တယ်... "
လူတော်တော်များများက အဲဒါကို သေသေချာချာ ကြည့်ပေမယ့် ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ဒါပေမဲ့ တွေးကြည့်ရင် လုရွှမ်ဟာ နတ်မီးနဲ့ ကောင်းကင်မီးတောက်လို အစွမ်းထက်တဲ့ မီးတောက်ခြောက်ခုကို ပိုင်ဆိုင်ထားတာကြောင့် သူထင်တာက မမှားနိုင်ပေ။
"ဒီသစ်ပင်ကြီးရဲ့ ရှင်သန်မှုကို မင်းတို့ ခံစားရလား...ဒီမှာ ကမ္ဘာကြီးကို သန့်စင်ပေးတဲ့ ရောင်ဝါတစ်ခု ရှိတယ် ဒါပေမဲ့ သက်ရှိတွေရဲ့ အရိပ်အာဝါသတော့ လုံးဝမရှိဘူး"
လူတစ်ဒါဇင်ကျော်က အထပ်ထပ် ခေါင်းညိတ်ပြလိုက်ကြသည်။ သစ်တောသည် သက်ရှိများ တည်ရှိသင့်သည့် နေရာဟု အကြောင်းပြချက် ပေးနိုင်သော်လည်း သက်ရှိတွေရဲ့ အငွေ့အသက်တွေ မရှိတဲ့အတွက် အလွန်ထူးဆန်းလှသည်။
"အသက်စွမ်းအင် အငွေ့အသက် မရှိတာ ဖြစ်နိုင်တယ် ဒါကြောင့် ဒီနေရာက အရမ်းလျှို့ဝှက်တယ် ပြီးတော့ ဒီကနေ ထွက်သွားချင်ရင် မီးတောက်နေရာကို ဖြတ်သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲ"
လူတိုင်း၏ မျက်နှာများက အပြုံးများကို ပြသလာကာ လုရွှမ်စကားက အဓိပ္ပာယ်ရှိလှကြောင်း ဖော်ပြနေ၏။
"သူတို့ကို ပြောလိုက်ရအောင်... အားလုံးက အတူတူ လာကြတာပဲလေ... ယုံတာ မယုံတာက သူတို့ကိစ္စပဲ"
ချောင်ယန်က လုရွှမ်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး သူ့ကို ချီးကျူးလိုက်သည်။ ထို့နောက် သူ့အား မြှောက်ပင့်ပေးရန် နတ်သမီးမင်လင် အနားသို့ အပြေးကလေး ရောက်သွားခဲ့သည်။ လူအနည်းငယ်က ပြင်ဆင်ပြီးပြီ။ ချောင်ယန် ပြန်ရောက်သောအခါ လူဆယ့်ခုနစ်ယောက်အုပ်စုသည် လုရွှမ်ရဲ့ လမ်းညွှန်မှုကို လိုက်၍ တောထဲသို့ တရွေ့ရွေ့ လျှောက်ဝင်သွားခဲ့ကြသည်။