လမ်းများ
Vol. 121 Ch. 4.1334
လုရွှမ်နဲ့ သူ့အဖွဲ့ ထွက်သွားတာကို လူတိုင်းက စောင့်ကြည့်နေကြသည်။ ကျန်အင်အား သုံးလှိုင်းလုံးက အနည်းငယ် အံ့အားသင့်သွားကာ သံသယတွေလည်း ဝင်လာကြ၏။ အစောက ချောင်ယန်ရှေ့မှာ မည်သူမှ အသံမလျှော့ခဲ့ပေ။
ချောင်ယန်က လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ထောက်ခံခဲ့သူပင်။ တစ်နေကုန် အလေလိုက်နေသူက အထင်ကြီးလောက်စရာ မရှိသော်လည်း အတူတူ ထွက်လာသောကြောင့် အားလုံးမှာ အန္တရာယ်ရှိနေပြီ။
"အစ်မ... ငါတို့ဘာလုပ်သင့်လဲ အနောက်က လိုက်ရမှာလား ဒါမှမဟုတ် ငါတို့လျှောက်ခဲ့တဲ့လမ်းကို ရွေးမလား"
အဖွဲ့တွေဟာ လမ်းကြောင်းအမျိုးမျိုးကို ဖြန့်ကျက်ထားသည်ဟု လူအချို့က မြင်သော်လည်း ရေတို ဆွဲဆောင်မှုဟုသာ ယူဆကြသည်။ လုရွှမ် နိဂုံးချုပ်ခဲ့သလို မဟုတ်ဘဲ လုံးဝ ကွဲပြားပါသည်။
မင်လင် အနည်းငယ် ချီတုံချတုံ ဖြစ်နေကာ သူမကိုယ်တိုင်လည်း ဘယ်လိုရွေးရမှန်း မသိ ဖြစ်နေပါ၏။ အထူးသဖြင့် ထိုနေရာသို့ သူမ ရောက်ရှိသောအခါတွင် အခြားသော ရှေးဟောင်းမိသားစုနဲ့ သန့်ရှင်းတဲ့နယ်မြေက ခေါင်းဆောင်များကို ကြည့်ရှုခဲ့သည်။
"စိတ်မပူပါနဲ့... တခြားသူတွေ ဘယ်လို ရွေးချယ်မလဲ အရင် ကြည့်ရအောင်"
ရုတ်တရက် ဝင်ပြောခဲ့တဲ့သူကတော့ နတ်နဂါး မိသားစုဘက်က ခေါင်းဆောင်ဖြစ်သည်။ ၎င်းက လုံကူပင်။
သူ၏ လေ့ကျင့်မှုအဆင့်သည် မျှော်စင်နယ်ပယ် အဆင့်၉သို့ ရောက်ရှိနေပြီ။ သူ့ခွန်အားက လူတိုင်း၏ကြားတွင် ပထမဆုံး မဟုတ်သော်လည်း သူသည် ထိပ်တန်းသုံးစာရင်းတွင် ရှိနေပါသေးသည်။
မထွက်ခွာမီတွင် လုံယွင်ဖုန်း၏ အထူးအကြံပေးချက်ကို နားထောင်ခဲ့သည်။ နောက်မှ ဆုံးဖြတ်ချက်ချရန်နဲ့ မသိပါက လုရွှမ်ရဲ့ စကားများကို နားထောင်ရပေမည်။ တခြားနှစ်ဖွဲ့မှာ ခဏတာ တုံ့ဆိုင်းသွားသော်လည်း ၎င်းတို့၏ မျက်နှာများတွင် အထင်အမြင် သေးမှုတွေကတော့ ပျောက်မသွား။
"တကယ်တော့ ဒီကောင်လေးရဲ့ အရည်အချင်းက အရမ်းကို အစွမ်းထက်တယ် ဒါပေမဲ့ သူက မှန်တယ်လို့ မဆိုလိုဘူးလေ ဟုတ်တယ်မလား"
"ငါတို့ အဲဒီလမ်းကြောင်းကို စမ်းသပ်ဖို့ လူတစ်ယောက်ကို ဘယ်လိုရှာကြမလဲ"
"မင်းသွားမလား?"
စကားပြောတဲ့သူက ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
မင်လင်သည် အဆက်မပြတ် အော်ဟစ်နေသော အခြားသူများကို ကြည့်လိုက်သော်လည်း ဘယ်သူကမှ ဆုံးဖြတ်ချက်မချခဲ့ပေ။
မင်လင်: "လိုက်ကြစို့"
တော်ဝင်မင်းဆက် မိသားစု၏ ခေါင်းဆောင် ကျိုးဟန်ချင်က ချောင်းဆိုးရင်း ဝင်တားလေ၏။
"မင်လင် ရှင်းရှင်းလင်းလင်း တွေးရမယ်နော်... သူတို့နောက်ကို လိုက်ခဲ့မယ်ဆိုရင် သူတို့ကျန်ခဲ့တဲ့အရာတွေကိုပဲ ရနိုင်မှာ... ဒီသစ်တောကို အကြီးအကဲလုံဝူကျီနဲ့ ရှေးလူကြီးတွေက အထူးရွေးချယ်ထားတာ... ဘယ်လို အန္တရာယ်မျိုး ကြုံလာရမလဲ မင်းတို့ စဉ်းစားကြည့်..."
နျဲ့ဖန်သန့်ရှင်းတဲ့နယ်မြေမှ ဘုန်းကြီး ရီးလင်ကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ကျိုးဟန်ချင် ပြောတာ မှန်တယ်... ဒီကမ္ဘာက ဘယ်လိုမျိုးလဲ ဆိုတာ ငါတို့ ကိုယ်တိုင် တွေ့ကြုံခံစားဖို့ လိုသေးတယ်... အရမ်းအန္တရာယ်များပေမယ့် ဘယ်နေရာမှာ အန္တရာယ်မများတာ ရှိလို့လဲ...သူတို့နောက်ကို လိုက်သွားရင် ဒီတစ်ခါတော့ အန္တရာယ်ကို ရှောင်နိုင်ပေမယ့် နောက်တစ်ခါ ဘယ်လိုဖြစ်မလဲ... တစ်ချိန်လုံး သူတို့ကို အားကိုးရမှာလား ဘဝမှာ ရှိနေရမယ်ဆိုတဲ့ အချိန်လည်း ရှိတယ် ရှေ့ဆက်ရမယ့်လမ်းက ရှုပ်တယ်... တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်..."
"ရီးလင် ပြောတာလည်း အမှန်ပဲ"
မင်လင် တုံ့ဆိုင်းသွားကာ သူမ စိတ်မထိန်းနိုင်တော့ပေ။ လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုင ကျိုးကြောင်း ဆီလျော်သော်လည်း ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာမှုမှာလည်း မှန်ပါသည်။ သူမတစ်ယောက်တည်း ရှိနေရင် သူမဟာ သဘာဝအတိုင်း ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ချနိုင်ပေမယ့် မိသားစုတစ်စုလုံးမှာ ညီအကို မောင်နှမ ငါးယောက်က ရှိနေသေးသည်။
သူမ ခံနိုင်ရည်ရှိဖို့ လိုပြန်သည်။
နှိုင်းယှဉ်ကြည့်လျှင် လုရွှမ်နှင့် အခြားသူများ၏ ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်ကြောင်း သိသာထင်ရှားသော်လည်း ၎င်းတို့၏ အင်အားမှာ အနည်းငယ် နိမ့်ကျပြီး အရေအတွက်က မလုံလောက်ပါ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူမဟာ အနာဂတ်မှာ အသက်ရှင်ရန် အခွင့်အလမ်း ပိုများသူက ဘယ်သူလဲ ဆိုတာကို ဂရုတစိုက်စဉ်းစားရန် လိုအပ်သည်။
"လုံကူ... မင်းဘာပြောမလဲ"
ရှေးဟောင်းဟွမ်ထျန်း မိသားစုမှ ရွှမ်ယွမ်လိက ရုတ်တရက် ဖြတ်မေးလိုက်သည်။
၎င်းတို့၏ စက်ဝိုင်းငယ်ထဲတွင် သဘာဝအားဖြင့် သာလွန်မှုနှင့် သိမ်ငယ်မှုလို အထက်တန်းအဆင့်များ ရှိသည်။ သန်မာသူမည်သူမဆို ပိုမိုခိုင်မာသော မိသားစုနောက်ခံရှိသည်။ တူညီသောပညာရှိ ခေါင်းဆောင်မှု အောက်တွင်ပင် သူတို့ဟာ သဘာဝအတိုင်း အခန်းကဏ္ဍ အချို့ကိုသာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် အဓိက မိသားစုငါးစုတွင် နတ်နဂါး မိသားစုသည် လွန်ခဲ့သောနှစ်အနည်းငယ်က သတင်းမရှိခဲ့သော်လည်း မွေးဖွားပြီးသည်နှင့် သံသယမရှိဘဲ ပထမအဆင့်တွင် ရှိနေသေးသည်။
လုံကူရဲ့ ခွန်အားက အမှန်တကယ်ပင် ယုံကြည်စရာ ကောင်းသည်။ အဓိက ရှေးဟောင်း မိသားစုငါးခုတို့သည် လုံကူကို ၎င်းတို့၏ ခေါင်းဆောင်အဖြစ် သဘာဝအတိုင်း လေးစားကြ၏။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ငြိမ်နေခဲ့သော တော်ဝင်မင်းဆက် မိသားစုတစ်ခုဆို အင်အားက စဉ်ဆက်မပြတ် တိုးတက်လာနေခဲ့သည်။ အထူးသဖြင့် မကြာသေးမီက သူတို့မှာ နတ်ခန္ဓာတစ်ခု ရရှိလာခဲ့ရာ ဂုဏ်သတင်းကလည်း ပို၍ပင် ကြွယ်ဝလာခဲ့သည်။
နောက်တစ်ခုကတော့ ရှေးဟောင်းဟွမ်ထျန်းမိသားစု၊ ပြီးတော့ ရှေးဟောင်းရှန်ကွမ်းမိသားစု၊ နောက်ဆုံးတော့ ရှေးဟောင်းရွှမ်ဝူ မိသားစု။ သို့သော် ယခုအချိန်တွင် ရွှမ်ဝူ မိသားစုက အခြားမိသားစုလေးစုနှင့် အတူမရှိပေ။
သူတို့ဘက်တွင် သန့်ရှင်းတဲ့နယ်မြေ ၃ခု ပါဝင်သည်။ နျဲ့ဖန်သန့်ရှင်းတဲ့မြေ၊ ဟွမ့်သွမ့်သန့်ရှင်းတဲ့မြေနဲ့ ထိုက်ချီသန့်ရှင်းတဲ့နယ်မြေ ဖြစ်လို့ ခွန်အားက မသေးပေ။ အရေအတွက်ကတော့ မများပါ။ သို့သော် ခွန်အား အများဆုံးလည်း ဟုတ်မနေချေ။
ဒါပေမဲ့ တစ်ဦးချင်းစီရဲ့ ခွန်အားနဲ့ ပတ်သက်ရင် သူတို့ဟာ စွမ်းအားအရှိဆုံးပါပဲ။ တခြားလူ တော်တော်များများ ပြောပြီးပြီ။ မင်လင်လည်း နားလည်ပါသည်။ သူတို့ကို မထားခဲ့ချင်ဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်တာ အကောင်းဆုံးပင်။
"စိတ်မပူပါနဲ့ ဒီအခက်အခဲကို မကျော်ဖြတ်နိုင်ရင် ဘာလို့ ဒီမှာ အချိန်ဖြုန်းနေရမှာလဲ"
ဤစကား အဆုံးတွင် မင်လင် ခေါင်းညိတ်ပြသော်လည်း မတတ်နိုင်ခဲ့။ ဧကန်စင်စစ် ဤနေရာသို့ ရောက်သောအခါ၌ အန္တရာယ်ကို ရှောင်လွှဲလျှင်ပင် အနှေးနဲ့အမြန် ကံမကောင်းတာတွေက ရောက်မလာဘူးလို့ မပြောနိုင်ချေ။
ဒီအဆင့်ကို တကယ်မကျော်နိုင်ရင် လှည့်လည်သွားလာဖို့ မလုပ်ဘဲ တိုက်ရိုက် ပြန်သွားရုံပဲ ရှိတော့သည်။ ဒါက မိမိအတွက်က အချိန်ဖြုန်းနေတာပဲ ဖြစ်ကာ တခြားသူတွေ အတွက်ကတော့ အသက်အန္တရာယ်ကို သက်သာစေမှာပဲ ဖြစ်သည်။
လူ ၄၀ ကျော်ရှိသော အဖွဲ့တစ်ဖွဲ့သည် မူလစီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ဝင်သွားကြသည်။
"ဟမ့် မင်းမြင်တယ်နော်... လုရွှမ်ရဲ့ စကားတွေက ရိုင်းစိုင်းလွန်းတယ် ဘယ်သူမှ မကြောက်တတ်ပါဘူး ငါတို့က လူတော်တော်များတယ်.. ဘာလို့ ဒီလောက် ကြောက်နေရမှာလဲ"
"ဟုတ်တယ် သွားကြစို့!"
ရှေးဟောင်းမိသားစု၊ သန့်ရှင်းတဲ့နယ်မြေနဲ့ မဟာဂိုဏ်းဝင်လူများ ရောနှောနေသော လူတစ်စုသည်လည်း မူလစီစဉ်ထားသည့် အတိုင်း ရွေးချယ်ကာ ထွက်ခွာသွားခဲ့သည်။
နောက်ဆုံးလူအုပ်စု အလှည့် ရောက်ပြီ။ ကျန်နေသေးသော လူအနည်းငယ်သာ ရှိသော်လည်း ၎င်းတို့အားလုံးသည် သက်ဆိုင်ရာ မဟာဂိုဏ်းများတွင် သခင်လေးများ ဖြစ်လေ့ရှိကြသူများ ဖြစ်သည်။
သူတို့အားလုံးက မာနကြီးသူများဖြစ်သောကြောင့် သဘာဝအတိုင်း တခြားသူများ၏ခြေရာကို လိုက်နင်းရန် အကြောင်းမရှိပေ။ သူတို့အားလုံးက တခြားသူတွေ နောက်ကိုသာ လိုက်သွားခဲ့မယ်ဆိုရင် လှောင်ရယ်ခံရမှာ မဟုတ်ဘူးလား။
သို့နှင့် ထိုလူတစ်စုလည်း ကိုယ့်ဘာသာကို လမ်းရွေးချယ်ကာ တောထဲသို့ လျှောက်သွားကြသည်။
တစ်ဖက်မှာတော့ ချောင်ယန်သည် ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း ခေါင်းကို သုံးခါလောက် လှည့်ကြည့်နေ၏။
"ဆရာတူအစ်ကို... အစ်မမင်လင်က နောက်ကမလိုက်နိုင်တာ သိသာနေပြီ!"
ဟောက်ထျန်း အော်ပြောလိုက်သည်။ ချောင်ယန်ရဲ့ မျက်နှာမှာလည်း စိုးရိမ်မှုအပြည့်နှင့်။
လုရွှမ်လည်း သူ့ဘေးက စိုးရိမ်နေသော ရှင်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ ချောင်ယန်နဲ့ မင်လင် ကိစ္စများ အကောင်အထည် ပေါ်လာတာကို မြင်တွေ့ရလို့ သူတို့ပါ သဘာဝအတိုင်း ပျော်ရွှင်နေကြသော်လည်း လက်ရှိအခြေအနေတွင် အာရုံလွဲနေပါက အန္တရာယ်များလွန်းလှသည်။
နောက်ဆုံးတွင် တခြားအင်အား လှိုင်းသုံးလှိုင်း အပါအဝင် သူတို့ကြားတွင် မဟာဂိုဏ်းထဲကလာသော လူများက မျှော်စင်နယ်ပယ် အဆင့် ၉ တစ်ဒါဇင်ကျော်လောက် ရှိသည်။ အဲဒီထဲက အမြင့်ဆုံးက လေးယောက်ပဲရှိပြီး တန်ခိုးအကြီးဆုံး နှစ်ယောက်ကတော့ ရှင်ထျန်းနဲ့ ချောင်ယန်ပါပဲ။
သူတို့ အန္တရာယ်နှင့် ကြုံတွေ့ရပြီး ချောင်ယန်တစ်ယောက် အာရုံပျံ့လွင့်သွားပါက သူတို့အားလုံး အန္တရာယ်ထဲ ကျရောက်သွားလိမ့်မည်။ သူတို့အားလုံးက ညီအကိုတွေဆိုတော့ ဂိုဏ်းမခွဲဘဲ အတူတူ သွားကြ၏။ ယခုမူ ချောင်ယန်ရဲ့ လုပ်ရပ်များက တစ်ဖက်ကို လွန်နေပြီ။
"အစ်ကိုချောင်... အစ်မကြီးမင်လင်က သူတို့နဲ့ ခက်ခဲတဲ့လမ်းကို လျှောက်နေပေမယ့် သူတို့ရဲ့ ခွန်အားနဲ့ဆို အန္တရာယ်ကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားအောင် လုပ်နိုင်ပါတယ်... ဒါကို စိတ်ပူစရာ မလိုပါဘူး ဒါပေမဲ့ ဆန့်ကျင်ဘက်ကတော့ အစ်ကိုပဲ... အစ်မမင်လင်က အစ်ကို့ကို စိတ်ပူနေရဦးမယ်"
မင်လင် ဆိုသော စကားလုံးနှစ်လုံးကို ကြားလိုက်သည်နှင့် ချောင်ယန်တစ်ယောက် ချက်ချင်းပင် သူ့အာရုံများကို ပြန်လည် စုစည်းနိုင်ခဲ့သည်။
"မင်လင်က ငါ့ကို စိတ်ပူနေမယ်လို့ မင်းပြောတာလား?"
လုရွှမ် ပြုံးပြီးပြောသည်။
"ဟုတ်တယ် သူတို့ဘက်မှာ အားကောင်းတဲ့သူတွေ အများကြီးရှိတယ်... ဒါပေမဲ့ ကျွန်တော်တို့ကတော့ မဟုတ်ဘူးလေ...ရှေးဦးမဟာဂိုဏ်းက အစ်ကိုချောင်... ခိုင်ထျန်းမဟာဂိုဏ်းက အစ်ကိုရှင်ထျန်း...လွမ်ဟွေမဟာဂိုဏ်းက အစ်ကိုလိန်မင်နဲ့ ပန်းတစ်ရာမဟာဂိုဏ်းက အစ်မယောင်းရောင်နဲ့ ပေါင်းလိုက်ရင် ကျွန်တော်တို့ဘက်က အားနည်နေသေးတယ်... အစ်မမင်လင်က အစ်ကို့ကို စိတ်မပူဘူးဘဲ နေပါ့မလား"