သုံးခြမ်းပဲ့အသီး
Vol. 121 Ch. 4.1335
ချောင်ယန်ကလည်း ထက်မြက်သူ ဖြစ်တာမို့ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သည်။
သူ့ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို လှည့်ကြည့်လိုက်သည်။ အစပိုင်းမှာတော့ သူတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း တူတာမို့ အတူနေခဲ့ကြတာ။ နောက်တော့ သူတို့အားလုံးဟာ လိုက်ဖက်ညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိ၊ စိတ်တူကိုယ်တူနဲ့ တဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာတာမှန်း သိလာရသည်။
အပြန်အလှန် ယုံကြည်မှု ရှိကြသည်။ အတိအကျ ပြောရရင် သူတို့ဟာ ဂိုဏ်းဝင်တွေကို စွန့်လွှတ်ပြီး ဒီနေရာကို အတူတကွ လျှောက်လှမ်းခဲ့ကြတဲ့ လူတွေပဲ ဖြစ်သည်။ ဒါကြောင့် ဒီညီအစ်ကို ညီအစ်မတွေကို သူ့တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေနဲ့ အန္တရာယ်ထဲ ကျရောက်စေခဲ့ရင် သူ့အမှား ဖြစ်သွားပြီ။
ဖြောင်းကနဲ အသံနှင့်အတူ လုရွှမ် သူ့ခေါင်းကို အုပ်လိုက်သည်။
"အစ်ကိုချောင် ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ"
"ကောင်လေး... မင်းငါ့ကို ဘာလို့ အဝိုင်းပုံစံနဲ့ လှည့်ပတ်ပြောနေတာလဲ... ငါမှားတယ်လို့ပဲ ပြောလိုက်ရင် ရပြီလေ!"
ဖြောင်း!
နောက်တစ်ယောက် အရိုက်ခံလိုက်ရသည်။ ဟောက်ထျန်း ပါးစပ်အဟောင်းသားဖြင့် မိမိခေါင်းကို ပွတ်သပ်နေရ၏။
"အစ်ကို... ကျွန်တော့်ကိုပါ ဘာလို့ရိုက်တာလဲ"
"ဟမ့်... ငါ့ညီအနေနဲ့ ငါအမှားတစ်ခု လုပ်ခဲ့တာတောင် သတိမပေးဘူး... မင်းကို မရိုက်သင့်ဘူးလား.."
ဟောက်ထျန်းခမျာတော့ သူ့ကံမကောင်းမှုကို တိတ်တိတ်လေး ကျိန်ဆဲနေရသည်။
"ဒါဆို ဘာလို့ ဒီလောက်ထိ ပြင်းပြင်းထန်ထန် ရိုက်ရတာလဲ?"
"ဘာလို့လဲဆိုတော့ မင်းကိုငါ ရိုက်နိုင်ပေမယ့် မင်းငါ့ကိုမရိုက်နိုင်လို့လေ ကန့်ကွက်စရာ ရှိလား"
"မရှိဘူး!"
"ကောင်းတယ်... မင်လင် အကြောင်း တွေးကြည့်ရအောင်... သူမ ဒီကနေ ဘေးကင်းကင်း ထွက်သွားလိုက်ရင် ရပြီ... ဘာပဲဖြစ်ဖြစ် အန္တရာယ်ထဲကနေ ဘယ်သူမှ မလွတ်နိုင်ဘူး"
လူတိုင်း ချောင်ယန်ရဲ့ သဘောထားကို နှစ်သက်ကြသည်။ တစ်ခါတစ်ရံတွင် အနည်းငယ် မူးဝေစေတတ်သော်လည်း ခွန်အားနှင့် ဗျူဟာအရဆို သူ့နည်းတွေက အံ့သြဖွယ်ကောင်းလှသည်။ သူဂိုဏ်းကို ဦးဆောင်ခဲ့ရခြင်း အကြောင်းအရင်းမှာ ၎င်း၏ ဂုဏ်သတင်းမှာလည်း သဘာဝအတိုင်း ကြီးမားသော အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့လို့ပါပဲ။
လုရွှမ်က ဒီလမ်းကို ရွေးလိုက်တဲ့အတွက် သဘာဝကျကျ အရှေ့ဆုံးကနေ သွားရသည်။
လုရွှမ်၏ ခွန်အားနှင့် ပတ်သက်၍ အားလုံးက အစတွင် အနည်းငယ် စိုးရိမ်ခဲ့ကြသော်လည်း လုရွှမ်နှင့် အစ်ကိုလိန်မင်တို့ အပြန်အလှန် ခွန်အားချင်း ယှဥ်ကြည့်စဥ်ကဆို နှစ်ယောက်စလုံး နောက်သို့ ခြေနှစ်လှမ်းသာ ဆုတ်သွားရကာ ထိခိုက်မှု မရှိခဲ့ပေ။
အားလုံးက တုန်လှုပ်သွားပြီး တစ်ဖက်ကလည်း စိတ်သက်သာရာ ရသွားကြသည်။
လုရွှမ် နတ်မီးနယ်ပယ် အဆင့်၃မှာ ရှိစဥ်က မျှော်စင်နယ်ပယ် အဆင့်၃ကို ယှဥ်နိုင်သည်။ အခုနတ်မီး အဆင့်၉ကို ရောက်လာတော့ မျှော်စင်နယ်ပယ် အဆင့်၉ကို ယှဥ်နိုင်ပြီ။ ကွာဟချက်မှာ တူညီသော်လည်း ခွန်အားကတော့ အလွန်ကွဲပြားပါသည်။
ဒါ့အပြင် လုရွှမ်မှာ ထူးထူးခြားခြား အရည်အချင်းတွေ ရှိတယ်ဆိုတာ လူတိုင်း သိကြ၏။ ယခုအချိန်တွင် လုရွှမ်က လမ်းကို ဦးဆောင်နေသဖြင့် လူတိုင်းအတွက် သဘာဝအတိုင်း သက်တောင့်သက်သာ ရှိသွားကြသည်။
လိန်မင်နဲ့ ယောင်းရောင်တို့က အလယ်တန်းကို စောင့်ကြပ်နေပြီး အရေးပေါ် အခြေအနေများကို ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေသည်။ ချောင်ယန်နဲ့ ရှင်ထျန်းတို့က အဆုံးမှာ စောင့်နေကြသည်။ ထို့အပြင် ဤအစီအစဉ်သည် အချို့သော အန္တရာယ်များကို ဖယ်ရှားရန်နှင့် ရုတ်တရက် အဖြစ်အပျက်များကို တတ်နိုင်သမျှ အမြန်ကိုင်တွယ်ဖြေရှင်းရန် နေရာယူထားတာပဲ ဖြစ်သည်။
"ငါတို့အရှေ့မှာ ပူနွေးလာတာကို မင်းတို့ ခံစားမိလား... အရင်ကနဲ့ ယှဉ်ရင် အသက်စွမ်းအင်က ပိုပြီး ထင်ရှားလာတယ်"
လုရွှမ် ဘာမှပြန်မပြောရင်တောင် လူတိုင်း အသက်စွမ်းအင်ရဲ့ အသွင်အပြင် အပြောင်းအလဲ တချို့ကို ခံစားမိပါသည်။ အလွန် အားနည်းသော်လည်း အတက်အကျတော့ ရှိနေသည်။
လုရွှမ်: "ချဉ်းကပ်တဲ့အခါ သတိထားရအောင်"
လူအုပ်စုလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ ခြေလှမ်းတွေက လေထဲတွင် လွင့်မျောနေဆဲ ဖြစ်သည်။ အောက်ခြေက အန္တရာယ်တစ်စုံတစ်ရာကို မခံစားရပေမယ့် မြေကြီးထဲက တစ်ခုခုပေါ်လာပြီး တိုက်ရိုက် ဆွဲချသွားမလား ဘယ်သူက သိနိုင်မှာလဲ။
တောအုပ်ကြီးက ကြီးမားသည်။ လုရွှမ်လည်း သတိထားပြီး စိုက်ကြည့်နေ၏။ သစ်ပင်တွေကို ကြည့်လိုက်ရင် ဒီမှာ ပေါက်နေတဲ့ တခြားအပင်တွေ ရှိတယ်၊ တချို့က အပွင့်ပွင့်ပြီး အသီးကိုပါ တိုက်ရိုက်သီးပေမယ့် အနံ့ပြင်းတာကို တွေ့ရသည်။
အနံ့ခံပြီးတာနဲ့ လုရွှမ်မှာ အန်ချင်သလိုတောင် ခံစားလာရသည်။
"ဒီအသီးက ရွံမုန်းစရာကောင်းလွန်းတယ်ဟ.. ကြည့်စမ်း... ပိုးကောင်စားထားတဲ့ အပေါက်တွေတောင် ရှိတယ် အနံ့ကလည်း ဆိုးလိုက်တာ... ပုပ်မနေရင်တောင် အဆိပ်တွေ ပြည့်နေလောက်တယ်"
ချန်ရှီးက ပြောသည်။
ချောင်ယန်: "မသိဘူး... ဒီလိုမျိုးအသီးကို မထိတာက ငါတို့အတွက် ပိုကောင်းတယ်"
ချန်ရှီး ခေါင်းညိတ်လိုက်သည်။ ထုံးစံအတိုင်း ပေါ့ပေါ့တန်တန် ဘာမှ မလုပ်ဝံ့ပေ။ မတော်တဆ ရေမြောင်းထဲ လှေနစ်သွားသည့် အဖြစ်အပျက်များစွာ ရှိနိုင်သည်လေ။
'ကောင်လေး...အဲဒီအသီးကို ခူးလိုက်!'
သူ့စိတ်ထဲမှာ ရွှေကျီးကန်းရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ လုရွှမ်လည်း လန့်သွားပြီး။
"လာနောက်နေတာလား? အနံ့ရတာနဲ့တင် ဖျားတော့မယ်.. အသီးကို ခူးခိုင်းနေသေးတယ်ပေါ့??"
"မရိုးမရွနဲ့... သူက ရွံစရာကောင်းတဲ့ အနံ့ရှိတယ် ဒါပေမဲ့ မင်း ရုပ်ပိုင်းဆိုင်ရာက အဆင်မပြေဘူးလို့ ခံစားရလို့လား.. ဒီသစ်သီးရဲ့ အနံ့ကို ခံပြီးတော့ မင်းခန္ဓာကိုယ်က ပိုပေါ့ပါးပြီး တက်ကြွလာတယ်လို့ မထင်ဘူးလား"
ရွှေကျီးကန်း သတိပေးတော့မှ လုရွှမ် ပြောင်းလဲမှုများကို သတိပြုမိလိုက်သည်။ အနံ့အသက်ကို အနံ့ခံလိုက်လျှင်ပင် စိတ်က ချက်ချင်းပင် တက်ကြွလာပြီး ချက်ချင်း ပတ်ပြေးချင်စိတ်များ ပေါ်လာ၏။
ရွှေကျီးကန်း: "ဒီမှာ သက်ရှိတွေရဲ့ အငွေ့အသက်ကို ဘာလို့ မခံစားရတာလဲ သိလား... ဒီသစ်ပင်ကြီးရဲ့ အကျိုးသက်ရောက်မှုကို မင်းတကယ် ထင်နေတာလား ဟမ့် ငအ... ဒီအသီးက အရမ်းကောင်းတဲ့ အခန်းကဏ္ဍမှာ ရှိနေလို့ပေါ့ဟ!...ဒီအသီးကို သုံးခြမ်းပဲ့အသီးလို့ ခေါ်တယ်... ဝိညာဥ်အသီးတွေ အကြောင်း ပြောပြစမ်း.. မင်းကို ဆွဲဆောင်နိုင်တဲ့ ပထမဆုံးအရာက ဘာလဲ"
လုရွှမ်: "ဝိညာဥ်စွမ်းအင်, အရသာ, အသွင်အပြင်"
"ဟုတ်တယ်... ဒီသုံးခြမ်းပဲ့ အသီးကတော့ အားလုံး ပျောက်နေတယ်... ဒါကြောင့်လည်း ဒီအသီးက အရမ်း ရွံစရာကောင်းနေတာပေါ့... ဒါပေမဲ့ ဟားဟား တကယ်တော့ ဒီအသီးက ရှားပါးအသီးတစ်မျိုးပဲ"
လုရွှမ် ချက်ချင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ ရွှေကျီးကန်းက ရုတ်တရက် ပြေးထွက်လာမှာ မဟုတ်မှန်း သိပြီးသားပင်။ လတ်စသတ်တော့ သူက ဒီအသီးကို မျက်စိကျသွားတာပဲကိုး။
"ကောင်လေး... ဒီကျီးဖိုးဖိုးကို စားကြူးသူလို့ မထင်လိုက်နဲ့.... ဒီသုံးခြမ်းပဲ့ သစ်သီးက နတ်အရက်တစ်မျိုးကို ချက်တဲ့နေရာမှာ အဓိက ပါဝင်ပစ္စည်းတွေထဲက တစ်ခုပဲကွ... အဆိပ်ကို တိုက်ဖျက်တဲ့ ဆေးနေရာက ပါဝင်ထားတာ... မြန်မြန်ယူလိုက် သောက်ပိုတွေ မေးမနေနဲ့... သူနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ကိုလည်း ရှာဖို့ သတိရဦး"
အခြေအနေ မကောင်းနေသော လုရွှမ် ထိုအပုပ်ကောင်များကို ကြည့်လိုက်သည်။ ဒီအသီးကတော့ အလကား ပေးရင်တောင် ယူမယ့်သူက မရှိလောက်ပေ။
ရွှေကျီးကန်း: "ကြီးတဲ့အလုံး...အရမ်း ပုပ်နေတဲ့အလုံးကို ခူး... အဲဒါက အကောင်းဆုံးပဲ ဒါပေမဲ့ သတိထား... မင်း လက်နဲ့ မထိစေနဲ့ အရမ်း အဆိပ်ပြင်းတယ် အကိုင်းအခက်တွေကို ဖြတ်ဖို့ ထူးဆန်းမီးတောက်ကို သုံးလိုက်.... သုံးခြမ်းပဲ့အသီးက အရွယ်မရောက်သေးတဲ့ အချိန်မှာ သူအကြိုက်ဆုံးက ထူးဆန်းမီးတောက်ပဲ... သူရင့်မှည့်လာရင်လည်း အကြောက်ဆုံးက ထူးဆန်းမီးတောက်ပဲ!"
ဒီလို အသီးအနှံတွေ ရှိနေတာကို တွေ့ရတော့ လုရွှမ်လည်း တကယ့်ကို ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။
လုရွှမ်: "လူတိုင်း နားထောင်ပေးပါ... ဒီအသီးက ဘာလဲဆိုတာ ငါသိတယ်... သုံးခြမ်းပဲ့အသီးလို့ ခေါ်တယ်"
လူတိုင်းရဲ့ စူးစမ်းတဲ့ မျက်လုံးတွေကို ပြန်ကြည့်ရင်း ရွှေကျီးကန်း ပြောခဲ့တာကို ပြန်ပြောပြလိုက်သည်။
"အရင်ကြည့်ထား.. ငါစုဆောင်းလိုက်မယ် မင်းတို့လိုချင်ရင် စုဆောင်းလို့ရတယ် ဒါပေမဲ့ မထိနဲ့... အရမ်းအဆိပ်ပြင်းတယ် ထူးဆန်းတဲ့မီးကိုလည်း သုံးရလိမ့်မယ်"
စကားလုံးတစ်လုံးတည်းက လူအများစု၏ စိတ်ဝင်စားမှုကို ငြိမ်းစေခဲ့သည်။ ၎င်းသည် အဆိပ်ပြင်းပြီး ထိတွေ့၍လည်း မရသလို အန္တရာယ်ရှိသည်။ အမှန်တကယ်ကျတော့ အသုံးဝင်တဲ့ နေရာက အနည်းငယ်သာ ဖြစ်သည်။
အရက် ချက်တာလား။ သူတို့မှ မချက်တတ်တာ။ ဘယ်လိုမှန်း မသိပေမယ့် လုရွှမ်ကိုတော့ ကူညီပေးလိုက်သည်။
"ခဏစောင့်... နတ်အရက်ကို ချက်လိုက်ရင် ဘယ်လောက်အရသာရှိလဲ မင်းတို့ သိလိမ့်မယ်"
လုရွှမ်ရဲ့ မူလဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်ကြောင်း သိသော်လည်း ဤနေရာက အသီးအနှံများက ဘယ်လို အသုံးဝင်ကြောင်း သိနေတာကပါ အနည်းငယ် ထူးဆန်းနေသည်။ ဒါပေမဲ့ ဘယ်သူက လျှို့ဝှက်ချက် မရှိကြလို့လဲ။ လုရွှမ် သူတို့ကို ဒုက္ခမပေးဘူးဆိုတာ သိထားတော့ တခြားဘာကိုမှ ထပ်မမေးကြတော့ချေ။