အရှင်ကြီးဘုံပြီးမြောက်ခြင်း
Vol. 62 Ch. 1221
ပင်ဖုန်း၏တိုက်ခိုက်မှုအောက်တွင် ဓားပျံထပ်မံပျောက်ကွယ်သွားသည် ကို ကြည့်ပြီး ပေထင်းဟွမ်သည် သက်ပြင်းချမိလေသည်။ သူမသည် ဤမိန်းကလေး၏ ချိုးဖဲ့ခြင်းကို ထပ်မံခံလိုက်ရသည်။ သို့သော် ဤအခိုက်အတန့်တွင် အားလုံး၏မျက်လုံးထဲတွင် မည်မျှထိတ်လန့်နေကြောင်း ကို သူမ မသိပေ။ ထိုလူ၏နောက်မှလိုက်လာသော ကိုယ်ရံတော်လေးယောက် ပင်လျှင် ထိုမြင်ကွင်းကိုမြင်သောအခါ အံ့အားသင့်လွန်း၍ စကားပင်မပြောနိုင် ပေ။
ထိုလူသည် သေချာပေါက်ယန်ယဲ့ဖြစ်ကာ သူ၏နောက်မှကိုယ်ရံတော် လေးယောက်သည် ချုံချီတို့ဖြစ်ကာ အားလုံးခေါင်းခါမိကြသည်။ ထိုလူငယ် သည် ပေထင်းဟွမ်ဖြစ်သည်ကို သူတို့မြင်နိုင်ကြကာ ပေထင်းဟွမ်နှင့် မတွေ့ သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း နတ်ဘုရားအဆင့်သို့ရောက် သွားလိမ့်မည်ဟု ထင်မထားပေ။ သူမသည် နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်ကို အကြောက်အလန့်မရှိ တိုက်ခိုက်ရဲသည်။ အချီပေါင်းများစွာတိုက်ခိုက် ပြီးနောက် လက်ရည်မသာသေးပေ။
“အဲဒါ ပင်ဖုန်းမလား၊ နဂါးဇာမဏီတောင်ကြားက လွှမ်းမိုးနိုင်တဲ့မင်းသမီး က လွန်ခဲ့တဲ့နှစ်တစ်သောင်းက အရှင်ငယ်လေးပဲရှိသေးတာ၊ နှစ်တစ်သောင်း ကြာပြီးသွားတော့ အရှင်ကြီးဖြစ်သွားတဲ့ပုံပဲ” ချုံချီသည် နဂါး ၉ ကောင်နှင့် ဇာမဏီ ၉ ကောင်သခင်ကို ရှင်းလင်းစွာမြင်ရသဖြင့် နှာမှုတ်လေသည်။
“အရှင်ကြီးဘုံကို ပြီးမြောက်သွားတာဖြစ်မယ် ဟီးဟီး သူမ ဆင်းသက်ရင် တောင် ထိပ်ဆုံးနတ်ဘုရားဘုရင်ဖြစ်နေတာပဲ၊ အဲဒါကြောင့် ဒီကိုလာပြီး လူတွေကိုအနိုင်ကျင့်တာပဲ” ရွှမ်ဝူသည် လက်ပိုက်ထား၏။ သူ၏ရှည်လျားသော ဆံပင်သည် လေနှင့်အတူလွင့်ပါသွားသည်။ သူသည် ပင်ဖုန်းထက် အရပ်ရှည် ကာ အကြည့်မှာအထင်သေးမှုအပြည့်နှင့်ပင်။
သူတို့လေးယောက်၏ရှေ့တွင်ရပ်နေသောလူမှာ သူ၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဝတ်ရုံသည် လေကြောင့်လိပ်တက်နေပြီး ကိုးလွှာနှင်းပင့်ကူပန်း သည် ကြီးမားသောလှိုင်းထဲတွင် လူးလိမ့်နေပြီး ငွေရောင်ဆံပင်များသည် ကခုန် နေကာ သူ၏ရက်စက်သော မျက်ခုံးများကို ပို၍အေးစက်သွားစေသည်။ သူ၏ ခရမ်းရောင်မျက်အိမ်ထဲတွင် လူတစ်ယောက် ခုန်နေသည့်ပုံရှိနေသည်။ ထိုလူ သည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ရပ်နေသည့် လူငယ်ဖြစ်ကာ သူမ သည် တခြားတစ်ယောက်၏ လှုပ်ရှားမှုကြီးကြောင့် ကျိုးပဲ့သွားသော်လည်း ခံစားချက်မဲ့စွာရှိနေဆဲဖြစ်ပြီး သူမ၏အမူအရာမှာလည်း မပြောင်းမလဲပင်ရှိနေ ၏။
“ဟင်း ငါ့မှာလည်းအရည်အချင်းရှိတာပေါ့၊ ဒါပေမဲ့ ဒီမင်းသမီးကို သတ်နိုင်မယ်လို့ထင်ရင် အိပ်မက်သွားမက်နေလိုက်” ပင်ဖုန်း၏ညာဘက်လက် မှ မြူခိုးသည် အရည်ပျော်သွားကာ သူမ၏ ကျောက်စိမ်းနှင့်တူသော သွယ်လျ သည့်လက်ချော်ငးများပေါ်လာသည်။ နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်း ရောင်တွင် ၎င်းသည် ပို၍အမြင်ကို ဆွဲဆောင်နုင်လေသည်။ သူမ၏အသံမှာ ထေ့ငေါ့မှုအပြည့်နှင့် ပေထင်းဟွမ် သုံးလိုက်သည့် လေးနက်သောနည်းလမ်း များကို ကြည့်ပြီးသည့်တိုင်အောင် အံ့ဩမှုကို မဖုံးကွယ်နိုင်ဘဲ အထင်သေးစွာ ပြောလေသည် “မင်းက အခု ဒီမင်းသမီးနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမရှိသေး ဘူး”
“ရွံဖို့ကောင်းလိုက်တာ” ပင်ဖုန်း၏စကားများကိုကြားပြီးနောက် ပီဖန်းပင် လျှင် မနေနိုင်ဘဲ ကျိန်ဆဲမိလေသည် “သေလိုက်လေ နှစ်တစ်သောင်းကျော် အောင်နေလာတဲ့ စုန်းမအိုကြီးကပြောနေသေးတယ်၊ သခင်လေး ၉ က အသက် ဘယ်လောက်ရှိသေးလို့လဲ၊ ၁၅ နှစ်နဲ့တင်မလုံလောက်သေးဘူး၊ ငါလည်း အရှက်မရှိတဲ့လူတွေကိုမြင်ဖူးပါတယ် ဒီလောက်အရှက်မဲ့တဲ့သူကို မတွေ့ဖူး သေးဘူး”
“ငါတော့ မခံစားနိုင်တော့ဘူး” ပိုင်ဇီသည် ပင်ဖုန်း၏စကားများကို ရယ်ချင်စိတ်ဖြစ်သွားကာ ဘာမှမပြောချင်တော့ဘဲ ဆွံ့အစွာနှင့် ခေါင်းကို ခါယမ်းလေသည်။
ယန်ယဲ့သည် ရှေ့သို့ဖြည်းဖြည်းချင်းလှမ်းသွားကာ ရှောင်ရှားရင်းနှင့် ပေထင်းဟွမ်၏ဘေးတွင်ရပ်လေသည်။ အားလုံး၏မျက်လုံးအောက်တွင် သူ သည် လက်မြှောက်ပြီးနောက် ပေထင်းဟွမ်၏ ပိန်ပါးသောခန္ဓာကိုယ်ကို ရှည်လျားသောအင်္ကျီလက်ဖြင့် အုပ်လိုက်၏။ ထိုအချိန်တွင် တိုက်ပွဲရောင်ဝါ သည် ပြင်းထန်ဆဲဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် ချက်ချင်းမခံစားမိပေ။ ကြာပန်းအမြစ်နံ့ခပ်ဖျော့ဖျော့သာ နှာခေါင်းထဲတိုးဝင်လာရာ ပေထင်းဟွမ် မော့ကြည့်လိုက်မိ၏။ သူ၏ညှို့ဓာတ်ပါသောမျက်နှာသည် မျက်လုံးထဲတွင် ရောင်ပြန်ဟပ်လာကာ နွေးထွေးသောခံစားချက်ဖြစ်ပေါ်လာကာ ပေထင်းဟွမ် အား စိတ်အေးလက်အေးဖြစ်စေပြီး မသိစိတ်မှပင် ပြုံးသွားစေသည်။
“နတ်မိစ္ဆာ..ဧကရာဇ်..ရှင်...သခင်လား”
တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာသောလူကိုကြည့်ပြီး ပင်ဖုန်းသည် သတိ ပြန်ဝင်လာစေရန် အသက်အနည်းငယ်ရှူလိုက်ရသည်။ သူမ၏ရှေ့မှလူသည် တရင်းတနှီးရှိလှသည်။ နှစ်ပေါင်းထောင်ချီအတွင်းတွင် သူ၏မျက်နှာကိုမြင်ရ ရန် အရိပ်အယောင်ပင်မရှိခဲ့ပေ။ သူမ၏ရင်ထဲမှ ထိုလူ၏ပုံရိပ်သည် ခိုင်မြဲလွန်း ရာ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ထိုလူသည်နတ်မစ္ဆာဧကရာဇ်ဖြစ်သည်ကို သူမ သိလိုက်သည်။