← Chapters

ဘာလို့ဒီမှာရောက်နေတာလဲ

Vol. 62 Ch. 1222

ဘာလို့ဒီမှာရောက်နေတာလဲ

Vol. 62 Ch. 1222

ပင်ဖုန်း၏ခြေထောက်များသည် ပျော့ခွေသွားကာ လေပေါ်မှ ပြုတ်ကျ လုနီးပါးဖြစ်သွားလေသည်။ သူမသည် ပျာတီးပျာယာနှင့် ကိုယ်ကိုထိန်းလိုက် ကာ အသက်ပြင်းပြင်းရှူပြီး ကိုယ်ကို ကိုင်းကာကြည့်လိုက်၏။ ပြီးနောက် လက်မြှောက်ကာ နားထင်ကိုပွတ်ကာ သူမ၏အင်္ကျီလက်များကို ဖြည်ချလိုက် သည်။ သူသည် မေးစေ့ကိုအနည်းငယ်မော့ကာ မျက်နှာချင်းဆိုင်တွင်ရှိနေ သောလူ၏မျက်လုံးကို စိုက်ကြည့်နေသည်။

အဝေးမှနေ၍ ပင်ဖုန်းသည် ယန်ယဲ့၏မျက်လုံးများကို မြင်နေရသည်။ သူ၏မျက်လုံးထောင့်မှ ခရမ်းရင့်ရောင်သည် နှစ်ပေါင်းထောင်ချီကြာသည့် တိုင်အောင် ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏မျက်နှာမေးရိုးသည် အေးစက်နေ သော်လည်း လခြမ်းကွေးထက်ပင် လှပနေသည်။ သူမသည် သူ၏မျက်လုံးများ ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အရင်ကမဖြစ်ဖူးသည့် နူးညံ့ပြီး အေးချမ်းသည့်လေထုကို ခံစားမိသည်။ ထိုလေထုသည် ပတ္တမြားကမ္ဘာမှ လူ အားလုံး၏စိတ်ထဲတွင် ကျန်နေသည့် သူ၏အသွင်နှင့်လုံးဝ ကွာခြားသည်။

ရက်စက်ခြင်း၊ ညှာတာမှုကင်းခြင်း၊ သန်းခေါင်ထက်ပင်မည်းမှောင်ခြင်း၊ ၎င်းသည် စစ်မှန်သည့်နတ်မိစ္ဆာဧကရာဇ်ပင်ဖြစ်ကာ သူမ၏ရှေ့တွင်ရှိနေသော လူမဟုတ်ပေ။ သူမ၏မျက်လုံးထဲမှလူသည် ယောက်ျားသားကို သဘောကျနေ သည်ကိုမြင်နေရသည်။

ပင်ဖုန်းသည် ထင်ယောင်ထင်မှားဖြစ်သလို သံသယဝင်လာသည်။ သူမ မြင်လိုက်ရသည့်လူမှာ နတ်မိစ္ဆာဧကရာဇ်နှင့်တူရုံတူသည့်သူဟု သူမ အထင်မှား မိသည်ဟု တွေးမိခြင်းကြောင့်ပင်။

“မင်းက ဘာလို့ ဒီရောက်နေတာလဲ” ထိုအသံသည် လူတစ်ယောက်၏ လည်ပင်းကို ညှစ်ရန် ငရဲမှထွက်လာသည့်လက်နှင့်မတူဘဲ တိုးပြီးပေါ့ပါးနေကာ နတ်ဂီတသံကဲ့သို့ အားလုံး၏ နားထဲသို့တိုးဝင်လာသည်။ သူ၏အသံထဲတွင် လူအများကို အဆိပ်ဖြေပေးနိုင်သည့် မှော်စွမ်းအားပါဝင်သည်ဟု မြင်မိကြ၏။

ပေထင်းဟွမ်သည် မျက်စိရှေ့မှလူကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက် သည်။ သူမ မျက်မှောင်ကြုတ်သည်နှင့် နဂိုကတောက်ပနေသော ယန်ယဲ့၏ မျက်လုံးများသည် အနည်းငယ်ထိုင်းမှိုင်းသွား၏။ သူမသည် တစ်စုံတစ်ခုအား စိုးရိမ်သည့်အလားပြောလေသည် “ဒီအစီအရင်ကိုဆောက်ထားတော့ ကျွန်တော့်ကို မဝင်စေချင်ဘူးလို့ထင်လို့လေ”

ပေထင်းဟွမ် ထိုသို့စနောက်သလို စောဒကအသံနေအသံထားနှင့် ပြောသည်ကိုကြားပြီးနောက် ယန်ယဲ့သည် ပျော်ရွှင်မိသည်။ သူသည် ပေထင်းဟွမ်အား ရင်ခွင်ထဲထည့်ဖက်ပြီးနောက် ခေါင်းကိုအနည်းငယ်ငုံ့ကာ ပေထင်းဟွမ်၏မျက်နှာနှင့် သူ၏ပါးပြင်ကို ပွတ်တိုက်လေသည်။ သူတို့နှစ်ယောက်လုံး၏ ပါးပြင်မှာ အနည်းငယ်ပူလာသလိုခံစားလာရ၏။ ရင်ထဲ တွင် ဗလောင်ဆူလာကာ ဝေးကွာမှုကြောင့်ဖြစ်လာသည့် ခါးသီးသော လွမ်းဆွတ်မှုသည် ထိုလှိုင်းဂယက်နှင့်အတူ လွင့်ပါသွားသလိုထင်ရသည်။

“မင်း မင်းက...”

ထိုမြင်ကွင်းကိုကြည့်ပြီး ပင်ဖုန်းသည် ရင်ဘတ်ထဲတွင် ဆို့နင်လာသလို ခံစားရပြီး မထနိုင်၊ မဆင်းနိုင်ဖြစ်လေသည်။ ထိုမြင်ကွင်းကိုမြင်ပြီးနောက် သူမ နားမလည်ဘဲ မည်သို့နေမည်နည်း။ ထိုလူသည် နတ်မိစ္ဆာဧကရာဇ်မမှားနိုင်ပေ။ အကြောင်းမှာ ရင်ခွင်ထဲတွင် လူတစ်ယောက်ကို ထွေးပွေ့ထားသည့် ရက်စက် တတ်သောနတ်မိစ္ဆာဧကရာဇ်သည် နွေးထွေးပြီး မေတ္တာအပြည့်နှင့်ပင်။

ယန်ယဲ့၏လက်သည် ကောင်လေး၏ဦးခေါင်းကို သူ၏လက်ဖြင့် နူးညံ့စွာ ဖိနှိပ်ထားပြီး ပေထင်းဟွမ်၏မျက်နှာကို သူ့ရင်ခွင်ထဲသို့ မြှုပ်နှံလိုက်သည်။ သူ သည် ခေါင်းကိုအသာညိတ်ပြီး ပင်ဖုန်းရှိရာသို့ ခရမ်းရောင်မျက်လုံး၊ နှာခေါင်း မြင့်မြင့်၊ ပါးသော်လည်း ရက်စက်သည့်နှုတ်ခမ်းတို့ကိုမြင်သာအောင် မျက်နှာ မော့လိုက်သည်။

သူသည်မပြောင်းလဲပေ။ မျက်လုံးအစုံသည် လွန်ခဲ့သည့်နှစ်များကထက် ပိုရက်စက်စွာနှင့် ပင်ဖုန်း၏မျက်နှာအား ဓားတစ်ချောင်းလိုကျလာသည် “ပင်ဖုန်း မတွေ့တာကြာပြီ၊ ဒီနေရာကလူတွေက ငယ်သေးတယ်၊ သူတို့က မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ ဒီနေရာကဘာလဲ၊ ဒီနေရာက ပြန်ဝင်စားမယ် ဆိုရင်တောင် နှစ်တစ်သောင်းကျော်ပဲရှိဦးမှာ၊ မင်းနဲ့သက်တူရွယ်တူလောက်က ပဲ မင်းရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတာ”

“နတ်မိစ္ဆာဧကရာဇ်သခင်ကြီး တကယ် တကယ်ကြီးရှင်လား၊ ဘာလို့.. ဘယ်လိုရောက်လာတာလဲ” ပင်ဖုန်းသည် သူပြောသည့်စကားများကို မကြား နိုင်တော့ပေ။ ယန်ယဲ့၏မျက်နှာနှင့်အသံနေအသံထားတို့သည် နှစ်ပေါင်း ထောင်ချီကြာသည့်တိုင်အောင် ရင်းနှီးမှုရှိနေတုန်းပင်။ ပင်ဖုန်းသည် မှင်တက်မိ သည်။ ဤလူငယ်သည် သူ၏မိန်းကလေးလို ပြောဆိုနေသည်ကိုကြား သောအခါ ပင်ဖုန်းသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။

ရိုက်ချက်သည် ဤမျှလောက်မကြီးသင့်ပေ။

ယန်ယဲ့ ပြန်ဝင်စားပြီး နှစ်မည်မျှကြာမှ ပင်ဖုန်းသည် သူ့ကိုမြင်ရသည်ကို မသိပေ။ သူမ မင်းသမီးဟွမ်ကျို့ကို မည်မျှမုန်းမိမှန်းမသိပေ။ တကယ်တော့ ထိုမိန်းကလေးသည် သေသွားသည့်တိုင်အောင် ယန်ယဲ့အားနှောင့်ယှက်နေဆဲ ဖြစ်ကာ သူမအတွက်နှင့် တခြားဘုံသို့လာရန်စွန့်စားစေခဲ့သည်။

All Chapters