Chapters

မင်းကိုမသတ်နိုင်ရင် နောက်တစ်ခုလုပ်လိုက်

Vol. 62 Ch. 1223

မင်းကိုမသတ်နိုင်ရင် နောက်တစ်ခုလုပ်လိုက်

Vol. 62 Ch. 1223

နှစ်ပေါင်းသောင်းချီကြာပြီးနောက် မင်းသမီးဟွမ်ကျို့သည် ပြန်မလာနိုင် တော့ပေ။ ယန်ယဲ့သည် ပင်မတိုက်ကြီးတွင်ရှိသည်ဟု ပင်ဖုန်းကြားခဲ့သဖြင့် ယန်ယဲ့၏နှလုံးသားကို နောက်တစ်ခါရရန် စိတ်အားထက်သန်စွာပြေးလာခဲ့ သည်။ ထို့အပြင် မည်မျှနက်ရှိုင်းသည့်အချစ်ဖြစ်စေကာမူ နှစ်ပေါင်းထောင်ချီ ချုပ်တည်းမှုကို ခံနိုင်မည်မဟုတ်ပေ။

မင်းသမီးဟွမ်ကျို့ သေဆုံးသွားသည်ကို သူမ မည်သို့သိမည်နည်း။ သူမ သည် ခြေတစ်လှမ်းနောက်ကျသွားခြင်းပင်။ သူမသည် ဤလူငယ်ကို လက်ဦးမှု ယူခြင်းပင်။

ပင်ဖုန်း၏မျက်နှာမှာ ရောင်စုံအိုးကိုနင်းမိသည့်အလား အရောင်အမျိုးမျိုး သို့ ပြောင်းသွားသည်ကိုကြည့်ပြီး ပေထင်းဟွမ်၏ဒေါသသည် တစ်ဝက်လျော့ သွားလေသည်။ သူမသည် ထက်မြက်သည်။ ပင်ဖုန်း၏မျက်လုံးအရောင်လက် သွားမှုတစ်ခုတည်းနှင့်ပင် ဤမိန်းကလေးသည် ယန်ယဲ့အား အလေးအနက် ခင်တွယ်နေပြီး သဝန်တိုနေသည်ကိုမြင်နိုင်သည်။

လူတစ်ယောက်ကို အံကြိတ်လောက်အောင် မုန်းနေနိုင်သည်မှာလည်း အရည်အချင်းတစ်ခုပင်။

ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲမှ ခေါင်းထောင်လိုက်သည်။ ပင်ဖုန်း၏ရှေ့၌ပင် သူမသည် ယန်ယဲ့၏ချောမွတ် သောမျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်လေသည်။ သူမ၏မျက်လုံးများသည် ရေစက်ကဲ့သို့ နူးညံ့ပြီး မော့ကာ ယန်ယဲ့၏နှုတ်ခမ်းများကို ဖိကပ်နမ်းလိုက်လေ သည်။

မထနိုင်တဲ့လူတစ်ယောက်ကို ဘယ်ဟာကများ ရက်စက်အောင်လုပ် လိုက်တာလဲ။

ဒါက...

ပေထင်းဟွမ်အား မိန်းကလေးဟုသိထားသည့် ချုံချီတို့မှလွဲပြီး အားလုံး၏ မျက်လုံးများပြူးကျယ်သွားလေသည်။ ကောင်လေးအပေါ် ယန်ယဲ့၏နူးညံ့မှု သည် သူတို့၏လက်ခံနိုင်စွမ်းကို စမ်းသပ်နေသည်။ ယခုအခါ ကောင်လေးမှ ယန်ယဲ့အား အတင်းအနမ်းခြွေနေသည်ကိုကြည့်ပြီး အားလုံးသည် ပြိုလဲ လုမတတ် တောင့်တင်းမှုကိုခံစားလိုက်ရလေသည်။

ဤအခိုက်အတန့်တွင်မူ အားလုံး၏မျက်လုံးထဲတွင် ယောက်ျားသား နှစ် ယောက်သည် ခန္ဓာကိုယ်ချင်းပူးကပ်နေပြီး တောင်နှင့်မြစ်ကိုပင် ရွှေ့ပြောင်းနိုင် သည့် အားအင်နှင့်အနမ်းခြွေနေကြသည်။ တစ်ခုခုလွဲမှားနေသည်ဟု မည်သူမှ မတွေးနိုင်ကြတော့ပေ။ ဖြစ်ထွန်းစည်ပင်သောခေတ်၏ ဂုဏ်သရေရှိဘုရင်မ သည် ကမ္ဘာကြီးကိုလှုပ်ခါစေသောယောက်ျားတစ်ယောက်နှင့် ထိုက်တန်၏။

သူ၏မျက်လုံးထဲမှ ရီဝေနေသောမျက်နှာထားသည် အဆိပ်ကဲ့သို့ ပတ္တမြားကမ္ဘာတစ်ခုလုံးမှ မိန်းကလေးများကို ရူးပြီးသေလောက်အောင်ဖြစ်စေ သည်။

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ ခန္ဓာကိုယ်ထဲမှ တက်လာ သော သွေးများကို ဖိနှိပ်ချလိုက်သည်။ ဤသွေးစာချုပ်သည် ရေခဲနှင့် မီးတို့၏ နှစ်ဆညှဉ်းပန်းမှုကို ခံစားရသကဲ့သို့ သူမကို မသက်မသာဖြစ်အောင် လုပ်ထား သည်။ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်အားနည်းနေသော်လည်း ယန်ယဲ့၏ လက်မောင်းကိုမမှီရဲဘဲ သူ၏ဝတ်ရုံကို ကိုင်ကာ မတ်တတ်ရပ်လိုက်သည်။

သူမသည် ခေါင်းကိုအနည်းငယ်ညွှတ်လိုက်သည်။ သို့သော် ထိုမြင်ကွင်း သည် ပင်ဖုန်း၏မျက်လုံးထဲတွင် ခွင့်မလွှတ်နိုင်သည့် ပြစ်မှုတစ်ခုပင်။

“ဟေ့ကောင်လေး မင်းက သူ့ကိုလာမြှူဆွယ်နေတာ ဒီမင်းသမီးက မင်းကိုသတ်နိုင်မလားကြည့်ကြတာပေါ့”