← Chapters

နတ်မိစ္ဆာဧကရာဇ်ရဲ့ လှုပ်ရှားမှုကိုမမှီနိုင်ဘူး

Vol. 62 Ch. 1224

နတ်မိစ္ဆာဧကရာဇ်ရဲ့ လှုပ်ရှားမှုကိုမမှီနိုင်ဘူး

Vol. 62 Ch. 1224

ပင်ဖုန်း၏ဒေါသသံသည် ကောင်းကင်ဘုံ ၉ ဘုံမှ မိုးကြိုးကဲ့သို့ ပေထင်းဟွမ်၏နားထဲတွင် ပေါက်ကွဲထွက်လေသည်။ နတ်ဘုရားဘုရင်ထိပ်ဆုံး ရောက်နေသူတစ်ဦး၏ နတ်စွမ်းအားသည် နှစ်လိုဖွယ်မရှိပေ။ ၎င်းသည် ချက်ချင်းပင် ပေထင်းဟွမ်အား တည်ငြိမ်သွားစေသည်။ သူမ၏ ဝိညာဉ်စင်ကို လင်းသွားစေပြီး ဒွါရခုနစ်ပေါက်မှ သွေးများပြန်ဆုတ်သွားပြီး စွမ်းအင်အားလုံး သည် သူမ၏ခန္ဓာကိုယ်ဆီသို့ ပြန်သွားလေသည်။

ခေါင်းကိုအသာညိတ်ရင်းနှင့် ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ ပင်ဖုန်းအား မထင်မရှားပြုံးလိုက်သည် “ငါပြောတာ ဒီကမ္ဘာမှာ ငါတစ်ယောက် ပဲ သူ့နာမည်ကိုခေါ်ခွင့်ရှိမယ်၊ မင်း သူ့ကို နှစ်သောင်းချီချစ်ခဲ့ရင်တောင် ဘယ်တော့မှခေါ်ခွင့်မရှိဘူး၊”

ပင်ဖုန်းသည် ဒေါသကြောင့်တုန်ယင်လာသည်။ ဤကောင်လေးသည် ယောက်ျားလေးဖြစ်နေသည်။ ယန်ယဲ့သည် မည်မျှအရည်အချင်းရှိပြီး လှပသည့် လူတစ်ယောက်နည်း။ ယောက်ျားတစ်ယောက်က မည်သို့များ သူ့ကို ညစ်ညမ်းစေသနည်း။

ဤလူငယ်သည် မိန်းကလေးနှင့်ပင်တူသည်။

ထိုအခိုက်အတန့်တွင် ပင်ဖုန်းသည် ယန်ယဲ့ရှိသည်ကိုပင် ဂရုမစိုက်တော့ ဘဲ လက်နက်ထုတ်လေသည်။ ရှည်လျားသည့်လှံတံကို လက်ထဲတွင်ကိုင်လိုက် သည်နှင့် လက်ကိုင်မှပန်းဖွားနီနီသည် လှုပ်ခတ်နေသည်။ ပင်ဖုန်းသည် လှံတံ ကိုကိုင်ပြီး ပေထင်းဟွမ်အား တည့်တည့်ချိန်ရွယ်လေသည်။

“နှစ်တစ်သောင်းမှာ ငါ ပင်ဖုန်းကို ဘယ်သူမှ လက်နက်နဲ့မချိန်ရဲဘူး၊ မင်းကတော်တော်ရဲတင်းလွန်းပါလား”

ရှေးဟောင်းခေါင်းလောင်းသံသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်လာ သည်။ ပေထင်းဟွမ်မှလွဲ၍ အားလုံး၏နားထဲတွင် မရေတွက်နိုင်သော ပဲ့တင်သံ များဖြစ်ပေါ်လာသည်။ သူတို့ထဲတွင် ပင်ဖုန်းသည် မသက်မသာအဖြစ်ဆုံးပင်။ သူမ၏ ဒွါရခုနစ်ပေါက်မှ သွေးထွက်နေသည်ကိုကြည့်ပြီး သူမ၏ လက်ထဲမှ လှံတံကိုပြန်ရုတ်သိမ်းရန် ခက်ခဲနေသည်

အားလုံး၏ကြောက်လန့်သောမျက်လုံးထဲတွင် ယန်ယဲ့သည် လက်ဆန့် ထုတ်ပြီး လေထဲတွင် လက်ကိုဝေ့ယမ်းကာ လေဟာနယ်ကိုခွဲခြားလိုက်ရာ လှံတံသည် အမှုန့်ဖြစ်သွားပြီး အ‌ဝါဖျော့ရောင် ရောင်ဝါဆီသို့ ပြန့်ကျဲသွားလေ သည်။

အားကောင်းလိုက်တာ။

အတိတ်ကနတ်မိစ္ဆာဧကရာဇ်သည် အကြိမ်ပေါင်းများစွာဝင်စားပြီး နောက် ဤမျှလောက်အားကောင်းနေဦးလိမ့်မည်ဟု မည်သူမှထင်မထားပေ။ အသံတစ်ခုတည်းနှင့်ပင် ဤနေရာတွင်ရှိနေသောလူများကို သန့်စင်ပေးခံလိုက် ရသလိုခံစားရစေသည်။ အသက်ရှင်နေရခြင်းသည် သေဆုံးရသည်ထက်ပင် ပို ဆိုးနေ၏။

ပင်ဖုန်းသည် ၃၃ ကောင်းကင်ဘုံတွင် အရှင်ကြီးအဆင့်ဖြစ်သည်။ ပင်မတိုက်ကြီးသို့လာလျှင်တောင် ၎င်း၏ခွန်အားသည် နတ်ဘုရားဘုရင် ထိပ်ဆုံးအဆင့်ရှိသည်။ သို့သော် ၎င်းသည် ခွန်အားမှာ ဤအဆင့်နှင့်တင် ကန့်သတ်ထားသည်ဟုမဆိုလိုပေ။ သို့သော် နတ်မိစ္ဆာဧကရာဇ်၏ အဟုန်ကို တော့လိုက်မမှီပေ။

“ဖူ”

လှံတံနောက်တွင် ပင်ဖုန်းသည် အပြင်းအထန်ဒဏ်ရာရလေသည်။ သူမ သည် ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး ပါးစပ်အပြည့်သွေးအန်လေသည်။ သူမ၏ မျက်လုံးများသည် မယုံကြည်မှုများနှင့်ပြည့်နှက်နေသည်။ အသံမှာလည်း တုန်ယင်နေပြီး သူမ၏မျက်လုံးထဲတွင် အလင်းများပြိုကွဲနေသလိုပင်။ ဤအရာ ကိုမည်သူမှ မမျှော်လင့်ထားပေ။ ဤမိန်းကလေးသည် ငိုချင်လာသည်။

“ယန်ယဲ့ ရှင် ဒီလောက်နှလုံးသားမဲ့ချင်တာလား၊ မင်းသမီးဟွမ်ကျို့က သေသွားပြီ သေသွားပြီ” ပင်ဖုန်းသည် ယန်ယဲ့၏ လျစ်လျူရှုသော မျက်လုံးများ ကိုစိုက်ကြည့်ကာ နောက်ဆုံးစကားလုံးကို အားပါပါနှင့် ထပ်ခါထပ်ခါပြောလေ သည်။ “ဘာလို့လဲ၊ ဘာလို့ ရှင့်ကိုယ်ရှင် ဒီလိုမျိုး ပြည်နှင်ဒဏ်ပေးရတာလဲ၊ သူ သူက ယောက်ျားလေးနော်၊ ဟွမ်ကျို့မဟုတ်ဘူး”

ပင်ဖုန်းသည် ခိတ်လန့်နေသည်။ 'မင်းသမီးဟွမ်ကျို့သေသွားပြီ' ဟု ပြော လိုက်သည့် သူမ၏စကားကို ယန်ယဲ့ကြားသောအခါ ယန်ယဲ့၏မျက်နှာထား သည် အရင်ကထက်တည်ငြိမ်နေသည်။ သူမသည် လွန်ခဲ့သည့်နှစ်တစ်သောင်း က သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်သူကဲ့သို့ မဟုတ်တော့ပေ။ သူမ၏ရောင်ဝါသည် ပတ္တမြားကမ္ဘာတစ်ခုလုံးကို တုန်ယင်စေ သည်။

သူသည် အမှန်တကယ်ပင် ဟွမ်ကျို့ကို မေ့သွားပြီလား။ ထိုသို့ဖြစ်မည်။ မဟုတ်လျှင် ဟွမ်ကျို့ကို အရူးအမူးစွဲလမ်းသည့်သူသည် လူငယ်တစ်ယောက် နှင့် စည်းကျော်သည့်ကိစ္စမျိုး မည်သို့လုပ်မည်နည်း။

ပင်ဖုန်း၏မျက်လုံးထဲတွင် နာကျင်မှုရှိနေသည်။ သူမသည် အရင်က အဆင့်အတန်းမြင့်ပြီး ဂုဏ်ရှိသလိုဟန်ဆောင်ခဲ့သည့်အလား အသက်ကို ပြင်း ပြင်းရှူကာ နှစ်သိမ့်သည့်အသံနှင့်ပြောလေသည် “ယန်ယဲ့ ရှင် ဟွမ်ကျို့ကို တကယ်ပဲမေ့သွားပြီလား၊ ဒီလူငယ်လေးက သူမရဲ့အစားထိုးဆိုတာကို သူမ သိရင် ဘယ်လောက်ဝမ်းနည်းလိုက်မလဲ၊ သူမ အေးအေးချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး”

All Chapters