← Chapters

ဘုရင့်အမျက်၊ နဂါးငွေ့တန်းပြိုကျခြင်း

Vol. 62 Ch. 1225

ဘုရင့်အမျက်၊ နဂါးငွေ့တန်းပြိုကျခြင်း

Vol. 62 Ch. 1225

ပေထင်းဟွမ်သည် စိတ်ထဲမှမကျိန်ဆဲဘဲမနေနိုင်တော့ပေ။ မင်းသမီး ဟွမ်ကျို့သည် ယန်ယဲ့အား စိတ်ရှုပ်ထွေးစေသည်ဟု ဤမိန်းမပြောခဲ့ပြီး စက္ကန့် ပိုင်းအတွင်း၌ပင် မင်းသမီးဟွမ်ကျို့ကို လက်နက်တစ်ခုသဖွယ် ထုတ်သုံးခဲ့၏။ ဘယ်လိုလှည့်ကွက်မျိုးလဲ။

မီးတောက်မြို့မှလူအားလုံးသည် သေခြင်းတရားကိုမကြောက်သည့် ဤ အမျိုးသမီးကို စိုက်ကြည့်နေခဲ့ကြသည်။ အားလုံးသည် တညီတညာတည်း နောက်ဆုတ်ကြလေ၏။ ထိုလူများသည် ယန်ယဲ့နောက်သို့လိုက်ပြီး ပင်မတိုက် ကြီးတွင် ယန်ယဲ့အား နှစ်ပေါင်းတစ်သောင်းကြာအောင်စောင့်ခဲ့သူများဖြစ်ကြ သည်။ နှစ်တစ်သောင်းကုန်ဆုံးသွားပြီဖြစ်သော်လည်း နတ်မိစ္ဆာဧကရာဇ်နှင့် မင်းသမီးဟွမ်ကျို့တို့ကြားမှ ဆက်ဆံရေးကို မည်သူမှ မမေ့ကြပေ။ သူ့ရှေ့တွင် မင်းသမီးဟွမ်ကျို့ဆိုသည့်စကားလုံးကိုပင် မည်သူမှ မဟရဲကြပေ။

ဘုရင့်အမျက်သည် နဂါးငွေ့တန်းပြိုလဲခြင်း၊ နဂါးငွေ့တန်းကို ကပြောင်းကပြန်ဖြစ်စေပြီး အရာအားလုံးကို ပျက်စီးစေနိုင်သည်။

ကန္တာရတစ်ခုလုံးတွင် စွမ်းအင်ကျန်ရှိသည်မှအပ ရွှေရောင် ရောင်ဝါမြူခိုး အလွှာကိုသွားထိမိရာ ကျွတ်ဆတ်သောအသံထွက်လာသည်ဟုထင်ရသော်ငြား မည်သည့်အသံမှထွက်မလာပေ။ ထိုအချိန်တွင် လေထုသည် အပ်ကျသံမကြား ရလောက်အောင် တိတ်ဆိတ်သွားသည်ဟုဆိုလျှင် ချဲ့ကားပြောခြင်းမဟုတ်ပေ။ လေဖိအားနည်းရပ်ဝန်း ပျံ့နှံ့သွားသကဲ့သို့ ကိုယ်ရံတော်လေးယောက်ပင်လျှင် ထိုအချိန်တွင် နောက်ဆုတ်ပြီး အချိန်မရွေးပြေးရန်အသင့်ဖြစ်နေသည်။

အချိန်မည်မျှကြာသွားသည်မသိပေ ကောင်းကင်မှ ရယ်သံတစ်ခုပေါ်လာ သည်။ ထိုအသံသည် ထူးခြားပြီးတိုးညင်းကာ နားဝင်ချိုသော်လည်း အဘက်ဘက်မှ အဆုံးမရှိအေးစိမ့်မှုဝင်လာစေပြီး အားလုံးကို လွှမ်းခြုံလိုက် သည်။ ခွန်အားနည်းသူများသည် တုန်ယင်ပြီး ဒူးထောက်ကျကြသည်။

အသံသည် မနက်ခင်းခေါင်းလောင်း၊ ညနေခင်းဗုံသံနှင့်တူကာ လူများ၏ ရင်ထဲသို့ မှော်စွမ်းအင်ထိုးဖောက်ဝင်ရောက်လေသည်။ “ပင်ဖုန်း သေဖို့လမ်းကို ရွေးလိုက်တာပဲ၊ နဂါးဇာမဏီတောင်ကြားမှာ အမြင့်ဆုံးနှစ်ယောက်ကလည်း ကူညီတာကိုတွေ့ခဲ့တယ်၊ ငါလည်း မင်းကိုကူညီမှာပါ”

ယန်ယဲ့၏အသံဆုံးသည်နှင့် အားလုံးသည် တညီတည်းနောက်ဆုတ်ကြ လေသည်။

ပင်ဖုန်းသည် နောက်ဆုတ်လိုက်ကာ သူမ၏မျက်နှာမှာလည်း ဖြူဖျော့နေ ပြီး မျက်လုံးများမှာ ကြောက်ရွံ့မှုအပြည့်ပင်။ ထိုအချိန်လောက်တွင် ဤလူသည် အမှန်တကယ်ပင် နတ်မိစ္ဆာဧကရာဇ်ဖြစ်ပြီး မပြောင်းမလဲရှိနေ သည်ကို သူမ ယုံကည်မိသည်။ သူ၏နူးညံ့မှုသည် ရေနှင့်တူပြီး နွေးထွေးမှုမှာ သူ၏ရင်ခွင်ထဲမှ လူတစ်ယောက်တည်းအတွက်ရှိနေသည်။

ဘယ်ဘက်လက်သည် လူငယ်အား နူးညံ့စွာပွေ့ဖက်ထားပြီး ဘယ်ဘက် လက်မှာ သေဆုံးခြင်းရောင်ဝါကဲ့သို့ အမှောင်မှော်စွမ်းအားဝန်းရံထား၏။ ရင်းနှီးသောဓားပျံသည် သူ၏သွယ်လျဖြူဖွေးသည့် လက်ချောင်းများအကြား တွင် နူးညံ့စွာလှည့်ပတ်နေသည်။ ပေထင်းဟွမ် အစောက အသွင်ပြောင်းခဲ့ သလိုပင်။ ပေထင်းဟွမ်သည် ဤဓားပျံနှင့် ပင်ဖုန်း၏အသက်ကို မယူခဲ့သည့် အတွက် ပေထင်းဟွမ်၏ဆန္ဒကို ဖြည့်ဆည်းပေးချင်နေသည့်အတွေးရှိပုံပင်။

“နတ်မိစ္ဆာဧကရာဇ်အရှင် ရှင်လုပ်လို့မရဘူး မရဘူးလေ ကျွန်မက နှစ်တွေအများကြီး...” ယန်ယဲ့၏မျက်နှာ ပိုပိုပြီးမည်းနက်သွားသည်ကိုကြည့်ပြီး ၃၃ ကောင်းကင်ဘုံတွင် မည်သည့်မိန်းကလေးမှ သူ့ရှေ့တွင် ဆန္ဒထုတ်ဖော်ပြ ခွင့် မရှိသည်ကို နောက်ဆုံးမှပင် ပင်ဖုန်း အမှတ်ရသွားသည်။ မည်မျှပင် အားကောင်းပြီး နက်ရှိုင်းသည့်နောက်ခံရှိစေကာမူ မည်သူမှအသက်မရှင်နိုင် ပေ။ ထို့ကြောင့် သူမသည် နှုတ်ခမ်းသပ်ပြီး ပြောရန်ကြိုးစားလေသည် “ဧကရီ ဧကရီ မင်းသမီးရှီဖုန်းက ဧကရီလို့သတ်မှတ်လို့ရပြီလေ၊ ဧကရီက ပင်မတိုက် ကြီးမှာရှိနေယ်၊ ဒီသတင်းနဲ့ ကျွန်မအသက်ကို လဲလို့ရလား”

သူသည် ထုံ့ထိုင်းသွားပြီး စကားတစ်ခွန်းမှမပြောသော်လည်း ပေထင်းဟွမ်သည် မင်းသမီးရှီဖုန်းဟုခေါ်သူကို သိချင်သွားကာ မေးမိလေသည် “မင်းသမီးရှီဖုန်းလား၊ အနောက်တောရိုင်က မင်းသမီးလား၊ ဝိညာဉ်နတ်ဘုရား မျိုးနွယ်က အိမ်ရှေ့စံမင်းသမီးလား၊ နတ်မိစ္ဆာဧကရီက ပင်မတိုက်ကြီးမှာ ရှိနေ တယ်လို့ဘာလို့သေချာနေတာလဲ”

ငွေရောင်ကြိုးမျှင်ကိုမြင်လိုက်ရသည်။

နှစ်ပေါင်းတစ်သောင်းကျော်အောင်နေလာခဲ့ပြီး မရေတွက်နိုင်သည့် အတွေ့အကြုံများဖြတ်သန်းခဲ့သည့်ပင်ဖုန်းအတွက် ဤလူငယ်သည် သူမကို စိတ်ဝင်စားနေသရွေ့ နတ်မိစ္ဆာဧကရာဇ်သည် သူမကို မသတ်နိုင်သည်ကို ကောင်းကောင်းကြီးသိသည်။ နတ်မိစ္ဆာဧကရာဇ်သည် အရင်ကနတ်မိစ္ဆာဧကရီ ထက် ဤလူငယ်ကို အချစ်မလျော့သည်ကို သူမ မြင်နိုင်သည်။

သူမသည် အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ်အား ပထမဆုံးအကြိမ် အနေနှင့်ကြည့်လိုက်သည်။ သူမသည် လူငယ်၏မျက်လုံးများ၏ ဆွဲဆောင် ခြင်းကိုခံလိုက်ရ၏။ သူ့တွင် မှောင်မည်းသောည၏ ကြယ်များနှင့်တူသော မျက်လုံးများရှိသည်။ ထိုမျက်လုံးများကိုကြည့်လျှင် တွေးရလွယ်စေသည်။ ထို မျက်လုံးများသည် ၃၃ ကောင်းကင်ဘုံတွင် မင်းသမီးဟွမ်ကျို့၏ ယှဉ်မရသော အလှတရားတစ်ခုပင်။

All Chapters