← Chapters

အနောက်တောရိုင်းမှ သတင်းများ

Vol. 62 Ch. 1226

အနောက်တောရိုင်းမှ သတင်းများ

Vol. 62 Ch. 1226

အဲဒါကြောင့်ကိုး.. အဲဒါကြောင့် နတ်မိစ္ဆာဧကရာဇ်က သူ့ကိုစွဲလမ်းနေတာ ပဲ။ ဒါပေမဲ့ ဒီလူငယ်လေးက မင်းသမီးဟွမ်ကျို့မဟုတ်တာ နှမြောစရာပဲ။

ဤကမ္ဘာတွင် လူတစ်ယောက်၏ လိင်ကိုပြောင်းလဲပစ်နိုင်သည့် ဝိညာဉ် လက်နက်များရှိသည်။ သို့သော် နဂါးနှင့်ဇာမဏီတို့၏သွေးသားရှိသည့် ပင်ဖုန်း မှာ ယုံကြည်ချက်အပြည့်ရှိသည်။ ပေထင်းဟွမ်သည် ဆယ်ကျော်သက်သာရှိ သေးသည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။

“မင်းသမီးဟွမ်ကျို့ရဲ့ အသက်မီးအိမ်က နှစ်ပေါင်းတစ်သောင်းကြာမှ ထူးခြားလာတယ်လို့ အနောက်တောရိုင်းက သတင်းရတယ်”

ထိုသို့ပြောပြီးနောက် ပင်ဖုန်းသည် အလွန်ထူးဆန်းသည်ဟုခံစားရသည်။ နတ်မိစ္ဆာဧကရာဇ်သည် သတိမထားသလိုပြုမူတုန်းပင်။ နတ်မိစ္ဆာဧကရာဇ် သည်နှစ်ပေါင်းထောင်ချီအတွင်းတွင် မင်းသမိးဟွမ်ကျို့ အသက်ပြန်ရှင်ရေး အတွက် ကြိုးစားခဲ့သည်ကို သူမ သံသယဝင်လာသည်။ သူ မချစ်တော့တာ လား။

“နတ်မိစ္ဆာဧကရာဇ် ဒါက ရှင့်အတွက် သတင်းကောင်းလို့ပြောလို့ရတယ်၊ ရှင် သူမကို အသက်ကြွေးတင်ခဲ့တယ်လို့ ရှင်ထင်ခဲ့တယ်၊ ဒါပေမဲ့ နှစ်ပေါင်း တစ် သောင်းကြာအောင် ကြိုးစားပြီးတဲ့နောက် သူမကို အသက်ရှင်အောင်လုပ်နိုင်ခဲ့ ပြီ၊ ရှင် သူမကို အကြွေးမတင်တော့ဘူး ဟုတ်တယ်၊ သူမက ဝိညာဉ်နတ်ဘုရား မျိုးနွယ်က မင်းသားနဲ့ သွေးစာချုပ်ရှိခဲ့တယ်၊ ရှင် သူတို့ရဲ့နာမည်ကို နတ်ပေလိပ် ကနေ မဖျက်နိုင်သရွေ့ သူမကိုရမှာမဟုတ်ဘူး၊ အဲဒါကိုဘာလို့မမေ့တာလဲ”

ပင်ဖုန်း၏မျက်လုံးများသည် မျှော်လင့်ချက်နှင့်အတူ လင်းလက်လာ သည်။ ထိုစကားများပြောပြီးနောက်တွင် သူမသည် ပေထင်းဟွမ်အား လေးနက် စွာကြည့်လိုက်သည်။ ဤလူငယ်ကို ယန်ယဲ့၏ဘေးတွင် ယာယီသာနေခိုင်းရ မည်။ မင်းသမီးဟွမ်ကျို့ အသက်ပြန်ရှင်လာလျှင် နတ်မိစ္ဆာဧကရာဇ်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ် သို့မဟုတ် အနောက်တောရိုင်းနှင့် တိုက်ပွဲဖြစ်၍ မဖြစ်ပေ။

သူမ နတ်မိစ္ဆာဧကရာဇ်ကို မမေ့နိုင်လျှင် ဤလူငယ်ကို သူမ ရှင်းပစ်ရ မည်။ သူတို့နှစ်ယောက်လုံးမရှိတော့လျှင် သူမအတွက် အခွင့်အရေးရောက်လာ နိုင်သည်။

နတ်မိစ္ဆာဧကရာဇ်၏လက်ဖဝါးထြတွင် ဓားပျံသည် လေထုမည်း စုစည်း ကာ ဖြည်းဖြည်းချင်းလည်ပတ်နေသည်။ ၎င်းသည် အလွန်နှေးကွေးသည်ဟု ထင်ရသော်လည်း အနီးကပ်ကြည့်လျှင် အံ့အားသင့်စရာကောင်းလောက် အောင် မြန်သည်ဟုဆိုရမည်။ ပင်ဖုန်းသည် မလှုပ်ရဲပေ။ တစ်ကိုယ်လုံးတွင် ချွေးအေးများပျံလာပြီး ကျကာ သူမ၏ နဂါး ၉ ကောင်၊ ဇာမဏီ ၉ ကောင်ဝတ်ရုံ မှာ စိုရွဲသွားသည်မှာ ရေပင်ညှစ်ချနိုင်လေသည်။

ပင်ဖုန်း သောကများနေသည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် နောက်ဆုံး တွင် စိတ်သက်သာရာရသွားသည်။ သူမသည် လက်မြှောက်ပြီး ယန်ယဲ့၏ လက်ကောက်ဝတ်ကိုကိုင်ကာ ယန်ယဲ့၏လက်ဖဝါးထဲသို့ ဓားပျံကို ထိုးထည့် လိုက်ည်။ ပေထင်းဟွမ်သည် ပင်ဖုန်းအား မခံချင်အောင်ပြုံးပြပြီး ယန်ယဲ့အား ပြောလေသည် “ဒါ ကျွန်တော်နဲ့သူမကြားက တိုက်ပွဲပါ ကျွန်တော်ကိုယ်တိုင် ဖြေရှင်းပါရစေ”

သူမနဲ့သူကြားက တိုက်ပွဲဟုတ်လား။ ပင်ဖုန်းသည် ထိုစကားကို နားမလည်ပေ။ သို့သော် ယန်ယဲ့ဘာမှမလုပ်သရွေ့အဆင်ပြေသည်။ သူမ ကြောက်စရာမလိုပေ။

ယန်ချန်းမှတခြားသူများသည် ဤလူငယ်၏ဆိုလိုရင်းကို နားမလည်ကြ ပေ။ သူနဲ့ပင်ဖုန်းကြားမှာ ဘယ်လိုတိုက်ပွဲမျိုးရှိနေလို့လဲ။ ရှိလျှင်တောင် နတ်မိစ္ဆာဧကရာဇ်မှ သူ့ကိုယ်စား ဝင်ရှင်းပေးသည်က ပိုသင့်တော်သည် မဟုတ် ပါလား။ သူ့လို နတ်ဘုရားအဆင့်လောက်နဲ့ နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်ကို နိုင်မယ်လို့ထင်နေတာလား။

ဤနေရာသည် ပင်မတိုက်ကြီးပင်။ လေထုဖိနှိပ်မှုရှိသေးသဖြင့် ပင်ဖုန်း သည် နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်ခွန်အားကိုသာ ပြသနိုင်ခြင်းဖြစ်သည်။ ၃၃ ကောင်းကင်ဘုံသာဆိုလျှင် အရှင်ကြီးအဆင့်စွမ်းအားရှိလိမ့်မည်။ တစ်ဖက် လူကို လှုပ်ယမ်းချင်လျှင် တစ်ညတည်း လေ့ကျင့်ရုံနှင့်မလုံလောက်ပေ။

သို့သော် ပေထင်းဟွမ်သည် လွန်ခဲ့သည့်နှစ်တစ်ဝက်ကပင် အမှိုက်ဖြစ်ခဲ့ သည်ကို ထိုလူများသိလျှင် မည်သို့တွေးကြတော့မည်နည်း။

ပေထင်းဟွမ်တွင် ထိုခွန်အားရှိသည်ကို ချုံချီတို့သာ ယုံကြလိမ့်မည်။ ၁၅ နှစ်အရွယ်နှင့် ဤအရည်အချင်းရှိသည်မှာ ကမ္ဘာကြီးဖန်ဆင်းကတည်းက ယန်ယဲ့တစ်ဦးတည်းသောလုင်နိုင်သည့်အရာပင်။ ဧကရီပြန်ဝင်စားသည့်သူ ပီသ သဖြင့် သူတို့လေးဦးသည် ပေထင်းဟွမ်နှင့် ပင်ဖုန်းတို့ကြားမှ တိုက်ပွဲကို မျှော်လင့်မိလေသည်။

ပင်ဖုန်းသည် စိတ်သက်သာရာရသွားသည်။ ဤအချိန်တွင် သူမ လျင်မြန် စွာနှင့် လှုပ်ရှားလိုက်၏။ သူမသည် ယန်ယဲ့၏တိုက်ခိုက်မှုဧကရိယာမှ လွတ်မြောက်ကာ လေထဲတွင် ပေါလောပေါ်နေကာ အဝေးမှပြောလေ၏ “ဟုတ်ပြီ ဒီမင်းသမီးက မင်းနဲ့တိုက်ခိုက်ဖို့ကို မျှော်လင့်နေပြီ၊ မင်းလည်း ဒီမင်းသမီးကို စိတ်မပျက်ဖို့မျှော်လင့်ပါတယ်၊ ငါ နှစ်လနေရင်ပြန်လာမယ်”

All Chapters