ကျွန်တော့်ကိုအနိုင်ကျင့်ရဲရင် ကျင့်ကြည့်လိုက်
Vol. 62 Ch. 1228
ယန်ယဲ့စကားမဆုံခးင်မှာပင် ပေထင်းဟွမ်၏မျက်လုံးထဲမှ ဓားတစ်ချောင်း ပစ်လွှတ်လိုက်သည်ကိုမြင်လိုက်ရာ ယန်ယဲ့ပါးစပ်ပိတ်သွားပြီး ပေထင်းဟွမ် နှာမှုတ်သံကိုသာကြားရလေသည် “သူမအတွက် စိတ်မကောင်း ဖြစ်နေတာလား”
ယန်ယဲ့သည် ရုတ်တရက် ဆွံ့အသွားသည်။ ပေထင်းဟွမ် ဤသို့ဖြစ်သည် ကို ယန်ယဲ့တစ်ခါမှမမြင်ဖူးပေ။ သူ့ကို ယခုလိုမျက်နှာထားနှင့် မည်သူကမှ မဆက်ဆံရဲပေ။ မည်သူကမှ သူ့ကိုမေးခွန်းမထုတ်ရဲပေ။ သို့သော် ဤအခိုက်အတန့်တွင် ယန်ယဲ့၏နှလုံးသားသည် စမ်းချောင်းတွင် တိုက်ခတ် သည့်လေကဲ့သို့ပင် တိုးညင်းသောရယ်သံသည် ရင်ဘတ်ထဲမှ လှိုက်တက်လာ ပြီး ပေထင်းဟွမ်၏ဒေါသထွက်နေသောမျက်နှာကို သဘောခွေ့သည့် မျက်နှာ ထားဖြင့် ကြည့်လေသည် “ဟွမ်အာ သဝန်တိုနေတာလား”
“ဟင်း” ပေထင်းဟွမ်သည် သူ့အား ခက်ထန်စွာကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် အနည်းငယ်ရှက်သွေးဖြာသွားပြီး မျက်နှာလွှဲလိုက်လေသည်။ သူမသည် အနည်းငယ် ဇီဇာကြောင်တတ်သည်ကို ဝန်ခံရမည်ဆိုသော်လည်း ရစ်တတ်သူမဟုတ်ပေ။ “ကျွန်တော့်ကို အပြစ်တင်ရဲရင် အကန်ခံရဖို့ကိုသာ စောင့်နေတော့”
ပေထင်းဟွမ်သည် နဂိုက ရက်စက်သည့်စကားတချို့ကို ပြောရန်ပြင် ထားသော်လည်း မပြောရက်ပေ။ သူသည် နှစ်ပေါင်းထောင်ချီစောင့်ခဲ့ကာ သူမ အတွက်နှင့် ဝိညာဉ်များကို အကောင်းဆုံးစုစည်းကာ ပြန်လည်ဝင်စားရန် ပို့ပေး ခဲ့သည်။ အနာဂတ်တွင် သူမအတွက် ခံစားရမည်ကိုသိသော်လည်း ဝင်စားရန် ပြန်လာခဲ့သည်။
ပေထင်းဟွမ် ထိုသို့တွေးနေတုန်းမှာပင် ယန်ယဲ့သည် ပေထင်းဟွမ်အား တင်းကြပ်စွာပွေ့ဖက်လိုက်သည်။ ပေထင်းဟွမ် သူ့ကို အမှန်တကယ် ကန်ထုတ်တော့မည်အလား သူ၏အသံသည် အနည်းငယ်ဝမ်းနည်းနေသည် “ဟွမ်အာ အဲလိုစကားတွေမပြောပါနဲ့ အဲလိုနေ့ရှိလာမှာမဟုတ်ဘူး၊ ဘယ်တော့ မှမရှိဘူး၊ မင်းငယ်ငယ်တုန်းက အနောက်တောရိုင်းက ချယ်ရီပင်အောက်မှာ ရပ်နေခဲ့တာကိုမှတ်မိသေးတယ်၊ မင်း ငါ့ကိုပြောခဲ့တာလေ ငါ့မျက်လုံးတွေက အရမ်းလှတယ် မင်းကိုပေးနိုင်မလားလို့မေးခဲ့တာ အဲတုန်းက ငါတွေးခဲ့တယ် တစ်ဘဝပြီးတစ်ဘဝ ငါ ငါ့ရဲ့ဟွမ်အာလေးနဲ့အတူရှိချင်တယ်၊ သူမ နိုးလာတဲ့ နေ့ရက်တိုင်းမှာ ငါ့မျက်လုံးတွေကို မြင်စေရမယ်”
ပေထင်းဟွမ်၏လက်များသည် သူ့ကိုတင်းကြပ်စွာပွေ့ဖက်လိုက်ရာ ယန်ယဲ့၏လည်ပင်းမှာ အစ်ပြီး အသက်မရှူနိုင်လောက်အောင်ပင်။ သို့သော် ယန်ယဲ့သည် ဂရုမစိုက်ပေ။ သူ၏မျက်လုံးများသည် ပေထင်းဟွမ်၏မျက်နှာ ပေါ်သို့ကျရောက်နေပြီး သူမ၏လှုပ်ရှားမှုကိုကြည့်ကာ ယန်ယဲ့သည် သောက အရိပ်အယောင်ဖြစ်မိလေသည်။ သူသည် ပေထင်းဟွမ်အား ပွေ့ဖက်ကာ သူမ၏ နှုတ်ခမ်းများကို ညင်သာစွာအနမ်းခြွေလိုက်သည်။ အသံနေအသံထား သည် အတတ်နိုင်ဆုံး ပျော့ပြောင်းနေသည် “ဟွမ်အာ လွန်ခဲ့တဲ့နှစ်တစ်သောင်း ကအဖြစ်အပျက်ကို မပြောတော့ဘူး၊ ဒီဘဝမှာ ပြန်စကြမယ်နော် ဟုတ်ပြီလား”
မထင်မှတ်စွာပင် ပေထင်းဟွမ်သည် ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းလေ သည်။ ယန်ယဲ့ သူမ၏ဆိုလိုရင်းကို နားလည်မှုလွဲသွားသည်ကိုကြည့်ပြီး သူမ၏ မျက်လုံးထဲတွင် ဝမ်းနည်းသည့်အရိပ်အယောင်ဖြစ်ပေါ်သွားကာ အလျင်အမြန် ပင်ပြောလေသည် “ယန်ယဲ့ ကျွန်မက တာဝန်မဲ့တဲ့သူမဟုတ်ဘူး၊ လူကောင်း လည်းမဟုတ်ဘူး၊ အဲဒီဘဝမှာတုန်းက ဒီဘဝကိုမသိခဲ့တာအမှန်ပဲ၊ ဒါပေမဲ့ အခု ကျသိနေတယ်လေ၊ ကျွန်မကို ထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေကို မှတ်မိနေတုန်း ပဲ၊ ကျွန်မအသက်ရှင်နေတုန်းပဲ အဲတုန်းကအဖြစ်အပျက်ကို ဘယ်လိုလုပ် မဖြစ်ခဲ့သလို သဘောထားရမှာလဲ”
သူမသည် ယန်ယဲ့အား ပြုံးပြလိုက်သည်။ သူမ၏ဘဝအသစ်သည် လွန်ခဲ့ သည့်နှစ်တစ်သောင်းက အကြွေးဟောင်းများကို ဆပ်ရမည်ဆိုလျှင်တောင် သူမ ဂရုမစိုက်ပေ။ ယုံကြည်မှုအပြည့်နှင့်ပြောလေသည် “လွန်ခဲ့တဲ့နှစ်တစ်သောင်း က ကိစ္စတွေကိုမေ့ချင်ရင်တောင် အဲဘဝက ကျွန်မနဲ့မသက်ဆိုင်ရင်ကိစ္စမရှိဘူး၊ အဲလူတွေက ကျွန်မကို အလွတ်ပေးမှာမဟုတ်ဘူး၊ မင်၊ ရှောင်တင်းနဲ့ ကစဥ့်ကလျားနတ်အရင်းအမြစ်တို့က ကျွန်မကို ထပ်ပြီးရွေးချယ်ခဲ့တယ်၊ ကျွန်မ အဲဒီပစ္စည်းကောင်းတွေကို လက်ခံတုန်းက လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဘဝကိုပါ လက်ခံရတော့မယ်၊ ပြီးတော့ ယန်ယဲ့ ရှင်...”
ပေထင်းဟွမ်သည် ပြုံးပြီး ယန်ယဲ့၏မျက်နှာဆီသို့ မှီလိုက်သည်။ မျက်နှာ နှစ်ခုသည် ဖိကပ်နေပြီး တစ်ယောက်နှင့်တစ်ယောက်၏မျက်နှာမှ အပူချိန်ကို ခံစားမိလေသည် “ရှင့်ကိုမတွေ့ရရင်ကိစ္စမရှိဘူး၊ ပြီးတော့ ကျွန်မကလည်း ယောက်ျားလေးဆိုရင် ရုပ်ရည်၊ ကိုယ်လုံးကိုယ်ထည်၊ ခွန်အားကိုကြည့်တယ်၊ ပိုကောင်းတဲ့လူမတွေ့သရွေ့တော့ ရှင်နဲ့အတူရှိနေရမှာပဲ”
“မင်းက ငါနဲ့ အဆုံးသတ်ဖို့ကြိုးစားနေတာလား ဟင်” ယန်ယဲ့၏မျက်နှာ သည် ပုပ်သိုးသွားကာ အသံမှာလည်းတိုးဝင်သွားပြီး အလွန်ပင် ကြောက်စရာ ကောင်းလေသည်။