မီးတောက်မြို့၊ လှပပြီးလျှို့ဝှက်ဆန်းကြယ်သော
Vol. 62 Ch. 1229
သခင်လေ ၉ ပြောခဲ့သည်မှာ သခင့်အတွက် ပေးအပ်မည်ဟူ၍ပင်။ မည်သူကမှ သခင့်အား ထိုသို့မပြောရဲကြပေ။
သူတို့ဘေးမှကိုယ်ရံတော်လေယောက်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး ချွေးအေးများပြန်လာသည်။ သို့သော် ပေထင်းဟွမ်သည် ယန်ယဲ့၏ကြည်လင်သောရယ်သံကိုကြားပြီးနောက် ယန်ယဲ့အားတွန်းထုတ် ကာ ရင်ခွင်ထဲမှခုန်ထွက်ပြီး ယန်ချန်းဆီသို့ပြေးသွားလေသည်။
ယန်ချန်းသည် ကောင်းကင်နှင့်မြေကြီးရောင်ဝါအကြောင့်ဖြစ်ပေါ်လာ သော မြူခိုးအလွှာထဲတွင် တည်ထောက်ထားသည်။ ယန်ချန်းပတ်ပတ်လည် တွင် ပေါလောပေါ်နေသော မြူခိုးအလွှာကိုဖြတ်ပြီးနောက် ယန်ချန်းမြေပေါ်သို့ ရောက်နိုင်သည်။ ရှင်းယွဲ့နယ်မြေကို အဝေးမှပင် ခပ်ဝါးဝါးမြင်တွေ့ရပြီး ယန်ချန်းကို ပေသုံးထောင်အမြင့် ကောင်းကင်အထက်တွင် မြင်နိုင်သည်။
ရောင်ဝါသည် အားကောင်းလှပြီး အထူးကြီးမားသောတည်ဆောက်မှု ထဲတွင် ဖြစ်ပေါ်ဟန်တူကာ ပင့်သက်ရှုမောစေပြီး ခန္ဓာကိုယ်အတွင်းမှ ရွှေအမြုတေကို ပုံမှန်ထက် မြန်မြန်လည်ပတ်စေသလို သွေးကြောထဲမှ နတ်စွမ်းအားကိုလည်း ခပ်မြန်မြန်ပြေးစေသည်။
ဤနေရာသည် လေ့ကျင့်ရန် နေရာကောင်းတစ်ခုပင်။
မုချင်းလင်သည် ချုံချီတို့နှင့်လိုက်လာခဲ့သည်ကို သတိရသွားရာ ပေထင်းဟွမ်သည် ပတ်ပတ်လည်အားအော်ခေါ်လိုက်သည်နှင့် ချုံချီသည် အလျင်အမြန်ပင်ရောက်လာကာ ပေထင်းဟွမ်ရှေ့၌ ဦးခေါင်းညွှတ်လေသည် “သခင်မလေးကျို့ အမိန့်ပေးစရာရှိလား”
ပေထင်းဟွမ် ယခုလိုပုံစံဖြစ်နေသည်ကို လျစ်လျူရှုမိသည့်အတွက် ချုံချီ ကို ခွင့်လွှတ်ရန်တောင်းခံရတော့မည်။ မိန်းကလေးအသွင်အပြင်ထင်ရှားစွာ ရှိနေပါလျက်နှင့် သူ့ကို 'သခင်လေး ၉' ခေါ်ခိုင်းသည်မှာ ကသိကအောက်နိုင်လှ သည်။
သေချာပေါက်ပင် ချုံချီနှင့်တခြားသူများသည် ယန်ယဲ့၏ စာချုပ်သားရဲ များဖြစ်သည်ကိုသိသဖြင့် ပေထင်းဟွမ်သည် ဂရုမစိုက်ပေ။ သူမသည် တိုက်ရိုက်အမိန့်လည်းမပေးနိုင်ပေ။ သူမသည် အရင်ကအတူသွားအတူလာခဲ့ သည့် မိတ်ဆွေများကဲ့သို့ပင် သဘောထားကာ ပြောလိုက်သည် “အမိန့်မပေးပါ ဘူး၊ မေးရဦးမယ် လင်အာက မင်းတို့နဲ့အတူယန်ချန်းကိုလာခဲ့တာလေ အခု သူမ ဘယ်မှာလဲ”
ထိုအချိန်တွင် ယန်ချန်းအတွင်းမြို့သို့ လူအတော်အများရောက်နှင့်နေကြ ပြီဖြစ်ည်။ ချုံချီသည် လူသူရှင်းသောခြံဝန်းကိုညွှန်ပြကာ ပေထင်းဟွမ်အားပြော လေသည် “မိန်းကလေးမုချင်းလင်က ရောက်ကတည်က တံခါးပိတ်ကျင့်ကြံနေ ခဲ့တာ၊ ပြန်ထွက်မလာသေးဘူး၊ သူမ ထွက်လာဖို့ နှစ်လစောင့်ရမှာ”
မီးတောက်တစ်မြို့လုံး၏ အကျယ်အဝန်းကိုမသိနိုင်ပေ။ ယန်ချန်းမြို့၏ ကောင်းကင်ထက်၌ ရပ်ကြည့်လျှင်တောင် ၎င်း၏နယ်နိမိတ်ကို မြင်ရန်မဖြစ်နိုင် ပေ။ ပေါများသောရောင်ဝါတွင် နတ်မိစ္ဆာရောင်ဝါအရိပ်အယောင်ဖြင့် ရောယှက် လျက်ရှိသည်။ ရောင်ဝါမြူခိုးအလွှာကိုဖြတ်ပြီး တိမ်တိုက်ပင်လယ်နှင့် မြူခိုးထဲ တွင် မြင့်မားသောတောင်များကိုမြင်နိုင်ပြီး ကြီးမားသောအဆောက်အဦးနှင့် နန်းတော်များကို ထိုတောင်ထိပ်အလယ်တွင် တည်ဆောက်ထားသည်။
မြင့်မားပြီး စိမ်းစိုသောသစ်ပင်များ၊ မှိုလိုပေါက်နေသောပန်းပင်နှင့် သစ်ပင်များ၊ ကောင်းကင်ပေါ်မှ ကြယ်များသည် ရောင်ဝါအလွှာကို ရောင်ပြန် ဟပ်နေပြီး လမ်းပေါ်တွင်လျှောက်နေကြသည့်လူများသည် ဗုဒ္ဓဘုရားကျောင်း နှင့် နတ်ဘုံနတ်နန်းတွင်လျှောက်နေရသည်နှင့်တူလေသည်။
မီးတောက်မြို့သည် လှပပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ သို့သော် လူ အများကို အေးချမ်းသည့်ခံစားချက်မျိုးလည်း ပေးစွမ်းသသည်။
ယန်ယဲ့သည် သူမအနောက်မှလိုက်လာခဲ့သည်။ သူမသည် ပေထင်းဟွမ် ၏ ခါးကိုလက်ဖြင့်ပွေ့ဖက်ကာ ယန်ချန်းအား ညွှန်ကာ ပေထင်းဟွမ်အား ပြသ လေသည် “ဒီနေရာက မြစ်နဲ့ပိုင်းခြားထားတဲ့ မြို့အပြင်ပဲ၊ တောင်နဲ့နီးတဲ့ အတွင်းမြို့က နန်းတော်တစ်ခုမှာ ကိုယ်နေတယ်”
သူတို့သည် ထိုနန်းတော်ရှိရာသို့ ပျံသွားကြလေသည်။ ရောင်ဝါသည် အလွန်ဆွဲဆောင်မှုရှိလေသည်။ ပေထင်းဟွမ်ပင်လျှင် လမ်းလျှောက်ရန်ခက်ခဲ လေသည်။ သို့သော် အလောမကြီးဘဲ ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းပျံကာ ကြည့်သွားလေသည်။
ဤမြို့သည် ပင်မတိုက်ကြီးရှိ တခြားမြို့များထက်ကြီးသည်။ ပေထင်းဟွမ်မြင်ဖူးသော အကြီးဆုံးမြို့ ရှန်ယန်မြို့ပင်လျှင် မီးတောက်မြို့၏ တစ်ဝက်သာရှိလေသည်။ ယန်ချန်း၏ဇစ်မြစ်ကိုမသိသော်လည်း ပင်မတိုက်ကြီးဖြစ်တည်ကတည်းကပင် တည်ရှိလာသည်ဟုဆိုကြသည်။
ဤမြို့၏ နှစ်ပေါင်းထောင်ချီ ဆက်ခံမှုနှင့် ဖွံ့ဖြိုးမှုသည် ယနေ့မြို့ကို တည်ဆောက်လိုက်ခြင်းပင်။ ပထဝီဝင်တည်နေရာသည် အလွန်ထူးဆန်း သော်လည်း မြို့သည် လူများနှင့်ထူထပ်လျက်ရှိတုန်းပင်။ မြို့အပြင်တွင် ဆိုင် အများအပြားရှိသည်။ ညအချိန်၌ပင် လူများနှင့် စည်ကားလျက်ရှိသည်။ လမ်း တွင် လူနှင့်ယာဉ်များဖြင့် ပြည့်နှက်နေ၏။
ဟောသွန်းအသီးသကြားလုံးများ၊ သကြားရည်အရုပ်များနှင့် အမျိုးမျိုး သော ဆေးများ အမြုတေများရောင်းနေသည်ကို ပေထင်းဟွမ် မြင်တွေ့နေရ သည်။ ဟစ်ကြွေးသံများဆူညံနေကာ အသက်ဝင်လှသည်။