← Chapters

အချစ်က အကြောင်းတရားနဲ့သက်ရောက်မှုမဟုတ်ဘူး ကံတရားက သေခြင်းရှင်ခြင်းကိုသတ်မှတ်ပြီးသား

Vol. 62 Ch. 1230

အချစ်က အကြောင်းတရားနဲ့သက်ရောက်မှုမဟုတ်ဘူး ကံတရားက သေခြင်းရှင်ခြင်းကိုသတ်မှတ်ပြီးသား

Vol. 62 Ch. 1230

ပေထင်းဟွမ်၏မျက်လုံးများအရောင်လက်သွားသည်ကိုကြည့်ပြီး ယန်ယဲ့ သည် ရယ်စရာကောင်းသည်ဟုတေါးကာ သူမအား လူသူရှင်းသည့် တောင်ကြားသို့ဆွဲခေါ်သွားပြီး သူတို့နှစ်ယောက်သည် လက်ချင်းတွဲလျက် လျှောက်ကြလေသည် “လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဝိညာဉ်နတ်ဘုရားမျိုးနွယ် နဲ့စစ်ဖြစ်ခဲ့တယ် ပိုးသားကမ္ဘာပြိုကွဲရတဲ့အကြောင်းအရင်းနောက်တစ်ခုရှိသေး တယ်၊ မင်းချန်ထားခဲ့တဲ့ဟာကို ကိုယ် ကယ်ချင်လို့ပဲ၊ ဒီမှာဆိုရင် ၃၃ ကောင်းကင်ဘုံကလူတွေ ဆင်းသက်လာစရာအကြောင်းမရှိဘူး ကစဥ့်ကလျား နတ်အရင်းအမြစ် ဒါမှမဟုတ် မင်းရဲ့ လက်ပတ်တွေက ဒီမှာဆိုရင် လုံခြုံတယ်”

နတ်မိစ္ဆာဧကရာဇ်အဖြစ် သူ၏သရုပ်မှန်ကို ဝန်ခံသည်မှာ ယန်ယဲ့အတွက် ပထမဆုံးအကြိမ်ဖြစ်ကာ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူလုပ်ခဲ့သည်များကို ပေထင်းဟွမ်အားပြောပြလေသည်။

သူသည် ပေထင်းဟွမ်၏လက်ကိုဆွဲယူပြီး ယန်ချန်းအကြောင်း နည်းနည်း စီပြောပြနေသည် “ကစဥ့်ကလျားန်အရင်းအမြစ်၊ သိုလှောင်လက်စွပ်၊ မင်းရဲ့ လည်တိုင်က နီလာလည်ဆွဲတွေက မင်းနဲ့အတူရှိလာတာကြာပြီ၊ သူ့ဝိညာဉ်က အသုံးဝင်ဆုံးပဲ၊ ကိုယ် အဲဒီပစ္စည်းတွေကို ဒီမှာထားတုန်းက ဒီတိုက်ကြီးမှာ မီးတောက်မြို့ကို တည်ဆောက်ဖို့ ဒီမြေကိုရွေးချယ်ခဲ့တယ်၊ အကြီးအကဲကြီးက လွန်ခဲ့တဲ့နှစ်တစ်သောင်းကတည်းက ဒီမှာအစောင့်အရှောက်အဖြစ်ရှိခဲ့တာ၊ ငါ ဒီကို လွန်ခဲ့တဲ့ ၂၂ နှစ်ကရောက်ပြီး ဒီဘုံမှာခြေချခဲ့တယ်, နှစ်တစ်သောင်းကြာ ပြီးတဲ့နောက် ဟွမ်အာ မင်းက ကိုယ့်ကိုစိတ်မပျက်စေခဲ့ဘူး”

ယန်ချန်းသည် မီးတောက်ကန္တာရပေါ်တွင်တည်ရှိသော်လည်း ရာသီလေး ပါးမရှိပေ။ ရာသီလေးပါးလုံးသည် နွေဦးကဲ့သို့ဖြစ်ပြီး ညအချိန်တွင် အနည်းငယ် အေးသည်။ ပေထင်းဟွမ်သည် အနီရောင်အမွေးပွ အပေါ်ဝတ်နှင့်စကတ်၊ အရောင်တူ နူးညံ့သောဖိနပ်များကို လဲလှယ်လိုက်သည်။ သူမ၏ ရှည်လျား သော ဆံပင်နက်နက်များကို အနီရောင်ဖဲပြားဖြင့်ထုံးချည်ထားပြီး တင်ပါးအထိ ရောက်အောင် ဆံပင်ချထားသည်။ နဖူးတွင် ဖဲပြားအနီကလေးချည်ထားပြီး နဖူးပေါ်မှ မီးတောက်နှစ်ခုသည် သူမအား နတ်သမီးတစ်ပါးသဖွယ်ထင်ဟပ်စေ သည်။

သာမန်အမျိုးသားသဖွယ် ဝတ်ဆင်ထားသော ယန်ယဲ့သည် မျက်နှာတွင် မျက်နှာဖုံးဝတ်ဆင်ထားပြီး မိန်းကလေးတစ်ဦး၏လက်ကိုကိုင်ကာ မီးတောက် မြို့၏လမ်းမအထက်တွင် သာမန်စုံတွဲကဲ့သို့ပင်လျှောက်လေသည်။

“အစ်ကိုကြီး ပီအန်းပန်ဝယ်မလား၊ ပီအန်း(နှင်းပင့်ကူ)ပန်းက ယန်ချန်းမြို့ရဲ့ပန်းပါ၊ မြို့စားရဲ့အကြိုက်ဆုံးပန်းလို့လည်းပြောကြတယ်”

နှင်းဆီပန်းရောင်းသည်ကို ကြားဖူးသော်လည်း ပီအန်းပန်းရောင်းသည်ကို မကြားဖူးပေ။ ပေထင်းဟွမ်နှင့် ယန်ယဲ့တို့သည် ပန်းခြင်းကိုင်ထားသည့် မိန်းကလေးလာရပ်သောအခါ ခြေလှမ်းများရပ်လိုက်ကြသည်။ မိန်းကလေး၏ ပန်းခြင်းထဲတွင် နေရောင်ကဲ့သို့နီရဲသော ပီအန်းပန်းများအပြည့်နှင့်ပင်။ တစ်ပွင့် ချင်းစီမှာ ညမြူခိုးနှင့်မိုးတို့ဖြင့် ဖုံးအုပ်ထားသည်။ နူးညံ့ပြီး မက်မောဖွယ်ရာ အတိပင်။ ညဈေးလမ်းမများတွင် လျှောက်လျှင်တောင် တစ်ချက်ကြည့် ပြီးနောက် အကြည့်မလွှဲချင်လောက်အောင်ဖြစ်စေသည်။

ပေထင်းဟွမ်၏ဝတ်ရုံပေါ်တွင် ပီအန်းပန်းကို ချည်ထိုးထားသည်ကို ကြည့်လျှင် ပေထင်းဟွမ်သည် ဤပန်းကိုအလွန်နှစ်သက်သည်ကိုမြင်နိုင်သည်။ ဤပန်းသည် ဝမ်ချွမ်းမြစ်ကမ်းဘေးတွင် ပေါက်သည်ဟုဆိုကြသည်။ နတ်ဆိုး ၏ နူးညံ့မှုပိုင်ဆိုင်သည်။ တောက်ပပြီး သွေးကဲ့သို့နီရဲသည်။ လူတစ်ယောက်၏ အရင်ဘဝမှတ်ဉာဏ်ကို လှုံ့ဆော်စေသည်။

အချစ်သည် သာမန်ကာလျှံကာမဟုတ်ပေ။ သေဆုံးခြင်းမှာ ကံတရားပါ လာသည်။

ပေထင်းဟွမ် ပီအန်းပန်းများကိုကြည့်နေချိန်တွင် ယန်ယဲ့၏မျက်လုံးများ သည် ပေထင်းဟွမ်၏မျက်နှာပေါ်ကျရောက်လျက်ရှိသည်။ သူမသည် ပန်းများ ကို စိုက်ကြည့်နေပြီး မည်သည့်အတွေးများ တွေးနေသည်ကိုမသိနိုင်ပေ။ ယန်ယဲ့၏လက်သည် ပေထင်းဟွမ်၏လက်ကိုဆုပ်ကိုင်လိုက်ကာ သူမ၏နားထဲ သို့ တိုးညင်းစွာမေးလေသည် “ကြိုက်လား”

“ကြိုက်တယ်” ပေထင်းဟွမ်သည် ခေါင်းညိတ်ပြီး လှည့်ကာ ယန်ယဲ့၏ လက်မောင်းကိုပွေ့ဖက်ကာ သူ၏ပခုံးပေါ်သို့ ခေါင်းကိုမှီပြီး သူမ၏ဦးဆောင်း ဖြင့် နူးညံ့စွာပွတ်သပ်လေသည် “ဝယ်ပေးချင်လား”

ပေထင်းဟွမ်ဤကဲ့သို့ မိန်းကလေးဆန်ဆန်ချစ်စရာကောင်းအောင်လုပ် သည်မှာ ရှားပါးသည်။ ယန်ယဲ့သည် လက်ဆန့်ထုတ်ပြီး ပေထင်းဟွမ်အား ပွေ့ဖက်ကာ သူမ၏ဆံနွယ်များကို ရှူရှိုက်သွင်းလိုက်သည်။ ထို့နောက် သူမကို လွှတ်ကာ ပတ္တမြားများကိုထုတ်ကာ မိန်းကလေးငယ်၏ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်ပြီး ပန်းများကို လက်တစ်ဆုပ်နှိုက်ကာ ပေထင်းဟွမ်အား ပေး လိုက်၏။

သူသည် ပေထင်းဟွမ်ရှေ့သို့လက်နှစ်ဖက်ဖြင့် ပေးရာ ပေထင်းဟွမ်သည် ခေါင်းမော့ပြီး ယန်ယဲ့၏မျက်လုံးများကိုကြည့်လေသည်။ သူ၏မျက်လုံးထဲတွင် ကြယ်များရောင်ပြန်ဟပ်နေပြီး တစ်ချက်ကြည့်ရုံနှင့်တင် အလွန်လှပကာ အံ့ဩ စရာကောင်းပြီး စွဲမက်စရာကောင်းလေသည်။

All Chapters