နမ်းချင်ပေမဲ့ မနမ်းရဲဘူး
Vol. 62 Ch. 1231
တူညီစွာပင် ယန်ယဲ့သည် ပေထင်းဟွမ်၏မျက်လုံးများကို စိုက်ကြည့်နေမိ သည်။ မျက်လုံးနက်နက်များသည် အဆုံးမရှိသောညနှင့်တူပြီး ဆောင်းတွင်း ညဘက်ကြယ်များကဲ့သို့ တောက်ပနေသည်။ သူ၏ပုံရိပ်သည် သူမ၏မျက်လုံး ထဲတွင်ရောင်ပြန်ဟပ်နေပြီး မေတ္တာအပြည့်နှင့် အနက်ရှိုင်းဆုံးအပိုင်းတွင် ထင်ဟပ်နေသည်။ ထိုအကြည့်သည် သူအရင်ကမမြင်ဖူးသည့်အကြည့်မျိုးဖြစ် ပြီး ယန်ယဲ့၏နှလုံးသားသည် ရေစီးနေသကဲ့သို့နူးညံ့ပြီး ပေထင်းဟွမ်အား ရင်ခွင်ထဲပွေ့ဖက်ပြီး အသက်ပြင်းပြင်းရှူကာ နမ်းရှိုက်ချင်မိသော်လည်း မလုပ်ရဲပေ။
မိန်းကလေးသည် ယန်ယဲ့အား ပတ္တမြားများပြန်အမ်းရန်စောင့်နေသော် လည်း သူမစကားပြောမည့်အချိန်တွင် ယန်ယဲ့သည် အကြည်စိုက်နေကာ အနှောင့်အယှက်မခံချင်မှန်းသိသာနေသဖြင့် မိန်းမငယ်လေးသည် ပတ္တမြားများ ကို အလျင်အမြန်ဆုပ်ကိုင်ကာ ထွက်ပြေးသွားလေသည်။
ပတ္တမြားတစ်တုံးရလာခဲ့၏။ ယနေ့တော့ ဝယ်သူအကြီးကြီးနှင့်တွေ့ခဲ့ သည်။ မိန်းကလေးငယ်သည် ထောင့်တစ်ခုသို့ပြေးသွားပြီး ရင်ခုန်စွာနှင့် ပတ္တမြားအား လက်ချောင်းများကြားမှ ခိုးကြည့်မိသည်။
သူမသည် အလုခံရမည်ကိုမကြောက်ပေ။ ယန်ချန်းတွင် တရားမဝင်သော ပြစ်မှုများကျူးလွန်ပါက အနည်းဆုံးမြို့မှနှင်ထုတ်ခံရမည်ဖြစ်ပြီး အဆိုးဆုံး အနေနှင့် အာဏာပါးကွက်သားများ၏ ကွပ်မျက်ခြင်းကိုခံရမည်။
မည်သူမှ မီးတောက်မြို့မှ ထွက်မသွားချင်ကြပေ။ ၎င်းတွင် တိုက်ကြီး တစ်ခုလုံးမှ အားအကောင်းဆုံးသားရဲနှင့် ရောင်ဝါပြည့်ဝသော ပတ်ဝန်းကျင်ရှိ သည်။ ဤနေရာတွင် ယဉ်ပါးသောသားရဲ၊ နတ်လက်နက် သို့မဟုတ် နတ်ဘုရား အဆင့်ဆေးဖြစ်စေ ငွေကြေးနှင့် အားလုံးကိုဝယ်ယူနိုင်သည်။ ဤနေရာတွင် နေထိုင်ရခြင်းသည် အမြင့်ဆုံးသန်မာမှုကိုရစေသည်။ ထို့ကြောင့် ယန်ချန်းတွင် မွေးဖွားကြီးပြင်းသူများသည် မထွက်သွားချင်ကြပေ။
သေချာပေါက်ပင် အပြင်လူများကိုလည်း ဝင်ခွင့်မပေးပေ။ နှစ်ပေါင်း ထောင်ချီအတွင်းတွင် ပေထင်းဟွမ်သည် ယန်ချန်းသို့ဝင်ခွင့်ပေးသည့် ပထမဆုံး အပြင်လူဖြစ်သည်။
“ပတ္တမြားတစ်တုံး ကောင်းလိုက်တာ၊ ဒါဆို ငါ ထိန်းကျောင်းပြီးသား သားရဲဝယ်လို့ရပြီ၊ အခုကစပြီး ငါ သားရဲတွေဖမ်းမယ် ဆေးပင်တွေစုမယ်၊ အဲလိုဆိုရင် ဝင်ငွေပိုများလာမှာပဲ” ရှောင်ရှောင်သည် ၁၀ နှစ်အရွယ်သာရှိသေး သော်လည်း သတ္တိရှိသည်။ ထိုသတ္တိသည် ယန်ချန်းမြို့မှလူများ၏ သတ္တိပင်။
သေချာပေါက်ပင် ပေထင်းဟွမ်သည် ထိုအကြောင်းများကိုမသိပေ။ နှစ် ယောက်သည် လမ်းအလယ်တွင်ရပ်ပြီး တစ်ယောက်နှင့်တစ်ယောက် စကား မပြောကြဘဲ ပွေ့ဖက်မိကြ၏။ သို့သော် နှစ်လအကြာ ယန်ချန်းတွင် ကျင်းပ မည့်ပွဲနှင့်ပတ်သက်၍ စိတ်လှုပ်ရှားလျက်ရှိကြသည်။
သို့သော် ဤကဲ့သို့အတူရှိနေချိန်သည် ရှားပါးလှသည်။ ယန်ယဲ့သည် နောက်နှစ်လတွင် မည်သို့ဖြစ်မည်ကို ဦးစွာပြောမည်မဟုတ်သလို ပေထင်းဟွမ် လည်းမမေးပေ။ ပေထင်းဟွမ်သည် ယန်ယဲ့ပေးထားသော ပီအန်းပန်းကို လက်ထဲတွင်ကိုင်ကာ နောက်တစ်ဖက်ဖြင့် ယန်ယဲ့၏လက်ကိုဆွဲထားကာ စည်ကားသောဈေးတွင် လျှောက်ကြလေသည်။
“ရှေ့မှာစားသောက်ဆိုင်တစ်ခုရှိတယ်၊ အဲဒီကဟင်းတွေကမဆိုးဘူးလို့ ချုံချီတို့ပြောဖူးတယ်၊ စားချင်လား” ယန်ယဲ့သည် အကြီးဆုံးစားသောက်ဆိုင် ထဲမှ တစ်ဆိုင်ဖြစ်သည့် 'ယန်ယင်းစားသောက်ဆိုင်' ကိုညွှန်ပြလေသည်။
“ဟုတ်ပြီလေ” ပေထင်းဟွမ်သည် ယန်ယဲ့နှင့် အချိန်ကုန်ဆုံးရသည်ကို ပျော်မွေ့သည်။ မည်သည့်ဖိအားမှမရှိ၊ အလွန်ပင်စိတ်အေးလက်အေးနိုင်သည်။ သူ၏ရနံ့သည်အလွန်ကောင်းသည်။ ထို့ကြောင့်ပင် သူနှင့်အတူရှိနေချိန်တွင် မသိလိုက်ခင်မှာပင် သူ့ကိုမှီခိုမိသည်။ ယခုအချိန်တွင် မိုးပြိုလျှင်တောင် သူမ စိုးရိမ်မိမည်မဟုတ်ပေ။
ချုံချီတို့လေးယောက်သည် သူတို့နှစ်ယောက်နှင့် ခွာကာနောက်မှလိုက် လာကြသည်။ ယန်ယဲ့၏စကားများကိုကြားပြီးနောက် ချုံချီသည် ရှေ့မှကြိုသွား ကာ စတုတ္ထအထပ်မှ အကောင်းဆုံးသီးသန့်ခန်းကို ကြိုမှာလေသည်။
ဤတည်းခိုဆောင်ကို မည်သူဖွင့်လှစ်ထားသည်ကိုတော့ မသိပေ။ စတုတ္ထအထပ်မှ အပြင်အဆင်သည် လုံးဝကွဲပြားသည်။ အနောက်တိုင်းစတိုင်၊ တရုတ်စတိုင်၊ ခေတ်သစ်စတိုင်နှင့် ထူးခြားသောစတိုင်အမျိုးမျိုးရှိလေသည်။ ဤအကောင်းဆုံးအခန်းမှာ တရုတ်စတိုင်ဖြစ်သည်။ သစ်တော်သီးသား၊ မက်မန်းသား၊ သစ်ခွသား၊ ဝါးသားနှင့် ထင်းရှူးသားပရိဘောဂဟူ၍ သီးသန့် အခန်းတွင် ခွဲထည့်ထားသည်မှာ ခံစားချက်ပါလှသည်။
အစားအသောက်နှင့်သေရည်များချပေးရာ အားလုံးနီးပါးသည် ပေထင်းဟွမ်၏ အကြိုက်များဖြစ်လေသည်။ သူမသည် ညအရှင်အိမ်တော်၌ အနည်းငယ်သာစားဖူးသော်လည်း သူမ အကြိုက်နှင့်ကိုက်ညီသည် မကိုက်ညီ သည်ကို ယန်ယဲ့မှတ်ထားကာ သူမ၏အကြိုက်အတိုင်း မှာထားခြင်းပင်။