← Chapters

ပြန်ခေါ်သွားပေး

Vol. 62 Ch. 1232

ပြန်ခေါ်သွားပေး

Vol. 62 Ch. 1232

သေရည်သည် အကောင်းဆုံးဝိညာဉ်သေရည်ဖြစ်သည်။

ယန်ယဲ့သည် သူမအား သေရည်ခွက်ကိုငှဲ့ပေးပြီး တောက်ပသောမျက်လုံး တစ်စုံနှင့် မျက်စိရှေ့မှမိန်းကလေး ပျော်ရွှင်စွာစားသောက်သည်ကို စိုက်ကြည့် နေလေသည်။ သူသည် ပေထင်းဟွမ်၏ ကျောပြင်ကို လက်ဖြင့်ညင်သာစွာ ပုတ်ပေးပြီး ပြတင်းပေါက်မှတစ်ဆင့် တောက်ပသောလကိုကြည့်နေ၏။

လပြည့်ရန် နှစ်ရက်လိုသေးသော်လည်း လသည်လုံးဝန်းနေသည်။ ယခု အချိန်မှစပြီး လဆီမှ နာကျင်မှုမရှိတော့သလို နှစ်လအတွင်းတွင် လပြည့် ကပ်ဘေးလည်း ပြီးဆုံးတော့မည်ဖြစ်ရာ ဖြစ်နိုင်သည်မှာ..

ယန်ယဲ့ပင်လျှင် ဤအချိန်တွင် ထိုအကြောင်းများကို မတွေးရဲပေ။

ထိုအချိန်တွင် ခေါင်မိုး၌ထိုင်နေကြသည့် ကိုယ်ရံတော်လေးယောက်သည် မျက်လုံးလေးစုံဖြင့် ကောင်းကင်ပေါ်မှ ပြည့်လုဆဲဆဲလကို ကြည့်နေကြသည်။ လပြည့်ညရောက်ရန် နှစ်ရက်သာလိုတော့သည်။ နှစ်ပေါင်းထောင်ချီအတွင်း တွင် သူတို့သည် ဧကရီပြန်လာမည့်အရေးကို မျှော်လင့်နေကြကာ လပြည့်ည၏ ရူးသွပ်မှုဒဏ်မှ သခင်ဖြစ်သူလွတ်မြောက်ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် ယခုအခါ ပြီးဆုံးတော့မည်ဖြစ်သည်။ လသည် နာကျင်စေသော်လည်း သူတို့၏ သခင်အသက်ရှင်သေးသည်ဆိုသည့် အဓိပ္ပာယ်ဟုခံစားရသည်။

လစွဲလမ်းမှုနာကျင်ခြင်းမရှိလျှင် လာမည့်ကပ်ဘေးကို ခံနိုင်ရည်ရှိမည် လား။

သခင်သည် အပြည့်အဝပြင်ဆင်ထားလျှင်တောင် နတ်ဘုရား၏ အပြစ်ပေးမှုသည် ခံနိုင်ရန်မလွယ်လှပေ။

လေထုသည် အနည်းငယ်ထိုင်းမှိုင်းနေသလိုပင်။ သူတို့လေးယောက် သည် တစ်ယောက်နှင့်တစ်ယောက်၏အတွေးများကို သိကြသည်။ ချုံချီသည် အသက်ကိုပြင်းပြင်းရှူကာ ခေါင်မိုးပေါ်တွင်လှဲချပြီး လက်ကိုခေါင်းအောက်ခု ကာ ကျန်သုံးယောက်ကိုမေးလေသည် “သခင် တကယ်ပဲ ရောက်နိုင်မယ်လို့ ထင်ထား၊ အဲဒီအဆင့်ရောဘယ်လိုဖြစ်မှာလဲ”

“မသိဘူးလေ” ပိုင်ဇီသည် ရိုးရှင်းစွာပင် ပြန်ဖြေလေသည် “ဘယ်လိုပဲ ဖြစ်ဖြစ် ငါတော့ သခင်နဲ့စာချုပ်ကို ရပ်မပစ်ဘူး၊ စာချုပ်မရှိတော့ရင်တောင် သခင့်နောက်ကိုလိုက်နေဦးမှာပဲ”

“သခင်က ဒီအကြောင်းတွေ ဧကရီကို ဘာလို့မပြောပြတာလဲဆိုတာ နားမလည်ဘူး၊ ဧကရီက သခင့်ကိုမေတ္တာရှိနေပြီပဲ သူမကိုပြောပြတာဘာမှား လို့လဲ” ရွှမ်ဝူပြောလေသည်။

ပီဖန်းသည် မတ်မတ်ထိုင်ကာ ကောင်းကင်မှလပြည့်ကိုကြည့်နေသည် “သခင်က ဝိညာဉ်နတ်ဘုရားတွေလိုမျိုး မစက်ဆုပ်ချင်လို့နေမှာပေါ့၊ အဲဒါကြောင့် ဧကရီကိုပြောဖို့ထက် ကောင်းကင်ရဲ့အပြစ်ပေးတာကိုခံတာ၊ ဧကရီတွေးမယ့်ဟာကို ကြောက်နေလို့ဖြစ်မယ်”

ချုံချီနားလည်သည်။ သို့သော် သူ မခံနိုင်ပေ “သွေးစာချုပ်က ဖျက်ဖို့ လွယ်မှာတဲ့လား၊ သခင်က သွေးစာချုပ်ကို အတင်းဖျက်ချင်ရင်တောင် ကောင်းကင်ရဲ့အပြစ်ပေးမှုကို ခံစားရုံတင်ဆို တော်သေးတယ်၊ ခန္ဓာကိုယ်ထဲက နတ်မိစ္ဆာဝိညာဉ်စွမ်းအားကို ချိတ်ပိတ်တာ အရိုးနဲ့အကြောတွေကျိုးတဲ့နာကျင် မှုကို နေ့တိုင်းခံရတာမပြောနဲ့ ဝိညာဉ်ကိုနတ်မီးနဲ့ကင်ခံရသလိုမျိုးဖြစ်နေတာ၊ ဝိညာဉ်ပျက်စီးပြီး အရူးဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ”

“အဲဒါဖြစ်နိုင်မယ်လို့ထင်လား” ပီဖန်းသည် ဒေါသဖြင့်ပြောလေ၏ “သခင် အရူးဖြစ်သွားမယ်လို့ထင်လား၊ သူက ဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိဘူးလား”

“အရိုးနဲ့အကြောတွေကျိုးတဲ့ နာကျင်မှုကို နေ့တိုင်းခံနေရတာမျိုး ဘယ်သူမှ မခံနိုင်ဘူး” ထိုပြစ်မှုကိုစဉ်းစားလိုက်သည်နှင့် ရွှမ်ဝူသည် တစ်ကိုယ် လုံးတွင် နာကျင်မှုကိုခံစားမိလေသည် “မခံနိုင်လောက်ဘူးထင်တယ်”

ခေါင်မိုးပေါမှလေးယောက်သည် ဝိညာဉ်အသံကိုအသုံးပြုကာ ဆက်သွယ် နေကြသည်။

သေချာပေါက် ပေထင်းဟွမ်မသိပေ။ သူမသည် အရသာရှိသော အစား အသောက်နှင့် သေရည်များကို မစားရသည်မှာကြာပြီဖြစ်ရာ သေရည်နှင့် အစားအသောက်များစားပြီးနောက် အနည်းငယ်ထွေနေသည်။ သူတို့နှစ်ယောက် စားသောက်ဆိုင်မှထွက်ချိန်တွင် ရီဝေနေသည့်မျက်လုံးများ ဖြင့် ယန်ယဲ့ဆီသို့ လက်ဆန့်ထုတ်လိုက်သည် “ကျွန်မကိုပြန်ခေါ်သွားပေး”

“ကောင်းတယ်”

ဘာမှမပြောတော့ဘဲ ယန်ယဲ့သည် သူမရှေ့တွင် ဆောင့်ကြောင့်ထိုင် လိုက်ရာ ပေထင်းဟွမ်သည် သူ၏ကျောပြင်ပေါ်သို့တက်လိုက်သည်။ သေရည် အနံ့နှင့် ကြာပန်းမြစ်အနံ့တို့ရောယှက်နေသည့် ထူးခြားသည့်အမျိုးသားတစ် ယောက်၏အနံ့သည် သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ သူမသည် ယန်ယဲ့၏လည်ပင်းနှင့် မျက်နှာကိုပွတ်လိုက်ကာ သက်သာမှုကိုခံစားရပြီး မျက်လုံးများကို မှိတ်ကာ ပြောလေသည် “ယန်ယဲ့ ရှင်သိလား၊ ကျွန်မအရင်ဘဝ ကို ကောင်းကောင်းကြီးမှတ်မိတယ်၊ ဒီဘဝနဲ့မတူတဲ့ ကွာခြားတဲ့ကမ္ဘာကြီးလေ၊ အဲဒီကမ္ဘာမှာ ကျွန်မက ကြေးစားပဲ အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်၊ ကျွန်မကို ဟွမ်လို့ခေါ်ကြတယ်၊ ကျွန်မကဘုရင်တစ်ပါးပဲ၊ ဒါပေမဲ့ မကောင်းတာ တစ်ခုရှိတယ်...”

All Chapters