ဟွမ်အာ၊ ယုံကြည်ချက်ရှိတာ အကန့်အသတ်ရှိတယ်
Vol. 62 Ch. 1233
“ဘာဖြစ်လို့လဲ” ယန်ယဲ့သည် ရှေ့သို့တစ်လှမ်းချင်းတိုးသွားလေသည်။ ညမှာမှောင်နေပြီဖြစ်ရာ လမ်းပေါ်တွင် လူများမရှိတော့ဘဲ အနည်းငယ်သာ ကျန်တော့ကာ အားလုံးအိမ်ပြန်နေကြပြီဖြစ်သည်။ လမ်းပေါ်တွင် အေးစက် သော လရောင်မှာ ယန်ယဲ့နှင့်ပေထင်းဟွမ်တို့ပေါ်သို့ ကျရောက်နေပြီဖြစ်သည်။ ယန်ယဲ့သည် ဖြည်းဖြည်းချင်းလျှောက်သွားလေသည် “အရမ်း.. စိတ်လှုပ်ရှား စရာမကောင်းဘူးလား၊ အဲဒါကြောင့် ဒီကိုမလာတာ”
ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် သိုလှောင်လက်စွပ်တို့သည် သူမ၏ ဝိညာဉ်ကို ဆွဲဆောင်နေခြင်းပင်။
သူသည် သူမ၏ဘဝကို စီမံခဲ့သည်။
ယန်ယဲ့သည် စိတ်ထဲတွင် အနည်းငယ်မအေးနိုငဖြစ်နေသည်။ သူသည် အမြဲတမ်းစိုးရိမ်ခဲ့သော်လည်း သူမကို ရှင်းရှင်းလင်းလင်းပြောရမည့် တချို့ကိစ္စ များလည်းရှိနေသည်။ သူမသာ သူ့ကို ခွင့်မလွှတ်နိုင်လျှင် သူမခွင့်လွှတ်နိုင်မည့် အချိန်ကို စောင့်မည်။
“မဟုတ်ဘူး” ပေထင်းဟွမ်၏ အသက်ရှူသံသည် ယန်ယဲ့၏လည်တိုင်သို့ ပက်ဖြန်းလိုက်ပြီး တောင့်တင်းနေမှုမှ ထုံထိုင်းစေပြီး ပူလောင်မှုသည် ဝမ်းဗိုက် အောက်ပိုင်းမှတက်လာကာ ခြေထောက်နှင့်ပင် ငြိမ်ငြိမ်မရပ်နိုင်လောက် အောင် ဖြစ်စေသည်။ ပေထင်းဟွမ်၏အသံသည် နားထဲသို့ တိုးညင်းစွာဝင်လာ သည်ကို ကြားလိုက်ရသည် “ကျွန်မအရင်ဘဝမှာ ရဲဘော်ရဲဘက်တွေပဲရှိတယ်၊ ဆွေမျိုးမရှိ သဘောကျတဲ့သူမရှိ၊ ယန်ယဲ့ ရှင်လည်းမရှိခဲ့ဘူး”
အတန်ကြာသည်အထိ ယန်ယဲ့စကားမပြောနိုင်ပေ။ သူမသည် စကားပြောပြီးနောက် ငြိမ်ကျသွားကာ အသက်ကိုမျှဉ်းရှူနေရာ သူသည် မိန်းကလေးကို ချီလိုက်သည်။ သူမသည် စိတ်ထဲတွင်ရှိသည့်အရာများကို ပြော သွားသည်မှာ ထင်ရှားသည်။ ထို့နောက် သူ၏ဘေးတွင်ရှိသဖြင့် အလွန် အေးချမ်းစွာ အိပ်မောကျပြီး အိပ်မက်ကမ္ဘာထဲရောက်သွားလေသည်။
ယန်ယဲ့သည် ပေထင်းဟွမ်အား ပွေ့ချီလိုက်ရာ ပေထင်းဟွမ်သည် သူ၏ လည်ပင်းကို ပြန်သိုင်းဖက်လေသည်။ မျက်လုံးကိုတင်းကြပ်စွာပိတ်ထားပြီး နှုတ်ခမ်းတွင် အပြုံးရှိနေသည့်မိန်းကလေးကိုကြည့်ပြီး မသိလိုက်ခင်မှာပင် မျက်လုံးမှာစိုစွတ်လာသည်။ သူသည် ခေါင်းငုံ့ကာ ပေထင်းဟွမ်၏နှုတ်ခမ်းကို နူးညံ့စွာအနမ်းပေးလိုက်သည်။ သေရည်၏အနည်းငယ် ပူစပ်သောအနံ့နှင့် သူမ ၏နှုတ်ခမ်းအရသာတို့သည် သူ၏လျှာဖျားထိပ်သို့ပါလာသည်မှာ ပန်းပွင့်နေ သလိုပင်။ ဤခံစားချက်သည် ယန်ယဲ့သည် သူမ၏မူးယစ်မှုနောက်သို့လိုက်လေ သည်။
“ဟွမ်အာ ဒီနေ့ မင်းရဲ့မျက်လုံးထဲမှာ ငါ့ကိုမြင်နိုင်တယ်ဆိုတာတွေ့ရ တယ် ကိုယ်က မင်းရင်ထဲမှာရှိရုံနဲ့တင်လုံလောက်ပါတယ်” ယန်ယဲ့သည် မိန်းကလေးအား တင်းကြပ်စွာပွေ့ဖက်လိုက်သည် “နှစ်လနေရင် ဘာတွေပဲဖြစ် ဖြစ်၊ မကြောက်နဲ့နော် ကိုယ်ရှိနေရင် ကြောက်ဖို့မလိုဘူး၊ လွန်ခဲ့တဲ့နှစ်တစ် သောင်းက မင်းကတိပေးခဲ့တဲ့ မင်္ဂလာဖယောင်းတိုင်ကို ပြန်မယူခဲ့ရဘူး၊ ငါ အဲဒါကိုလည်း လက်လွှတ်မှာမဟုတ်ဘူး”
ယန်ယဲ့သည် ပေထင်းဟွမ်အားပွေ့ဖက်ပြီး ခြေဖျားထောက်ကာ နန်းတော်ဆီသို့ ကြယ်ကြွေသွားသည့်အလား ပျံသွားလေသည်။
အရက်နာကျခြင်းသည် ဆိုးဝါးလွန်းသည်။ သူမသည် သေရည်ကို တစ်ခါမှ ဤမျှမသောက်ဖူးပေ။ သူမအရင်ဘဝအလုပ်အကိုင်သည် တစ်ချိန်လုံး သတိချပ်စေသည်။ ခွက်တစ်ခွက်နှင့် သူမ၏အသက်ကို မလဲနိုင်ပေ။ ဤဘဝ တွင် အသက်ရှင်ရသည်မှာ ပို၍ခက်ခဲသည်။ ညအရှင်အိမ်တော်မှလွဲပြီး သူသည် သေရည်ကို နည်းနည်းမှမထိခဲ့ပေ။
“ဟင်း”
ပေထင်းဟွမ်သည် တိုးညင်းစွာညည်းညူလိုက်သည်။ ထို့နောက် ယန်ယဲ့ ၏ လက်မောင်းကို ခေါင်းအုံးလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ပါးလွှာ သောညဝတ်များကိုဝတ်ဆင်ထားရာ အဝတ်အစားများမှတစ်ဆင့် တစ်ယောက် နှင့်တစ်ယောက်၏ အပူချိန်မှာ ကူးပြောင်းနေလေသည်။ ခံစားချက်သည် ထူးဆန်းသော်လည်း စွဲမက်စရာကောင်းနေသည်။ ပေထင်းဟွမ်သည် ယန်ယဲ့ ၏ ခန္ဓာကိုယ်ကို အလိုလိုပူးကပ်လျက်သားပင်။ သူမ၏ခြေထောက်များကို တင် ထားရာ ပူလောင်ပြီး မာကျောသောအရာနှင့် ထိမိလေသည်။
“ရွှတ်”
ယန်ယဲ့သည် စူးရှစွာလေကိုရှူသွင်းလိုက်သည်။ အလိုအလျောက်ပင် သူသည် ပေထင်းဟွမ်၏ခြေထောက်ကိုဆုပ်ကိုင်ကာ သူ၏ကိုယ်ပိုင်နေရာနှင့် ရှောင်နိုင်ရန် တွန်းလိုက်သည်။ မသိလိုက်ခင်မှာပင် ကောင်မလေးသည် သူ့အား ရှုပ်ထွေးသော်လည်း ကျီစယ်သောမျက်လုံးများဖြင့် ကြည့်နေလေသည်။ ယန်ယဲ့သည် သဘောကျသလိုခံစားရသော်လည်း မျက်နှာမှာ နီရဲလာကာ ဒေါသဖြင့်ပြောလေသည် “ဟွမ်အာ မင်း ယုံကြည်မှုရှိနေရင်လည်း အကန့်အသတ်ဆိုတာရှိသေးတယ်”