← Chapters

မင်းကို ပထမဆုံးအကြိမ် လက်ကမ်းပေးရလည်း ကိစ္စမရှိဘူး

Vol. 62 Ch. 1234

မင်းကို ပထမဆုံးအကြိမ် လက်ကမ်းပေးရလည်း ကိစ္စမရှိဘူး

Vol. 62 Ch. 1234

ယန်ယဲ့သည် ကိုယ်ကိုကိုင်းလိုက်ပြီး ပေထင်းဟွမ်ရှိရာဘက်သို့ လက်တင် လိုက်ရာ သူမ၏မျက်လုံးများမှိတ်သွားသည်ကိုမြင်နေရသည်။ သူမ၏ ရှည်လျားပြီးကော့နေသည့် မျက်တောင်များသည် လိပ်ပြာတောင်ပံကဲ့သို့ အနည်းငယ်လှုပ်ခတ်နေပြီး နှုတ်ခမ်းထောင့်များသည် ပြုံးနေလေ၏။ ယန်ယဲ့ သည် သူမ၏ကိုယ်လေးကိုဖိကာ လက်ကလေးကိုကိုင်ပြီး နားရွက်ထဲသို့ လေသံ နှင့်ပြောလေသည် “ဟွမ်အာ ပထမဆုံးအကြိမ် မင်းကိုလက်ကမ်းပေးရမယ်ဆို လည်း စိတ်မရှိဘူး”

ဘာအဓိပ္ပာယ်လဲ။

ပေထင်းဟွမ်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ယန်ယဲ့၏ အပြုံးများနှင့်ပြည့်နေသောမျက်လုံးများနှင့် သွားဆုံလေသည်။ သူမ သဘော မပေါက်သည်ကို ကြည့်ပြီး ယန်ယဲ့သည် သူ၏လက်ကို ခန္ဓာကိုယ်အောက်သို့ ဆွဲလိုက်ပြီး နူးညံ့သောအသံနက်နက်နှင့် ပြောလေသည်။ ယန်ယဲ့၏အသံထဲ တွင် ဆိုးသွမ်းသည့်အရိပ်အယောင်ရှိနေသည် “ဒီခံစားချက်က နည်းနည်းဆိုး တယ်လို့ကြားတယ် ဒါပေမဲ့ ကိုယ်လုပ်နိုင်ပါတယ်”

ပေထင်းဟွမ်သည်လည်း ဘာမှမသိသည့်မိန်းကလေးတစ်ဦးတော့မဟုတ် ပေ။ ပြီးခဲ့သည့်အဝ ပေါက်ကွဲသည့်ခေတ်၌နေလာသော ဆိုးသွမ်းသည့် မိန်းကလေးတစ်ဦးအနေနှင့် မည်သို့မသိဘဲနေမည်နည်း။ သူ၏လက်သည် ထို နေရာနှင့်နီးနီးလာသည်ကို ခံစားမိရာ သူမ၏လက်ဖဝါးထဲသို့ အပူမီးဖြန်းလိုက် သကဲ့သို့ ခံစားလိုက်ရ၏။ ယန်ယဲ့အား ယုံကြည်ချက်ရှိရှိနှင့်ပြောလိုက်သည်။

ယန်ယဲ့သည် မည်သူနည်း။ အေးစက်၊ မောက်မာပြီး ဆိုးသွမ်းသော ယောက်ျားမဟုတ်ပါလား။ သူ့တွင် အမှန်တကယ်ပင် ထိုအကြံရှိနေသည်။

သူသည် ယောက်ျားစစ်မှန်သည်။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်၊ ပြည်တွင်းပြည်ပ၊ အချိန်နှင့်နေရာမတူညီလျှင်တောင် ယောက်ျားများသည် တစ်ပုံစံတည်းပင်။

ပေထင်းဟွမ်၏လက်သည် ရုတ်တရက်နောက်သို့ပြန်ရုတ်ပြီး ယန်ယဲ့၏ ရင်ဘတ်ပေါ်သို့တွန်းတင်ကာ ညည်းညူလိုက်သည် “မဖြစ်ဘူး မဖြစ်ဘူး မဖြစ် ဘူး ကျွန်မ သဘောမတူဘူး၊ ပထမဆုံးအကြိမ်က အဖိုးတန်တယ်၊ ဘယ်လိုလုပ် ဖြစ်သလိုလုပ်နိုင်ရမှာလဲ”

ယန်ယဲ့သည် ပေထင်းဟွမ်၏မျက်လုံးများကို စိုက်ကြည့်ရာ သူမ၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများနှင့် တုန်ယင်မှုကိုမြင်နေရသော်လည်း ရွံရှာမှု ကိုမတွေ့ရလေသည်။ သူ၏နှုတ်ခမ်းသည် တဖြည်းဖြည်းကွေးတက်သွားပြီး ကွေးညွှတ်မှုသည် ပိုပိုပြီးကြီးလာကာ နောက်ဆုံးတွင် ကျယ်လောင်သောအသံ နှင့်ရယ်မောလေသည်။

“ဟား ဟား ဟား...”

အသံသည် လ ၉ စင်းနန်းတော်၏ ခေါင်မိုးအထက်သို့ဟိန်းတက်သွားပြီး ယန်ချန်း၏ကောင်းကင်အထက်၌ လွင့်ပါသွားရာ နန်းတော်တွင်း သစ်ကိုင်းများ တွင် နားနေသောငှက်များမှာ လန့်ဖျပ်ကာ ပျံကြသဖြင့် လ ၉ စင်းနန်းတော်သို့ ဝင်ထွက်သွားလာနေသောလူများကို သတိချပ်စေသည်။ အားလုံး ခြေလှမ်းများ ရပ်သွားလေသည်။ ထိုအသံကိုနားထောင်ပြီးနောက် ရင်းနှီးနေသလို ထူးလည်း ထူးဆန်းနေသည်။

“မြို့စားရဲ့အသံပဲ မြို့စားက တကယ်ကို ရယ်မောနေတာပြ”

“ဒါက နှာရှုတ်တာမဟုတ်ဘူး တကယ့်အပြုံးအစစ်ပဲ၊ မြို့စားကို ဘယ်ဟာ က ရယ်အောင်လုပ်နေတာလဲ”

“မနေ့ညက ယန်ချန်းကိုပြန်လာတဲ့လူငယ်.. မဟုတ်ဘူး မဟုတ်ဘူး အဲဒါ မိန်းကလေးပဲ၊ မြို့စားက သူမကို ပွေ့ပြီးပြန်လာတာကို မြင်လိုက်တယ်၊ အဲဒါ ဧကရီထင်တယ်”

“နတ်မိစ္ဆာဧကရီလား သေချာလား၊ နတ်မိစ္ဆာဧကရီက ပြန်ဝင်စားတယ် လို့ သခင်ချုံချီပြောတာကြားဖူးတယ် ငါထင်တာတော့...”

မြို့စားသည် ပြန်ဝင်စားခဲ့သောဧကရီကို ခေါ်လာသည်ဟု ယန်ချန်းမှလူ များသိကြသဖြင့် အားလုံးသည် ပေထင်းဟွမ်အားတွေ့ရရန်မျှော်လင့်နေကြ၏။ သို့သော် ပေထင်းဟွမ်သည် ယန်ယဲ့ကိုဖမ်းခြင်းခံရပြီး လက်နက်သန့်စင်ရန် အကျဉ်းချခံရလေသည်။

“ဟွမ်အာ မင်း အဂ္ဂိရတ်ပညာကို မြန်မြန်သင်နိုင်မယ်လို့ယုံတယ်၊ လက်နက်တွေကို ဘယ်လိုသန့်စင်ရမလဲဆိုတာကိုလည်း သင်ယူတဲ့နေရာမှာ မြန်မှာပဲ” ယန်ယဲ့သည် လက်နက်သန့်စင်ရန်ငြင်းဆန်နေသော ပေထင်းဟွမ် အားချော့မော့ကာ သူမအား အနောက်မှပွေ့ဖက်ထားသည်။ သူသည် ခေါင်းငုံ့ ပြီး သူမ၏လည်တိုင်လေးကိုအနမ်းပေးလိုက်သည် “ပတ္တမြားကမ္ဘာရဲ့ ဘယ်ဘုံ သုံးဘုံမှာပဲဖြစ်ဖြစ်၊ နတ်မိစ္ဆာဘုံမှာပဲဖြစ်ဖြစ် လက်နက်သန့်စင်သူတွေက အမှတ်ရလောက်စရာ တည်ရှိမှုတွေပဲ၊ လက်နက်ဘယ်လိုသန့်စင်ရမလဲဆိုတာ မင်းသင်ယူရမယ်၊ အနာဂတ်မှာ မင်းအတွက်အသုံးဝင်မယ့်လူတွေရဲ့ စိတ်ကို အနိုင်ရချင်ရင် အားထုတ်စရာတောင်မလိုလောက်ဘူး”

“ဟင်း လူကိုအရူးလုပ်ပြန်ပြီ” ပေထင်းဟွမ်သည် မကျေမနပ်ဖြစ်သွား သော်လည်း ယန်ယဲ့အားတွန်းမထုတ်ပေ။ ထိုအစား သူ၏ရင်ခွင်ထဲမှီ၍ပြော လေသည် “ကျွန်မ အဂ္ဂိရတ်ပညာသင်တုန်းက ပြောခဲ့သလိုပဲ၊ ကျွန်မမှာ အစဉ်အလာဆိုတာရှိတယ်၊ အဂ္ဂိရတ်ပညာကို လုပ်နိုင်တယ်ထားတော့ သန့်စင် ဖို့က ဘာလို့သင်ဖို့လိုမှာလဲ၊ ပြီးတော့ ရှင်က ဘယ်လို လက်နက်သန့်စင်ရမလဲ ဆိုတာသိတယ်မလား”

All Chapters