လူတွေ ချစ်မိသွားရင်
Vol. 62 Ch. 1235
ဤကိစ္စသည် လောရမည့်ကိစ္စမဟုတ်သည်ကို ယန်ယဲ့သိသည်။ ထို့ကြောင့် သူမကို ဖြည်းဖြည်းချင်းသာ ချော့မော့ရန်ရှိတော့လေသည် “ကိုယ် လုပ်နိုင်ပေမဲ့ မင်းလောက်တော့ အဆင်ချောမှာမဟုတ်ဘူး၊ အစဉ်အလာရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ တစ်နေ့ မင်း တခြားလှည့်ကွက်သုံးမယ်ဆိုရင် အဲဒါ လည်းလိုလာမှာပဲ အဲဒါကြောင့် လက်နက်ဆိုရင်ရောလို့၊ ကိုယ် မင်းဘေးမှာမရှိ ရင်တောင် မင်းကိုယ်မင်းမှီခိုလို့ရသေးတယ်မဟုတ်ဘူးလား”
“ရှင်က ဘယ်သွားမလို့လဲ” ပေထင်းဟွမ်သည် အမှတ်တမဲ့လိုပင် လှည့်လာပြီး ယန်ယဲ့၏ပခုံးကို ဆုပ်ကိုင်လေသည် “ရှင်က ကျွန်မဘေးမှာမရှိဘဲ နဲ့ ဘယ်သွားချင်သေးတာလဲ”
ပေထင်းဟွမ်စိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး ယန်ယဲ့အလွန်ဝမ်းနည်းမိ သည်။ သူသည် ပေထင်းဟွမ်၏မျက်လုံးများကို မကြည့်ရဲကြည့်ရဲနှင့်ကြည့်ကာ ခေါင်းကို ဘေးသို့အနည်းငယ်လွှဲကာ ဆေးသန့်စင်အခန်းထဲမှ ဒယ်စောက်ကို ကြည့်လေသည် “သေချာပေါက် ကိုယ်မင်းနဲ့အတူရှိမှာပေါ့၊ နောက်လည်း အတူရှိသွားမှာ၊ မင်းနဲ့အမြဲတမ်းအတူရှိပါ့မယ်လို့တော့ အာမခံချက်မရှိဘူးလေ၊ မင်းမြင်တဲ့အတိုင်းပဲ ကိုယ်တို့တွေ သန့်စင်တဲ့ရွှံ့နွံမြေကထွက်လာကတည်းက အကြာကြီးခွဲနေရတာပဲမလား”
ယန်ယဲ့သည် ပေထင်းဟွမ်၏ခါးကို ပွေ့ဖက်ပေးထားကာ သူသည် စိုးရိမ် ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် တစ်စုံတစ်ရာကိုခုခံနေသကဲ့သို့ ခန္ဓာကိုယ်မှ ကြွက်သားများအားလုံးသည် တောင့်တင်းသွားလေသည်။ ပေထင်းဟွမ် ခံစားမိ လေသည်။ သူမသည် ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းကာ ယန်ယဲ့၏ ချောမော ပြီး ကြောက်စရာကောင်းသောမျက်နှာကိုစိုက်ကြည့်ရင်းနှင့် သူမ၏အသံသည် အေးစက်လာ၏ “ယန်ယဲ့ ရှင်ဘာပဲပြောပြော ရှင့်ဆီကနေ လက်နက်သန့်စင်မှု ကိုမသင်ဘူး၊ အမှောင်ထဲမှာနေနေရတဲ့ခံစားချက်ကိုမကြိုက်ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့အတူရင်ဆိုင်နိုင်တယ်၊ အဲဒါကို တစ်ယောက်ယောက်ကို ရွေးမယ်ဆိုပြီး တင်းခံနေမယ်ဆိုရင်တော့ ကျွန်မမှာပြောစရာမရှိဘူး”
သူမ စကားပြောပြီးနောက်တွင် ယန်ယဲ့၏လက်ကိုခါချကာ လှည့်ထွက် ပြီးပြေးလေသည်။
“ဟွမ်အာ”
ယန်ယဲ့သည် တွေဝေခြင်းမရှိ သူမနောက်သို့လိုက်သွားမည်ပြုချိန်တွင် အဝေးမှ သူမ၏အေးစက်သောအသံထွက်လာသည်ကိုကြားလိုက်ရသည် “ကျွန်မနောက်ကို မလိုက်ခဲ့နဲ့”
ယန်ယဲ့ ထိုစကားများကိုကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားလေ သည်။ သူသည် ပေထင်းဟွမ်၏အသံထဲမှ ပြတ်သားမှုကိုကြားနေရသဖြင့် သူ၏ မျက်လုံးထဲတွင် နာကျင်မှုအရိပ်အယောင်ဖြစ်သွားလေသည်။
အပြင်တွင်စောင့်ကြပ်နေကြသော ကိုယ်ရံတော်လေးယောက်သည် တစ် ယောက်နှင့်တစ်ယောက်ကြည့်နေကြပြီး ပေထင်းဟွမ်နောက်သို့ နှစ်ယောက် လိုက်သွားလေသည်။ လိုက်သွားသူမှာ ပိုင်ရှန့်ဖြစ်သည် ဆေးသန့်စင်သည့် အခန်းပတ်ပတ်လည်တွင် ယန်ယဲ့ အစီအရင်တစ်ခုလုပ်ထားသည်။ ပေထင်းဟွမ်သည် အစီအရင်များကိုနားမလည်ပေ။ ဂရုမစိုက်မိလျှင် ထောင်ချောက်မှာ သေးပါက ဒဏ်ရာရနိုင်သည်။ ထိုအချိန်တွင် သူတို့သခင်အား တောင်းပန်ပြီး အသေခံလျှင်တောင် နောက်ကျသွားမည်ဖြစ်သည်။
ပေထင်းဟွမ်သည် တစ်လျှောက်လုံး ဦးတည်ရာမဲ့ပြေးသွားလိုက်ရာ ဘယ်လောက်ကြာကြာပြေးမိသည်မသိ၊ နောက်ဆုံးတွင် တောင်ပေါ်တွင်ရပ် လေသည်။ သူမ၏ခန္ဓာကိုယ်ထဲမှ ချီနှင့်သွေးများဆူပွက်နေပြီး သွေးများသည် ဒွါရခုနစ်ပေါက်ဆီသို့ ထိုးတက်လာသည်။ သူမသည် ရင်ထဲမှခံစားချက်များကို အတတ်နိုင်ဆုံး ဖိနှိပ်ရန်ကြိုးစားလိုက်ရာ သွေးများသည် နည်းနည်းစီ ပြန်ကျ သွားလေသည်။ သို့သော် နောက်ဆုံးတွင် နှာခေါင်းသွေးမှာ စီးကျဆဲဖြစ်ပြီး နားပေါက်ထဲမှပင် သွေးများဆို့တက်လာသည်။
ခန္ဓာကိုယ်မှ ဝိညာဉ်ကိုခွာလိုက်သလို နာကျင်မိသော်လည်း ပေထင်းဟွမ် သည် အလေးအနက်မထားမိပေ။ သူမသည် လက်ကောက်ဝတ်ကိုမြှောက်ကာ လက်ဖမိုးနှင့်သွေးများကို သုတ်လိုက်ပြီး မျက်လုံးထဲတွင် မြူခိုးကဲ့သို့ အေးစက် မှုဖြစ်ပေါ်လာလေသည်။
“ဝိညာဉ်နတ်ဘုရားမျိုးနွယ် မင်းတို့ကို အလွတ်မပေးဘူး” ပေထင်းဟွမ် သည် ရင်ထဲမှ ခက်ထန်စွာပြောလိုက်လေသည်။ ယခုအချိန်ထိ သူမ၏ နှလုံးသားသည် ယန်ယဲ့ဆီသို့ ယိုင်နေသည်ကို သူမ ရှင်းလင်းစွာသိသည်။ ထို ခံစားချက်မှာ ဖိနှိပ်ရန်ခက်ခဲလျက်ရှိပြီး အရင်ကကဲ့သို့ ထိုခံစားချက်ကို မဖိနှိပ် နိုင်တော့ပေ။
လူများသည် ချစ်မိသွားသည်နှင့် သူတို့၏ခံစားချက်များသည် ရေစီးကဲ့သို့ စီးဆင်းနေပြီး မည်သူမှ မဖိနှိပ်နိုင်ပေ။
“ငါ မလုပ်နိုင်ဘူး၊ အချိန်မကျသေးဘူး” ပေထင်းဟွမ် ဆက်တိုက်ထွက် လာသော သွေးများကို အားပါးတရသုတ်လိုက်သည်။ သူမ၏မျက်လုံးများသည် အဝေးရှိတောင်များကို ကြည့်လိုက်သည် “ငါ ထပ်မသေနိုင်ဘူး၊ ငါ သေမယ်ဆို ရင် ရှုံးမှာပဲ၊ ငါ အရှုံးမခံနိုင်ဘူး လုံးဝပဲ”
အသက်ကိုပြင်းပြင်းရှူကာ ပေထင်းဟွမ်သည် နားပေါက်ထဲမှ သွေးများ စီးထွက်လာသည်ကို လက်ဖြင့်သုတ်ပြီး ခြေဖျားထောက်ကာ ယန်ယဲ့နှင့် အဝေး သို့ ထပ်ထွက်သွားလေသည်။
နောက်မှလိုက်လာသော ချုံချီနှင့် ပိုင်ဇီတို့သည် တစ်ယောက်နှင့်တစ် ယောက်ကြည့်ပြီး ပေထင်းဟွမ်နောက်သို့လိုက်မည်အပြုတွင် အနောက်မှ အသက်ရှူသံထွက်လာလေသည်။