← Chapters

မင်၊ ငါ တစ်ကိုယ်ကောင်းဆန်နေလား

Vol. 62 Ch. 1236

မင်၊ ငါ တစ်ကိုယ်ကောင်းဆန်နေလား

Vol. 62 Ch. 1236

ချုံချီသည် အလောတကြီးနှင့် နောက်ပြန်လှည့်ကြည့်ရာ ယန်ယဲ့လာ သည်ကိုမြင်သည်နှင့် သူ့ကိုအရိုအသေပေးမည်အပြုတွင် မထင်မှတ်စွာပင် ယန်ယဲ့မှတားလာလေသည်။

မထင်မှတ်ထားသည်မှာ ယန်ယဲ့သည် မတိုက်ခိုက်ဘဲနှင့် ပေထင်းဟွမ် ထွက်သွားသည့်ဘက်သို့ကြည့်လေသည်။ လေထဲတွင်သွေးနံ့ဖျော့ဖျော့ရှိနေရာ ယန်ယဲ့၏နှလုံးသားသည် ရုတ်တရက် ရှုပ်သွားကာ သူ၏အသံသည် ငရဲမှ တိုက်ခတ်လာသည့်လေကဲ့သို့အေးစက်နေသည် “သူမ ဘယ်လိုနေလဲ”

ချုံချီသည်လည်း ခံစားချက်မကောင်းလှပေ။ သူသည် အသက်ကို ပြင်းပြင်းရှူကာ ခေါင်းငုံ့လိုက်သည် “သခင် ဧကရီကထက်မြက်ပါတယ်၊ သခင် ချန်ထားတဲ့ လက်နက်သန့်စင်နည်းမှတ်စုတွေရှိတယ်၊ တစ်နေ့နေ့ သူမ သင်ချင် စိတ်ဖြစ်လာရင်တော့ သင်မှာပါ၊ နတ်ဘုရားချပေးတဲ့ သွေးစာချုပ်မထွက်ပေါ် လာခင် ပိုင်ဇီနဲ့ လက်အောက်ငယ်သားကို ဧကရီ့ကို ကာကွယ်ခွင့်ပေးပါ”

ဆိုလိုသည်မှာ ယန်ယဲ့အား ပေထင်းဟွမ်နောက်သို့ မလိုက်စေချင်ဟူ၍ ပင်။

ရွှမ်ဝူနှင့် ပီဖန်းတို့သည် ထိတ်လန့်မိသည်။ ချုံချီသည် သခင်ဖြစ်သူကို ယခုလိုပုံစံနှင့်ပြောရဲသည်။ သူတို့သည် သခင်၏ဘေးတွင် နှစ်ပေါင်းသောင်းချီ ရှိလာခဲ့ရာ ဧကရီအပေါ်တွင်ရှိနေသော သခင်၏ခံစားချက်များကိုသိသည်။ သူတို့သည် တစ်စက္ကန့်မှပင် မခွဲလိုကြပေ။ ယခု အတူရှိနေချိန်တွင် သခင့်အား ဧကရီနှင့်မတွေ့ခိုင်းသည်မှာ သေလမ်းရှာနေခြင်းပင်မဟုတ်ပါလား။

မည်သူသိမည်နည်း။ ယန်ယဲ့သည် ရှေ့သို့ခေတ္တကြာ မျှော်ကြည့်ပြီးနောက် ဖြည်းဖြည်းခေါင်းညိတ်ကာ စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားလေသည်။

သို့သော် နောက်ကျောဘက်မြင်ကွင်းသည် စိတ်ဓာတ်ကျစရာကောင်း လေသည်။

သူတို့လေးယောက်မြင်သောအခါ လွန်ခဲ့သည့်နှစ်တစ်သောင်းက နတ် မိစ္ဆာဧကရီအသတ်ခံရတုန်းကလိုပင် နတ်မိစ္ဆာဧကရာဇ်၏မျက်လုံးမှ မျက်ရည် စီးကြောင်းနှစ်ခုစီးလာသည်ကိုမြင်ပြီး နှစ်တစ်သောင်းသံသရာ ပြန်လည်လာပြီ ဟုတွေးပြီး ရင်ထဲတွင် နာကျင်မှုကိုခံစားရလေသည်။

ပေထင်းဟွမ်သည် အတန်ကြာအောင် ပြေးပြီးနောက် ဆက်သွားရန် လမ်းမရှိတော့ပေ။ သူမသည် ခြေကုန်လက်ပန်းကျနေကာ လမ်းမှာလည်း ကန် ကြောင့် လမ်းဆုံးသွားသည်။ ပီအန်းပန်းများသည် ကန်ဘောင်တွင်ပွင့်နေရာ ပန်းများဆီသို့ လျှောက်သွားလိုက်၏။ သူမသည် ရဲရဲနီနေသော ပီအန်းပန်း ပင်လယ်ထဲတွင် လှဲချလိုက်သည်။

“နှစ်တစ်သောင်း နှစ်တစ်သောင်း ငါသာ လွန်ခဲ့တဲ့နှစ်တစ်သောင်းက နာကျင်မှုကို ခံနေရတုန်းဆိုရင် လွန်ခဲ့တဲ့နှစ်တစ်သောင်းက မှတ်ဉာဏ်တွေကို ဘာလို့ပြန်မရနိုင်ရမှာလဲ” ပေထင်းဟွမ်သည် ပန်းပင်လယ်ထဲတွင် လှဲနေရင်း နှင့် ကောင်းကင်အထက်မှ တိမ်တိုက်ဖြူဖြူများကိုကြည့်နေသည်။ ချုံချီနှင့် ပိုင်ဇီတို့သည် မလှမ်းမကမ်းမှ သူမကိုကြည့်နေပြီး သူမ၏ဘေးကင်းမှုအတွက် စိတ်ပူပေးနေသည်ကို ခံစားမိလေသည်။

“မင် မင်းရှိနေလား” ပေထင်းဟွမ်၏မျက်လုံးများတွင် မျက်ရည်နှစ်စက် ကျလာသည် “မင် သွေးစာချုပ်ပျက်သွားရင် ဘာဖြစ်မှာလဲ၊ လွန်ခဲ့တဲ့နှစ်တစ် သောင်းက မှတ်ဉာဏ်တွေပြန်ရရင် ငါ ဘာလုပ်ရမလဲ”

အသိစိတ်ပင်လယ်ထဲတွင် မင်၏ အသံပျောက်နေသည်မှာ ကြာပြီဖြစ် သည်။ သို့သော် မင်ကြားလိမ့်မည်ဟု ပေထင်းဟွမ်ယုံကြည်သည်။ သူသည် သူမ၏ စကားများကို လက်ရှိတွင် ပြန်မဖြေချင်၍ပင်။

“ငါထင်တာ ဘယ်လောက်ပဲမေးမေး မင်းပြန်ဖြေမှာလည်းမဟုတ်ပါဘူး” ပေထင်းဟွမ်သည် ယဲ့ယဲ့လေးရယ်မောလိုက်သည် “ဒါပေမဲ့ နောက်ဆက်တွဲက ဘာပဲဖြစ်ပါစေ မသိနိုင်တဲ့ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကို ငါ ခံသွားချင်တယ် မင် ငါ တစ်ကိုယ်ကောင်းဆန်နေလား”

မင်သည် လေးလံစွာသက်ပြင်းချလိုက်ကာ သူ၏ အေးစက်နေသောအသံ သည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲတွင်ပေါ်လာပြီး အသံမှာလည်း ထင်မထားလောက်အောင် နူးညံ့နေသည် “မဟုတ်ဘူး ဟွမ် မင်းက တစ်ကိုယ် ကောင်းဆန်တာမဟုတ်ဘူး၊ မင်းရဲ့နှလုံးသားက ရွေးချယ်မှုကို နာခံလိုက်ပါ” သူ သက်ပြင်းချလေသည် “ကောင်းကင်က ပေးပို့တဲ့ သွေးစာချုပ်ကိုဖောက်ဖျက်တဲ့ နောက်ဆက်တွဲကဘာဖြစ်မလဲဆိုတာ မကြာခင်သိလာမှာပါ၊ လွန်ခဲ့တဲ့နှစ်တစ် သောင်းက မှတ်ဉာဏ်ကိုပြန်ရချင်ရင်တော့ နည်းလမ်းရှိတယ်၊ ဒါပေမဲ့ အရမ်း နာကျင်လိမ့်မယ်”

“ဘယ်လောက်နာကျင်မှာလဲ” ပေထင်းဟွမ်သည် မကြောက်ဘဲနှင့် ပေါ့ပါးစွာမေးလိုက်သည်။

“မင်းနဲ့ငါကြားမှဦ ကိုးရောင်နိဗ္ဗာန်မီးကို စာချုပ်တည်ထောင်တုန်းက ထက် အဆပေါင်းရာချီနာလိမ့်မယ်” မင်၏အသ့သည် လေးလံနေပြီး သူမကို ဤအကြောင်းပြောရလိမ့်မည်ဟု ထင်မထားပေ။ ဤနာကျင်မှုသည် လျော့နည်းပြီးအတူခံယူကြမည်ဟု ပြောချင်သည်။ သို့သော် ပေထင်းဟွမ်နှင့် အသက်စာချုပ်ရှိထားသူအနေနှင့် သူမကို လိမ်လည်၍မရပေ။ သူမ မည်သည့် ရွေးချယ်မှုပြုလုပ်ပါစေ သူမအနောက်တွင် သူရှိပြီး ထောက်ပံ့ပေးသွားမည်ဖြစ် သည်။

All Chapters