ကိုးရောင်နိဗ္ဗာန်မီးပေါင်းစပ်ခြင်း
Vol. 62 Ch. 1237
“ကိုးရောင်နိဗ္ဗာန်မီးနဲ့ပေါင်းစပ်တာထက် အဆပေါင်းရာချီနာတယ်”
ထိုစာကြောင်းသည် ပေထင်းဟွမ်၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင် ထပ်နေသည်။ ပေထင်းဟွမ်သည် ကိုးရောင်မီးနှင့် ကြွက်သားများကို ပေါင်းစပ် ခြင်း၊ အရိုးများကို ပုံသွင်းသည့်နာကျင်မှုကို မှတ်မိနေတုန်းပင်။ ထိုနာကျင်မှု သည် ကိုးရောင်နိဗ္ဗာန်မီးထက်ပင် ပိုနာကျင်မည်ဆိုပါက...
“ငါ့ကိုးရောင်နိဗ္ဗာန်မီးက ကောင်းကင်နဲ့မြေကြီးရဲ့မီးပဲ၊ ကောင်းကင်နဲ့ မြေကြီးတို့နဲ့ တူတဲ့အမြစ်ရှိတယ်၊ မင်းမှတ်ဉာဏ်ကကွယ်ပျောက်သွားတာ မဟုတ်ဘူး ဒီကမ္ဘာမှာ ပျောက်သွားရုံတင်ပဲ၊ မင်းသာကိုးရောင်နိဗ္ဗာန်မီးနဲ့ သန့်စင်ပြီး ဘဝထဲကိုသွင်းနိုင်ရင် ဝိညာဉ်အဆင့်ကိုတက်ပြီး ဝိညာဉ်စွမ်းအားကို စပြီးကျင့်ကြံနိုင်မယ်ဆိုရင် ဝိညာဉ်စွမ်းအားသန်မာလာတာနဲ့ လွန်ခဲ့တဲ့နှစ် တစ်သောင်းကမှတ်ဉာဏ်တွေကို ဖြည်းဖြည်းချင်း ပြန်ရလာမှာ” မင်သည် တုံ့ဆိုင်းမှုအနည်းငယ်နှင့် ဖြည်းညှင်းစွာပြောလေသည် “ပြီးတော့ အဲလိုလုပ်ဖို့ ဆိုရင် မင်းရဲ့နတ်စွမ်းအင်နဲ့ ကိုးရောင်နိဗ္ဗာန်မီးတို့ ရောင်စဉ်တန်းပေါင်းစပ်တာ အကုန်ပြီးဖို့လိုတယ်၊ ပေါင်းစပ်တာပြီးမှပဲ မင်းလုပ်နိုင်မှာ”
“နတ်စွမ်းအင်နဲ့ ကိုးရောင်နိဗ္ဗာန်မီးပေါင်းစပ်တာလား” ပေထင်းဟွမ်သည် ရေရွတ်လေသည်။ ပေါင်းစပ်တာပြီးဆုံးသည်နှင့် မမျှော်လင့်ထားသည့် အကျိုးအမြတ်မျိုးရလာလိမ့်မည်ဟု သူမ၏ အလိုလိုသိစိတ်မှပြောနေသည်။
“ဟုတ်တယ်” မင် ပြောလိုက်လေသည် “ပေါင်းစပ်တာပြီးသွားတာနဲ့ ကိုးရောင်နိဗ္ဗာန်မီးထဲက စွမ်းအင်က မင်းကို အများကြီးတိုးတက်စေလိမ့်မယ်၊ ပြီးတော့ နောက်ဆိုရင် မင်းထုတ်လိုက်တဲ့ စွမ်းအင်တိုင်းမှာလည်း ကိုးရောင် နိဗ္ဗာန်မီးတစ်စွန်းတစ်စပါလိမ့်မယ်၊ သူ့စွမ်းအားက မင်း ငါ့ဆီကငှားတဲ့ မီးတောက်ထက် အများကြီးသန်မာလိမ့်မယ်”
မှန်သည်။ သူမသည် ကိုးရောင်နိဗ္ဗာန်မီး၏ စွမ်းအားကို မကျွမ်းကျင်သေး ဟု မင် တစ်ခါကပြောဖူးသည်။ မင်ပေးနိုင်သည့် ကိုးရောင်နိဗ္ဗာန်မီး၏စွမ်းအား နှင့်ယှဉ်လျှင် ပေထင်းဟွမ်သည် လှည့်ကွက်ကစားသလောက်သာရှိသည်။ ပင်ဖန်းနှင့်တွေ့လျှင် ထိုအချိန်တွင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
သို့သော် ကိုးရောင်နိဗ္ဗာန်မီးနှင့်ပေါင်းစပ်သည့် နာကျင်မှုကိုစဉ်းစားလိုက် လျှင် ပေထင်းဟွမ်၏လက်သည် တဖြည်းဖြည်းပိတ်သွားကာ လက်သီးဆုပ် အဖြစ်ဆုပ်လိုက်သည်။ သူမ၏အသံနေအသံထားသည် ပြတ်သားပြီးအေးစက် လှသည် “ငါ မသေသရွေ့ ဘယ်လောက်ပဲ နာကျင်ပါစေ လက်ခံနိုင်ရမယ်”
သူမ ဤကဲ့သို့ဆုံးဖြတ်ထားသည်ကို မင် မျှော်လင့်ထားသော်လည်း အတန်ကြာအောင် စကားမပြောနိုင်လောက်သည်အထိ ထိတ်လန့်ဆဲဖြစ်မိ၏။ ခဏကြာမှပင် ပြောလေသည် “အင်း မင်း အရင်ဆုံး ပြင်ဆင်မှုလုပ်သင့်တယ်၊ မင်းရဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ညှိရမယ်၊ ပြီးတော့ ဘေးကင်း တဲ့နေရာရှာပြီး ဆိတ်ကွယ်ရာမှာ စလုပ်သင့်တယ်”
ဤနေရာမှ ဝိညာဉ်စွမ်းအားပါဝင်မှုသည် အလွန်မြင့်မားသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်တွင် လမ်းလျှောက်ရသည်မှာ နေရာတိုင်းတွင် ဖိအားအောက်တွင် ရှိနေရသည်။ ဤပတ်ဝန်းကျင်သည် နတ်စွမ်းအင်နှင့် ကိုးရောင်နိဗ္ဗာန်မီးတို့ ပေါင်းစပ်ရ် ပေထင်းဟွမ်အတွက် အသင့်တော်ဆုံးဖြစ်သည်။
ပေထင်းဟွမ်ရှိနေသည့်ပတ်ဝန်းကျင်သည် နဂိုကတည်းကပင် ဆိတ်ကွယ်ရာဖြစ်သည်။ ချုံချီနှင့်ပိုင်ဇီတို့သည် သူတို့နှစ်ယောက်လုံးသေလျှင် တောင် ပေထင်းဟွမ်အား နည်းနည်းမှအလွတ်မခံနိုင်သဖြင့် နေရာတိုင်းသို့ လိုက်နေရသည်။ ပေထင်းဟွမ်သည် မတ်တတ်ထပြီး လှည့်ပတ်ကြည့်လေ သည်။ သူမသည် တောင်နိမ့်ပိုင်းတွင်ရှိကာ မျက်စိရှေ့တွင် ကြီးမားသော ကန် ရှိလေသည်။ အသိစိတ်ဖြန့်လိုက်ရာ သားရဲတစ်ကောင်မှပင်မရှိသည်ကို အာရုံခံ မိလေသည်။
“ဒီနေရာပဲ” ပေထင်းဟွမ်သည် အသက်ရှူသွင်းကာ ထိုင်ချပြီး တင်ပျဉ် ခွေထိုင်လေသည်။
မင်သည် သားရဲနေရာမှ အပြင်ကိုကြည့်ပြီး အာရုံခံကြည့်ရာ ဤနေရာ သည် မဆိုးလှသည်ကို ခံစားမိပြီး ပေထင်းဟွမ် အသက်ရှူထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် စကားမပြောတော့ပေ။
ထိုပြုပြင်သည့်လုပ်ငန်းစဉ်သည် နောက်နေ့မနက်ထိပင်။
မနက်ခင်း၏ ပထမဆုံးအလင်းတန်းသည် ဝိညာည်မြူခိုးအလွှာကို ဖြတ်ပြီး ကန်ရေပြင်နှင့်ပေထင်းဟွမ်ဆီသို့ရောက်လာချိန်တွင် သူမသည် ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။ စူးရှသည့်ရွှေရောင်ဖျော့အလင်းတန်းသည် သူမ၏မျက်လုံးများဆီသို့ ဖြတ်ဝင်လာသည်။ မနေ့က ဂနာမငြိမ်ဖြစ်ခဲ့သည့် ခံစားချက်နှင့်ယှဉ်လျှင် ယခုအချိန် ပေထင်းဟွမ်၏အခြေအနေသည် အကောင်းဆုံးအဖြစ် အလိုက်သင့်ပြုမူနေနိုင်ပြီဖြစ်သည်။
“စကြတာပေါ့” ပေထင်းဟွမ်၏မျက်လုံးများသည် အေးစက်သည့်အလင်း ထပ်မံထွက်ပေါ်လာကာ အသိစိတ်ပင်လယ်ထဲမှ မင်အား ပြောလိုက်လေသည်။