ယန်ယဲ့အလောကြီးနေပြီ
Vol. 62 Ch. 1238
ကန်လေအဝှေ့တွင် ပီအန်းပန်း၏ရနံ့သည် ပေထင်းဟွမ်၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကန်ဘေးတွင် မလှုပ်မယှက်နှင့် တင်ပျဉ်ခွေထိုင်ထားသည့် တိုင်အောင် ဝိညာဉ်မြူခိုးအလွှာဖိနှိပ်ခံထားရမှု၏ လေးလံသောဖိအားကို ခံစား နေရတုန်းပင်ဖြစ်သည်။
သူမခန္ဓာကိုယ်မှ ချွေးပေါက်များကျယ်လာပြီး ထိုဖိအားသည် ရောင်ဝါကို သူမ၏ခြေလက်နှင့်အရိုးများဆီသို့ လောင်းထည့်လေသည်။ သူမခန္ဓာကိုယ်ထဲမှ ရွှေရောင်အမြုတေသည် တစ်ဟုန်ထိုးလည်ပတ်နေကာ ကြီးမားသောစုပ်ခွက် ကဲ့သို့ ပတ်ပတ်လည်မှ ရောင်ဝါအားလုံးကိုစုပ်ယူရာ ထိုအရာသည် အဘက်ဘက်မှ ကြီးမားသောဖိအားများ သူမဆီသို့လာနေသလို ပေထင်းဟွမ် အားခံစားစေသည်။
ဤနေရာမှပတ်ဝန်းကျင်သည် ပုံမှန်မဟုတ်ပေ။ နတ်စွမ်းအင်နှင့် ကိုးရောင်နိဗ္ဗာန်မီးတို့ပေါင်းစပ်သည့်လုပ်ငန်းစဉ် ပြီးမြောက်ရန် ပေထင်းဟွမ် အား ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်ကို ပေးအပ်ထားသည်။
ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူကာ မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။ သူမ၏အသိစိတ်သည် သူမ၏အကြောထဲသို့ နစ်ဝင်သွားကာ သူမ၏အကြောထဲတွင် လက်မအရွယ်အစားရှိသည့် ရွှေရောင် ဆေးမှာ လျင်မြန်စွာပျံနေသည်ကို မြင်ရလေသည်။ ကစဥ့်ကလျားနတ်အရင်း အမြစ်ကို ဖြတ်ပြီးနောက် အကြောထဲတွင် ပေါလောပေါ်နေကာ လင်းလက်နေ သည်မှာ ပေထင်းဟွမ်အား ကြည့်နေသည့်အတိုင်းပင်။
“မင် အသင့်ဖြစ်ပြီလား စဖို့အချိန်ကျပြီ” ပေထင်းဟွမ်သည် အသိစိတ် ပင်လယ်ထဲမှ မင် ကိုပြောလိုက်သည်။
“ဟုတ်ပြီ” ထိုအချိန်တွင် မင်သည်လည်း ဂနာမငြိမ်ဖြစ်နေ၏။ သူသည် လေကိုမှုတ်ထုတ်ပြီးပြောလိုက်သည် “မင်း ခံနိုင်ရည်မရှိတော့ဘူးဆိုရင် ရပ်လိုက်နော်၊ မဆင်မခြင်မတိုက်ခိုက်နဲ့၊ နတ်ဘုရားအဆင့်တစ်ခုလုံးမှာ အချိန် မရွေး ဒီပေါင်းစပ်မှုလုပ်လို့ရတယ် မင်းမှာအချိန်ရှိသေးတယ်”
ပေထင်းဟွမ်၏မျက်နှာမှ အမူအရာသည် အလွန်လေးနက်နေရာ သူမ နောက်သို့တစ်ချိန်လုံးလိုက်နေသည့် ချုံချီနှင့်ပိုင်ဇီတို့ကို တစ်စုံတစ်ရာမှားယွင်း နေသည်ကိုခံစားမိစေသည်။ သူတို့သည် ပေထင်းဟွမ်၏ လုပ်ရပ်ကို မသိသဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေမိကြသည်။ ပိုင်ဇီသည် ချုံချီအား တစ် ချက်ကြည့်ပြီးနောက် ပိုင်ဇီ၏ပုံရိပ်သည် လေထဲတွင်ဖြတ်ပျံသွားကာ ပုံရိပ် ယောင်သာချန်ထားခဲ့ပြီး သန့်စင်သည့်အခန်းရှိရာဘက်သို့ ပျံသန်းသွားလေ သည်။
ယန်ယဲ့သည် မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး လူအရပ်၏တစ်ဝက် စာရှိသော မီးဖိုတွင် ပစ္စည်းသန့်စင်နေသည်။ အနက်ရောင်မီးတောက်လုံးသည် တောက်လောင်လျက်ရှိပြီး အမည်မသိပစ္စည်း၏ အရည်သည် မီးဖိုထဲတွင် ပလုံစီနေသည်။ ပိုင်ဇီ၏အသက်ရှူသံ ပိုပိုပြီးသန်မာလာပြီး အနည်းငယ် အရေးကြီးသည့်အနေအထားရှိသည်ကို ခံစားမိလေသည်။ ယန်ယဲ့၏လက်များ တဖြည်းဖြည်းပိတ်သွားပြီး မီးဖိုအောက်မှမီးတောက်ကို ငြှိမ်းသက်လိုက်၏။
ဤမြင်ကွင်းကို လျိုရွှီ၏ဖခင် ယန်ချန်းမှနတ်အဆင့်လက်နက်သန့်စင်သူ သာတွေ့ပါက ရင်နာစွာနှင့် ရင်ဘတ်ကို ရိုက်တီးလိမ့်မည်ဖြစ်သည်။
ဤသန့်စင်သည့်မီးဖိုတွင် သန့်စင်သည့်ပစ္စည်းများအားလုံးသည် ပတ္တမြား ကမ္ဘာတစ်ခုလုံးတွင် မည်သည့်နေရာမှရှာမတွေ့နိုင်သည့်ရတနာများဖြစ်သည်။ တခြားကမ္ဘာမှလာသည့်သတ္တုထဲမှတစ်ခုသည် အသက်လက်နက်များကို သန့်စင်ရာတွင် အသုံးပြုသည့်အရာဖြစ်သည်။
သို့သော် ယန်ယဲ့သည် ပိုင်ဇီ၏ရောက်ရှိမှုကို အာရုံခံရပြီးနောက် မျက်တောင်ပင်မခတ်ဘဲ မီးဖိုထဲမှ သန့်စင်သည့်ပစ္စည်းများကိုဂရုမစိုက်ဘဲ သန့်စင်သည့်အခန်းမှထွက်ကာ ပိုင်ဇီအားကြည့်ပြီး အားတက်သရော်မေးလေ သည် “သူမ ဘယ်လိုဖြစ်သွားလဲ”
ပိုင်ဇီသည် ယန်ယဲ့အား ခေါင်းငုံ့ကာ ဦးညွှတ်ပြီးနောက် ပြောလိုက်သည် “သခင်မလေး ၉ က ကန်ဘေးမှာပါ၊ သူမ တစ်ခုခုဖြစ်နေပြီလို့ ခံစားမိပါတယ်၊ ဒါပေမဲ့ ဘာတွေလုပ်နေတာလဲတော့မသိပါဘူး”
“သူမ သူမ...” ယန်ယဲ့သည် မနေ့ကကိစ္စကို ပြန်တွေးမိသည်။ သူ ပေထင်းဟွမ်အား လိုက်မှီတော့မည့်အချိန်တွင် လေထဲမှသွေးနံ့ကိုရှူရိုက်မိရာ ထိုအရာသည် သူ့ကိုရင်နာသွားစေသည်။ ရင်ထဲတွင် မျက်ရည်ကျမိပြီး မေးခွန်း များပင် ထုတ်မမေးနိုင်တော့ပေ။
“မဟုတ်ဘူး” ပိုင်ဇီသည် ခေါင်းကိုခါယမ်းလေသည် “မနေ့ကလိုမျိုး မဟုတ်ဘူး သခင်မလေး ၉ က တစ်နေ့လုံး တစ်ညလုံး အသက်ရှူတာကို ပြုပြင် နေခဲ့တာ၊ ဒီနေ့က မနေ့ကလိုမျိုးမဟုတ်ဘူး...”
ယန်ယဲ့သည် ထပ်နားမထောင်ချင်တော့ပေ။ သူသည် ပိုင်ဇီ၏မျက်လုံး ရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားကာ အသက်တစ်ရှိုက်အတွင်းမှာပင် ကန် ဆီသို့ရောက်သွားလေသည်။
သို့သော် သူ ခြေတစ်လှမ်းနောက်ကျသွားသည်မှာ ထင်ရှားသည်။ သူသည် လေပေါ်တွင်ရပ်ပြီး ကန်တစ်ဖက်ကမ်းတွင် ပန်းများပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသော ပေထင်းဟွမ်အားကြည့်နေသည်။ သူမ၏မျက်နှာပေါ်မှ ချွေးများ ထွက်နေပြီး မျက်ခုံးများကို တင်းတင်းကြုတ်ထားသည်။ သူမ၏မျက်နှာ တောင့်တင်းသွားသည်မှာ ကြီးစွာသောနာကျင်မှုကိုခံစားနေရပြီး ယန်ယဲ့ လစဉ် ခံစားနေရသည့် နှလုံးနာကျင်မှုထက်ပင် အဆပေါင်းများစွာ နာကျင်နေရသည် နှင့်တူသည်။ ထိုအခိုက်အတန့်တွင် ယန်ယဲ့သည် မတည်ငြိမ်နိုင်တော့ဘဲ ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ်ပင်။